သပိတ်စခန်းများကို ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့နှင့်အတူပါဝင်သည့် လက်မောင်းလက်ပတ်အနီဝတ် အရပ်သားများမှာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ အရအသုံးပြုထားသည့် ပြည်သူ့ အထောက်အကူပြုအဖွဲ့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး၌ ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲမှုးကြီးမြင့်ထွေးက ပြောသည်။
Friday, 6 March 2015
ISIS တို့က အရှေ့တောင်အာရှကို မျက်စိကျနေသည်ဟု ကျွမ်းကျင်သူများဆို
အာရှပစိဖိတ်ဒေသမှ အစွန်းရောက် ၁ဝဝဝ ကျော် ဆီးရီးယား၊ အီရတ်သို့သွားနေ ကြရာ အရှေ့တောင်အာရှမှ ၃ဝဝကျော်ပါဝင်အစ္စလာမ္မစ်နိုင်ငံ ဆီးရီးယား နှင့် အီရတ် ISIS အုပ်စုတို့၏ ပြည် ပစစ်ဆင်ရေး ဌာနခွဲက အရှေ့တောင် အာရှနိုင်ငံများအား စည်းရုံးရေးကို တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒနှိမ်နင်းရေး အစည်း အဝေးတွင် ကျွမ်းကျင်သူများက ပြော ကြားလိုက်သည်။
ဝန်ထမ်းလစာ တိုးမည့်နှုန်းကို ပြဿနာအချို့ ဖြစ်လာနိုင်ခြင်းကြောင့် တရားဝင် မကြေညာဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား
ဝန်ထမ်းများ လစာတိုးမည့် နှုန်းထားကျပ်ငွေကို တရားဝင် ကြေညာလိုက်ပါက မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် လက်ရှိအချိန်အထိ တိတိကျကျ ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကိစ္စတွေဟာ ထလွယ်ရှလွယ်တဲ့ ကိစ္စများ ဖြစ်ပါတယ်။ အချိန်ကိုက် အချိန်သင့်အခါသင့် ဆောင်ရွက်နိုင်ဖို့ သတိထားကြရပါတယ်၊ ထင်သာမြင်သာ မဖြစ်လို့ လျှို့ဝှက်ထားတာ မဟုတ်ပါ။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရှောင်ရှားနိုင်ဖို့ ထိန်းသိမ်းဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
“ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကိစ္စတွေဟာ ထလွယ်ရှလွယ်တဲ့ ကိစ္စများ ဖြစ်ပါတယ်။ အချိန်ကိုက် အချိန်သင့်အခါသင့် ဆောင်ရွက်နိုင်ဖို့ သတိထားကြရပါတယ်၊ ထင်သာမြင်သာ မဖြစ်လို့ လျှို့ဝှက်ထားတာ မဟုတ်ပါ။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရှောင်ရှားနိုင်ဖို့ ထိန်းသိမ်းဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
Thursday, 5 March 2015
မကွေးမြို့က နာမည်ကျော်ချစ်သူလမ်းကြားရှိ အလုံပိတ်တဲများအား တိုင်တန်းသူရှိလျှင် အရေးယူမည်ဟုဆို
တရားဝင်ခွင့်ပြုထားခြင်းမဟုတ် သည့် မကွေးမြို့မှနာမည်ကျော်ချစ်သူ လမ်းကြားရှိ အလုံပိတ်တဲများအား တိုင်း တန်းသူရှိမှသာ အရေးယူ ပေးနိုင်ကြောင်း မကွေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်တိုင်းမ်သို့ပြောသည်။
''ဒီတဲအိမ်တွေကို တရားဝင်ဖွင့် ခွင့်မပေးထားဘူး။ လူနေတဲပုံစံနဲ့ဖွင့် ထားတာဖြစ်မယ်။ လာတိုင်တဲ့သူရှိရင် တော့ ကျွန်တော်တို့နဲ့ နယ်မြေအဖွဲ့မှ တာဝန်ရှိသူတွေပေါင်းပြီး အရေးယူပေး နိုင်ပါတယ်''ဟု အဆိုပါ တာဝန်ရှိသူတစ် ဦးက ပြောသည်။မကွေးမြို့တွင် ယင်းကဲ့သို့ အလုံ ပိတ်တဲများကို တရားဝင်ဖွင့်ခွင့်ပေးထား ခြင်းမရှိသလို ကေတီဗွီများ၊ မာဆတ် များကိုလည်း တရားဝင်ဖွင့်ခွင့်မပေး ထားသည့်အတွက် ဖွင့်လှစ်ထားသည် ကိုတွေ့ရှိပါက ဖမ်းဆီးအရေးယူလျက် ရှိကြောင်းလည်း ၄င်းကဆိုပါသည်။
Wednesday, 4 March 2015
စစ်ကိုင်းမြို့တွင် လူသတ်ပြီး ကျောက်စိမ်းပစ္စည်းများ ခိုးယူမှုဖြင့် အလိုရှိနေသူ တရုတ်နိုင်ငံသားတစ်ဦးအား တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးရမိ
စစ်ကိုင်းမြို့တွင် လူသတ်ကာ ကျောက်စိမ်းပစ္စည်းများ ခိုးယူထွက်ပြေးသွားသည့် အမှုဖြင့် အလိုရှိနေသူ တရုတ်နိုင်ငံသားတစ်ဦးကို တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ် ၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား Mr. Zheng Dehe မှာ တရုတ်နိုင်ငံဘက်သို့ ထွက်သွားခြင်းဖြစ်ကာ မတ် ၂ ရက်တွင် မြန်မာနိုင်ငံသို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ဝင်ရောက်လာစဉ် စစ်ကိုင်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃ဝ၂/၃၉၂ အမှုဖြင့် အလိုရှိသူဖြစ်ကြောင်း လေဆိပ်လဝကမှ စစ်ဆေးတွေ့ရှိသဖြင့် ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား Mr. Zheng Dehe မှာ တရုတ်နိုင်ငံဘက်သို့ ထွက်သွားခြင်းဖြစ်ကာ မတ် ၂ ရက်တွင် မြန်မာနိုင်ငံသို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ဝင်ရောက်လာစဉ် စစ်ကိုင်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃ဝ၂/၃၉၂ အမှုဖြင့် အလိုရှိသူဖြစ်ကြောင်း လေဆိပ်လဝကမှ စစ်ဆေးတွေ့ရှိသဖြင့် ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွှတ်တော်၏ အဆိုကြောင့် ရုပ်ရှင်အစည်းအရုံးက သရုပ်ဆောင်များအား ပန်ကြားချက်ထုတ်ပြန်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အမျိုးသမီး ညစ်ညမ်းပုံများဖော်ပြနေမှုကို ထိရောက်စွာအရေးယူပေးရန် အဆိုတင်သွင်းချက်ကြောင့် သရုပ်ဆောင်များအား ကျင့်ဝတ်နှင့် ထိန်းထိန်းသိမ်းသိမ်းနေရန် မေတ္တာရပ်ခံပန်ကြားချက် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ် ပြန်ထားကြောင်း သတင်းရရှိ သည်။
မတ်လ ၁ရက်တွင် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြန် ကြားရေး ၀န်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးရဲထွဋ်နှင့် မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာ ယကများ၊ အမှုဆောင်အသစ်များ နှင့် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ၀န်ကြီး၏ပြောကြားမှုကြောင့် အနုပညာရှင်များအနေဖြင့် ဥပဒေကြောင်းနှင့် မငြိစွန်းစေရန် ယခုကဲ့သို့ ပြန်ကြားချက်ထုတ်ရကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦး လူမင်းက ပြောကြားသည်။
မတ်လ ၁ရက်တွင် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြန် ကြားရေး ၀န်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးရဲထွဋ်နှင့် မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာ ယကများ၊ အမှုဆောင်အသစ်များ နှင့် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ၀န်ကြီး၏ပြောကြားမှုကြောင့် အနုပညာရှင်များအနေဖြင့် ဥပဒေကြောင်းနှင့် မငြိစွန်းစေရန် ယခုကဲ့သို့ ပြန်ကြားချက်ထုတ်ရကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦး လူမင်းက ပြောကြားသည်။
အီရန်အနေဖြင့် နျူကလီးယားလှုပ်ရှားမှုကို အနည်းဆုံး ၁ဝ နှစ် ရပ်နားသင့်ကြောင်း အိုဘားမားပြော
နိုင်ငံရေးဆိုင်ရာသဘောထားတင်းမာမှုများကို လျှော့ချနိုင်ရန်အတွက် အီရန်အနေဖြင့် နျူကလီးယားစွမ်းအင်ရရှိရေးဆိုင်ရာလှုပ်ရှားမှုများကို အနည်းဆုံး ၁ဝ နှစ်ခန့် ရပ်နား ထားသင့်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ရိုက်တာသတင်းဌာနနှင့် ယမန်နေ့ အင်တာဗျူးတွင် ပြောကြားသည်။ လက်ရှိအချိန်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန်သို့ရောက်ရှိ နေပြီး အမေရိကန်ကွန်ဂရက်တွင် အိုဘားမား၏မူဝါဒကို ဆန့်ကျင်သည့်မိန့်ခွန်း ပြော ကြားမည်ဖြစ်သည်။
တောင်ကိုရီးယားနှင့် အမေရိကန်စစ်ရေးပြပွဲကို မကျေနပ်၍ မြောက်ကို ရီးယားဒုံးပျံများပစ်ခတ်
တောင်ကိုရီးယားနှင့် အမေရိ ကန်တို့၏ ပူးတွဲစစ်ရေးပြပွဲကို တနင်္လာ နေ့တွင် စတင်ခဲ့ရာ မြောက်ကိုရီးယားက စိတ်ဆိုးကာ ဒုံးပျံနှစ်စင်းအား ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက မဆင်မခြင် ထိပ်တိုက်ရင်ဆိုင်ခြင်း အဖြစ်လည်း ရှုတ်ချလိုက်ကြောင်း AFP သတင်း က ဖော်ပြခဲ့သည်။
နှစ်စဉ် စစ်ရေးလေ့ကျင့်မှုမှာ အမြဲတမ်းစစ်ရေးတင်းမာမှုကို ဖြစ် စေပြီး ကိုရီးယား ကျွန်းဆွယ်၌ စစ် လိုလားသော ပြောကြားမှုကို အမြဲ ကြားနေရ သည်ဟုဆိုသည်။
သပိတ်မှောက်ကျောင်းသားကျောင်းသူ ညီငယ်ညီမငယ်များသိစေရန်
အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေတောင်းဆိုတဲ့ အချက် ဆယ့်တစ်ချက်ထဲမှာ ကျန်တဲ့အချက်တွေနဲ့ပက်သက်ပြီး မပြောချင်ပေမဲ့ အချက်နံပတ်(၇) မိခင်ဘာသာအခြေပြုသင်ကြားရေးဆိုတာနဲ့ပက်သက်ပြီး ပြောပြပါရစေ။
၂၀၁၅ ခုနှစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်စ် ရပ်တည်
၂၀၁၅ ခုနှစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ရာ အမေရိကန် နည်းပညာ လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။
Microsoft ကော်ပိုရေးရှင်းကို အဓိက တည်ထောင်ခဲ့သူဖြစ်သည့် ဂိတ်စ်သည် မက္ကစီကို စီးပွားရေး လုပ်ငန်းရှင် ကားလို့စ်ဆလင်းမ်ကို အနိုင်ယူကာ အချမ်းသာဆုံး စာရင်း၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းလာခြင်း ဖြစ်သည်။
Microsoft ကော်ပိုရေးရှင်းကို အဓိက တည်ထောင်ခဲ့သူဖြစ်သည့် ဂိတ်စ်သည် မက္ကစီကို စီးပွားရေး လုပ်ငန်းရှင် ကားလို့စ်ဆလင်းမ်ကို အနိုင်ယူကာ အချမ်းသာဆုံး စာရင်း၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းလာခြင်း ဖြစ်သည်။
James Bond ရုပ်ရှင်၌ အသုံးပြုမည့် မော်တော်ကားအတွက် Aston Martinကို စိန်ခေါ်ရန် Bentley ခြေလှမ်းပြင်
နာမည်ကျော် သူလျှိုစွန့်စားခန်း ဇာတ်လမ်းဖြစ်သည့် James Bond ရုပ်ရှင်များတွင် ပါဝင်ခွင့်ရရန် မျှော်လင့်ချက်ဖြင့် ဇိမ်ခံပြိုင်ကား မော်ဒယ်လ်သစ် တစ်မျိုးကို Bentleyက မိတ်ဆက်ပြသခဲ့သည်။
မတ်လ၂ ရက် ညက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မော်တော်ယာဉ် ပြပွဲတွင် Bentleyက မွမ်းမံ အဆင့်မြှင့်တင်ဆဲဖြစ်သည့် Exp 10 Speed 6 အမျိုးအစား နှစ်ယောက်စီး ပြိုင်ကားကို ပြသလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မော်တော်ကားသည် တစ်နာရီလျှင် မိုင်(၂၀၀)နှုန်းမျှထိ မြန်နှုန်းမြင့် မောင်းနှင်နိုင်မည်ဖြစ်ပြီး လာမည့်(၃)နှစ်အတွင်း ဈေးကွက်ထဲတွင် ရောင်းချသွားနိုင်ရန် Bentleyက ရည်ရွယ်ထားသည်။
ကော်ဖီပုံမှန် သောက်ခြင်းက နှလုံးသွေးကြော ပိတ်ဆို့မှုကို လျှော့ချပေးနိုင်ဟု သုတေသန ရလဒ်တစ်ခုဖော်ပြ
နေ့စဉ် ကော်ဖီအနည်းငယ် ပုံမှန်သောက်ခြင်းက သွေးကြောများ ပိတ်ဆို့မှုကို အကာအကွယ် ပေးနိုင်ကြောင်း တောင်ကိုရီးယား သုတေသီများက ထောက်ခံ ပြောကြားလိုက်သည်။
တောင်ကိုရီးယားတွင် အလုပ်ခွင်၌ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူရသူ အမျိုးသား၊ အမျိုးသမီး (၂၅၀၀၀)ကျော်၏ ကျန်းမာရေး မှတ်တမ်းများကို စိစစ်လေ့လာကာ ယခုတွေ့ရှိချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ တစ်နေ့လျှင် ကော်ဖီ သုံးခွက်မှ ငါးခွက်ထိ ပုံမှန် သောက်သုံးခြင်းက နှလုံးအတွက် ကောင်းကျိုးဖြစ်စေပြီး သွေးကြောများအတွင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။
သြစတြေးလျမူးယစ်တရားခံနှစ်ဦးကို သေဒဏ်စီရင်ရန် နေရာပြောင်းရွှေ့
သေဒဏ်ချမှတ်ထားခံရသူ သြစတြေးလျနိုင်ငံသား မြူရန်ဆူကူမာရန်အား ရဲတပ်ဖွဲ့ကွန်မန်ဒိုများ စောင့်ကြပ်လာစဉ် (AFP)
အင်ဒိုနီးရှားနိုင်ငံ တွင် သေဒဏ်စီရင်ရန် စီစဉ်နေ သော ဩစတေးလျနိုင်ငံသား မူး ယစ်ဆေးတရားခံနှစ်ဦးသည် ဗုဒ္ဓ ဟူးနေ့တွင် ကွပ်မျက်ရန် စီစဉ် ထားသည့် ကျွန်းသို့ နေရာရွှေ့ ပြောင်းခံခဲ့ရသည်။
ရန်ကုန်တိုင်းတွင် နှစ်လအတွင်း လူသတ်မှုထက် မုဒိမ်းမှု ပိုများနေ
ရန်ကုန်တိုင်းတွင် ယခုနှစ်လအတွင်း လူသတ်မှု ထက် မုဒိမ်းမှု ပိုများကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းအတွင်း နှစ်စဉ် လူသတ်မှုနှင့် မုဒိမ်းမှုများ မြင့် တက်လျက်ရှိပြီး လူသတ်မှုအချို့ မှာလည်း ယခုအချိန်ထိ တရားခံ မပေါ်သေးသော အမှုများစွာ ကျန်ရှိနေသေးကြောင်း သိရ သည်။
‘‘ဒီနှစ်အတွင်းမှာပဲ လူသတ် မှုက ၂၉ မှုဖြစ်တယ်။ မုဒိမ်းမှုက တော့ ၃၁ မှုဖြစ်ပွားခဲ့တယ်။ ဒီနှစ် လထဲမှာဆိုရင်တော့ ဖေဖော်ဝါရီ ထဲမှာ မုဒိမ်းမှုက အမှု ၂၀ တက် လာတယ်။ လူသတ်မှုမှာတော့ ဇန်န၀ါရီလထက် ကိုးမှု လျော့ပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရုံးမှ အရာရှိတစ်ဦးက ပြော သည်။
၂၀၁၅ နှစ်လအတွင်း မှုခင်း ဖြစ်ပွားမှုနှုန်းတွင် ဇန်န၀ါရီအ တွင်း ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက်ထက် ဖေဖော်ဝါရီ တွင် ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် နည်းပါးကြောင်းသိရသည်။
ရန်ကုန်တိုင်းအတွင်း နှစ်စဉ် လူသတ်မှုနှင့် မုဒိမ်းမှုများ မြင့် တက်လျက်ရှိပြီး လူသတ်မှုအချို့ မှာလည်း ယခုအချိန်ထိ တရားခံ မပေါ်သေးသော အမှုများစွာ ကျန်ရှိနေသေးကြောင်း သိရ သည်။
‘‘ဒီနှစ်အတွင်းမှာပဲ လူသတ် မှုက ၂၉ မှုဖြစ်တယ်။ မုဒိမ်းမှုက တော့ ၃၁ မှုဖြစ်ပွားခဲ့တယ်။ ဒီနှစ် လထဲမှာဆိုရင်တော့ ဖေဖော်ဝါရီ ထဲမှာ မုဒိမ်းမှုက အမှု ၂၀ တက် လာတယ်။ လူသတ်မှုမှာတော့ ဇန်န၀ါရီလထက် ကိုးမှု လျော့ပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရုံးမှ အရာရှိတစ်ဦးက ပြော သည်။
၂၀၁၅ နှစ်လအတွင်း မှုခင်း ဖြစ်ပွားမှုနှုန်းတွင် ဇန်န၀ါရီအ တွင်း ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက်ထက် ဖေဖော်ဝါရီ တွင် ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် နည်းပါးကြောင်းသိရသည်။
Tuesday, 3 March 2015
ရဟန်းသံဃာတော်များ၊ အမျိုးသားရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများစုဝေး၍ ကျောင်းသားသပိတ်စစ်ကြောင်း အဆုံးသတ်ပေးရန် ယနေ့တွင် သွားရောက် မေတ္တာရပ်ခံကြမည်
ရဟန်းသံဃာ တော်များ၊ အမျိုးသားရေးအသင်းအ ဖွဲ့များနှင့် ကျောင်းသား မိဘများ စု ဝေး၍ ကျောင်းသားသပိတ်စစ် ကြောင်းအား အဆုံးသတ်ပေးရန် မတ် ၃ရက်တွင်သွားရောက် မေတ္တာ ရပ်ခံကြမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားသပိတ် ရန်ကုန် သို့ ချီတက်လာလျှင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲရက်အတွင်း မလိုလားအပ်သော အဓိကရုဏ်းများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ မတ်၂ ရက်၌ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်တွင် ရဟန်း သံဃာတော်များ၊ အမျိုး သားရေးအသင်းအဖွဲ့များနှင့် ကျောင်း သားမိဘများက စုဝေးတိုင်ပင်၍ ယင်း ကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ချောင်းသာကမ်းခြေတွင် ကားတစီးရေနစ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ချောင်းသာကမ်းခြေမှာ ဇိမ်ခံကားတစီး ပင်လယ်ထဲကျပြီး ရေနစ်သွားတဲ့ဖြစ်ရပ် မနေ့က ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ ထိုင်ဝမ်နိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ဒရိုင်ဘာ ၁ ဦးတို့ဟာ သူတို့ စီးနင်းလာခဲ့တဲ့ကား (၆ယ/ ၃၉၂၃) ကို မနေ့က မနက်အစောပိုင်းမှာ ချောင်းသာကမ်းခြေတလျှောက် လှည့်ပတ်မှောင်းနှင်ရင်း ကားဘီးက သဲထဲကျွံကျပြီး နစ်သွားတာပါ။
သဲနစ်ပြီးတဲ့နောက်ပိုင်း ကားဆက်မောင်းလို့မရတော့တဲ့အချိန်မှာ ပင်လယ်ဒီရေ တက်လာခဲ့တော့ ကားသမားနဲ့ ထိုင်ဝမ်နိုင်ငံသား ၃ ဦးတို့ဟာ သူတို့အထုပ်အပိုးတွေကို ကားပေါ်က ဆွဲယူပြီး သောင်ပြင်ပေါ်မှာထိုင်ကာ သူတို့ကား ရေနစ်သွားတာကို ထိုင်ကြည့်ခဲ့ရတယ်လို့ ချောင်းသာ ကမ်းခြေက ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။
သံဃာနှင့် ကျောင်းသားများ အစာငတ်ခံဆန္ဒပြမည်
လက်ပံတန်းမှ ရန်ကုန်သို့ချီတက်ရန် ကြိုးစားသည့် ကျောင်းသားများကို ရဲများက လမ်းပိတ်ကာ တားဆီးသည့်အတွက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီေးနာက် သံဃာနှင့် ကျောင်းသား အစာငတ်ခံ ဆန္ဒပြမှု စတင်မည်ဟု သိရသည်။သံဃာနှင့် ကျောင်းသား ပူးပေါင်းအင် အား ၅၀၀ခန့်ကို ရဲတပ်ဖွဲ ၂၀၀၀
ငါးထောင်ကျပ်တန် ငွေစက္ကူအတုများ သယ်ဆောင်လာသော မလေးရှားနိုင်ငံသားကို CID စစ်ဆေး
တာမွေမြို့နယ် လေးထောင့်ကန်လမ်းရှိ ဟိုတယ်တစ်လုံးတွင် တည်းခိုနေသော အသက် ၃၁ နှစ် အရွယ်ရှိ မလေးရှားနိုင်ငံသားထံမှ ပြည်ပမှ ယူဆောင်လာသည့် ကျပ်ငါးထောင်တန် ငွေစက္ကူ အတုများ သိမ်းဆည်းရမိခဲ့သောကြောင့် ယင်းအမျိုးသားကို မှုခင်းတပ်ဖွဲ့ (CID) က စစ်ဆေးလျက်ရှိကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်မြက ပြောကြားသည်။
အဆိုပါ နိုင်ငံခြားသားမှာ ရန်ကုန်မြို့တော်သို့ အလည်အပတ် ဗီဇာဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တာမွေမြို့နယ်ရှိ စိမ်းမြဒီပါ ဟိုတယ်တွင် လာရောက်တည်းခိုသော မလေးရှားနိုင်ငံသား ခုနစ်ဦးက တည်းခိုခန်းခ ငွေပေးချေစဉ် ငွေစက္ကူအတု ၅၀၀၀ ကျပ်တန် ၁၉ ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းနောက် ရဲတပ်ဖွဲ့က ၎င်းတို့တည်းခိုသည့် အခန်းများကို ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတု ၅၀၀၀ ကျပ်တန် လေးရွက်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
Monday, 2 March 2015
ပူတင်အစိုးရအပေါ် ဆန့်ကျင်သူ အတိုက်အခံ နိုင်ငံရေးသမား ပစ်သတ်ခံရမှု မကျေနပ်သည့် ရုရှားထောင်ပေါင်းများစွာ မော်စကိုတွင် ချီတက်ဆန္ဒပြ

ရုရှားနိုင်ငံတွင် သောကြာနေ့က ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသော အတိုက်အခံခေါင်းဆောင် ဘောရစ်နမ် ဆော့ဗ်ကို ဂုဏ်ပြုသောအားဖြင့် ၎င်းကို ထောက်ခံသူ ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာ မြို့တော် မော်စကို တွင် ချီတက်ဆန္ဒပြကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
KNLA နှင့် BGF အပြန်အလှန် ပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
Subscribe to:
Posts (Atom)








