Wednesday 4 March 2015

တောင်ကိုရီးယားနှင့် အမေရိကန်စစ်ရေးပြပွဲကို မကျေနပ်၍ မြောက်ကို ရီးယားဒုံးပျံများပစ်ခတ်


တောင်ကိုရီးယားနှင့် အမေရိ ကန်တို့၏ ပူးတွဲစစ်ရေးပြပွဲကို တနင်္လာ နေ့တွင် စတင်ခဲ့ရာ မြောက်ကိုရီးယားက စိတ်ဆိုးကာ ဒုံးပျံနှစ်စင်းအား ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက မဆင်မခြင် ထိပ်တိုက်ရင်ဆိုင်ခြင်း အဖြစ်လည်း ရှုတ်ချလိုက်ကြောင်း AFP သတင်း က ဖော်ပြခဲ့သည်။
နှစ်စဉ် စစ်ရေးလေ့ကျင့်မှုမှာ အမြဲတမ်းစစ်ရေးတင်းမာမှုကို ဖြစ် စေပြီး ကိုရီးယား ကျွန်းဆွယ်၌ စစ် လိုလားသော ပြောကြားမှုကို အမြဲ ကြားနေရ သည်ဟုဆိုသည်။

လေ့ လာသူများက မြောက်ကိုရီးယား၏ ဒုံးပျံစမ်းသပ်ပစ်လွှတ်မှုသည် ကြို တင်ခြိမ်းခြောက်မှုကို ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြသည်။
အကယ်၍ သိသာသောပြင်း ထန်မှု ပေါ်ပေါက်လာပါက မြောက်ကို ရီးယား က ရေပြင်ပိုင်နက်အတွင်း ပြသနာတစ်စုံတစ်ခု လုပ်လာနိုင်ကြောင်း ဆိုး လ်မြို့ အမျိုးသားတက္ကသိုလ်မှ ဂျန်ယောင်တေးက ပြောခဲ့သည်။
နျူကလီးယားပိုင် မြောက်ကိုရီး ယားက ဒုံးပျံကို စတန့်ထွင်၍ ပစ် ခတ် လိုက်ခြင်းဖြစ်ကြောင်း၊ ယခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ ကိုရီးယားကျွန်း ဆွယ်၌ စစ်နှုတ်ခမ်းဝကို ဦးတည် နေကြောင်း ၎င်းကဆိုသည်။
မိုင် ၃၁၀ (၅၀၀ ကီလိုမီတာ)အကွာအဝေးသို့ပစ်နိုင်သည့် မြောက် ကိုရီးယား ဒုံးပျံနှစ်စင်းအား အနောက် ဘက် နမ်ပိုမြို့ ဆိပ်ကမ်းမှ ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း ပင်လယ်ထဲသို့ မကျမီ မြောက်ကိုရီးယား နိုင်ငံ ကို ဖြတ်ကျော် လာခဲ့ခြင်းဖြစ်သည်။
ဤစမ်းသပ်မှုမှာ စစ်ရေးလေ့ ကျင့်မှု စတင်ခြင်းအပေါ် ရန်စမှု ဖြစ်ကြောင်း စစ်ဦးစီးချုပ်က ပြောခဲ့ သည်။ နောက်ထပ်ပစ်ခတ်မှု အပေါ် သတိဝီရိ ယဖြင့် စောင့်ကြည့်သွားရ မည်ဟုလည်း ပြောခဲ့သည်။
ဒုံးပျံပစ်ခတ်ခြင်းမှာ မြောက် ကိုရီးယား၏ တောင်ကိုရီးယားနှင့် ၎င်း၏ မဟာမိတ်များ အပေါ် မကျေနပ်၍ ဒေါသဖြစ်ကြောင်း ကိုဖော်ပြ သည့် သင်္ကေတဖြစ်သည်ဟုဆိုသည်။
အမေရိကန်နှင့် တောင်ကိုရီး ယားက စစ်ရေးလေ့ကျင့်မှုမှာ ကာကွယ်ရေး အတွက် သာဖြစ်ကြောင်း ပြောခဲ့သော်လည်း မြောက် ကိုရီးယား က အမြဲ ရှုတ်ချလျက်ရှိသည်။
Democracytoday

No comments:

Post a Comment