Wednesday 4 March 2015

အီရန်အနေဖြင့် နျူကလီးယားလှုပ်ရှားမှုကို အနည်းဆုံး ၁ဝ နှစ် ရပ်နားသင့်ကြောင်း အိုဘားမားပြော


နိုင်ငံရေးဆိုင်ရာသဘောထားတင်းမာမှုများကို လျှော့ချနိုင်ရန်အတွက် အီရန်အနေဖြင့် နျူကလီးယားစွမ်းအင်ရရှိရေးဆိုင်ရာလှုပ်ရှားမှုများကို အနည်းဆုံး ၁ဝ နှစ်ခန့် ရပ်နား ထားသင့်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ရိုက်တာသတင်းဌာနနှင့် ယမန်နေ့ အင်တာဗျူးတွင် ပြောကြားသည်။ လက်ရှိအချိန်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန်သို့ရောက်ရှိ နေပြီး အမေရိကန်ကွန်ဂရက်တွင် အိုဘားမား၏မူဝါဒကို ဆန့်ကျင်သည့်မိန့်ခွန်း ပြော ကြားမည်ဖြစ်သည်။
အီရန်က ၄င်းတို့၏ နျူကလီးယားလှုပ်ရှားမှုမှာ စွမ်းအင်ရရှိရေး အတွက်သာလျှင်ဖြစ်ပြီး အချို့နိုင်ငံများကမူ နျူကလီးယားလက်နက်ထုတ်လုပ်ရန် လှုပ်ရှားနေသည်ဟု စွပ်စွဲထားသည်။ အစ္စရေးသည် အီရန်၏ နျူကလီးယားလှုပ်ရှား မှုကို အစဉ်တစိုက်ဆန့်ကျင်ခဲ့သူဖြစ်ပြီး တစ်နှစ်အတွင်းမတားဆီးနိုင်ပါက အီရန်အနေ ဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်သွားမည်ဟု ၂ဝ၁၂ ခုနှစ်တွင် ပြောခဲ့ဖူးသည်။ အမေရိကန်၏ အိုဘားမားအစိုးရအဖွဲ့က အီရန်နှင့်စေ့စပ်ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်း အပေါ် မူဝါဒချမှတ်ထားပြီး နေတန်ယာဟုက အဆိုပါမူဝါဒကို ဆန့်ကျင်နေခြင်းဖြစ် သည်။ နေတန်ယာဟုနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားက နေတန်ယာဟု ၏ ယူဆချက်များမှာမှားယွင်းနေကြောင်း၊ အီရန်၏ နျူကလီးယားလှုပ်ရှားမှုအားလုံး ကို ရုပ်သိမ်းဖျက်ဆီးရမည်ဆိုပါက ပြန်ပေးရမည့်အရင်းအနှီးများနိုင်ကြောင်း၊ အီရန် အနေဖြင့် သဘောတူလက်ခံနိုင်မည်မဟုတ်ကြောင်း အိုဘားမားကပြောသည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်က နေတန်ယာဟု၏ စွပ်စွဲမှုကိုလည်း မှားယွင်းကြောင်း အိုဘားမားက ပြောသည်။ ပြီးခဲ့သည့် ကာလအတွင်းတွင် အီရန်အနေဖြင့် ၄င်း၏ နျူကလီးယား လှုပ်ရှားမှုကို ထပ်မံပြုလုပ်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း အိုဘားမားကပြောသည်။
အိုဘားမား၏မူဝါဒကို ဆန့်ကျင်၍မိန့်ခွန်းပြောရန် အောက်လွှတ်တော်မှ ရီပတ်ပလစ် ကန်ဥက္ကဋ္ဌ ဂျွန်ဘိုနာက နေတန်ယာဟုကို အမေရိကန်သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖိတ်ခေါ်မှုသည်အိုဘားမား၏ ဒီမိုကရက်တစ်ပါတီကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ ကြောင်း အမေရိကန်သတင်းဌာနများက ဖော်ပြထားသည်။ နေတန်ယာဟု အမေရိကန် သို့လာရောက်မိန့်ခွန်းပြောကြားခြင်းသည် အမေရိကန်၏နိုင်ငံရေးနယ်ပယ်ကို အကျိုး သက်ရောက်မှုရှိစေရုံသာမက အစ္စရေး၏ နိုင်ငံရေးနယ်ပယ်ကိုလည်း အကျိုးသက် ရောက်မှုရှိစေခဲ့ကြောင်း၊ အစ္စရေးတွင် သီတင်းနှစ်ပတ်အတွင်း ရွေးကောက်ပွဲကျင်းပ တော့မည်ဖြစ်ရာ နေတန်ယာဟု၏ အိုဘားမားဆန့်ကျင်ရေးမိန့်ခွန်းက ၄င်းကို ဝေဖန် နေသည့် အစ္စရေးမဲဆန္ဒရှင်များ၏သဘောထားကို ပြောင်းလဲစေနိုင်ကြောင်း အစ္စရေး မီဒီယာများက ဖော်ပြထားသည်။
The Union Daily

No comments:

Post a Comment