Wednesday 4 March 2015

သြစတြေးလျမူးယစ်တရားခံနှစ်ဦးကို သေဒဏ်စီရင်ရန် နေရာပြောင်းရွှေ့


သေဒဏ်ချမှတ်ထားခံရသူ သြစတြေးလျနိုင်ငံသား မြူရန်ဆူကူမာရန်အား ရဲတပ်ဖွဲ့ကွန်မန်ဒိုများ စောင့်ကြပ်လာစဉ် (AFP)
အင်ဒိုနီးရှားနိုင်ငံ တွင် သေဒဏ်စီရင်ရန် စီစဉ်နေ သော ဩစတေးလျနိုင်ငံသား မူး ယစ်ဆေးတရားခံနှစ်ဦးသည် ဗုဒ္ဓ ဟူးနေ့တွင် ကွပ်မျက်ရန် စီစဉ် ထားသည့် ကျွန်းသို့ နေရာရွှေ့ ပြောင်းခံခဲ့ရသည်။

ယခုသတင်းမှာ ဩစတေး လျဘက်က ထိုအကျဉ်းသားများ အား သေဒဏ်မချရန် သံတမန် ရေးနည်းလမ်းစုံကို သုံး၍ ကြိုးစား ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာ ခြင်းဖြစ်သည်။
ဘာလီနိုင်းဟု ခေါ်သည့် အ ဆိုပါ မူးယစ်ကွန်ရက်မှ ဩစ တြေးလျနိုင်ငံသားတရားခံနှစ်ဦး ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ဘာ လီကျွန်းရှိ ကီရိုဘိုကန် အကျဉ်း ထောင်မှ အာဏာပိုင်များက ခေါ် ထုတ်ရွှေ့ပြောင်းသွားခဲ့ခြင်းဖြစ် ကြောင်း ဒေသခံ တရားရေးဌာန အရာရှိ နယိုမန်ပုထရာက ဆို သည်။
၂၀၀၆ တွင် သေဒဏ်ချမှတ် ခံထားရသည့် ထိုဩစတေးလျ တရားခံနှစ်ဦးမှာ ထောင်မှ မထွက် ခွာမီ အာဏာပိုင်များကို ကျေးဇူး တင်စကားပြောခဲ့ပြီး ထောင်တာ ဝန်ရှိသူများက မျက်နှာဖုံး စွပ်ပေး လိုက်ခြင်းကို တိတ်ဆိတ်စွာ ခံယူ ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ဘာလီအကျဉ်းထောင် အ ပြင်ဘက်တွင် ၎င်းတို့နှစ်ဦးအား ခေါ်သွားစဉ် လုံခြုံရေးအတွက် ရဲ တပ်ဖွဲ့ဝင်၂၀၀၊ စစ်သား ၅၀ နှင့် အဓိက ရုဏ်းနှိမ်နှင်းရေး မီးသတ် ပိုက်ကား တစ်စီးက စောင့်ဆိုင်း ပေးခဲ့သည်။
ထို့နောက် ၎င်းတို့ကို အချုပ် ကားဖြင့် ခေါ်သွားစဉ် သံချပ်ကာ ကားနှစ်စီးဖြင့်ခြံရံကာ လုံခြုံရေး ယူခဲ့ပြီး နူဆာကမ်ဘန်ဂန်ကျွန်း သို့ သွားရန် လှေဆိပ်သို့ လိုက်ပို့ ခဲ့သည်ဟုဆိုသည်။
အင်ဒိုနီးရှားအာဏာပိုင်များ သည် ဩစတေးလျနှင့် သံတမန် ရေး တင်းမာမှုများ ဖြစ်လာစေခဲ့ သော ထိုအကျဉ်းသားနှစ်ဦးအား ကွပ်မျက်ရေးကို ဆက်လက်လုပ် မည်ဖြစ်ကြောင်း ယခုဖြစ်ရပ်ဖြင့် သက်သေပြလိုက်ခြင်းဖြစ်ပြီး ၎င်းတို့ အား ကွပ်မျက်မည့်ရက်ကိုမူ အတိအကျကြေညာခြင်း မရှိသေးဟု ဆိုသည်။
အာဏာပိုင်များသည် ပြီး ခဲ့သည့်လအတွင်း ဘရာဇီးနှင့် နယ်သာလန်နိုင်ငံသား မူးယစ်တ ရားခံများကို ကွပ်မျက်ခဲ့ရာ ထို နိုင်ငံများက ကန့်ကွက်ခြင်းအဖြစ် ၎င်းတို့၏ သံအမတ်ကြီးများအား နိုင်ငံသို့ ပြန်လည်ဆင့်ခေါ်ခဲ့သည်။
—Ref: AFP

No comments:

Post a Comment