Wednesday 4 March 2015

ရန်ကုန်တိုင်းတွင် နှစ်လအတွင်း လူသတ်မှုထက် မုဒိမ်းမှု ပိုများနေ

ရန်ကုန်တိုင်းတွင် ယခုနှစ်လအတွင်း လူသတ်မှု ထက် မုဒိမ်းမှု ပိုများကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းအတွင်း နှစ်စဉ် လူသတ်မှုနှင့် မုဒိမ်းမှုများ မြင့် တက်လျက်ရှိပြီး လူသတ်မှုအချို့ မှာလည်း ယခုအချိန်ထိ တရားခံ မပေါ်သေးသော အမှုများစွာ ကျန်ရှိနေသေးကြောင်း သိရ သည်။
‘‘ဒီနှစ်အတွင်းမှာပဲ လူသတ် မှုက ၂၉ မှုဖြစ်တယ်။ မုဒိမ်းမှုက တော့ ၃၁ မှုဖြစ်ပွားခဲ့တယ်။ ဒီနှစ် လထဲမှာဆိုရင်တော့ ဖေဖော်ဝါရီ ထဲမှာ မုဒိမ်းမှုက အမှု ၂၀ တက် လာတယ်။ လူသတ်မှုမှာတော့ ဇန်န၀ါရီလထက် ကိုးမှု လျော့ပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရုံးမှ အရာရှိတစ်ဦးက ပြော သည်။
၂၀၁၅ နှစ်လအတွင်း မှုခင်း ဖြစ်ပွားမှုနှုန်းတွင် ဇန်န၀ါရီအ တွင်း ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက်ထက် ဖေဖော်ဝါရီ တွင် ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် နည်းပါးကြောင်းသိရသည်။

‘‘အမှုကြီးတွေအနေနဲ့တော့ သေချာစစ်ဆေးကိုင်တွယ်ရတဲ့ အနေအထားတွေမှာရှိတော့ တချို့အမှုတွေမှာ ကြာတာတွေ ရှိတယ်။ တချို့အမှုတွေမှာ ရဲက လည်း ပြန်ပြောလို့ မရတဲ့ကိစ္စ လေးတွေ ရှိပါတယ်။ ပြောလိုက် ရင် တရားခံလွတ်သွားနိုင်တဲ့အ တွက်ပါ’’ဟု မြောက်ပိုင်းခရိုင်မှ စခန်းမှူးတစ်ဦးက ပြောသည်။
၂၀၁၃ အတွင်း မုဒိမ်းမှု ၁၅၂မှု၊ လူသတ်မှု ၁၃၀ ၊ လုယက်မှု ၃၃ မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၄တွင် မုဒိမ်းမှု ၁၃၀၊ လူသတ်မှု ၁၈၆မှု၊ လုယက်မှု ၄၈ မှု ဖြစ်ပွား ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် မုဒိမ်းမှုပေါင်း ၇၄၁ မှုဖြစ်ပွားခဲ့ပြီး မုဒိမ်းမှုများ၏ ထက်ဝက်ခန့်မှာ သက်ငယ်မုဒိမ်းမှုများဖြစ် ကြောင်းသိရသည်။
‘‘အများဆုံးဖြစ်တတ်တဲ့ လကတော့ ဧပြီမှာ မုဒိမ်းမှု၊ လူ သတ်မှုတွေ ပိုများတယ်။ ဘာလို့ လဲဆိုတော့ သင်္ကြန်ရောက်တော့ မူးကြတယ်။ ဒါတောင် လာတိုင် တဲ့အမှုလောက်ပဲ အမှုဖွင့်လို့ ရ တာလေ။ ကိုယ့်ဘာသာ ညှိနှိုင်း ပြီး ယူလိုက်တဲ့သူတွေ ဘ၀ပျက် တဲ့ မိန်းကလေးတွေ၊ ဘယ် လောက်များမလဲ’’ဟု အနောက် ပိုင်းခရိုင်အတွင်းမှ အမှုစစ်အရာ ရှိ တစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း အမှုကြီး များပြီးလျှင် အများဆုံးဖြစ်ပွား လေ့ရှိသော အမှုမှာ ခိုးမှုဖြစ်ပြီး စုစုပေါင်း ၁၅၈ မှု ရှိကာ လုယက် မှုမှာ တစ်မှုသာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု စုစုပေါင်း ၄၅၄ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
7 day

No comments:

Post a Comment