Wednesday 4 March 2015

၂၀၁၅ ခုနှစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်စ် ရပ်တည်

၂၀၁၅ ခုနှစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ရာ အမေရိကန် နည်းပညာ လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။
Microsoft ကော်ပိုရေးရှင်းကို အဓိက တည်ထောင်ခဲ့သူဖြစ်သည့် ဂိတ်စ်သည် မက္ကစီကို စီးပွားရေး လုပ်ငန်းရှင် ကားလို့စ်ဆလင်းမ်ကို အနိုင်ယူကာ အချမ်းသာဆုံး စာရင်း၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းလာခြင်း ဖြစ်သည်။

ကမ္ဘာကျော် အချက်အလက် စစ်တမ်း မဂ္ဂဇင်းကြီး Forbes၏ ဖော်ပြထားမှုအရ ဂိတ်စ်၏ ကြွယ်ဝမှုသည် ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ထိ ဝင်ငွေများအရ ဒေါ်လာ (၃)ဘီလီယံ တိုးပွားလာပြီး စုစုပေါင်း ဒေါ်လာ (၇၉)ဘီလီယံထိ ချမ်းသာနေကြောင်း သိရှိရသည်။ မက္ကစီကို၏ ဖုန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းအများစုကို လက်ဝါးကြီး အုပ်ထားသည့် ဆလင်းမ်၏ စုစုပေါင်း ကြွယ်ဝမှုမှာ ဒေါ်လာ (၇၇.၁)ဘီလီယံမျှ ရှိမည်ဟု Frobesက ဆိုသည်။
ဂိတ်စ်သည် ပြီးခဲ့သည့် (၂၁)နှစ်အတွင်း Forbes၏ နှစ်အလိုက် အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် (၁၆)ကြိမ်ထိ ထိပ်ဆုံးနေရာကို အရယူနိုင်ခဲ့သည်။ Forbes၏ အဆိုအရ ပြီးခဲ့သည့် နှစ်အတွင်း ကမ္ဘာပေါ်တွင် ဘီလီယံနာသူဌေး (ဒေါ်လာ တစ်ဘီလီယံအထက် ချမ်းသာသူ) အရေအတွက် (၁၈၁)ဦး တိုးလာပြီး စုစုပေါင်း ဘီလီယံနာ (၁၈၂၆)ဦးထိ ရှိလာပြီဟုလည်း သိရသည်။
၂၀၁၅ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ် (၁၀)ဦးနှင့် ၎င်းတို့၏ ကြွယ်ဝမှု စုစုပေါင်း ပမာဏများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဘီလ်ဂိတ်စ် (Microsoft ကော်ပိုရေးရှင်း) --- ဒေါ်လာ (၇၉.၂)ဘီလီယံ
၂။ ကားလို့စ်ဆလင်းမ် (ဖုန်းနှင့်ဆောက်လုပ်ရေး လုပ်ငန်းရှင်) --- ဒေါ်လာ (၇၇.၁)ဘီလီယံ
၃။ ဝါနာဘတ်ဖတ် (နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်) --- ဒေါ်လာ (၇၂.၇)ဘီလီယံ
၎။ အာမန်စီယိုအော်တေဂါ (Zaraနှင့် အခြားဖက်ရှင်အမှတ်တံဆိပ်များ) --- ဒေါ်လာ (၆၄.၅)ဘီလီယံ
၅။ လယ်ရီအဲလစ်ဆန် (Oracle နည်းပညာ) --- ဒေါ်လာ (၅၄.၃)ဘီလီယံ
၆။ ချားလ်စ်ကော့ခ်ျ (စက်မှုလုပ်ငန်းရှင်) --- ဒေါ်လာ (၄၂.၉)ဘီလီယံ
၆။ ဒေးဗစ်ကော့ခ်ျ (စက်မှုလုပ်ငန်းရှင်) --- ဒေါ်လာ (၄၂.၉)ဘီလီယံ
၈။ ခရစ္စတီဝေါ်လ်တန် (Walmart လက်လီအရောင်းဆိုင်လုပ်ငန်း) --- ဒေါ်လာ (၄၁.၇)ဘီလီယံ
၉။ ဂျင်မ်ဝေါ်လ်တန် (Walmart လက်လီအရောင်းဆိုင်လုပ်ငန်း) --- ဒေါ်လာ (၄၀.၆)ဘီလီယံ
၁၀။ လီလိုင်နီဘတ္တန်ကော့တ် (L’Oreal အလှကုန်) --- ဒေါ်လာ (၄၀.၁)ဘီလီယံ
_Ref: BBC

No comments:

Post a Comment