မြို့နယ်၊ ကျေးရွာအမည်များ တွင် ပြည်ခိုင်ဖြိုးမြို့ရွာဟုရေးသားစိုက် ထူထားသော ဆိုင်းဘုတ်များကို ပြန် လည်ဖြုတ်သိမ်းပေးမည်ဟု ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသာဝင်းက ပြော ကြားသည်။
Thursday, 5 February 2015
ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်းဆုံး ဒုတိယမြို့အဖြစ် ပုဂံမြို့ သတ်မှတ်ခံရ

ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်း ဆုံးဒုတိယမြို့အဖြစ် ပုဂံမြို့အား သတ်မှတ် လိုက်ကြောင်း Wanderlust Travel Magazine ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Huawei ကုမ္ပဏီ၏ စမတ်ဖုန်းရောင်းရငွေ ၂၀၁၄ အတွင်း သုံးဆယ်ရာခိုင်နှုန်းမြင့်တက်

တရုတ်နိုင်ငံ၏စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Hu-awei သည် ၂၀၁၄ အတွင်း ၀င်ငွေ သုံးဆယ် ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ကုမ္ပဏီသက်တမ်းတစ်လျှောက်တွင် စမတ်ဖုန်းရောင်းချခြင်းမှ ကန်ဒေါ်လာ ၁၂ ဘီလီယံကျော်အထိ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေကို သတင်းထုတ်ပြန်သည်။
ကမ္ဘာ့လူကြိုက်အများဆုံး ပုဂ္ဂိုလ်များစာရင်း ဒေါ်စုပါဝင်

၂၀၁၅ ခုနှစ်အတွက် မြတ်နိုးစရာအကောင်းဆုံး (World’s Most Admired 2015) ပုဂ္ဂိုလ်တွေအဖြစ် ရုပ်ရှင်သရုပ်ဆောင် Angelina Jolie နဲ့ မိုက်ခရိုဆော့ဖ် ဘီလျံနာ သူဌေးကြီး Bill Gates တို့ကို မဲပေး ရွေးချယ်လိုက်ကြတယ်လို့ ဗြိတိန်က ဈေးကွက်သုတေသန YouGov က ကြေငြာလိုက်ပါတယ်။
တိုင်ဝမ်လေယာဉ်ပျက်ကျမှု အနည်းဆုံး လူ၂၅ ဦးသေဆုံး

တိုင်ပေမြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ မြစ်တစင်းရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျသွားတဲ့ ခရီးသည်တင် လေယာဉ် အစိတ်အပိုင်းတွေကို ဆယ်ယူဖို့အတွက် ကယ်ဆယ် ရေး လုပ်သားတွေဟာ ၀န်ချည်စက်တွေ အသုံးပြုပြီး ကြိုးပမ်းနေကြပါတယ်။ ဒီလေယာဉ် ပျက်ကျမှုအတွင်း လူပေါင်း ၂၅ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် လူ ၂၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
IS အစွန်းရောက်နှိမ်နင်းမှု ဂျော်ဒန်မဆုတ်မနစ် လုပ်ဆောင်မည်

ဂျော်ဒန် တိုက်လေယာဉ်မှူးကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ရက်ရက်စက်စက် သတ်ဖြတ် ခဲ့တဲ့အတွက် ဒီစစ်သွေးကြွတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းမယ်လို့ ဂျော်ဒန်ဘုရင် Abdullah က ကတိ ပေး ကြုံးဝါးလိုက်ပါတယ်။
Wednesday, 4 February 2015
အကြမ်းဖက်မှုဆန့်ကျင်ရေးတပ် ဂျပန်ဖွဲ့စည်း
ဂျပန်အစိုးရက အကြမ်းဖက်မှုဆန့်ကျင်ရေးတပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
ပြန်ပေးဆွဲမှုအကျပ်အတည်း အဆုံးသတ်အပြီး ပြည်တွင်းနဲ့ ပြည်ပမှာ လုံခြုံရေး တင်းကျပ်ဖို့ ခုလို ဖွဲ့စည်းလိုက်တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေက ဒုတိယမြောက် ဂျပန်လူမျိုး သတင်းထောက်ကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ရုပ်သံ အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဂျပန်ဓားစာခံတယောက်ကို သတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဂျပန်လူမျိုးတွေကို သတ်ဖြတ်မှုတွေ ဆက်လုပ်မယ်လို့ အိုင်အက်စ်အဖွဲ့က ရုပ်သံထဲမှာ ကတိပြုခဲ့ကြပါတယ်။
ဒါကြောင့် ပြည်တွင်းနဲ့ ပြည်ပက ဂျပန်နိုင်ငံသားတွေ ဘေးကင်းရေးအတွက် လုံခြုံရေးတင်းကျပ်ဖို့ ဂျပန်ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။
NLD နဲ့ ကျောင်းသားသပိတ် တကယ် မဆိုင်တာ သေချာလား ?
NLD ဟာ ဦးသိန်းလွင်ကို ပါတီဝင်အဖြစ်က ရုတ်သိမ်းမယ် လို့ ကြေညာထားခဲ့တယ်။ကျောင်းသားသပိတ်ကို ပံ့ပိုးနေတဲ့ NNER ကွန်ရက်မှာ ဦးဆောင်လှုပ်ရှားမှုကြောင့်လို့ဆိုတယ် ။ ဒေါ်စုအနေနဲ့လည်း သပိတ်နဲ့ NLD မဆိုင် ဘူးလို့ ဖွင့်ပြောခဲ့တယ်။။ ဇန်နဝါရီ ၂၆ ရက်နေ့ကတော့ NLD အနေနဲ့ ကြေညာချက် အမှတ် ၁/၀၁/၂၀၁၅ နဲ့ ကျောင်းသားသပိတ်မှာ ပါဝင်သူတွေဟာ နိုင်ငံအနာဂတ်အဖူးအပွင့်တွေလို့ မြှောက်ပင့်ထားပြီး သပိတ်ရောက်ရှိရာ မြို့၊ရွာ အသီးသီးက ဒီချုပ် (လူငယ်) တွေက လိုအပ်တဲ့အကူအညီတွေပေးကြဖို့ ညွှန်ကြားခဲ့တယ် ။ထင်ရှားတဲ့ ဥပမာတစ်ခုပြောမယ် ။မြင်းခြံမှာတုန်းက သပိတ်မှာကလေးတွေပါလာတယ် ၊ အလယ်တန်း ကျောင်းသူတွေပါလာတယ်၊တကယ် state ကျောင်းတွေကမဟုတ်ဘူး။အဲဒါ ရာပြည့်ဘော်ဒါက။ ဘော်ဒါကို NLD ပါတီက ထွန်းရွှေပိုင်တယ်။သပိတ်ရောက်တော့ တောင်သာ NLD က အေးခိုင်နဲ့တွေ့တယ် ။အဲလိုနဲ့ ဘော်ဒါက ကလေးတွေ သပိတ်ကိုကြိုရတယ်။ဒါဟာလည်း NLD နဲ့မဆိုင်ဘူးလား ? သပိတ်ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာ တဲ့အချိန် ဒေါ်စုက မီဒီယာနဲ့ စကားပြောတယ်။ သူတောင်းဆိုတဲ့ ၆ ပွင့်ဆိုင်ကို မတွေ့နိုင်ဘဲ အခုလို ဆူပူမှုတွေ တောင်းဆိုမှုတွေဖြစ်လာမှ တွေ့ရမယ်ဆို မကောင်းဘူးလို့ ကျောင်းသားသပိတ်ကို လက်ညိုးထိုးပြီး အစိုးရကို ခြိမ်း ခြောက်ခဲ့ဖူးတယ်။
ကျောင်းသားသပိတ်ဟာလည်း တောင်းဆိုချက် ၁၁ ချက်နဲ့ ပြီးမှာမဟုတ်ဘူး ။ ပထမ ဆွေးနွေးပွဲ မှာကတည်းက နောက်ထပ် ၉ ချက်တိုးခဲ့ပြီ။ ဒုတိယအကြိမ်လည်း အယောက် ၃၀ လုံးပါမှ ဆိုပြီး ကန့်လန့်တိုက်ခဲ့ပြီ။ အမျိုးမျိုးပျက်ပြယ်ပြီးနောက်မှာ ရန်ကုန်ကို မရောက်ရောက်အောင် သွားတော့မယ်။ ရန်ကုန်ရောက်ရင် သူတို့ တောင်းဆိုမှာ မူလ ၁၁ ချက်ရော၊ ၉ ချက်ရောမှာ မပါတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည် ဆောက်လုပ် ရေး ဆိုတာဖြစ်တယ် ။ဒီလိုနဲ့ သပိတ်ကို ရေရှည်အချိန်ဆွဲထားမှာပဲဖြစ်တယ် ။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲ ပျက်ပြယ်မှု ကျောင်း သားများ အနေဖြင့် သင်ခန်းစာယူ သင့်ကြေင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ဖေဖော်ဝါရီလ ၃ ရက်နေ့ က နေပြည်တော် ရှိ ပညာရေးဝန်ကြိးဌာန တွင် ကျင်း ပပြုလုပ်မည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး အစိုးရ ၊ လွှတ်ေ တာ်၊ ကျောင်းသားကိုယ်စားလှယ်များ နှင့် ( NNER ) လေးပွင့်ဆိုင်တွေ ဆုံဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရမှု နှင့်ပက်သက်၍ ကျောင်းသားများအနေဖြင့် သင်ခန်းစာ ယူရမည်ဟု ဒေါ်အောင်ဆန်း စုကြည် ကပြောသည်။
သပိတ်မှောက်ကျောင်းသားများပါဝင်သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကိုအစိုးရမှဖျက်သိမ်းခဲ့ပြီး နောက် ပြည်ထောင်စု လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းမီဒီယာ အချို့ကမေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"အဲ့တာတော့သင်ခန်းစာပေါ့ နောက်ဆိုလို့ရှိရင် ဒီလိုဆွေးနွေးပွဲတွေ မစမှီမှာ သေသေခြာခြာ စည်းမျဉ်း စည်းကမ်းသတ်မှတ်ရမှာပေါ့ သတ်မှတ်ပြီး သေသေခြာခြာ အဲ့ဒီအတိုင်း တိတိကျကျလုပ်ရမှာပေါ့ ဒါများတာနဲတာ ဆိုတာထက်ဘယ်လိုသဘောတူညီထားလဲဆိုတာ မူတည်တာပေါ့နော်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထိုင်းနိုင်ငံက အလှဆုံး သူကြီးမလေး မယ့်လုံကွန့်
လတ်တလော ထိုင်းနိုင်ငံရဲ့ ဆိုရှယ်လ်မီဒီယာလောကမှာ ချောမောလှပတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး မလေးတဦး အကြောင်း ရေပန်းစားနေပါတယ်။
အသက် ၃၅ နှစ်ရွယ်ရှိ နန်းဆောဝ် ဆူဖတ်လ၀ီ ယူဖက်ထ်ဟာ ထိုင်းနိုင်ငံြေ မာက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ နောင်ဟွယ်ရပ်ကွက် ဆီရီဝပ်ထန နိဝေ့ခ်ျ အိမ်ရာက ရာအိမ်မှူးတဦးဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ဒေသတွင်း သတင်းဌာန တခုက သူအကြောင်းကို ရေးသားဖော်ထုတ်ခဲ့တဲ့အတွက် လူမှုကွန်ရက် စာမျက်နှာမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရာအိမ်မှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေက သူ့ကို ချစ်စနိုးနဲ့ မယ့်လုံကွန့် (သူကြီး မလေး) လို့ ခေါ်ကြောင်း၊ လက်ရှိ သူ့ရပ်ကွက်က အိမ်ထောင်စုပေါင်း ၆၀၀ နဲ့ မိသားစုဝင် ၁၅၀၀ ကျော်ကို အုပ်ချုပ်နေတယ်လို့ ချနယ်လ်ဆဲဗဲင်း သတင်းမှာ ဖော်ပြပါတယ်။
TNLA အဖွဲ့၏ လူဖမ်းငွေတောင်းမှုကြောင့် တိုက်ပွဲများဖြစ်ပွားရာ ဒေသခံ ၃၈၀ ကျော် ထွက်ပြေးတိမ်းရှောင်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ နေထိုင်သော ဒေသခံ ၂ ဦးအား TNLA အဖွဲ့မှ ငွေတောင်းရာ မပေးနိုင်သဖြင့် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ရာ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းစဉ် ဖေဖော်ဝါရီ ၂ ရက်နေ့၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သတင်းရရှိသည်။
“ မန်ပန်ရွာက ဦးအိုက်ညဲနဲ့ ပြောင်းပြန်ရွာက ဦးထွန်းကြည်တို့ကို ငွေသိန်း ၇၀ စီပေးဖို့ TNLA အဖွဲ့က တောင်းတယ်၊ မပေးနိုင်လို့ဆိုပြီး ဖမ်းခေါ်သွားတယ်လေ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
RCSS/SSA တပ်ဖွဲ့ဝင်များ စားနပ်ရိက္ခာမလုံလောက်သောကြောင့် ဒေသခံများ ထံ အတင်းအကြပ်တောင်းခံ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ လွယ်တိုင်းလျှံဌာနချုပ် မှ နောင်တော်လောကျေးရွာသို့ သွားလာ လှုပ်ရှားနေသော ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့သည် စားနပ် ရိက္ခာ ကြပ်တည်းနေသောကြောင့် တာဟွေအွန်းကူးတို့ ဆိပ်ရှိ ဒေသခံများထံ အတင်းအကြပ် တောင်းခံသွားကြောင်း သတင်းရရှိသည်။
အဆိုပါ အဖွဲ့သည် လွယ်တိုင်းလျှံဌာနချုပ်မှ ထွက်လာပြီး နောင်ေ တ်ာလောကျေး ရွာ သို့ ရောက်ရှိလာပြီး လမ်းတွေ စားနပ်ရိက္ခာ အခက်အခဲရှိလာသောေ ကြာင့် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်၌ တာဟွေအွန်းကူးတို့ဆိပ်ရှိ ဆိုင်များ တွင် ဆန်နှင့်ဆီများ တောင်းခံသွားကြောင်း သိရှိရပါသည်။
မိုးကုတ် နှင့် မိုးမိတ်ကြား TNLA နှင့် တပ်မတော်တိုက်ပွဲဖြစ် ရွာသား ၂၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ
မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်အကြား တအာင်းတပ်မတော်(TNLA)က ဖေဖော်ဝါရီ ၂ရက်နှင့် ၃ရက်တွင် ဘိန်းခြံများ လိုက်လံဖျက်ဆီးနေချိန် အစိုးရ တပ်မတ်ာနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တအာင်းကျေးရွာသား ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်က ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။
ယင်းတိုက်ပွဲကြောင့် တအာင်းကျေးရွာ ၅ ရွာ အပါအဝင် လီရှောရွာနှင့် တရုတ်ကျေးရွာများ စုစုပေါင်း ၁၀ ရွာခန့်မှ လူဦးရေ ၂၀၀၀ ကျော် မိုးကုတ်မြို့နှင့် မိုးကုတ်မြို့အနီးရှိ တောတောင်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဒီဒီပို့ကျိန်းက ပြောသည်။
“ရွာသားတွေက အခုလောလောဆယ်။ မိုးကုတ်မြို့နယ်မှာရှိတဲ့ တအာင်းဘုန်းကြီးကျောင်း သုံးကျောင်းမှာ လာခိုလုံနေတယ်။ တချို့က လမ်းမှာသွားနေတုန်းပဲ။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ မိုးကုတ်မြို့ကို ကားနဲ့သွားနေတုန်းပဲ။ တချို့ နီးစပ်ရာအမျိုးတွေမှာ သွားခိုလုံနေတာရှိတယ်။ တော်တော်များများက ဘုန်းကြီးကျောင်းမှာပဲ။ လောလောဆယ် ဘုန်းကြီးတွေက ထမင်းကျွေးနေတယ်။ ဒါပေမဲ့ ရေရှည်က ဘုန်းကြီးတွေလည်း တတ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ ဝိုင်းပြီး အလှူရှင်တွေ ရှာရမှာပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။
ဆရာမနှစ်ယောက်အမှုနှင့် ပတ်သက်သော KIA တပ်ဖွဲ့ဝင် ၄ ဦး နှုတ်ပိတ်သတ်ဖြတ်ခံရဖွယ်ရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာမှာ လုပ်အားပေး ဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး KIA အဖွဲ့က အစစ်ဆေး မခံနိုင် ဘူးလို့ တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာမနှစ်ယောက်ကို သတ်သွားတဲ့သူတွေဟာ KIA အဖွဲ့မှ ဒုတပ်ကြပ် အဆင့် ရှိ ဖော်ယူဂွမ် ဦးစီး အဖွဲ့ဝင် ၃ ဦးလည်း ဖြစ်တယ်ဆိုပြီး Online မှာ သတင်းတွေ ပျံ့နှံ့လာတာကြောင့် KIA က သူ့တပ်ဖွဲ့ဝင်မဟုတ်တဲ့ အကြောင်း ငြင်းဆိုခဲ့ တာဖြစ်ပါတယ်။
အဲဒီလို သတင်းထွက်လာပြီးနောက်ပိုင်း Online ပေါ်မှာ မီးရှို့ခံထားရတဲ့ လူသေ အလောင်း ၄ လောင်းဟာ ဆရာမ တွေကို သတ်သွားတဲ့ ဖော်ယူဂွမ် ဦးစီး ၄ ယောက်ကို KIA က နှုတ်ပိတ်လိုက်တာဖြစ်ကြောင်း သတင်းတွေ ပျံ့နှံ့ လာခဲ့ပါ တယ်။ ဒါဟာ ဆက်စပ်မှု ရှိနေပါတယ်။ ဆရာမ နှစ်ယောက်ကို သတ်တဲ့အမှုနဲ့ သံသယရှိနေတဲ့ ဖော်ယူဂွမ်ဦးစီး၎ ယောက်ဟာ ပျောက်ချင်းမလှ ပျောက်နေခဲ့ပါတယ်။ အခု မီးလောင်သေဆုံးတာကလည်း ၄ ယောက်ဆိုတော့ ဖော်ယူ ဂွမ်တို့ကို KIA က တကယ် နှုတ်ပိတ်သတ်ဖြတ်လိုက်တာလားဆိုတာ သံသယဖြစ် စရာ ကောင်းနေတာ အမှန်ပါပဲ။
သစ်နှင့် ၀ါးများ ခုတ်နေသော ဒေသခံများအား KIA အဖွဲ့မှ ဆက်ကြေးကောက်ခံ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ ရောက်ရှိလာပြီး ဆက်ကြေးငွေများ လာရောက်ကောက်ခံသွားကြောင်း သိရသည်။
အဆိုပါအဖွဲ့သည်ဆားမှော်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်ယူ၍ တောအတွင်းမှ သစ်၊ဝါးများ ခုတ်ယူပြီး ရွာတွင်းသို့ သယ်ဆောင်လာပါ က ဆက်ကြေးပေးရမည်ဟုပြောကြားခဲ့ကြောင်း ကျေးရွာ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“ဒီနားတစ်ဝိုက်မှတော့ သစ်စက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ လုပ်ငန်း ၅ ခုကျော်လောက်တော့ ရှိတယ်။ KIA အဖွဲ့က ဆက်ကြေးလာကောက်တယ်လို့ သိရတယ်။ ဘယ်လောက်ပေးလိုက်ရလဲတော့ မသိဘူး”ဟု ရွာသား တစ်ဦး က ပြောသည်။
ပါကစ္စတန်က နျူထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်သည့် ခရုဇ်ဒုံးကျည် စမ်းသပ်စေ လွှတ်

ယှဉ်ပြိုင်ဘက် အိန္ဒိယနိုင်ငံက အမေရိကန်နိုင်ငံနှင့် အရပ်ဖက်နျူ ကလီးယား သဘော တူညီမှု ရပြီးနောက် သီတင်းတစ် ပတ်ကျော်တွင် ပါကစ္စတန်နိုင်ငံက နျူကလီးယား ထိပ်ဖူး တပ်ဆင် ပစ်ခတ်နိုင်သော ခရုဇ်ဒုံး ကျည်ကို စမ်းသပ်ပစ် လွှတ်ခဲ့သည်။
နေ့စဉ်ရုံးသွားရုံးပြန် ၃၄ ကီလိုမီတာ လမ်းလျှောက်သူ ဒက်ထရွိုက်မြို့ သား အား ကန်ဒေါ်လာ တစ်သိန်းချီးမြှင့်

ဒက်ထရွိုက်မြို့သားတစ်ဦးမှာ နေ့စဉ်အလုပ်အသွားအပြန် ခရီး ၂၁မိုင် (၃၃ ဒသမ ၈ ကီလိုမီတာ) အား လမ်းလျှောက်၍ သွားခဲ့သည်။ ၄င်းအား အမေရိကန်ဒေါ်လာတစ်သိန်း (စင်ကာပူဒေါ်လာ ၁၃၅,ဝဝဝ) ရရှိခဲ့ ကြောင်း Straits Times သတင်း စာက ရေးသားလိုက်သည်။
ကုလ ကိုယ်စားလှယ် ရန်ဟီးလီ၏ ပြောဆိုမှု နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်
မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင်အရေး စုံစမ်း စစ်ဆေးရေးမှူး ရန်ဟီလီ၏ ၁၀ရက်ကြာ မြန်မာခရီးစဉ်၌ သူ၏ သဘော ထား အမြင်များပြောဆိုချက်များမှာ လက်ရှိအပြုဆောင်နေ သည့်အခြေ အနေ များနှင့် ကိုက်ညီခြင်းမရှိပဲ၊ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းတရားစီရင် ပိုင်ခွင့်ကို စွက်ဖက် နေကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်၊
ကြက်သွန်ဖြူ၏အစေးဖြင့် ပိုးမွှားများ၏အဆိပ်ကို ကုသနိုင်

စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ တစ်ညနေ မိမိ၏ ၂ နှစ်သားအရွယ်သားလေး နေအိမ်ထဲမှာ ဆော့နေစဉ် ပျားတစ်ကောင် တုတ်သွားခဲ့ပါတယ်။
ရခိုင့်တော်လှန်ရေးသမား ဦးထွန်းရဲ ဘင်္ဂလာဒေခ်ျ့တွင် ကွယ်လွန်

နှစ်ပေါင်းမြောက်များစွာ ရခိုင့်အမျိုးသားရေးတော်လှန်ရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့သူ တစ်ဦးဖြစ် သော ဦးထွန်းရဲသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)








