Thursday 5 February 2015

ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်းဆုံး ဒုတိယမြို့အဖြစ် ပုဂံမြို့ သတ်မှတ်ခံရ

ကမ္ဘာပေါ်တွင် လည်ပတ်စရာ အကောင်း ဆုံးဒုတိယမြို့အဖြစ် ပုဂံမြို့အား သတ်မှတ် လိုက်ကြောင်း Wanderlust Travel Magazine ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Wanderlust Travel Magazine သည် ကမ္ဘာပေါ်တွင် လည်ပတ်ချင်စရာ အကောင်းဆုံးမြို့ များနှင့် နိုင်ငံများ စာရင်းကို ကမ္ဘာလှည့် ခရီးသည် များ၏ ထောက်ခံမဲ အပေါ် အခြေခံ၍ နှစ်စဉ် ထုတ်ပြန်လေ့ရှိပြီး မြန်မာနိုင်ငံသည် ယခုနှစ်၏ လည်ပတ်ချင်စရာ အကောင်းဆုံး နိုင်ငံများအနက် န၀မ မြောက် နိုင်ငံ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ပုဂံသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် သွားရောက် လည်ပတ်ချင်စဖွယ် အရှိဆုံးမြို့ အဖြစ် ယမန်နှစ်က သတ်မှတ်ခံခဲ့ ရသည်။

Ref: Messenger News Journal 

No comments:

Post a Comment