Thursday 5 February 2015

Huawei ကုမ္ပဏီ၏ စမတ်ဖုန်းရောင်းရငွေ ၂၀၁၄ အတွင်း သုံးဆယ်ရာခိုင်နှုန်းမြင့်တက်

တရုတ်နိုင်ငံ၏စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Hu-awei သည် ၂၀၁၄ အတွင်း ၀င်ငွေ သုံးဆယ် ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ကုမ္ပဏီသက်တမ်းတစ်လျှောက်တွင် စမတ်ဖုန်းရောင်းချခြင်းမှ ကန်ဒေါ်လာ ၁၂ ဘီလီယံကျော်အထိ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေကို သတင်းထုတ်ပြန်သည်။

‘‘ကျွန်တော်တို့ရဲ့ နည်းဗျူဟာဖြစ်တဲ့ Mid To High End နည်းဗျူဟာကြောင့် ဈေးကွက်ဝေစုတွေ ပိုမိုရရှိ လာပြီး သိသာထင် ရှားတဲ့ အောင်မြင်မှုကတော့ ၂၀၁၄ အတွင်းမှာ Interbrand ရဲ့ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ စာရင်းမှာ ဖော်ပြခြင်း ခံရတဲ့ ပထမဆုံးတရုတ်ကုန် ပစ္စည်းအမှတ်တံဆိပ်ဖြစ်လာခဲ့ပါ တယ်’’ဟု Huawei သုံးစွဲသူ စီး ပွားရေးလုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ် Mr.Richard Yu က ပြော ကြားသည်။

Huawei အနေဖြင့် ၂၀၁၄ အတွင်း စမတ်ဖုန်းအလုံးပေါင်း ၇၅ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၇ ဒသမ ၈ ရာ ခိုင်နှုန်းအထိ တိုးတက်လာခဲ့ကာ ကန်ဒေါ်လာ ၁၂ ဒသမ ၂ ဘီလီယံအထိ ၀င်ငွေရရှိခဲ့သည့်အတွက် ပထမဆုံးအကြိမ်အဖြစ် ကန် ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Huawei သည် ထိပ်တန်းစမတ်ဖုန်းများဖြစ်သည့် Ascend P7 နှင့် Ascend Mate 7တို့ကို ၂၀၁၄ အတွင်း အလုံးရေ ခြောက်သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီးဆင်းမ်ကတ်နှစ်ခုသုံး ဟန်းဆက်များဖြစ်သည့် Honor အမှတ်တံဆိပ်ဟန်းဆက်များကိုလည်း နိုင်ငံပေါင်း ၆၀ သို့အလုံးရေ သန်း ၂၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

7Day DAILY 

No comments:

Post a Comment