Monday, 8 December 2014

ဖိလစ်ပိုင်တွင် ဟာဂူပစ်မုန်တိုင်းကြောင့် လူ ၁ သန်း ဘေးကင်းရာကယ်ဆယ်၊ ၃ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံကို ဖြတ်သန်းတိုက်ခတ်နေတဲ့ ဟာဂူပစ်မုန်တိုင်းဟာ အင်အား ကျလာပေမယ့် ဖြည်းဖြည်းပဲ ရွှေ့လျားနေတာကြောင့် ပျက်စီးဆုံးရှုံးမှု များပြားမယ့် အခြေအနေ ရှိနေပါတယ်။

တက်တူး ဆိုင်များဖွင့်ပြီး နောက်ကွယ်တွင် မူးယစ်ဆေးဝါး ရောင်းချမှုများ ရှိနေ

Photo: တက်တူး ဆိုင်များဖွင့်ပြီး နောက်ကွယ်တွင် မူးယစ်ဆေးဝါး ရောင်းချမှုများ ရှိနေ
Monday, December 8, 2014

လူငယ်အများစု စိတ်ဝင်စားသည့် တက်တူးနှင့် ကားအလှဆင် စတစ်ကာဆိုင်တို့ ဖွင့်လှစ်ပြီး နောင်ကွယ်တွင် မူးယစ်ဆေး ဝါးရောင်းချမှုများ ရှိနေကြောင်း ချမ်းအေး သာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၏ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်မာက တိုင်းလွှတ်တော် ပဉ္စမနေ့တွင် ပြောသည်။

“မူးယစ်ဆေးဝါး ရောင်းစားသူတွေဟာ လူငယ်တွေ စိတ်<င်စားတတ်တဲ့ တက်တူးဆိုင်၊ ကားအလှ စတစ်ကာ ဆိုင်တွေကို ဗန်းပြပြီး ရောင်းဝယ်နေကြတာကို လေ့လာတွေ့ရှိရတယ် ”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်တွင် ရတနာပုံ စစ်ဆင်ရေးတို့ဖြင့် အရှိန်ဟုန် မြှင့် ဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် လူငယ်များကို အခြေပြုကာ လူငယ်အများစု သွားလာစုစည်းတတ်သည့် နေရာများတွင် မူးယစ်ဆေးဝါးရောင်းချခြင်း ရှိ/မရှိ အတည် ပြုစုံစမ်းခြင်းရှိပါက ဖမ်းဆီးအရေးယူခြင်း တို့ ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

Mizzima - News in Burmese
လူငယ်အများစု စိတ်ဝင်စားသည့် တက်တူးနှင့် ကားအလှဆင် စတစ်ကာဆိုင်တို့ ဖွင့်လှစ်ပြီး နောင်ကွယ် တွင် မူးယစ်ဆေး ဝါးရောင်းချမှုများ ရှိနေကြောင်း ချမ်းအေး သာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၏ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်မာက တိုင်းလွှတ်တော် ပဉ္စမနေ့တွင် ပြောသည်။

ကာကွယ်နိုင်တဲ့ရောဂါတွေ နဲ့ မြန်မာကလေး ငါးသောင်း နှစ် စဉ်သေဆုံးနေဆဲ

မြန်မာနိုင်ငံမှာ ကြိုတင်တားဆီးကာကွယ်လို့ရတဲ့ ရောဂါတွေနဲ့ တစ်နှစ်ကို ကလေးငယ် ငါးသောင်းဝန်းကျင် သေဆုံးနေ ရဆဲ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ် ကပြောပါတယ်။

အနှိပ်ခန်းနှင့် ကေတီဗွီများ တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်တွင် တိုက်တွန်း

Photo: အနှိပ်ခန်းနှင့် ကေတီဗွီများ တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်တွင် တိုက်တွန်း
Monday, December 8, 2014

NightClub-KTVရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင်ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က ဒီနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

တဆက်တည်းမှာပဲ ရန်ကင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်က ရန်ကုန်တိုင်း အတွင်းက လူနေရပ်ကွက်တွေမှာ ဖွင့်ထားတဲ့ ကေတီဗွီ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ အရက်ဘား၊ ကချေသည်ခန်းမတွေကို နေရာတခုသတ်မှတ်ပြီး တစုတစည်းတည်း ဖွင့်လှစ်ပေးဖို့ အစီစဉ်ရှိ မရှိ မေးမြန်းခဲ့ရာ အစီစဉ်မရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ပါတယ်။

DVB
NightClub-KTVရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင်ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က ဒီနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

RCSS/SSA နှင့် တပ်မတော် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား

ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသ တချို့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာကြောင်း ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) မှ သတင်း ရရှိသည်။ ကျိုင်းတုံ ဆက်ဆံရေးရုံးအား တပ်မတော်မှ ၀င်ရောက် ရှာဖွေမှုကြောင့် RCSS/SSA နှင့် တပ်မတော်တို့ အကြား ပြဿနာ ဖြစ်ပွားခဲ့ ပြီးနောက် သြဂုတ်လ အတွင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)နှင့် RCSS/SSA နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။ ယင်းသို့ တွေ့ဆုံ ပြီးနောက်ပိုင်း RCSS/SSA နှင့် တပ်မတော် တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း RCSS/SSA မှ သိရသည်။ အခုတလော ကျွန်တော်တို့ ဒေသတွေနဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ တပ်မတော်က အင်အား ပိုချလာတယ်။ ကျွန်တော်တို့က တောထဲမှာ နေတော့ သူတို့တောထဲ ၀င်လာတော့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိလာတယ်။

KIA လက်နက်ကိုင်အဖွဲ့၏ မတရား လုပ်ဆောင်မှုများ အပေါ် ဒေသခံပြည်သူအချို့မှ ထုတ်ဖော်ပြောကြား

၁၉-၅-၂၀၁၄ ရက်တွင် KIA လက်နက်ကိုင် အဖွဲ့ ထောင်ထားသော မိုင်းကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဆရာတော် ဦးနန္ဒိမ အား တွေ့ရစဉ်
KIA လက်နက်ကိုင် အဖွဲ့အနေဖြင့် လူသစ် စုဆောင်းခြင်း၊ အများပြည်သူ အသုံးပြုနေသည့် လမ်းကြောင်း များ၊ ကျေးရွာအနီး ဝန်းကျင်နှင့် တောင်ယာ စိုက်ခင်းတစ်ဝိုက် နေရာများ၌ မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း များ ဆောင်ရွက်လျက် ရှိသည်။

မြန်မာ့ဘိန်းထုတ်လုပ်မှု လျော့ကျလာဟု ကုလ ထုတ်ပြန်

Photo: မြန်မာ့ဘိန်းထုတ်လုပ်မှု လျော့ကျလာဟု ကုလ ထုတ်ပြန်
Monday, December 8, 2014

မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လျော့ကျလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဆိုင်ရာ
အဂျင်စီက ထုတ်ပြန်လိုက်သည်။

သို့ရာတွင် စိုက်ပျိုးမြေပမာဏမှာ ယမန်နှစ်အတိုင်း ရှိနေဆဲဖြစ်ပြီး ရိတ်သိမ်းမှု
လျော့နည်းလာသောကြောင့်သာ ထုတ်လုပ်မှုလျော့နည်းလာခြင်း ဖြစ်သည်ဟု UNODC အစီရင်ခံစာက ဆိုထားသည်။

အစီရင်ခံစာအရ မြန်မာ၏ ယခုနှစ် ဘိန်းထုတ်လုပ်မှုသည် တန်ချိန် ၆၇၀ သာ ရှိပြီး ယမန်နှစ်ထက် တန်ချိန် ၂၀၀လျော့နည်းသည်ဟု သိရသည်။ဘိန်းစိုက်ပျိုးဧကပေါင်း ၁၄၂၀၀၀ ရှိနေဆဲဖြစ်သည်ဟုလည်း အစီရင်ခံစာက ဆိုထားသည်။

UNODC တွေ့ဆုံမေးမြန်းခဲ့သော တောင်သူဦးရေ၏ ၇၂ ရာခိုင်နှုန်းက ဘိန်းစိုက်ပျိုးခြင်းသည် အခြားသီးနှံများထက် ပိုမိုတွက်ခြေကိုက်သောကြောင့် စိုက်ပျိုးခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း အစီရင်ခံစာက ဖေါ်ပြထားသည်။

photo- EPA
Popular Myanmar News Journal
မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် အဖြစ် လျော့ကျလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဆိုင်ရာ အဂျင်စီက ထုတ်ပြန်လိုက်သည်။

တမူးနှင့် ကလေးတွင် လက်နက်မှောင်ခိုဂိုဏ်း ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် လွန်ခဲ့သော သုံးရက်က လက်နက် မှောင်ခိုဂိုဏ်း တစ်ခုမှ လက်နက်ခဲယမ်းများ စုဆောင်းထားသူ ခုနစ်ဦးနှင့်အတူ ပြောင်းရှည်သေနတ် ၂၁ လက် လောင်ချာတစ်လက်နှင့် ကျည်ဆန်ကျည်ကတ်များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။

လိပ်ကျွန်း လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ တရားသူကြီးပြော

Photo: လိပ်ကျွန်း လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ တရားသူကြီးပြော
Monday, December 8, 2014

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားတဲ့ လူသတ်မှုကို ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ ကော့စမွေ တရားရုံးရဲ့ တရားသူကြီးက ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ဒီနေ့မနက်ပိုင်းက ပြောဆိုလိုက်တယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးမင်ဦးက ပြောပါတယ်။

လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုခုနှစ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မြန်မာနှစ်ဦးကို ဒီကနေ့ မနက်ပိုင်းက ကော့စမွေ တရားရုံးမှာ ရုံးထုတ် စစ်ဆေးစဉ် တရားသူကြီးက အခုလို ပြောဆိုလိုက်တာပါ။

အစိုးရရှေ့နေဘက်က စွဲဆိုထားတဲ့ ပြစ်မှုတွေကို တရားသူကြီးက မြန်မာနှစ်ဦးကို အသိပေး ဖတ်ပြခဲ့ပြီး အမှုကို ကျူးလွန်ကြောင်း ဝန်ခံမလား၊ ဆက်လက် ရင်ဆိုင်မလားဆိုပြီး မေးမြန်းခဲ့တာလို့ ဦးမင်းဦးက ပြန်လည် ပြောပါတယ်။

တရားသူကြီးက မြန်မာနှစ်ဦးကို အမှုနဲ့ ပတ်သက်ပြီး ဝန်ခံမလား ဝန်ခံရင် အမှုသက်သာမယ် ဒါမှ မဟုတ်ရင် ဘယ်လို သဘောရှိသလဲဆိုပြီး မေးမြန်းခဲ့တာလို့ သူက ဆိုပါတယ်။

“အမှုတွဲကို ဖတ်ပြပြီး (တရားသူကြီးက) ဘယ်လိုအမှုတွေ ကျူးလွန်တယ်ဆိုတာကို သိစေတယ်။ ကလေးတွေက သူတို့ မကျူးလွန်ကြောင်း တုန့်ပြန်တယ်”လို့ ဦးမင်းဦးက ရှင်းပြပါတယ်။

မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စွဲဆိုထားတာနဲ့ ပတ်သက်လို့ ဒီကနေ့မှာ ဆက်လက် စစ်ဆေးနေပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကို ရုံးချိန်းထားတယ်လို့ သူက ပြောဆိုပါတယ်။

မြန်မာနှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု အပါအဝင် အမှုခုနှစ်ခုနဲ့ ထိုင်းအစိုးရ ရှေ့နေက ဒီဇင်ဘာလ ၄ ရက်နေ့က ကော့စမွေ တရားရုံးမှာ စွဲချက်တင်တာကို တရားရုံးက လက်ခံခဲ့ပါတယ်။

The Voice Weekly
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားတဲ့ လူသတ်မှုကို ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ ကော့စမွေ တရားရုံးရဲ့ တရားသူကြီးက ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ဒီနေ့မနက်ပိုင်းက ပြောဆိုလိုက်တယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးမင်ဦးက ပြောပါတယ်။

အမေရိကန်လူမည်း ၂ ဦးအသတ်ခံရမှု လူမျိုးရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွား

Photo: အမေရိကန်လူမည်း ၂ ဦးအသတ်ခံရမှု လူမျိုးရေးဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွား
Monday, December 8, 2014

အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ဖာဂူဆန်မြို့တွေမှာ အမေရိကန်လူမည်း ၂ ဦး ရဲတွေရဲ့ အသတ်ခံရမှုကို အကြောင်းပြုပြီး လူမျိုးရေးဆန္ဒပြပွဲတွေ အမေရိကန်မြို့ကြီးတွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။

သတ်ဖြတ်ခဲ့တဲ့ လူဖြူရဲအရာရှိတွေကို သက်ဆိုင်ရာပြည်နယ်ခုံ သမာဓိ အဖွဲ့တွေက ရဲတွေမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကြောင့် နိုင်ငံတ၀န်းက မြို့ကြီးတွေမှာ သေဆုံးသူပုံစံ လဲလျောင်းဆန္ဒပြပွဲတွေ ကျင်းပနေကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့က ဖီလာဒယ်ဖီးယားမြို့ အားကစားကွင်းအပြင်ဖက်မှာ မြို့ခံပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး အသတ်ခံခဲ့ကြရတဲ့ မိုက်ကယ်ဘရောင်းနဲ့ အဲရစ်ဂါနာတို့နဲ့ သွေးစည်းညီညွတ်ကြောင်း ပြသခဲ့ကြပါတယ်။

ချီကာဂိုမြို့၊ ၀ါရှင်တန်ဒီစီမြို့တွေမှာလည်း ကားလမ်းဆုံ ပိတ်ဆို့ဆန္ဒပြပွဲတွေ လည်း ပြုလုပ်ခဲ့ကြပါတယ်။ မိုင်ယာမီမြို့မှာတော့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က မီယာမီရဲတွေက မြို့ခံတဦး ပစ်သတ်လို့ သေဆုံးခဲ့တဲ့အမှုအတွက်ရော အောက်မေ့ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက လူမည်း ၂ ဦးကို သတ်ခဲ့တဲ့ ရဲတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ တောင်းဆိုနေကြတာပါ။

ဒီဗွီဘီ
အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ဖာဂူဆန်မြို့တွေမှာ အမေရိကန်လူမည်း ၂ ဦး ရဲတွေရဲ့ အသတ်ခံရမှု ကို အကြောင်းပြုပြီး လူမျိုးရေးဆန္ဒပြပွဲတွေ အမေရိကန်မြို့ကြီးတွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။

မော်လဒိုက်နိုင်ငံ ရေပြတ်လပ်၍ တရုတ်နှင့်အိန္ဒိယတို့က ရေများပေးပို့

Photo: မော်လဒိုက်နိုင်ငံ ရေပြတ်လပ်၍ တရုတ်နှင့်အိန္ဒိယတို့က ရေများပေးပို့
Monday, December 8, 2014

အိန္ဒိယသမုဒ္ဒရာကျွန်းစုနိုင်ငံ မော်လဒိုက်၌ သောက်ရေများ ပြတ် လပ်သွားသဖြင့် တရုတ်ရေတပ်သင်္ဘော တစ်စင်းက သောက်ရေများပေးပို့ခဲ့ ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းက တနင်္ဂနွေနေ့တွင် ဖော်ပြ ခဲ့သည်။

မြို့တော်မော်လ်၏သောက်ရေလှောင်ကန်၌ လက်ကျန်ရေမှာ လူ ပေါင်း ၁ဝဝ,ဝဝဝ အတွက် မလုံလောက် တော့ကြောင်း ရိုက်တာသတင်းက ဆိုသည်။ တရုတ်ရေတပ်သင်္ဘောသည် သောက်ရေတန် ၉၆ဝကို တင် ဆောင် သွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တနင်္ဂနွေ နေ့၌လည်း အရပ်ဘက်လေယာဉ်နှစ်စင်းက သောက်ရေ သန့်ဘူး တန် ၂ဝ ကို ပေးပို့ဦးမည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံကလည်း ရေစက်ရုံအတွက် အပိုပစ္စည်းများနှင့်ရေများ ကို လေယာဉ်ငါးစင်းနှင့်သင်္ဘောနှစ်စင်းတို့ဖြင့် ပေးပို့ခဲ့ကြောင်း စော စောပိုင်းက ကြေညာခဲ့ကြောင်းသိရသည်။

Ref: Reuters
Yangon Media Group
အိန္ဒိယသမုဒ္ဒရာကျွန်းစုနိုင်ငံ မော်လဒိုက်၌ သောက်ရေများ ပြတ် လပ်သွားသဖြင့် တရုတ်ရေတပ်သင်္ဘော တစ်စင်းက သောက်ရေများပေးပို့ခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက တနင်္ဂနွေနေ့တွင် ဖော်ပြ ခဲ့သည်။

သီလဝါ အထူးစီးပွားရေးဇုန်၏ မြေဟက်တာ ၂,၀၀၀ ရှိ ဒုတိယ စီမံကိန်း လုပ်ငန်းများ စတင်ရန် မဖြစ်နိုင်သေး

Photo: သီလဝါ အထူးစီးပွားရေးဇုန်၏ မြေဟက်တာ ၂,၀၀၀ ရှိ ဒုတိယ စီမံကိန်း လုပ်ငန်းများ စတင်ရန် မဖြစ်နိုင်သေး
Monday, December 8, 2014

သီလဝါ အထူးစီးပွားရေးဇုန်၏ ဒုတိယ စီမံကိန်းဖြစ်သော မြေဟက်တာ ၂,၀၀၀ ၏ တည်ဆောက်ရေးလုပ် ငန်းများကို စတင်နိုင်ဦးမည်မဟုတ်သေးဟု ၎င်းစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ တွဲဖက်အတွင်းရေး မှူး ဒေါက်တာသန်းသန်းသွယ်က မဇ္ဈိမကို ပြောသည်။

ဒုတိယ စီမံကိန်းတွင် ပါဝင်သည့် မြေဟက်တာ ၂,၀၀ဝ အနက် ၅၀ဝ ကို လုပ်ငန်းများ စတင်နိုင်ရန် ဂျပန်ဝန်ကြီးချုပ်နှင့် သဘောတူလက်မှတ် ရေးထိုးပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်းက ကျင်းပသည့် အာဆီယံနိုင်ငံများ အစည်းအဝေးသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက် ခဲ့စဉ်က ၎င်းဒုတိယစီမံကိန်း အနက်မြေဟက်တာ ၅၀၀ ကို တည် ဆောက်ရေးလုပ်ငန်းများ စတင်သွားနိုင်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးထားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယင်းဒုတိယ စီမံကိန်းအတွက် တည်ဆောက်မှုလုပ်ငန်းများ စနိုင်မည်မဟုတ်သေးဟု ဆိုသည်။

“ပထမစီမံကိန်းကို သတ်မှတ်ချိန်အတွင်း ပြီးအောင်လုပ်ရမှာဆိုတော့ လတ်တလော ဟက်တာ ၂,၀၀၀ ဘက်ကို လုံးဝ မလှည့်နိုင် ဘူး ဖြစ်နေတယ်။ ပထမစီမံကိန်း ပြီးလောက်ချိန်ဆိုရင် အဲဒီဘက်ကို တဖြည်းဖြည်း လုပ်သွားရမှာပေါ့” ဟု ၎င်းက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီသည် လက်ရှိအချိန်တွင် ပထမ စီမံကိန်းဖြစ်သော မြေ ဟက်တာ ၄၀၀ အနက် ဒုတိယပိုင်းဖြစ်သည့် ဟက်တာ ၂၀၀ ကျော်၏ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၌ စက်ရုံ လုပ်ငန်းများ လည်ပတ်နိုင်ရေးကို ဦးစားပေးဆောင်ရွက် နေရခြင်းဖြစ်သည်။

လက်ရှိတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများအဖွဲ့ E Guard ၏ ဦးဆောင်မှုဖြင့် မြေဟက်တာ ၂,၀၀၀ ကို မဟာဗျူဟာ မြောက်ပတ် ဝန်းကျင် လေ့လာဆန်းစစ်မှု Strategic Environmental Assessment (SEA) များ လုပ်ကိုင်နေသည်မှာ သုံးပုံတစ်ပုံခန့် ပြီးစီးပြီးဖြစ်သည်ဟု ဆိုသည်။

ဒေါက်တာ သန်းသန်းသွယ်က “ဟက်တာ ၂,၀၀၀ အနေနဲ့ အခုထိ ပတ်ဝန်းကျင် ဆန်းစစ်မှုကို လုပ်နေရတုန်း ဖြစ်ပါတယ်။ ဒီအပိုင်းကိုလည်း တည်ဆောက်ရေးလုပ်ငန်း လုပ်သွားနိုင်ဖို့ စီစဉ်နေပေမယ့် တကယ် တမ်း တည်ဆောက်မှုတော့ မစနိုင်သေးပါဘူး” ဟု ထပ်မံဆိုသည်။

ပတ်ဝန်းကျင်ဆန်းစစ်မှု SEA လုပ်ငန်းအရ စီမံကိန်း မစတင်မီကာလ၊ စတင် အကောင်အထည်ဖော်ချိန် ကာလနှင့် လုပ်ငန်း လည်ပတ်ချိန်များ တွင် ဖြစ်ပေါ်လာနိုင်သော လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဆန်းစစ်နေခြင်း ဖြစ်သည်။ ထို့အပြင် လူထုညစ်ညမ်းမှု၊ ရေဆိုးစွန့်ပစ် မှုများအတွက် လိုအပ်သော စံသတ်မှတ်ချက်များကိုလည်း ဆောင်ရွက်သွားမည်ဟု E Guard ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးအေးသီဟက မဇ္ဈိမကို ပြောသည်။

Mizzima - News in Burmese 

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် မြေနေရာအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် မြေနေရာအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)  
သီလဝါ အထူးစီးပွားရေးဇုန်၏ ဒုတိယ စီမံကိန်းဖြစ်သော မြေဟက်တာ ၂,၀၀၀ ၏ တည်ဆောက်ရေးလုပ် ငန်းများကို စတင်နိုင်ဦးမည်မဟုတ်သေးဟု ၎င်းစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ တွဲဖက်အတွင်းရေး မှူး ဒေါက်တာသန်းသန်းသွယ်က မဇ္ဈိမကို ပြောသည်။

တခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားတချို့ မြန်မာပြည်ဝင်ခွင့် ငြင်းပယ်ခံရ

Photo: တခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားတချို့ မြန်မာပြည်ဝင်ခွင့် ငြင်းပယ်ခံရ
Monday, December 8, 2014

ပြည်ပနိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားတချို့ မြန်မာနိုင်ငံကို မြန်မာသံရုံးမှာ ဗီဇာ လျှောက်ထားရာမှာ ငြင်းပယ်ခံရသူတချို့ရှိနေပါတယ်။

နော်ဝေနိုင်ငံသားခံယူထားတဲ့ အဆိုတော်မွန်းအောင်ဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှာ လူမှုရေးဗီဇာ လျှောက်ထားရာမှာ ထုတ်မပေးဘဲ ၂ ကြိမ် ငြင်းပယ်ခံရတယ်လို့ ဒီဗွီဘီကို အခုလို ပြောပါတယ်။

“အရှေ့၁ ပတ်က ကျနော်တို့ အေးဂျင့်ကနေလျှောက်တယ်။ ဒီချင်းမိုင်ကနေ ဆိုတော့ အေးဂျင့်ကနေ ငြင်းလိုက်တယ်။ သူတို့ မပေးနိုင်ဘူးပေါ့။ အဲဒါနဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ တနင်္လာနေ့မှာ လူကိုယ်တိုင် သွားတယ်။ အဲမှာလည်း ကျနော်တို့ကို တခါတည်းငြင်းတာ။”

ဗီဇာ ငြင်းပယ်ခံလိုက်ရပေမယ့် ဘာကြောင့် ငြင်းပယ်တယ်ဆိုတာကို တိကျတဲ့ အဖြေမပေးဘဲ အထက်အမိန့်အရလိုသာ ပြောဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ မပေးနိုင်ဘူးဆိုရင်လည်း အကျိုးအကြောင်း ပြောပေါ့။ နောက်ပြီး အစိုးရ ပြောထားသလိုဆိုရင် ကျနော်တို့က ဥပဒေ ချိုးဖောက်ခဲ့တဲ့သူတွေလည်း မဟုတ်ဘူး။ နိုင်ငံခြားမှာ နေတယ် ဆိုတာကလည်း တရားဥပဒေကြောင်းအရ ပေးမ၀င်နိုင်ဘူး ဆိုရင်လည်း ဒါကတမျိုး အဲလိုလည်း မရှိဘူး။ ဒါမှမဟုတ်ရင်လည်း ဗမာအစိုးရက ကျနော်တို့ကို black list သွင်းထားတယ်ဆိုရင်လည်း ကျနော်တို့ကို တရားဝင် ပြောသင့်တယ်။ ဒါမှမဟုတ် တသက်လုံး ပေးမ၀င်နိုင်ဘူးဆိုရင်လည်း ရှင်းရှင်းလင်းလင်းပြော. .. ကျနော်တို့သိချင်တာက အဲဒါပဲ။”
သူအပါအ၀င် သူ့အမျိုးသမီးကိုကလည်း ဗီဇာမရဘဲ ငြင်းပယ်ခံရတယ်လို့လည်း ကိုမွန်းအောင်က ပြောပါတယ်။ သူမတိုင်ခင် နော်ဝေနိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသာတချို့ ဗီဇာငြင်းပယ်ခံရတယ်လို့ လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ မြန်မာသံအမတ်ကြီးဦးဝင်းမောင်ကိုမေးမြန်းကြည့်ရာမှာတော့ သံရုံးအနေနဲ့ အမည်းမဲစားရင်မှာပါတဲ့သူကို ဗီဇာမပေးဘူးလို့ ပြောပါတယ်။ဒါပေမယ့် အဆင့် ၃ ဆင့်ခွဲထားပြီး အဆင့် ၃မှာရှိတဲ့သူတွေကို သံရုံးအနေနဲ့ ပြည်ဝင်ခွင့်ရဖို့ ကြိုးစားပေးတာရှိတယ်လို့ ပြောပါတယ်။

အဆိုတောမွန်းအောင်ကတော့ အဆင့် ၃ မှာရှိနေတယ်လို့ သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။
“မွန်းအောင်တို့ကမရပါဘူး။ အဘတို့တင်ပြထားပါတယ်။ သူကတော့ အောက်ဆုံးက အရောင်ထဲမှာပါတဲ့အတွက် အဘတို့တင်ပြပေးထားပါတယ်။ ရရင်တော့ သူ့ကိုအကြောင်းကြားမယ်။ ဒါပေမယ့် သူက ပြောတာပဲရှိတယ်။ ဖုန်းနံပါတ်လည်းမပေးထားဘူး။ ဒီတိုင်းပဲ ပြန်ထွက်သွားတယ်။ အဘစစ်ပြီးပါပြီ။ သူက စစ်ကြီးတာပေါ့လေ။ လူကလည်း အများကြီးဆိုတော့ တင်ခဲ့ပါလို့ ပြောတဲ့ဟာကို မတင်တော့ဘဲနဲ့ ပြန်သွားတာပေါ့။”

သံရုံးအနေနဲ့ လူမှုရေးဗီဇာ လျှောက်သူတွေရဲ့စားရင်းကို နေပြည်တော်တဆင့်ပို့ရပြီး နေပြည်တော်ကနေ ပြန်ကျလာရင် သံရုံးက လုပ်ဆောင်ပေးတဲ့အတွက် အနည်းငယ်တော့ အချိန်ပေးရတယ်လို့လည်း သံမှူးက ပြောပါတယ်။

မြန်မာနိုင်ငံသားတချို့ ငြင်းပယ်ခံရမှုနဲ့ ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနကို မေးမြန်ကြည့်ရမှာတော့ တာဝန်ကျအရာရှိ ဒေါ်တင်တင်ဝင်းက “အဲဒါက သူတို့ သံရုံးဝင်တဲ့နေရာမှာပဲ ဆိုင်တယ်။ ကျမတို့နဲ့ မဆိုင်ဘူးလေ။ ဒီလ၀ကက ပေးတယ်၊ မပေးဘူးဆိုတာ ဟိုဖက်နိုင်ငံက သံရုံး ၀င်ထားလို့ သံရုံးပေးတယ်ဆိုရင် ဒီမှာ ထုတ်ပေးတာပဲ ရှိတယ်။ သံရုံးက မပေးတာတော့ ကျမတို့ လ၀ကက ပေးလို့ မရဘူး” လို့ ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူတချို့လည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံတွင်း ၀င်ထွက်သွားလာမှုတွေ ရှိနေပါတယ်။
ဝင်ထွက်သွားလာနေကျသူတချို့ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ လောက်ကစပြီး သံရုံးဝင်ရာမှာ အရင်က ထက် ကြန့်ကြာတာနဲ့ စာရွက်စာတမ်းတွေ ပိုတောင်းလာတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ဒီဗွီဘီ

ဓာတ်ပုံ – applyvisatomyanmar.blogspot.com/
ဓာတ်ပုံ – applyvisatomyanmar.blogspot.com/ 
ပြည်ပနိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားတချို့ မြန်မာနိုင်ငံကို မြန်မာသံရုံးမှာ ဗီဇာ လျှောက်ထား ရာမှာ ငြင်းပယ်ခံရသူတချို့ရှိနေပါတယ်။

ပေါက်နေသော ဓာတ်ကြိုးကိုင်မိ၍ ဆဋ္ဌမတန်းကျောင်းသား သေဆုံး

လမ်းမီးတိုင်မှ အိမ်သို့ သွယ်တန်းထားပြီး ပေါက်နေသည့် ဓာတ်ကြိုးကိုကိုင်မိ၍ ဆဋ္ဌမတန်း ကျောင်းသား တစ်ဦး ဓာတ်လိုက်သေဆုံးမှု တောင်ဥက္ကလာပမြို့နယ် တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မူလတန်းကျောင်းသား၊ ကျောင်းသူတိုင်းကို ကျောင်းဝတ်စုံ အခမဲ့ပေးမည်

ပညာရေးဝန်ကြီးဌာန၏ မသင်မနေရ အခမဲ့ပညာရေး စီမံကိန်းအရ လာမည့်ပညာသင်နှစ်မှစပြီး မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူတိုင်းကို ယခုအခမဲ့ ထောက်ပံ့ပေးနေသည့် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်း ဝင်ကြေးအပြင် ကျောင်းဝတ်စုံကိုပါ ထပ်လောင်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

ကုန်တိုက်များရှိ ဆိုင်ခန်းများ ငှားရမ်းခအပေါ် အခွန် ၅ရာခိုင်နှုန်း ထပ်ကောက်မည်

ယုဇနပလာဇာရှေ့မြင်ကွင်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ကုန်တိုက်ကြီးများတွင် ဖွင့်လှစ်ရောင်းချနေသော ဆိုင်ခန်းများအား ငှားရမ်းမှုအပေါ် ၅ ရာခိုင်နှုန်း ထပ်မံဖြည့်စွက်ကောက်ခံတော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။

ATM စက်များ ဖောက်ထွင်းခံရမှုရှိသော်လည်း အသုံးပြုသူများ ထိခိုက်နစ်နာမှု မရှိနိုင်ဟုဆို

ပြည်တွင်းရှိ ATM စက်များကို နိုင်ငံတကာ Credit Card အတုများဖြင့် ဖောက်ထွင်းခံရမှု ဖြစ်စဉ်ကြောင့် ပြည်တွင်းရှိ ATM ကတ် အသုံးပြုသူများအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ထိခိုက်နစ်နာမှု ရှိမည် မဟုတ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။

ATM စက်များ ဖောက်ထွင်းခံရမှုရှိသော်လည်း အသုံးပြုသူများ ထိခိုက်နစ်နာမှု မရှိနိုင်ဟုဆို

ပြည်တွင်းရှိ ATM စက်များကို နိုင်ငံတကာ Credit Card အ တုများဖြင့် ဖောက်ထွင်းခံရမှု ဖြစ်စဉ်ကြောင့် ပြည်တွင်းရှိ ATM ကတ် အသုံးပြုသူများအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ထိခိုက်နစ်နာမှုရှိမည် မဟုတ် ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက ပြောသည်။

မဟာဓာတ်အားလိုင်း ချို့ယွင်းသဖြင့် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်

မြန်မာတစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် မဟာဓာတ်အား လိုင်း ချို့ယွင်းမှု ဖြစ်ပွား သဖြင့် ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းက တစ်နိုင်ငံလုံး လျှပ်စစ်မီး ငါးနာရီကျော် ကြာအောင် ပြတ်တောက် ခဲ့ကြောင်း မြို့နယ်အသီးသီး တွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

အမေရိကန် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ တိုင်းအစိုးရ နှစ်စဉ်မြေငှားရမ်းခ ကျပ်သန်း ၁၀၀ ခန့်ရမည်

အမေရိကန် ACO ကုမ္ပဏီက တည်ဆောက်မည့် နေ ရောင်ခြည်သုံး ဓာတ်အား ပေး စက် ရုံနှစ်ခုအတွက် မန္တလေးတိုင်းဒေ သကြီးအစိုးရက မြေငှားခနှစ်စဉ် ကန်ဒေါ်လာတစ်သိန်း(ကျပ်သန်း ၁၀၀ ခန့်) ရရှိမည်ဖြစ် ကြောင်းသတင်းရရှိသည်။