Monday, 1 December 2014

ကျန်းမာရေး ဝန်ဆောင်မှုများ လျော့ချ ခြင်းကြောင့် ရုရှားပြည်သူ ထောင်ပေါင်း များစွာ ဆန္ဒပြ

Photo: ကျန်းမာရေး ဝန်ဆောင်မှုများ လျော့ချ ခြင်းကြောင့် ရုရှားပြည်သူ ထောင်ပေါင်း များစွာ ဆန္ဒပြ
Monday, December 1, 2014

ဆေးရုံ များကို ပိတ်ပစ်ခြင်းနှင့် အလုပ်အကိုင်များ လျော့ချခြင်းတို့ အပါအဝင် ကျန်းမာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲ မှုများ အပေါ် ရုရှား ပြည်သူ ထောင်ပေါင်း များစွာ တို့ က ဆန့်ကျင်၍ မော်စကိုနှင့် အခြားမြို့ များတွင် ချီတက် ဆန္ဒပြလျက် ရှိကြောင်း ဘီဘီစီ သတင်းတွင် နိုဝင်ဘာ ၃၀ ရက်က ဖော်ပြသည်။

ရာသီဥတု အေးလွန်းသည့် ကြားမှ ဆရာဝန်များ၊ သမဂ္ဂ အဖွဲ့ အစည်း များနှင့် ပါတီများကို ထောက်ခံ အားပေးသူ များက ကျန်းမာရေး ပြုပြင် ပြောင်းလဲသည့် စီမံချက်ကို လမ်းပေါ်ထွက် ဆန္ဒပြ ကြခြင်း ဖြစ်သည်။

ပိုမို ကောင်းမွန်သည့် ဆေးရုံ များတွင် အထူးကုများ ထားရှိခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက် မှုကို ပိုမို ဆောင်ရွက် နိုင်ရန် ပြုပြင် ပြောင်းလဲ ရေးကို စီစဉ်   ခြင်း ဖြစ်သည်ဟု အာဏာပိုင် များက ပြောသော်လည်း ငွေကြေး အကုန်အကျ မခံနိုင်၍သာ ယင်းသို့  လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆရာဝန် များက စိုးရိမ် ပူပန် နေသည်။

ရုရှား နိုင်ငံသည် အနောက် နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု များနှင့် ရေနံဈေး ကျဆင်းနေခြင်း တို့ ကြောင့် နိုင်ငံတော်၏ ဘတ်ဂျတ် အခြေအနေမှာ စိုးရိမ် စရာ   ဖြစ်နေသည်။

ရေနံဈေး ကျဆင်းခြင်းသည် ရုရှား နိုင်ငံအား တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ ထိခိုက် စေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ဘဏ္ဍာရေး ဝန် ကြီး အန်တွန် ဆီလူယန်နော့ဗ်က ပြောခဲ့သည်။နိုင်ငံသုံး ရူဘယ် ငွေကြေးလည်း ကျဆင်း နေရာ နိုဝင်ဘာ ၂၈ ရက်က တစ်ဒေါ်လာလျှင် ရူဘယ် ၅၀ ကျော် ရှိ သွားခဲ့သည်။

ယခုဆန္ဒပြ ချီတက်မှုတွင် စာတန်းများ၊ အလံများကိုကိုင်ဆောင် ချီတက် ဆန္ဒပြ နေကြပြီး အချို့ က ကျန်းမာရေး စောင့်ရှောက်မှု နိဂုံးချုပ်ခြင်းကို ရည်ရွယ်ဖော် ထုတ်သည့် အနေဖြင့် အခေါင်းများကို သယ်ဆောင် ဆန္ဒပြ ခဲ့ကြသည်။

"ဒီနေရာကနေ စုစည်း ညီညွတ်မှုကို ပြသ နေပါတယ်။ တစ်စုံတစ်ဦး ကမှကျွန်တော်တို့ကို ဘာမှ မရှင်းပြဘူး။အခု ပြုပြင်ပြောင်းလဲရေး စီမံချက်နဲ  ပတ်သက်ပြီး လည်း ဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်ခဲ့ ကြဘူး"ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ တက်ယာနာ ကောရှန်နိုဗာ ဆိုသူ သုတေသန ဌာန အလုပ်သမား တစ်ဦးက ပြော သည်။
    
ဆန္ဒပြ ချီတက်သူ ဦးရေသည် ၁၅၀၀ ခန့် ရှိမည်ဟု ရဲက ရေတွက်ထား သော်လည်း မျက်မြင်များက အနည်းဆုံး လူ ၃၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်း ထားသည်။ ကျန်းမာရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး စီမံချက်အရ လာမည့် နှစ်တွင် ဆရာဝန် ၁၀၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်နိုင်ပြီး ဆေးရုံ၊ ဆေးခန်းပေါင်း ၂၈ ခုခန့်  ပိတ်သိမ်း ရမည် ဖြစ်သည်။

Ref: BBC
ဆေးရုံ များကို ပိတ်ပစ်ခြင်းနှင့် အလုပ်အကိုင်များ လျော့ချခြင်းတို့ အပါအဝင် ကျန်းမာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲ မှုများ အပေါ် ရုရှား ပြည်သူ ထောင်ပေါင်း များစွာ တို့ က ဆန့်ကျင်၍ မော်စကိုနှင့် အခြားမြို့ များတွင် ချီတက် ဆန္ဒပြလျက် ရှိကြောင်း ဘီဘီစီ သတင်းတွင် နိုဝင်ဘာ ၃၀ ရက်က ဖော်ပြသည်။

ယူအေအီးက ကမ္ဘာ့ အကြီးဆုံး လေဆိပ် တည်ဆောက်မည်

Photo: ယူအေအီးက ကမ္ဘာ့ အကြီးဆုံး လေဆိပ် တည်ဆောက်မည်
Monday, December 1, 2014

ဒူဘိုင်း၊ နိုဝင်ဘာ ၃၀။ အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံ ဒူဘိုင်းမြို့တွင် အမေရိကန်ဒေါ်လာ၃၂ဘီလီယံ အကုန်ကျခံကာ ကမ္ဘာ့အကြီးဆုံး လေဆိပ်တစ် ခုကို တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ကို လက်ရှိနိုင်ငံ တကာလေဆိပ်၏ ကီလိုမီတာ ၃၀ အကွာတွင် တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေယာဉ် ကွင်းသစ် တွင် လေယာဉ်ပြေးလမ်းငါးခု ပါဝင်မည်ဖြစ်သည့်အပြင် လေယာဉ်ပြေလမ်းတစ်ခုစီသည် ၄ဒသမ၅ကီလိုမီတာရှည်ကာ A380 လေယာဉ်များ အားလုံး ပျံသန်း   ပြေးဆွဲနိုင်မည်ဖြစ်သည်။

"လက်ရှိ ဒူဘိုင်း လေဆိပ်မှ ၃၀ကီလိုမီတာ အကွာမှ အမေရိကန်ဒေါ်လာ၃၂ဘီလီယံ သုံးစွဲပြီး လေဆိပ် သစ်တစ်ခုကို တည်ဆောက်သွား မှာဖြစ်ပါတယ်။ ပထမ အဆင့်မှာလေဆိပ် အသစ်ဟာ ခရီးသည်သန်း၁၂၀ ၀င်ဆံ့မှာ ဖြစ်ပါတယ်။တည်ဆောက် မှုပြီးစီးမယ့်၂၀၂၀ပြည့်နှစ် မတိုင်မီ ခရီးသည် သန်း၂၀၀၀င်ဆံ့ မှာဖြစ် ပါတယ်"ဟု ဒူဘိုင်းလေဆိပ်ဆက်သွယ်ရေးဆိုင်ရာ အကြီး အကဲ ဂျူးလီယက် ဘန်မန်က ပီတီအိုင်သတင်းဌနသို့ပြောကြားခဲ့သည်။

"တည်ဆောက် မှုပြီးစီးရင် လေဆိပ်သစ်ဟာ ကမ္ဘာ့ အကြီးဆုံး လေဆိပ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဘောလုံးကွင်း ခုနစ်ကွင်း အရွယ် အစားရှိ နေရာတစ် နေရာစီ ပါဝင်မှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း လုပ်ငန်းများ လုပ်ဆောင်နိုင်တဲ့ လေယဉ်ပြေးလမ်း ငါးလမ်း ပါဝင်မှာ ဖြစ်ပါတယ်"ဟု ဘန်မန်က ပြောကြားသည်။

Ref: AFP
Mizzima - News in Burmese
အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံ ဒူဘိုင်းမြို့တွင် အမေရိကန် ဒေါ်လာ၃၂ဘီလီယံ အကုန်ကျခံကာ ကမ္ဘာ့အကြီးဆုံး လေဆိပ်တစ် ခုကို တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

မလေးရှားက မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး သံရုံးလုပ်ဆောင်နေ

Photo: မလေးရှားက မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး သံရုံးလုပ်ဆောင်နေ
Monday, December 1, 2014

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ တရားမ၀င်မြန်မာ အလုပ်သမားတွေကို  အစိုးရချင်းညှိနှိုင်းပြီး တရားဝင်ဖြစ်အောင် ဆောင်ရွက် ပေးနေတယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

မလေးရှားပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့က နိုင်ငံတွင်း တရားမ၀င်နေထိုင်သူတွေ၊ ဗီဇာရက်ကျော်  နေထိုင်သူတွေကြောင့်  မလေးရှားနိုင်ငံရဲ့ ပြစ်မှု မှုခင်းတွေ ကိုင်တွယ်ဖို့ ခက်ခဲတဲ့အတွက် အထောက်ထားမဲ့သူတွေအားလုံး  လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ အမိန့်ထုတ်ထားတာပါ။

ဒါကြောင့်  အထောက်အထားမဲ့ တရားမ၀င်အလုပ်သမားတွေ တရားဝင်ပြန်ဖြစ်ရေး လုပ်ဆောင် ပေးနေတာဖြစ်တယ်လို့ ဦးမင်းမင်းဝင်းက ပြောပါတယ်။

“အထောက်အထားမရှိဘူး။ ပတ်စပို့မရှိဘူး။ work permit အလုပ်လုပ်ခွင့် မရှိဘူးဆိုရင် နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုဇယားယူလာပြီး ကျနော်တို့ဆီမှာ စာအုပ်လာလျှောက်လို့ ရပါတယ်။ ကျနော်တို့က စာအုပ် ထုတ်ပေမယ် မလေးရှားအစိုးရဖက်က work permit လုပ်ပေးမယ် ဆိုပြီး အစိုးရချင်း  G to G MOU လက်မှတ်ထိုးပြီး လုပ်နေတာပါ။”

မလေးရှားမှာ အထောက်အထားမဲ့ အလုပ်သမားတွေအနေနဲ့ မိမိနိုင်ငံကို  ပြန်မယ်ဆိုရင် ပစ်ဒဏ်ပေးမှာမဟုတ်ဘဲ ဒီဇင်ဘာ ၃၁ရက် မတိုင်မီအထိ လဝကမှာ Special Pass လျှောက်ထားပြီး သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ တရားဝင် ပြန်လည်ထွက်ခွာနိုင်တယ်လို့ မလေးအစိုးရ တာဝန်ရှိသူတဦးက  နိုဝင်ဘာလ ၂၃ ရက်နေ့က ပြောကြားထားတာပါ။

မလေးရှားမှာ ၉ နှစ်လောက် တရားမ၀င်နေထိုင်လာခဲ့တဲ့ ဦးသန်းဇော်ကတော့ လာမယ့်အပတ်မှာ မြန်မာနိုင်ငံကို အပြီးပြန်နေတော့မယ်လို့ ပြောပါတယ်။

“တရားမ၀င်တဲ့နေတာ သွားရလာရတာ မလုံခြုံဘူးပေါ့။ ညအိပ်လည်း ကောင်းကောင်း မအိပ်ရဘူး။ ရဲတွေ ရောက်လာမလား လန့်နေရတယ်။ ဘယ်သွားသွား အေးဆေးသွားလို့မရဘူး။ အသက်ကလည်းကြီးလာပြီးတော့ ဟိုမှာပဲ အပြီးပြန်နေတော့မယ်။”

မလေးရှားနိုင်ငံမှာ တရားမ၀င်မြန်မာအလုပ်သမား ၁ သိန်းကျော်ရှိနေတယ်လို့ အလုပ်သမား အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။

DVB
မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ တရားမ၀င်မြန်မာ အလုပ်သမားတွေကို  အစိုး ရချင်း ညှိနှိုင်းပြီး တရားဝင်ဖြစ်အောင် ဆောင်ရွက် ပေးနေတယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

ထိုင်းဘုရင့်မိသားစုနဲ့ဆက်နွယ်တဲ့ စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်

မြန်မာပြည်ရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံဘက်က ထွက်လာတဲ့ သတင်းတွေထဲမှာ ထိုင်းလူမျိုးတွေစိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ် ပါပါတယ်။ အဲဒါကတော့ ထိုင်း အိမ်ရှေ့မင်းသား Vajiralongkorn က သူ့ကြင်ယာတော် ဘက်ကမိသားစုရဲ့ တော်ဝင်ဘွဲ့အမည်တွေ ရုပ်သိမ်းလိုက်ဖို့ အစိုးရကို အကြောင်းကြားလိုက်တယ် ဆိုတဲ့ သတင်းပါပဲ။

မြန်မာ့မီးရထားလုပ်ငန်းတွင် အသုံးပြုနေသည့် ဆက်သွယ်ရေးစနစ်ကို ဂျက်ကာအကူအညီဖြင့် အဆင့်မြှင့်မည်

Photo: မြန်မာ့မီးရထားလုပ်ငန်းတွင် အသုံးပြုနေသည့် ဆက်သွယ်ရေးစနစ်ကို ဂျက်ကာအကူအညီဖြင့် အဆင့်မြှင့်မည်
Monday, December 1, 2014

မြန်မာ့ မီးရထားလုပ်ငန်းတွင် အသုံးပြုနေသည့် ဆက်သွယ်ရေး စနစ်ကို ဂျက်ကာ အကူအညီဖြင့် အဆင့်မြှင့်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၇)မှ အင်ဂျင်နီယာမှူး (ဆက်သွယ် ရေး) ဦးမြင့်လွင်က ပြောသည်။

''မြန်မာ့မီးရထားရဲ့ ဆက်သွယ် ရေးစနစ်တွေ ဂျက်ကာအကူအညီ အနဲ့ အဆင့်မြှင့်သွားမှာဖြစ်ပါတယ်။အဆင့်မီ ရထားလမ်း အချက်ပြစနစ် တွေ၊ အော်တိုဂိတ်မောင်းတံစနစ် တွေကို ခေတ်မီစနစ်တွေ တပ်ဆင် မယ်ပေါ့။ အဲ့ဒီ စီမံကိန်းကိုတော့ ၂ဝ၁၅ခုနှစ်မှာ စတင်မယ်'' ဟု ၄င်း ကပြောသည်။

ယင်းစီမံကိန်းအတွက် ဦးစား ပေးအနေဖြင့် ရန်ကုန်ဘူတာနှင့် ပုဇွန်တောင်ဘူတာများရှိ ရထား လမ်း အချက်ပြမီးများကို အသစ် ပြန်လည် တပ်ဆင်ခြင်း၊ ရွာသာကြီး နှင့် တိုးချောင်လေး ဘူတာကြားရှိ ကျန်စစ်သားဂိတ်တွင် လူစောင့်ရန် မလိုသည့် အော်တိုဂိတ်မောင်းတံ စနစ် တစ်ခုတပ်ဆင်ခြင်း၊ ရန်ကုန် နှင့် ပြွန်တန်ဆာအကြား ရထား များနှင့် ခေတ်မီစွာ ဆက်သွယ်နိုင် ရန် ရထားကြီးကြပ်ရေး အခန်း တည်ဆောက်ခြင်းများကို စတင်အ ကောင်အထည်ဖော်မည်ဖြစ်သည်။

''အရင်ကဆို မီးရထားကို ကိုယ် တိုင်လဲမမြင်ရဘူး။ ဘယ်ရောက်ပြီ ဆိုတာ စာရွက်နဲ့မှတ်ပြီးရင် ဖုန်းနဲ့ ဆက်သွယ် ပြောရတာ အခု အဲ့ဒီလို ရထားကြီးကြပ်ရေး အခန်း ဆောက် လိုက်မယ်ဆိုရင် ဒီဂျစ်တယ်စနစ်နဲ့ ဘယ်ရထား ဘယ်ဘူတာရောက်ပြီ ဆိုတာ သူ့အလိုအလျောက် Digital Play မှာပေါ်နေမှာ '' ဟု အင် ဂျင်နီယာမှူး ဦးမြင့်လွင်က ပြောသည်။

ရထားလမ်းများတွင် လက်ရှိတပ် ဆင်ထားသော အချက်ပြမီးများသည် ၁၉၅ဝ ပြည့်နှစ်ကတည်းက တပ်ဆင် ထားသောကြောင့် ခေတ်မမီတော့ သဖြင့် လူအသုံးပြုမှုများသည့် ရန် ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူ တာတွင် ခေတ်မီအချက်ပြစနစ်များ တပ်ဆင်ခြင်း ဖြစ်ကြောင်း၊ ရထားကြီး ကြပ်ရေး အခန်းကိုလည်း လတ်တ လောတွင် ရန်ကုန်နှင့် ပြွန်တန်ဆာ အကြားထိ ဆက်သွယ်နိုင်ရန် စီစဉ် ထားသော်လည်း နောက်ပိုင်းတွင် ရန် ကုန်မှ မန္တလေးအထိ ဆက်သွယ်နိုင် ရန် စီစဉ်ထားကြောင်း၊ အော်တို ဂိတ်မောင်းတံကို ရန်ကုန်-မန္တလေး လမ်းမဖြစ်သည့် ကျန်စစ်သားဂိတ် ကို ဦးစားပေး တပ်ဆင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံး တပ် ဆင်အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group
မြန်မာ့ မီးရထားလုပ်ငန်းတွင် အသုံးပြုနေသည့် ဆက်သွယ်ရေး စနစ်ကို ဂျက်ကာ အကူအညီဖြင့် အဆင့်မြှင့်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၇)မှ အင်ဂျင်နီယာမှူး (ဆက်သွယ် ရေး) ဦးမြင့်လွင် က ပြောသည်။

အီးယူ၏ ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးရန် ရုရှားတိုက်တွန်း၊ သို့သော် ရုရှား၏ အပြုအမူကို အီးယူမယုံကြည်

Photo: အီးယူ၏ ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးရန် ရုရှားတိုက်တွန်း၊ သို့သော် ရုရှား၏ အပြုအမူကို အီးယူမယုံကြည်
Monday, December 1, 2014

ဥရောပသမဂ္ဂ (အီးယူ) က ရုရှားနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် အီးယူကို မော်စကိုအစိုးရက တိုက်တွန်း ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားအစိုးရက အီးယူ၏ ဒဏ်ခတ်အရေးယူမှုများကို ဖယ်ရှားပေးရန် တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပြီး အီးယူနိုင်ငံများမှ တင်သွင်းသော အစားအသောက်များ ပိတ်ပင်ထားမှုကိုလည်း ပြန်လည်ဖယ်ရှားပေးမည်ဟု ကတိပြု ပြောဆိုခဲ့သည်။

သို့သော် ရုရှား၏ တိုက်တွန်းပြောဆိုမှုကို အီးယူက ပယ်ချခဲ့ကြောင်း၊ အီးယူသည် ရုရှား၏ ကျောထောက်နောက်ခံ ပေးမှု ရယူထားသော ယူကရိန်း လက်နက်ကိုင် သူပုန်များကို ဒဏ်ခတ် အရေးယူမှုသစ်များ ထပ်မံချမှတ်ထားပြီ ဖြစ်ကြောင်း အီးယူ ထိပ်တန်းအရာရှိကြီး တစ်ဦးက ပြောကြားသည်။

“အီးယူ မိတ်ဆွေတွေဆီက ကျွန်တော်တို့ ဘာမှမမျှော်လင့်ပါဘူး။ ကျွန်တော်တို့ မျှော်လင့်တာ တစ်ခုက ယုတ္တိမရှိတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဖယ်ရှားပေးပြီး နာမည်ပျက်စာရင်း ကိစ္စတွေကို ပယ်ဖျက်ပေးဖို့ပါပဲ” ဟု ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဇီမက်ရှကော့ဗ်က ပြောကြားကြောင်း Interfax သတင်းဌာနက ရေးသားဖော်ပြသည်။

“ကျွန်တော်တို့ဘက်ကလည်း ပိတ်ဆို့ထားတဲ့ စာရင်းတွေကို ပြန်လည်ပယ်ဖျက်ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့က ယူကရိန်း အရှေ့ဘက်ဒေသ (ရုရှားလိုလားသူများ နေထိုင်ရာ) တွင် ပြုလုပ်ခဲ့သော တစ်ဖက်သတ် ရွေးကောက်ပွဲကို စီစဉ်ခဲ့သော ခေါင်းဆောင်များအား အီးယူက ဒဏ်ခတ် အရေးယူမှုသစ်များ ချမှတ်လိုက်ပြီးနောက် ရုရှားအစိုးရက အထက်ပါအတိုင်း အပြုသဘောဆောင်သည့် ကမ်းလှမ်းချက်များ ပြုလုပ်လာခြင်း ဖြစ်သည်။

မကြာသေးခင်က ဥရောပကော်မရှင် ဥက္ကဋ္ဌရာထူး ရယူလိုက်သော ဂျန်းကလောက်ဂျကာက ယူကရိန်း၊ ကရိုင်းမီးယား ဒေသကို ရုရှားက သိမ်းပိုက်လိုက်မှုကြောင့် အီးယူအတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိတော့ကြောင်း၊ တစ်လမ်းမှာ ရုရှားနှင့် စစ်မက်ဖြစ်ပွားရန် ဖြစ်ပြီး ကျန်တစ်လမ်းမှာ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရေးပင် ဖြစ်ကြောင်း ပြောကြားသည်။

“တကယ်လို့ စစ်မဖြစ်ချင်ဘူးဆိုရင် ဒဏ်ခတ်အရေးယူမှုပဲ လုပ်စရာ ရှိတော့တယ်။ အကျိုးသက်ရောက်မှု ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ပဲ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ရုရှားအစိုးရသည် ဒေသတွင်း ငြိမ်းချမ်းရေးကို ဦးတည်ပြီး ယခုကဲ့သို့ အပြုသဘောဆောင်စွာ ပြောဆိုလာခြင်း ဖြစ်သည်ဟု မမြင်မိကြောင်း၊ ဒဏ်ခတ်အရေးယူမှုများကို ကြာသည်ထက် ကြာအောင် ထိန်းသိမ်းသွားကြ ရမည်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

The Voice Weekly
ဥရောပသမဂ္ဂ (အီးယူ) က ရုရှားနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှု များကို ဖယ်ရှားပေးရန် အီးယူကို မော်စကိုအစိုးရက တိုက်တွန်း ပြောဆိုလိုက်ကြောင်း Reuters သတင်း ဌာနက ရေးသားဖော်ပြသည်။

ခြောက်ပွင့်ဆိုင်ရန် သမ္မတငြင်းဆိုက စွပ်စွဲပြစ်တင်နိုင်ဟုပြော

Photo: ခြောက်ပွင့်ဆိုင်ရန် သမ္မတငြင်းဆိုက စွပ်စွဲပြစ်တင်နိုင်ဟုပြော
Monday, December 1, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၂၈ (က) တွင် ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စု လွှတ်တော်က အခါ အားလျော်စွာချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်၊ မိမိ၏အရေးယူ ဆောင်ရွက် ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၇၁ တွင်လည်း နိုင်ငံတော် သမ္မတကိုဖြစ်စေ၊ ဒုတိယ သမ္မတ တစ်ဦးဦးကို ဖြစ်စေ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်း ချက်များကိုဖောက်ဖျက်ခြင်း၊ ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းများရှိပါ က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး လေးပုံ တစ်ပုံက တင်ပြ၍ သုံးပုံနှစ်ပုံကထောက်ခံ မှသာ ပြည်ထောင်စု လွှတ်တော်က စွပ်စွဲပြစ်တင်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ဦးအောင်ကြည်ညွန့်က “စွပ်စွဲပြစ်တင်ခံရရင်တော့ သမ္မတက နုတ်ထွက်ပေးရမယ်၊ အခုလို ဒီမိုကရေစီ လမ်းကြောင်းသွားနေချိန်မှာ ပဋိပက္ခတွေ မဖြစ်စေချင်ဘူး၊ မျက်နှာချင်းဆိုင် ပြောကြတာပဲကောင်းပါတယ်” ဟုပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်ကမူ ပြည်ထောင်စု လွှတ်တော်က အရေးကြီး အဆိုသာ တင်သွင်းခြင်းဖြစ်သဖြင့် အစိုးရက ငြင်းပိုင်ခွင့်ရှိသည်ဟု မှတ်ချက်ပြုသည်။

မလှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအေးမောက်က “အန်ကယ်တို့ကတော့ ဘာပဲဖြစ်ဖြစ် တွေ့လိုက်ဆုံလိုက် တယ်ဆို ဘာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲတာလေးတွေ ပြေပျောက်သွားမယ်ထင်တယ်၊ စားပွဲဝိုင်းမှာ တွေ့ဆုံခြင်းအားဖြင့် ပြဿနာ ကိုဖြေရှင်းနိုင်မှာပေါ့၊ အဲ့လို အန်ကယ်တို့က ယူဆတယ်” ဟု ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကျွမ်းကျင်သူ ရှေ့နေဦးကိုနီက ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်များအနက် ယခုခြောက်ပွင့်ဆိုင် တွေ့ရေး ဆုံးဖြတ်ချက်ကို သမ္မတက အလေးအနက်ထား ဆောင်ရွက်ပေးရမည် ဖြစ်သော်လည်း မလုပ်မနေရဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်မျိုး မဟုတ်ကြောင်းပြောသည်။

သို့သော် ပြည်သူလူထု ငါးသန်း၏ ၄၃၆ ပြင်ဆင်ရေး သဘောထားလက်မှတ်များကို အလေးမထားဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လျစ်လျူရှုပါက နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

၎င်းက “အဲဒါလို ပြဿနာတွေ တက်လာပြီဆိုရင်တော့ (ပြည်ထောင်စု လွှတ်တော်)က စွပ်စွဲပြစ်တင်မှုတွေဆီ ဦးတည်သွားပါလိမ့်မယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကလည်း လွှတ်တော်၏ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်ဟုတ်၊ မဟုတ် အငြင်းပွား ကာ ပြည်ထောင်စု လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုကြုံတွေ့ရခြင်းကြောင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံး နုတ်ထွက်ခဲ့ရ သည့် ဖြစ်စဉ်ရှိဖူးသည်။

Mizzima - News in Burmese
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၂၈ (က) တွင် ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စု လွှတ်တော်က အခါ အားလျော်စွာချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်၊ မိမိ၏အရေးယူ ဆောင်ရွက် ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည် အစီရင်ခံရ မည်ဟု ပြဋ္ဌာန်းထားသည်။

“၂၀၁၅ အလွန်မှာဆို ငြိမ်းချမ်းရေး လုပ်ဆောင်တာမှာ ခက်ခဲမှာတော့ သေချာပါတယ်”

Photo: “၂၀၁၅ အလွန်မှာဆို ငြိမ်းချမ်းရေး လုပ်ဆောင်တာမှာ ခက်ခဲမှာတော့ သေချာပါတယ်”
Monday, December 1, 2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် သမ္မတက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန ကို (MPC) ထူထောင် ဆောင်ရွက်လာတာဟာ ၃ နှစ်ကာလ ရောက်လာပြီ ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့မှာ ဝန်ကြီး၊ ဒု ဝန်ကြီး ၁၃ ဦး၊ အကြံ ပေး ၄ ဦး ပါဝင်ပါတယ်။ ဒီလုပ်ငန်းကော်မတီရဲ့ လုပ်ဆောင်နေမှုများ အပေါ် ဝေဖန်မှုတွေ ရှိနေသလို လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေခြင်းနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး နောက်ကြောင်းပြန်မှုများ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

MPC ရဲ့ ရပ်တည်မှု အပါအ၀င် ဒီလို အခြေအနေရှိနေတဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး MPC ၏ အကြံပေး တဦးဖြစ်သူ ဦးလှမောင်ရွှေကို ဧရာဝတီ သတင်းထောက် မေခ က မေးမြန်းထားတွေကို ဖော်ပြလိုက် ပါတယ်။

မေး။ ။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးကနေ တော်တော်များများ ပြောနေသလို နောက်ကြောင်းပြန် သွားတဲ့သဘောလို့ ပြောလို့ ရမလား။

ဖြေ။ ။ လက်ရှိ ငြိမ်းချမ်းရေးကို နောက်ကြောင်းပြန်တယ် ဆိုတာကတော့ ကျနော်တို့တော့ မထင်ဘူး။ နိုင်ငံတွေမှာ နိုင်ငံရေး ဖြစ်စဉ် အတက်အကျ ဆိုတာ ရှိပါတယ်။ ဥပမာပြောရရင် ကချင်ပြည်နယ်က ဗိုလ်သင်တန်းကျောင်း ကိစ္စ ပေါ့။ တရားဝင် ထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် ပလောင်အမျိုးသား လွတ်လပ်ရေး တပ်မတော် (တအာင်း) (TNLA)က ၈ ဦး၊ ချင်း အမျိုးသား တပ်ဦး(CNF) က ၂ ဦး၊ ရခိုင် တပ်မတော် (AA) က ၁၁ ဦး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က ၂ ဦး။ ဒီတော့သတင်းတွေ ဖော်ပြတော့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) လို့ ဖော်ပြကြတယ်။

နောက် တိုက်ပွဲတွေ ဖြစ်တယ်၊ စစ်ပွဲတွေ ဖြစ်တယ်။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် ကျနော့် အမြင်ကတော့ ကိုယ့် တိုင်းရင်းသားတွေ သေ တာပဲ မြင်တယ်။ တပ်ကပဲ ကျကျ၊ တိုင်းရင်းသားပဲ ကျကျ၊ ပြည်သူပဲ ကျကျ ကျနော့် အတွက် တော့ ဝမ်းနည်းရတယ်။ မမြင်လိုဘူး။ မကြားလိုဘူး။ ဒါတွေ မဖြစ်အောင် လုပ်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေက စဖို့လိုနေတယ်။ ရောက်လည်း ရောက်စေချင်နေပြီ။

ရောက်မှ တွေ့နိုင် ပြောနိုင် ဆိုနိုင်မယ်။ ဒါကလည်း ၁ နှစ် (သို့) ၂ နှစ်လည်း ကြာနိုင်တယ်။ ကမ္ဘာမှာ နိုင်ငံရေး ဆွေးနွေးပွဲ ၁ နှစ် တည်း ပြီးတာ နိုင်ငံတနိုင်ငံပဲ ရှိတယ်။ ကဲ တိုင်းရင်း သားတွေ တောင်းတဲ့ ဖက်ဒရယ်ဆို ဘယ်လို သွားမလဲ။ ဥပမာ ရှမ်းပြည်မှာ ဆိုရင် အဖွဲ့တွေ အများကြီး ဘယ်လိုသွားမလဲ။ ဖက်ဒရယ်ကို ဘယ်လို ယူမှာလဲ။ ဒါတောင် ရှမ်းပြည်တခုတည်း။ ဒီတော့တနိုင်ငံလုံး သွားဖို့ ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးရမယ်။

ဒါတွေ လုပ်နိုင်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်မှ အဖြေရမယ်။ ရိုးသားမှု ရှိရင် တဖက်၊ တဖက် ယုံကြည်မှုတွေ ရမယ်။ အခုကတည်း က လုပ်နိုင်မှ ၂၀၁၅ အလွန်မှာ ဥပဒေတွေ လုပ်ပြီး လုပ်လာနိုင်မယ်။ ဒါတွေ ပြည့်စုံမှ ငြိမ်းချမ်းရေး ရမယ်။ အနာဂတ်စိန် ခေါ်မှုက ကြီးတယ်။ ဒါတွေ ဖြစ်လာဖို့ ကျနော်တို့ ကြိုးစားနေတာပါ။ နောက်ကြောင်းပြန်တာကို ဘာကို ကြည့်ပြောလဲ သိချင်မိတယ်။ ဘယ်ဟာများ ကြည့်ပြောတာလဲ။

မေး။ ။ အခုချိန် သေနတ်သံတွေ ပြန်ပေါက်နေတာက နောက်ကြောင်းပြန်တာပါ လို့ ပြောနေတယ်။ တိုင်းရင်းသား တွေကလည်း အဲသလိုယူ ဆနေတယ်။ ဒါကကော ဘယ်လို အခြေအနေမျိုး ပါလဲ။

ဖြေ။ ။ အဲဒါကတော့ အပစ်အခတ် ရပ်စဲပြီးလည်း ပေါက်ဦးမယ်။ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်နေလည်း ပေါက်ဦးမယ်။ အဲဒါက ရှောင်လို့ မရဘူး။ အဲဒါက နောက်ကြောင်း ပြန်ပါတယ်လို့ သုံးသပ်လို့ မရပါဘူး။ ဆိုလိုတာက စိန်ခေါ်မှုတွေက ရှိနေတယ်။ အခုချိန်မှာ ငြိမ်းချမ်းရေးကို နောက်ကြောင်း ပြန်နေတာ ဘာအကြောင်းမှ မရှိဘူးလို့ မြင်တယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာက Still ongoing တကယ်ကို သွားနေတယ်။ တိုင်းရင်းသားတွေ ဘက်ကသာ ပြဿနာကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ညှိမှ ရမယ်ဆိုတာ လက်ခံရင် ကျနော်တို့ ဆက်သွားနိုင်မှာပါ။

မေး။ ။ တိုင်းရင်းသားတွေ ဘက်က တညီတညွှတ်တည်း ပြောနေတာက တပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နောက်ကြောင်းပြန် သွားတယ် ဆိုတဲ့ ကိစ္စ၊ ဖက်ဒရယ် တပ်မတော် ကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စုကိစ္စ ဆိုတာကို အရင်က လက်ခံပြီး အခုကျ လက်မခံ တော့ဘူး ပြောတယ်။ ဒီအပေါ် ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ မဟုတ်ပါဘူး။ ခက်တာက တိုင်းရင်းသားတွေက လွတ်လပ်တယ်။ သူတို့ ပြောတာ သူတို့ တာဝန်ယူဖို့က သိပ်မလိုပေ မယ့် တပ်ကျတော့ တာဝန်ယူဖို့ လိုတယ်။ ကျနော်တို့လည်း ဒီလိုပဲ။ သူတို့ဘက်က ညှိတဲ့ ပုံစံကျတော့ တိုင်းရင်းသားတွေက ဒီလို လက်ခံ ထားတာ၊ နောက်သူတို့ လက်ခံတာနဲ့ သူတို့ ညှိတယ်၊ ညှိမရရင် အထက်ကို တင်မယ် ပြောတယ်။

ဒီနေရာမှာ တပ်ဘက်ကပဲ လက်မခံတာမျိုး မဟုတ်ဘူး။ တပ်ပိုင်းဆိုင်ရာမှာ လက်နက် ဖြုတ်သိမ်းဖို့ ကိစ္စ၊ တပ်နေရာ ချရေးကိစ္စ တွေက ကျနော်တို့ သူတို့ ဘက်က တိုင်းရင်းသားအဖွဲ့တွေ ပါတဲ့ တပ်နေရာ ချရေး လုပ်ငန်းစဉ် ရေးဆွဲရေး အဖွဲ့ကနေပြီး ညှိနှိုင်း ရေးဆွဲတယ်။ အခုက ဒီလိုရေးဆွဲ သဘောတူကြလို့ ရတာတွေကို တချို့တိုင်းရင်းသား တွေဘက်က သိပ်သဘော မတူကြဘူး။ ဒီတော့ ဒီလို ညှိနှိုင်း ရေးဆွဲလို့ ရတာကို လက်မခံတော့ တပ်ဘက်က ပြန်ညှိမယ် ဖြစ်တယ်။ ဒါက နောက်ကြောင်း ပြန်တာ မဟုတ်ဘူးလို့ ပြောချင်တာပဲ ရှိတယ်။

မေး။ ။ တိုင်းရင်းသားတွေက လက်နက်ဖြုတ်သိမ်းရေးကို နိုင်ငံရေး ဆွေးနွေးပွဲ ပြီးမှပဲ လုပ်မယ်ပြောထားပြီး နောက်ပိုင်းကျတော့ အပစ်အခတ် လက်မှတ်ထိုးပြီး လုပ်မယ် ဖြစ်သွားတယ် လို့ ပြောတယ်။ ဒါက နောက်ကြောင်းပြန်တာ မဟုတ်ဘူးလား။

ဖြေ။ ။ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဆိုတာ သမ္မတကော၊ ကာချုပ်ကောပါတဲ့ အဖွဲ့ပါ။ သူတို့ ပေါ်လစီ ချပေးတာကို ဝန်ကြီး ဦးအောင်မင်းက ဖော်ဆောင်ပါတယ်။ ကျနော်တို့က လိုက်ကူညီပေးတာပါ။ ကာချုပ်ပေါ်လစီ ဆိုတာ သူတို့ ဘက်က အရှင်းဆုံး ပြောရရင်ငြိမ်းချမ်းရေးကို လိုချင်တယ်၊ သို့ပေမယ့် တယောက် တယောက် ချဉ်းကပ်ပုံခြင်းမတူတာ ဖြစ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေး မရချင်တာ မရှိပါဘူး။

ပြည်နယ်တခုကို တပ်မတော် တခု ထားဖို့က ဘယ်နိုင်ငံမှာမှ မရှိတော့ သူတို့ဘက်ကလည်း စဉ်းစားမယ်။ ဒါပေမယ့် ဒါကို သူတို့ သိပ်ပြီး မပြောဘူး။ နိုင်ငံရေး ဆွေးနွေးပွဲမှာ ညှိကြလို့ လမ်းဖွင့်ပြီးသားပါ။ ဆွေးနွေးတာက ချက်ချင်း ကြီးတော့ မရနိုင်ဘူး။ တနေရာ ရာမှာတော့ ငြိမှာပဲ။ တိုင်းရင်းသားတွေ ပြောနေတဲ့ ဖွဲ့စည်းပုံပြင်ရေး ဆိုတာက လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကော်မတီဖွဲ့ လုပ်ဆောင်နေတယ်။

ဒီမှာ ကျနော်တို့ ဘက်က တိုင်းရင်းသားတွေနဲ့ညှိတာမှာ နိုင်ငံရေးဆွေးနွေးပွဲမှာမှ အဖြေထွက်မှာ။ ဒီဆွေးနွေးပွဲဆိုတာက ဘယ်တော့ လောက် စမလဲ။ ဒါက ၂၀၁၅ မှာ စနိုင်ရင်လည်း စနိုင်မယ်။ ဘယ်တော့ စနိုင်မလဲ မသိဘူး။ ဒီတော့ ဖွဲ့စည်းပုံပြင်တာက လွှတ်တော် ဘက်က ကျနော်တို့ဘက်ကို စောင့်နိုင်ချင်မှ စောင့်နိုင်မယ်။ ဒါကိုလည်း စဉ်းစားကြရမယ်။ ကျနော်တို့က New Myanmar (မြန်မာ သစ်) ဆိုတာကို ဘယ်လို ပုံဖော်မှာလဲ။ ဒါအဓိကပဲ။ ပုံဖော်ဖို့ ဆိုတာက နိုင်ငံရေး ဆွေးနွေးပွဲ လုပ်နိုင်မှ ရမယ်။

မေး။ ။ တိုင်းရင်းသားတွေ ဘက်က ပြောနေကြတာက သမ္မတဘက်က ငြိမ်းချမ်းရေး လိုချင်တယ်။ တပ်မတော် ဘက် ကျတော့ ညှိထားတာတွေတောင် အထက်ကို ပြန်တင်မယ် ဆိုတာနဲ့ ဖြစ်နေတယ် ဆိုတော့ ပြောဆိုကြတာက တပ်ဟာ သမ္မတစကားကို လွန် ဆန်တာကြောင့် ဒီလိုဖြစ်တာလားလို့ မေးခွန်းထုတ်တယ်။ ဒီတော့ တပ်အနေအထားကို ဘယ်လို အနီးစပ်ဆုံး ပြောပြနိုင်မလဲ။

ဖြေ။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ကျနော်တို့ တွေ့ဖူးပါတယ်။ နောက် အောက်ခြေက တပ်မတော်သားတွေနဲ့လည်း တွေ့ဖူးပါတယ်။ သူတို့တွေ တကယ်ကို ငြိမ်းချမ်းရေး လိုချင်တယ်လို့ ကျနော် ပြောနိုင်တယ်။ နောက် ကျနော်တို့ ပြောနိုင်တာ သူတို့ စစ်မတိုက်ချင်ဘူး။ စစ်တိုက်တာက ပန်းနဲ့ပေါက်တာမှ မဟုတ်တာဗျာ။ ဒါဆိုတော့ တကယ် လုပ်နေရသူတွေက ဘယ်သူက လိုချင်မလဲ။ ဒါပေမယ့် တယောက်နဲ့ တယောက် ချဉ်းကပ်ပုံ မတူကြတာ။

တခုပြောချင်တာက တိုင်းရင်းသားတွေဘက်က ဒါကို ပါးနပ်စွာ ချဉ်းကပ်ဖို့ လိုအပ်မယ်။ အခုထိတော့ ကျနော် ပြောနိုင်တာ တပ် မတော်က ငြိမ်းချမ်းရေး လိုလားတယ်၊ သူတို့ မပါဘဲ ဒီအဆင့်ထိ ရောက်ကို မရောက်နိုင်ပါဘူး။ ဒါကို အတပ်ပြောနိုင် ပါတယ်။ အမြင်တွေ မတူဘူးပေါ့။

ကျနော်တို့ နိုင်ငံခြားသားတွေနဲ့ ပြောရင်သူတို့က ဒီအခြေအနေကို ပြောလာတယ်။ ပျက်မယ် ထင်တာက အခုဆို ၇၀ ရာခိုင်နှုန်း လောက် လုပ်လာနိုင်တာကို သူတို့ သိပ်အံ့သြတယ်။ ခင်ဗျားတို့ ဘက်က မြင်တာနောက်ကြောင်း ပြန်တယ် ထင်တယ်။ ဘယ်ဟာမှန် လဲ မပြောလိုဘူး။ ဆက်လျှောက် ကြတာပေါ့။

ဒီလောက်အဖွဲ့ ၃၀လောက်ရှိတာကို ကျနော်တို့ ညှိနေကြတာက ကမ္ဘာပေါ်မှာတောင် မရှိပါဘူး။ အောင်မြင်နိုင်လား လို့ မေးရင် အောင်မြင်ချင်လည်း အောင်မြင်မှာပေါ့။ မပြောနိုင်ပါဘူး။ နောက်ကြောင်း ပြန်ကောင်းလည်း ပြန်နိုင်တယ်။ ဒါပေမယ့် အခုချိန်ကတော့ နောက်ကြောင်း ပြန်နေတာ မဟုတ်ဘူးလို့ ပြောနိုင်တယ်။

မေး။ ။ ဟုတ်ကဲ့ပါ။ MPC ရပ်တည်မှုကို မေးချင်ပါတယ်။ သူရဲ့ ရပ်တည်မှု အချိန်သတ်မှတ်ချက်က ဘယ်လောက် ပါလဲ။ လက်မှတ်ထိုးပြီး အထိလား။ နိုင်ငံရေးဆွေးနွေးပွဲ အထိလား။

ဖြေ။ ။ ကျနော်တို့က သမ္မတ လုပ်ပိုင်ခွင့်ဘောင်ကနေ ဖွဲ့ပေးထားတာပါ။ အဖွဲ့မှာ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ပါတဲ့ အစိုးရရဲ့ ဝန်ကြီး၊ ဒု ဝန်ကြီး ၁၃ ဦးပါ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီမှာ အကြံပေး ၄ယောက်ပါတယ်။ အရပ်သား ပေါ့။ ကျနော်တို့က ဝန်ထမ်း မဟုတ်ဘူး။ ကျနော်တို့ ဘယ်လောက်အထိ ရှိမလဲဆိုရင် သမ္မတက သူဆောင်ရွက်မယ့် အချိန် လုပ်ရမယ့် လုပ်ငန်းစဉ်တိုင်း ရှိနေရင် တော့ ကျနော်တို့ ဆက်ရှိနေမှာပါ။

ဒါက ကျနော်တို့ အခေါ်ဆို Quasi-government Organization (အစိုးရတပိုင်း အဖွဲ့အစည်း) လို့ပြောရမှာပါ။ Government က လည်း ပါတယ်။ အကြံပေးတွေ ပါတယ်။ လစာမရှိဘူး။ ခံစားခွင့် မရှိဘူး ပေါ့။ ဒီက ပညာရှင်တွေ ကျတော့ EU ဘက်ကနေ သူတို့ ဝန်ထမ်းအနေနဲ့ ခန့်ထားတာ ပေါ့။

မေး။ ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ နားလည်သလောက် တတိယ အုပ်စုကနေ နှစ်ဘက်ကို ညှိပေးရတာလို့ ယေဘုယျ နား လည်ထားတော့ MPC က တတိယအုပ်စု တခုတော့ မဟုတ်နိုင်ဘူးလို့ ပြောရမယ်ဆို။ ရပ်တည်မှုက ဘယ်လိုပါလဲ။

ဖြေ။ ။ MPC ကို သမ္မတက ဖွဲ့တယ်။ ဝန်ကြီးတွေ ပါတာ မှန်တယ်၊ ဒါပေမယ့် အကြံပေးတွေနဲ့ ပညာရှင်တွေက ဒီငြိမ်းချမ်းရေး ဆိုတာကို Professional ဆန်ဆန် လုပ်ဆောင်တယ်။ ဒီတော့ ဘာပြောနိုင်မလဲ ဆိုရင် အခုဆိုရင် တိုင်းရင်းသားတွေနဲ့ ကျနော်တို့ကြား ယုံကြည်မှုက တခါမှ မရှိဘူး ပြောရမှာပါ။ မီဒီယာနဲ့ အခြား လူတွေ ပြောတာကိုတော့ ကျနော်တို့ခံရမှာပေါ့။ ဒီ အဖွဲ့က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အောင်မြင်အောင် ထောက်ပံ့ပေးတဲ့ အဖွဲ့ပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာက နှစ်ဘက်မကသော၊ ဘက်ပေါင်းစုံ ကြားထဲမှာ ကျနော်တို့က ဘက် အားလုံးကြားထဲမှာ Professional ဆန်ဆန် လုပ်ဆောင် နေကြတာပေါ့။

မေး။ ။ ဒါဆို ကြားထဲက ညှိပေးရတော့ နှစ်ဘက်စလုံးကို မြင်တွေ့နေကြရတာပေါ့။ အစိုးရနဲ့တိုင်းရင်းသား ဒီနှစ်ခုကို ရှင်းလင်းစွာ မြင်တွေ့ဆက်ဆံရတော့ နှစ်ဘက်စလုံးရဲ့ အားနည်းချက် အားသာချက် သူတို့လုပ်ဆောင်နေမှုက ဘယ်လိုလဲ ဆိုတာကို အန်ကယ် က အလယ်ကနေ ဓမ္မဓိဋ္ဌာန်ကျကျ မြင်မယ် ထင်ပါတယ်။ အဲဒီ အမြင်ကို ပြောပြပေးနိုင်မလား။

ဖြေ။ ။ ခက်တယ် ဆိုလည်း နှစ်ဘက်စလုံး လို့ ပြောရမှာပါ။ မခက်ဘူး ဆိုလည်း နှစ်ဘက်စလုံး လို့ ပြောရမှာပါ။ နှစ်ဘက်စလုံး က စိတ်ဝင်စားမှု၊ နက်နက်နဲနဲ လုပ်ဆောင်မှုတွေက တူညီတယ်လို့ ပြောရပါမယ်။ တိုင်းရင်းသားတွေ ထဲမှာလည်း ကျနော်တို့ကို နားလည်ပြီးတော့ တကယ့်ငြိမ်းချမ်းရေးကို In time (အချိန်မီ) ဖြစ်ချင်သူတွေ ကျတော့ တကယ့်ကို ရဲဘော်ရဲဘက် စိတ်နဲ့ လုပ်ဆောင်နေတာ ရှိသလို တချို့ကျတော့ အဲဒီလောက် အဆင့် မရောက်ပေမယ့် သံသယနဲ့ ချဉ်းကပ်နေတာလည်း ရှိတယ်။ အဲဒီ လူတွေကို ကြည့်ရင် မြန်မာနိုင်ငံထဲလာတာ အရောက်အပေါက်နည်းပြီး နှစ်ပေါင်းတော်တော်ကြာ ပြည်ပမှာနေသူတွေပဲ ဖြစ်ပါတယ်။ တဖွဲ့နဲ့ တဖွဲ့ကတော့ မတူဘူး ပေါ့။

မေး။ ။ ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တဲ့ သမ္မတကြီးရဲ့သက်တမ်းဟာ မကြာခင် ကုန်ဆုံးတော့မှာ ဆိုတော့ ငြိမ်းချမ်းရေး ရှေ့ဆက် လုပ်ငန်းစဉ် အတွက် ဘယ်လို ဆက်ဖြစ် မလဲ။ တိုင်းရင်းသားတွေ ဘက်ကလည်း အခုချိန်က ငြိမ်းချမ်းရေး အတွက် အကောင်းဆုံး အချိန်ဆိုတာ ကြတော့လေ၊ သမ္မတသက်တမ်း မကုန်ခင် လက်မှတ်ထိုးဖို့ ဖြစ်နိုင်မလား။

ဖြေ။ ။ ကျနော်တို့ စဉ်းစားတာတော့ ပြည်သူကရွေးပြီး သမ္မတ တင်မြှောက်မှာဖြစ်တော့ ဘယ်သူသမ္မတ ဖြစ်ဖြစ် ဒါကို လက်ခံရ မယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ် သဘောသဘာဝ နိုင်ငံတကာမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေရင် ပြဿနာရှိတယ် ဆိုတာ ရှိတယ်။ ဒါပေမယ့်ချွင်းချက် ဝ၊ မိုင်းလားတို့ နှစ်၂၀ ကျော် လုပ်ထားပြီး မပျက်တာ ရှိတယ်။ ပြဿနာက နိုင်ငံရေး ပြဿနာပဲ။ အဖွဲ့အစည်းတိုင်း စဉ်းစားမယ်။ တပ်မတော် ဘက်ကလည်း ဒါကို စဉ်းစားတယ်။

ပြောရရင် ၂၀၁၅ အတွင်းမှာ မဟုတ်ဘဲ တဘက် ၂၀၁၅ အလွန်မှာဆို ငြိမ်းချမ်းရေး လုပ်ဆောင်တာမှာ ခက်ခဲမှာတော့ သေချာပါတယ်။ ပြန်စရမှာ ဆိုတော့ ခက်ခဲစေမယ်။ သေချာတယ်။ အခုလုပ်နေတဲ့သူတွေက နှစ်ဘက် ပဋိပက္ခထဲ ပါခဲ့သူတွေ ဖြစ်နေတော့ နည်းနည်းခက်မှာပေါ့။

မေး။ ။ ဒါဆို လက်ရှိ သမ္မတသာ သမ္မတ အဖြစ် ဆက်ရှိနေမယ် ဆိုရင် ငြိမ်းချမ်းရေးက ပိုလွယ်မယ်လို့ ဆိုလိုတာလား။

ဖြေ။ ။ ကျနော် ဆိုလိုတာက ဘယ်သူ သမ္မတဖြစ်ဖြစ် ဒီလုပ်ငန်းစဉ်ကို ဆက်လို့ ရတဲ့သူ ဖြစ်စေချင်တယ်။ ဒီသဘောပါ။ အခုကတည်းက စထားမယ်၊ ဟိုဘက်ကျရင် ဘယ်သူပဲ ဖြစ်ဖြစ်၊ ဒါက ဆက်သွားနိုင်မယ်။ ဒါဆို သက်သာမယ်။ ရွေးကောက်ပွဲ မစခင် ဒီအချိန်မှာကို ဒီလိုလက်မှတ်ထိုးထားတာလည်း မရှိ၊ နောက် နိုင်ငံရေး ဆွေးနွေးပွဲလည်း မရှိသေးဘူး ဆိုရင် ဟိုဘက်မှာ အသစ် ပြန်စရမယ်။ ဒါကို ပြောတာပါ။ ဘယ်သူ ဘယ်ဝါလို့ မပြောဘူး။

သမ္မတကြီး အနေနဲ့ သူ့သက်တမ်း အတွင်းမှာ သူလုပ်ဆောင်နိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်သွားနိုင်မယ် လို့ သူယုံကြည်ထားတယ်လို့ မြင်တယ်။ ဒါပေမယ့် လက်တွေ့မှာတော့ တော်တော်လေး ခက်ခဲပါတယ်။ သူ့အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ စတင် အောင် သူက ချပေးခဲ့ချင်တယ်။ ဒီသဘောပေါ့။

မေး။ ။ တိုင်းရင်းသားတွေ ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ရင် ငြိမ်းချမ်းရေးက ရှေ့ဆက် မရနိုင်ဘူး ပြောနေတယ်။ တပ်ဘက်က လည်း မပြင်ချင်တာ ရှိနေတော့ ဒီအပေါ်မှာ ဘာများပြော ချင်ပါသလဲ။ ငြိမ်းချမ်းရေး ဝေးနိုင်လား။ ဘယ်လို အားနည်းချက် အားသာ ချက်တွေ ရှိနေမလဲ။

ဖြေ။ ။ ၂၀၀၈ ဖွဲ့စည်းပုံက အသေ မဟုတ်ပါဘူး။ ပြင်လို့ ရတယ်။ ဘယ် အချိန်မှာ ပြင်မလဲ ဆိုတာကတော့ အချိန် ပြောရတာ ခက်ပါတယ်။ တဘက်နဲ့ တဘက်က ဒါက လုပ်သင့်တဲ့ အချိန်လို့ သတ်မှတ်ပုံခြင်းလည်း တူချင်မှ တူမယ်။ တပ်မတော်ဘက် က လည်း ဒီ အပေါ် တခြားနိုင်ငံတွေ မူတွေ ပြောင်းလဲမှုတွေကို လေ့လာထားပြီးပြီလို့ ကျနော် ထင်တယ်။

ဥပမာ – အင်ဒိုနီးရှား ပုံစံပေါ့။ တပ်မတော်ဘက် ကလည်း သင့်တော်တဲ့ အချိန် လုပ်မယ်လို့ ပြောထားပြီးပြီ ဆိုတော့ ဒါကတော့ ညှိရ မှာပေါ့။ ငြိမ်းချမ်းရေးကို ထိခိုက်မယ် မထင်ဘူး။ ဒီလိုဖြစ်ဖို့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်မှ ရမယ်။ ရှုထောင့်တွေက အသီးသီးရှိတယ်။ ဘက်တိုင်းမှာ အားသာချက် ရှိသလို အားနည်းချက်လည်း ရှိတယ်။ တဘက်တည်း ပြောရမှာ မဟုတ်ဘူး။ ကျနော်တို့က အဲဒါတွေကို စုပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ရမှာပါ။

ဘက်တိုင်းမှာ အခြေခံကောင်းတွေလည်း ရှိပါတယ်။ ဒါကနေ တဆင့် ဆက်သွားရ ပါမယ်။ ဖက်ဒရယ် ကိစ္စတွေ၊ နောက် လူ့အခွင့် ရေး ကိစ္စတွေ ရှိတယ်။ ဒါတွေက ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်ပါတယ်။ ဒီလိုတွေ ဖြစ်ဖို့က နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နိုင်မှ ရမယ်။ ဒါမှ ပိုကောင်းတဲ့ အနာဂတ်ကို ရနိုင်ပါမယ်။

မေး။ ။ လက်ရှိ MPC ရဲ့ ငွေကြေး လည်ပတ်မှု၊ MPC က လူတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကို ငွေကြောင့် လုပ်ဆောင်နေတယ် လို့ ဝေဖန်မှုတွေ ကြားရမှာပါ။ ဒီအပေါ်ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ပြောရရင် ရေးနေတာ တလွဲ။ လစာနဲ့ အစည်းအဝေးက လွဲရင် ကျနော်တို့က ဘာမှ မရှိဘူး။ ကျနော်တို့က လမ်းလုပ်ပေး တာ၊ အိမ်ဆောက်တာတွေ ဘာမှ မလုပ်ပေးဘူး။ နီပွန်ဖောင်ဒေးရှင်းကပဲ ပေးတယ်။ ဒီမှာ ဥရောပ သမဂ္ဂ(EU) ပါတယ်။ ဒီအဖွဲ့က ကမ္ဘာမှာ ဘတ်ဂျက် စစ်ဆေးမှု အတင်းကျပ်ဆုံး။ လွှတ်တော်မှာလည်း ရှင်းနိုင်တယ်။ EU ကိုလည်း မေးလို့ရတယ်။ ကျနော် တို့က ဆေးလည်း မဝယ်ပေးဘူး။ နောက် ဒီကို ငွေလည်း မဝင်ဘူး။ ပြောရမယ်ဆို သူတို့ဘာသာပဲ လုပ်တာ။ ကျနော်တို့က တပြားမှ မရဘူး။ ကျနော်တို့ အကြံပေးတွေက ကိုယ့်ပိုက်ဆံ ကိုယ်သုံးလုပ်နေတာ။ တပြားမှ ရမနေဘူး။ ကိုယ့်ရူးသွပ်မှုနဲ့ ကိုယ် လုပ်နေတာပါ။ တခါတလေတော့ မခံချင်ဘူး။

မေး။ ။ အခုအချိန် စစ်ပွဲတွေ ပြန်ဖြစ်နေတော့ တပ်ဘက်က စစ်ရေးကို ပိုလိုတယ်လို့ ဝေဖန်တာတွေ ရှိပါတယ်။ နောက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးမှာလည်း လွှတ်တော်ထဲမှာ တပ်က တင်းမာနေတယ်။ ဒီ နှစ်ချက်ကြောင့် တချို့က အာဏာသိမ်းမလား၊ ငြိမ်းချမ်းရေး ပိုခက်လာမလား ဆိုပြီး စိုးရိမ်နေကြတယ် ဒီအပေါ်မှာ ဘာပြော နိုင်မလဲ။

ဖြေ။ ။ လွှတ်တော်ထဲမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ရှိနေတော့ ဘယ်တော့မှ မဖြစ်ဘူး။ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြောတာ ရှိပါတယ်။ တပ်မတော်က အဏာ မသိမ်းလိုလို့ တပ်ကိုယ်စားလှယ်ကို ထားတာလို့ပြောတယ်။ ဒီလိုဘဲ နောက် ငြိမ်းချမ်းရေး ကော်မတီမှာ နိုင်ငံတော်သမ္မတ အပြင် တပ်ချုပ်လည်း ပါတယ်။ အဲဒီသူတို့က ချမှတ်တာကို လုပ်ငန်း ကော်မတီတွေက လိုက်လုပ်ရ တာပါ။

ဒီတော့ တဘက် တဘက်ညှိနှိုင်း မရတာကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ညှိနှိုင်းရမှာ ဖြစ်တယ်။ အခုကတော့ ညှိလို့ မရသေးတော့ နိုင်ငံ ရေး ဆွေးနွေးပွဲ မရောက်သေး တာပါ။ ဒီမှာ ပြောနိုင်တာကတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ တဘက် တဘက် လိုချင်တာ ညှိရမယ်။ ဒီ အခြေအနေ ရောက်ဖို့ ငြိမ်းချမ်းရေးလုပ်နေတာ ဖြစ်တော့ ဒီအထဲမှာ တပ်ပါ ပါဝင်နေတာ ဖြစ်တယ်။ ဒီတော့ သူတို့ သဘောကို တွေ့ရမှာပါ။ ဆွေးနွေးပွဲပြီးမှ ညှိပြီး ရတာကို အကောင်အထည် ဖော်ရမယ်။ အကောင်ထည်ဖော်မှ ဘာဆိုတာ ဖြစ်လာမယ်ပေါ့။

မေး။ ။ ငြိမ်းချမ်းရေး လုပ်ငန်းက နိုင်ငံရေးနဲ့လည်း ဆက်စပ်တယ်လို့ ပြောကြပါတယ်။ နိုင်ငံရေး အပြောင်းလဲ ဖြစ်ချင်ရင် ငြိမ်းချမ်းရေး လုပ်လိုက်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောကြတယ်။ ရှင်းရှင်း ပြောရရင် အာရုံလွှဲတာပေါ့။ ဒီလိုမျိုး နိုင်ငံရေး Player ကို တပ်အနေနဲ့ ရပ်တည်ထားတာ များလား။

ဖြေ။ ။ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် Super Man တွေ အုပ်ချုပ်နေတာ မဟုတ်တော့ လူတိုင်းမှာ အားသာ၊ အားနည်းချက် ရှိပါတယ်။ နိုင်ငံရေး ရေချိန်က တဦးတယောက်က လုပ်ဖို့ခက်တယ်။ နိုင်ငံရေး လှည့်ကွက် အတွက် ငြိမ်းချမ်းရေး လုပ်တာလည်း မဟုတ်ဘူး။ မဖြစ်နိုင်ပါဘူး။ လက်ရှိ ဘယ်လို အကောင်းဆုံး သွားနိုင်ဖို့ပဲ ကျနော်တို့ စဉ်းစားရပါမယ်။ ။

irrawaddy
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် သမ္မတက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန ကို (MPC) ထူထောင် ဆောင်ရွက်လာတာဟာ ၃ နှစ်ကာလ ရောက် လာပြီ ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့မှာ ဝန်ကြီး၊ ဒု ဝန်ကြီး ၁၃ ဦး၊ အကြံ ပေး ၄ ဦး ပါဝင်ပါတယ်။ ဒီလုပ်ငန်း ကော်မတီရဲ့ လုပ်ဆောင်နေမှုများ အပေါ် ဝေဖန်မှုတွေ ရှိနေသလို လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေခြင်းနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး နောက်ကြောင်းပြန်မှုများ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရန်ကုန်ရှိ ATM စက်များ ဖောက်ထွင်းခံရမှုသည် အာရှနိုင်ငံတချို့မှ ဖောက်ထွင်းခိုးယူနေသည့် ဟက်ကာများနှင့် ဆက်စပ်မှုရှိနေဟုဆို

Photo: ရန်ကုန်ရှိ ATM စက်များ ဖောက်ထွင်းခံရမှုသည် အာရှနိုင်ငံတချို့မှ ဖောက်ထွင်းခိုးယူနေသည့် ဟက်ကာများနှင့် ဆက်စပ်မှုရှိနေဟုဆို
Monday, December 1, 2014

ယခုလတ်တလောမြန်မာနိုင်ငံရှိ အေတီအမ် ငွေထုတ်စက်များတွင် နိုင်ငံခြားသားဟက်ကာများ ဝင်ရောက်ဖောက်ထွင်းနေမှု ဖြစ်စဉ်သည် မကြာမီက အာရှနိုင်ငံအချို့တွင်ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှု များနှင့် ဆက်စပ်ဆက်သွယ်လျက်ရှိကာ မြန်မာနိုင်ငံတွင် ဖောက်ထွင်းခံရသည့် ငွေပမာဏမှာလည်း ကျပ်သိန်း ၂ဝဝ ခန့်ရှိပြီး ကမ္ဘောဇဘဏ်တစ်ခုတည်းမှ ကျပ်သိန်း၇ဝခန့်ဖောက်ထွင်းခံလိုက်ရပြီး ထိုဖြစ်စဉ်တွင် အခြားပုဂ္ဂလိက ဘဏ် များလည်းပါဝင်သည့်တိုင် ယင်းကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပြောကြားမှုမရှိ ခြင်းက ယင်းတို့ကို ပူးပေါင်းဖော်ထုတ်ရာတွင် အခက်အခဲ တစ်ခုဖြစ်နေကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်က ဒီမိုကရေစီ တူဒေးသတင်းစာသို့ ထုတ်ဖော်ပြောကြားလိုက်သည်။

ဗိုလ်တထောင်မြို့နယ်တွင်ရှိ သော ကမ္ဘောဇဘဏ်၏ အေတီအမ် စက်မှ နိုင်ငံခြားဗီဇာကတ်ဖြင့် ဖောက် ထွင်းကာ ငွေများကို ထုတ်ယူခဲ့သည့် အိန္ဒိယနိုင်ငံသားနှင့် နီပေါနိုင်ငံ သားတစ်ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူနှစ်ဦး ကို ယခုအခါ စီအိုင်ဒီမှစစ်ဆေးနေပြီး ထိုစစ်ဆေးမှုများ ပြီးစီးပါက အင်တာ ပိုမှတာဝန်ရှိသူများက ဆက်လက်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံကို ဟက်ကာတွေ စတင်ဝင်ရောက်နေပါပြီ။ ဘယ်နှစ် ယောက်ဆိုတာကို အတိအကျမသိရ သေးပေမယ့် အန်ကယ်တို့ဘဏ်ကို ဝင်ဖောက်တဲ့ ဟက်ကာကိုတော့ မိ ထားပါပြီ။ ဒါပေမဲ့ အန်ကယ်တို့ဘဏ် အနေနဲ့ ကျပ်သိန်း၇ဝလောက်သာပါ သွားတယ်။ သိန်း၆ဝကိုတော့ နိုင်ငံ ခြားဗီဇာကတ်နဲ့ ထုတ်တာပေါ့။ အဲဒီ ပိုက်ဆံကို ဗီဇာကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးမယ်လို့ အန်ကယ်တို့ ကို ပြောထားပါတယ်။ ဒါပေမဲ့ ကျန် တဲ့ကျပ်သိန်းတစ်ရာကျော်က ဘယ် ဘဏ်တွေက ပါတယ်လို့ဆိုတာကို တော့ အန်ကယ်လဲ မသိဘူး။ သေချာ တာကတော့ မြန်မာနိုင်ငံမှာ မကြာ သေးမီကမှ အေတီအမ်စက်တွေပေါ် လာတယ်ဆိုပြီး အထင်သေးတဲ့သ ဘောနဲ့ ရမလားဆိုပြီး ဝင်လာတာပေါ့။ အန်ကယ်တို့ကတော့ လုံခြုံမှုနဲ့ပတ် သက်ရင် ကမ္ဘာမှာ အကောင်းဆုံးစက် တွေကို သုံးထားတဲ့အတွက် ဒီဟက် ကာနှစ်ဦးကို အခုလို ချက်ချင်းဖမ်း ဆီးရမိခဲ့တာဖြစ်ပါတယ်။ တခြား ဒီ ဖြစ်စဉ်မှာပါခဲ့တဲ့ ဘဏ်တွေရှိရင် လဲ ပွင့်ပွင့်လင်းလင်းပြောသင့်တယ်လို့ ထင်တယ်။ ဒါမှ ဒီကိစ္စကို ဘဏ် လုပ်ငန်းရှင်တွေအားလုံးပူးပေါင်းပြီး နောင်တစ်ချိန်မှာ ဒါမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ အခုဖြစ်စဉ်က ဂိုဏ်းဖွဲ့ပြီး တော့ကို အာဆီယံနိုင်ငံတွေမှာ လုပ် လာကြတာဖြစ်နိုင်တယ်''ဟု အဆို ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အေတီအမ် စက်များမှ အလွယ်တကူ ငွေထုတ်နိုင် သည့်နည်းပညာသည် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့သည်မှာ နှစ်အနည်း ငယ်သာရှိသေးသည့်အတွက် နည်း ပညာပိုင်းတွင် အားနည်းမှုများရှိနိုင် သည်ဟု ယူဆကာ ယခုကဲ့သို့ ဝင် ရောက်လာခြင်းဖြစ်နိုင်သည်ဟု ဘဏ် လုပ်ငန်းအသိုင်း အဝိုင်းမှ စုံစမ်းသိရှိ ရသည်။

မြန်မာနိုင်ငံတွင်စတင်ဖြစ် ပေါ်နေပြီးဖြစ်သည့် ယခုကဲ့သို့ ဖြစ် စဉ်မျိုးသည်လည်း အာရှတိုက်တွင် သာမက အာဆီယံနိုင်ငံများတွင် တစ်ပြိုင်တည်းဖြစ်ပေါ်နေသည်။

''ဒီရက်ပိုင်းကပဲ ကမ္ဘောဒီးယား မှာ အန်ကယ်တို့ဆီမှာလိုမျိုးဖြစ်သွား တယ်။ ဒါကိုလဲ အင်တာပိုက လိုက်လံ စစ်ဆေးနေပြီ။ ဒီဘက်က တာဝန်ရှိ သူတွေကလဲ မြန်မာနိုင်ငံမှာဖြစ်ပေါ် နေတဲ့ဖြစ်စဉ်ကို အင်တာပိုကိုသတင်း ပို့ထားပြီးပြီလို့ သိရပါတယ်''ဟု ဆက် လက်ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အေတီအမ်စက်များ တွင် ကတ်အတုဖြင့် ငွေထုတ်မှုများ ဖြစ်ပေါ်လာသဖြင့် ယင်းကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရန်အတွက် လုံခြုံ ရေးပိုင်းဆိုင်ရာကို သက်ဆိုင်ရာမြို့ နယ်များ၏ နယ်ထိန်းများက အရပ် ဝတ်များဖြင့် စောင့်ကြည့်ရန် ရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားထားပြီးဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး သင်္ဃန်း ကျွန်းမြို့နယ်ရဲစခန်းမှ နယ်ထိန်းသန်း စိုးက ''ဟုတ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ နယ်ထိန်းတွေကို စောင့်ကြည့်ခိုင်းထားပါတယ်။ ကျွန် တော်တို့အနေနဲ့လဲ နေ့ညအလှည့်ကျ စောင့်ကြည့်နေပါတယ်''ဟု ပြောသည်။

မကြာခင်ရက်အတွင်းက ကတ် အတုဖြင့်ငွေထုတ်ယူသူပြည်ပနိုင်ငံ သားနှစ်ဦးကို ဗိုလ်တထောင်ရဲစခန်း က နိုဝင်ဘာ၂၅ ရက်က(ပ)၁၆၆/၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၈ဝ ဖြင့် အမှုဖွင့်ကာစစ်ဆေးပြီး စီအိုင်ဒီသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ ယင်းတို့နှစ်ဦးမှ တစ်ဦး သည် ငွေထုတ်ယူရာတွင် ကျန်ရှိ နေခဲ့သည့် ကတ်အချို့ကို ယင်းတို့ ငှားရမ်းထားသည့် တက္ကစီသမား အား ပြန်သွားယူခိုင်းခဲ့ကြောင်း၊ ယင်း မတိုင်မီအချိန်တွင် စက်မှ ဖောက် ထွင်းကာ ငွေထုတ်ခဲ့သူကို နည်းပညာ အကူအညီဖြင့် သိရှိခဲ့ပြီး သက်ဆိုင် ရာက ဖမ်းဆီးရန်စုံစမ်းနေစဉ် ယင်း တက္ကစီသမားမှတစ်ဆင့် ငွေထုတ် ယူသူ ပြည်ပနိုင်ငံသားနှစ်ဦးကို ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနှံ့တွင်ရှိသောအေတီအမ်စက်များကို အသုံးပြုနေ သည့် ဘဏ်များအနေဖြင့်လည်း အေ တီအမ်စက်တွင်တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာတစ်ခုတည်းကိုအားကိုး၍မရနိုင်တော့သည့်အနေအထားကို တွေ့နေရပြီဖြစ်ကြောင်း၊ယင်းအတွက် သက်ဆိုင်ရာဘဏ်များ အနေဖြင့် အေတီအမ်စက်နှင့်ပတ် သက်ပြီး လုံခြုံရေးများကို ယခုထက် တိုးမြှင့်ကာ ဆောင်ရွက်ထားသင့်ပြီ ဟုလည်း ကမ္ဘောဇဘဏ်၏ အကြီး တန်းအတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးသန်းလွင်က သုံးသပ်ပြောကြားလိုက်သည်။

''ကမ္ဘောဇဘဏ်ကနေ ဖွင့်ထား တဲ့ အေတီအမ်စက်တွေကို အရင်တပ် ထားတဲ့ စီစီတီဗွီတင်မကဘူး။ အခုဆို ရင် သရီးဒီကင်မရာတွေပါ တပ်ဆင် ဖို့ ဆောင်ရွက်နေပါပြီ။ နောက်ပြီး လုံခြုံရေးအင်အားတွေကိုလဲ လက်ရှိ ထက် တိုးမြှင့်ဆောင်ရွက်ဖို့လုပ်ဆောင် နေပါတယ်။ ဘဏ်မှာအသုံးပြုနေတဲ့ နည်းပညာတွေကို ကမ္ဘာ့အကောင်း ဆုံး ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။လုံခြုံစိတ်ချမှုနဲ့ပတ်သက်လာရင်အလား တူကိစ္စမျိုးတွေထပ်ဖြစ်လာရင်လဲ ချက်ချင်းဖမ်းမိနိုင်ဖို့ ကမ္ဘာမှာ အ ကောင်းဆုံးဆိုတဲ့ စက်ပစ္စည်းတွေကို ပဲ ဆက်လက်အသုံးပြုသွားမှာပါ''ဟု ကမ္ဘောဇဘဏ်လုံခြုံရေးနှင့် ပတ်သက် ပြီး ယင်းက ဆက်လက်ပြောသည်။

Yangon Media Group

ဓါတ်ပုံ - လှည်းတန်းစိန်ဂေဟာ ဈေးဝယ်စင်တာရှေ့ရှိ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ် စက်များတွင် ငွေထုတ်ယူနေသူများကို နိုဝင်ဘာ ၃ဝရက်က တွေ့ရစဉ်
ဓါတ်ပုံ - လှည်းတန်းစိန်ဂေဟာ ဈေးဝယ်စင်တာရှေ့ရှိ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်စက်များတွင် ငွေထုတ် ယူနေ သူများကို နိုဝင်ဘာ ၃ဝရက်က တွေ့ရစဉ်။ 
ယခုလတ်တလောမြန်မာနိုင်ငံရှိ အေတီအမ် ငွေထုတ်စက်များတွင် နိုင်ငံခြားသားဟက်ကာများ ဝင်ရောက် ဖောက်ထွင်းနေမှု ဖြစ်စဉ်သည် မကြာမီက အာရှနိုင်ငံအချို့တွင်ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှု များနှင့် ဆက်စပ်ဆက်သွယ်လျက်ရှိကာ မြန်မာနိုင်ငံတွင် ဖောက်ထွင်းခံရသည့် ငွေပမာဏမှာလည်း ကျပ်သိန်း ၂ဝဝ ခန့်ရှိပြီး ကမ္ဘောဇဘဏ်တစ်ခုတည်းမှ ကျပ်သိန်း၇ဝခန့်ဖောက်ထွင်းခံလိုက်ရပြီး ထိုဖြစ်စဉ်တွင် အခြားပုဂ္ဂလိက ဘဏ် များလည်းပါဝင်သည့်တိုင် ယင်းကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပြောကြားမှုမရှိ ခြင်းက ယင်းတို့ကို ပူးပေါင်းဖော်ထုတ်ရာတွင် အခက်အခဲ တစ်ခုဖြစ်နေကြောင်း ကမ္ဘောဇဘဏ်၏ အကြီး တန်း အတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်က ဒီမိုကရေစီ တူဒေးသတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်။

မြန်မာလုပ်သားနှစ်ဦးကို ဒီဇင်ဘာ ၂ ရက်တွင် ရမန် ခြောက်ကြိမ်မြောက် ရုံးထုတ်မည်

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးကို ဒီဇင် ဘာ ၂ ရက်တွင် ရမန်ခြောက် ကြိမ်မြောက် ရုံးထုတ်စစ်ဆေး မည်ဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးအား စွဲချက် တင်ရန် ရမန်နှစ်ကြိမ် (ရက် ပေါင်း ၂၄ ရက်)သာ ကျန်ရှိတော့ ကြောင်း သတင်းရရှိသည်။

ဖေ့စ်ဘွတ်ခ် စာမျက်နှာအတု များကြောင့် ရဲတပ်ဖွဲ့ကို ထိခိုက်ဟု ပြည်ထဲရေး တာဝန်ရှိသူပြော

အင်တာနက်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ရဲအဖွဲ့အစည်းနှင့်ပတ်သက်သော စာမျက်နှာများက ရဲတပ်ဖွဲ့တစ်ခု လုံးကို ထိခိုက်မှုရှိစေကြောင်း နေ ပြည်တော်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

‘၀’ဒေသဖွံ့ဖြိုးရေး အစိုးရနှင့် UWSP ပူးပေါင်းဆောင်ရွက်ရန် စီစဉ်

ရန်ကုန် - ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ပြည်ထောင်စုအစိုးရအဖွဲ့ ၏ နှစ်စဉ် စီမံကိန်းနှင့် ဘဏ္ဍာငွေလျာထားမှုများကို ကူညီပေးမည်ဖြစ်ပြီး ‘၀’ ဒေသစီမံကိန်းများကို အစိုးရ အဖွဲ့သို့ တင်ပြရန် သမ္မတရုံးဝန်ကြီးဦးလှထွန်းက ပြောကြားကြောင်း ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) မှ သတင်းရရှိသည်။

ပညာရေးဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲများကို ယခုလတွင် နိုင်ငံအနှံ့ ပြုလုပ် မည်ဟု သပိတ်မှောက်ကျောင်းသားများ ဆို

Photo: ပညာရေးဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲများကို ယခုလတွင် နိုင်ငံအနှံ့ ပြုလုပ် မည်ဟု သပိတ်မှောက်ကျောင်းသားများ ဆို
Monday, December 1, 2014

အမျိုးသားပညာရေးဥပဒေကို ပြည် သူလူထု၊ ကျောင်းသား၊ မိဘများ
ကျယ် ကျယ်ပြန့်ပြန့်သိရှိစေရန် အတွက် လူထုပါဝင်သည့် ဆွေးနွေးပွဲများကို ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား၌ ပြုလုပ်သွားမည်ဟု ပညာရေးဥပဒေကို သပိတ် မှောက်ကန့်ကွက်နေသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားများက ၃၀-၁၁-၂၀၁၄ ရက်တွင် ပြည်မြန်မာသို့ပြောသည်။

ပညာရေးဝန်ကြီးဌာနနှင့် အစိုးရတာ ၀န်ရှိသူများက ကျောင်းသားများ၏
အမျိုး သားပညာရေးဥပဒေကို ကန့်ကွက်နေမှု များသည် ဥပဒေကို
သေချာနားမလည်၍ ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ ယေဘုယျ အမြင်ဖြင့် ကန့်ကွက်နေခြင်းဖြစ်ကြောင်း ပြောဆိုမှုများကို ကြားသိနေရသောကြောင့် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားထုတစ်ရပ်လုံးနှင့် မိဘပြည်သူများ သိရှိစေရန် အဆိုပါဆွေးနွေးပွဲများကို နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်နက်ပြုလုပ် မည်ဟု ကျောင်းသားများက ဆိုသည်။

““ အစိုးရဘက်က ကျွန်တော်တို့ကို ပညာရေးဥပဒေကို သေချာနားမလည်လို့ ကန့်ကွက်တယ်လို့ ပြောတဲ့အတွက် ဒီဥပဒေမှာ ဘယ်အချက်က ကျောင်းသား
အခွင့်အရေးကို ပိတ်ပင်ထားတယ်။ ဘယ်အချက်က ဆရာအခွင့်အရေးကို အပြည့် အ၀မပေးထားဘူး။ ဘယ်အချက်က ဗဟိုချုပ်ကိုင်မှုတွေ ရှိနေတယ်ဆိုတာကို ဆွေး နွေးပွဲတွေလုပ်ပြီး လူထုသိအောင်ပြောပြမယ်”” ဟု ဦးဆောင်ကော်မတီ၏ ပြန်ကြား ရေးအဖွဲ့ဝင် ကိုဖိုးသားက ပြောသည်။
နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ရက် ပေါင်း ၆၀ အတွင်း လက်ရှိအစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် သပိတ်မှောက် ကျောင်းသားထုအား လာရောက်စေ့စပ် ညှိနှိုင်းမှုပြုလုပ်ရန် အသိပေးထားသော် လည်း ယခုအချိန်အထိ အစိုးရဘက်က ဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ ခြင်းမရှိသေးကြောင်း ကျောင်းသားများ ဘက်က ဆိုသည်။
““ ရက်ပေါင်း ၆၀ ကျော်တဲ့အထိ ဆွေးနွေးညှိနှိုင်းမှုမရှိရင်တော့ ၆၁ ရက်
မြောက်နေ့မှာ အရင် သပိတ်တိုက်ပွဲထက် ပြင်းထန်တဲ့ သပိတ်မှောက်
ကန့်ကွက်မှု တွေကို တစ်နိုင်ငံလုံးမှာ လှုပ်ရှားမယ်”” ဟု ကိုဖိုးသားက ဆက်လက်ပြောသည်။

ယခုလက်ရှိတွင် ပညာရေးဥပဒေ ကို မန်္တလေး၊ မြင်းခြံ၊ မြိတ်၊ ထားဝယ်၊ တောင် ငူ၊ မုံရွာမြို့များ၌ သပိတ်မှောက်ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်နေသကဲ့သို့ ဥ ဒေနှင့် ပတ်သက်သည့် လူထုဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် နိုင်ငံအနှံ့ရှိ သက်ဆိုင်ရာ ဒေသအရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းစီစဉ်နေကြောင်း သတင်းရရှိသည်။

ဆုဆက်(သတင်း၊ ဓာတ်ပုံ)
Pyimyanmar
အမျိုးသားပညာရေးဥပဒေကို ပြည် သူလူထု၊ ကျောင်းသား၊ မိဘများ ကျယ် ကျယ်ပြန့်ပြန့်သိရှိစေရန် အတွက် လူထုပါဝင်သည့် ဆွေးနွေးပွဲများကို ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား၌ ပြုလုပ် သွားမည်ဟု ပညာရေးဥပဒေကို သပိတ် မှောက်ကန့်ကွက်နေသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသားများက ၃၀-၁၁-၂၀၁၄ ရက်တွင် ပြည်မြန်မာသို့ပြောသည်။

တရုတ်ဘဏ်များရှိ မြန်မာနိုင်ငံသားပိုင် ငွေစာရင်းနှစ်ရာခန့် တရုတ်အစိုးရပိတ်

ရန်ကုန်- မြန်မာ-တရုတ်နယ်စပ် (မူဆယ်-ကြယ်ဂေါင်)ရှိ တရုတ် ဘဏ်များတွင် ဖွင့်လှစ်ထားသည့်  မြန်မာ နိုင်ငံသားပိုင် ငွေစာရင်းနှစ် ရာခန့်ကို ယခုရက်ပိုင်းအတွင်း တရုတ်အစိုးရတာဝန်ရှိသူများက ပိတ်လိုက် ကြောင်း သတင်းရရှိ သည်။

HIV-AIDS ဝေဒနာသည် တောင်အာဖရိကတွင် အများဆုံး ဖြစ်

Photo: HIV-AIDS ဝေဒနာသည် တောင်အာဖရိကတွင် အများဆုံး ဖြစ်
Monday, December 1, 2014

တောင်အာဖရိကနိုင်ငံက ဒါဗေတောင်မြို့နယ်ထဲမှာ အေအိုင်ဒီအက်စ် ပညာပေးဖို့ စည်းရုံး လှုပ်ရှားမှုတွေနဲ့ ကွန်ဒုံးဝေတဲ့ အစီအစဉ်တွေ ပြုလုပ်နေကြပါတယ်။

တောင်အာဖရိကမှာ ၂၀၁၃ ခုနှစ်က HIV-AIDS ဝေဒနာသည် ၆ ဒသမ ၄ သန်းရှိလို့ ကမ္ဘာနိုင်ငံတွေအလိုက်ဆိုရင်  အများဆုံး ဦးရေ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ အစိုးရက အေအာဗွီဆေး ဖြန်ဝေတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့သလို့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။

တောင်အာဖရိက အစိုးရရဲ့ အေအာဗွီဆေး ဖြန့်ဝေတဲ့အစီအစဉ်ဟာ ကမ္ဘာမှာ အကြီးအကျယ်ဆုံးလည်း ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ဒီအစီအစဉ်ဟာ  လူအသက် သန်းပေါင်းများစွာအတွက် အရေးကြီးနေတယ်လို့ စည်းရုံးလှုံ့ဆော်နေသူတွေက ဆိုကြပါတယ်။

တောင်အာဖရိကမှာ ၂၀၀၀ ပြည့်နှစ် အစောပိုင်းနှစ်တွေအထိ HIV-AIDS ပြသနာကို အစိုးရ ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘဲ ကုသရေး အစီအစဉ်တွေအတွက်လည်း စိတ်မပါလက်မပါ ရှိခဲ့တာပါ၊

အခုတော့ အေအာဗွီဆေးနဲ့ ကုသမပေးနေတဲ့ လူနာဦးရေ ၂ သန်းခွဲ ရှိတယ်လို့ တက်ကြွ လှုပ်ရှားသူတဦးဖြစ်တဲ့ မာ့ခ် ဟေးဝုဒ်က ပြောပါတယ်။

ဒါပေမယ့် ဒီနေ့အထိ ပညာရေးဖို့ ကိစ္စဟာ အများကြီး လိုအပ်နေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုကြပါတယ်။

တောင်အာဖရိဟာ ကမ္ဘာမှာ HIV/AIDS လူနာသစ်တွေလည်း အလျင်အမြန်ဆုံး နှုန်းနဲ့ တိုးပွားနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

အထူးသဖြင့် လူမည်း အမျိုးသမီးတွေဟာ အဆိုးရွားဆုံး ကူးစက်ခံရသူတွေ ဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ ၄၉ နှစ်အကြာ အမျိုးသမီးတွေထဲက ၂၃ ဒသမ ၂ ရာခိုင်နှုန်းဟာ ရောဂါ ကူးစက်ခံနေရပါတယ်။

၂၀၁၂ ခုနှစ်က လေ့လာမှုတခုအရ အမျိုးသား ၁၈ ဒသမ ၈ ရာခိုင်နှုန်းလည်း ကူးစက်ခံ နေရပါတယ်။

အစိုးရရဲ့  အေအာဗွီပရိုဂရမ်ဟာ အောင်မြင်ပေမယ့် ၂၀၁၂ ခုနှစ်စာရင်းအရ တောင်အာဖရိကလူဦးရေရဲ့ ၁၂ ဒသမ ၂ ရာခိုင်နှုန်ဟာ HIV ကူးစက်ခံထားရပါတယ်။

၂၀၀၈ ခုနှစ်က လူဦးရေရဲ့ ၁၀ ဒသမ ၆ ရာခိုင်နှုန်းပဲ ရှိခဲ့လို့ အရေအတွက် တိုးသွားတဲ့ သဘော ဖြစ်ပါတယ်။

တချိန်တည်းမှာ HIV ကူးစက်မှုနဲ့ ပတ်သက်လို့ သိရှိနားလည်သူ ဦးရေဟာလည်း ၂၀၀၈ ခုနှစ်ထက် ကျဆင်းသွားတယ်တယ်ဆိုတာကို ပြသနေပါတယ်။

ဒါကြောင့် တောင်အာဖရိကအစိုးရဟာ နောက်ထပ် နှစ်နှစ်အတွင်း HIV  ဆေးဝါးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။

ဒီပမာဏဟာ နဂို ရှိပြီးသား ၂၀၁၄-၂၀၁၅ HIV  အတွက် ကျန်းမားရေ ဘက်ဂျက် ၁ဒသမ၄ ဘီလီယံအပေါ်မှာ ထပ်ပြီး ဖြည့်စွက်တာ ဖြစ်ပါတယ်။

တောင်အာဖရိကအစိုးရဟာ HIV လူနာတဦးချင်စီအတွက် ဆေးစရိတ်အဖြစ် ၅၀၇ ဒေါ်လာကို  အသုံးပြုနေပါတယ်။

ဒီဗွီဘီ
တောင်အာဖရိကနိုင်ငံက ဒါဗေတောင်မြို့နယ်ထဲမှာ အေအိုင်ဒီအက်စ် ပညာပေးဖို့ စည်းရုံး လှုပ်ရှားမှုတွေနဲ့ ကွန်ဒုံးဝေတဲ့ အစီအစဉ်တွေ ပြုလုပ်နေကြပါတယ်။

အစိုးရနှင့် NCCT အစည်းအဝေး ကျင်းပမည့်ရက် နောက်ဆုတ်

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကိစ္စ ဆွေးနွေးရန် စီစဉ်ထားသော်လည်း ရွှေ့ဆိုင်းထားရကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း ပြန်ကြားရေးတာဝန်ရှိသူ ဦးလှမောင်ရွှေက The Voice သို့ ပြောကြားသည်။

KIA ဌာနချုပ် လိုင်ဇာကို စကားလုံးတွေနဲ့ ကယ်တင်လိုက်တဲ့ ဂွမ်မော်

Photo: KIA ဌာနချုပ် လိုင်ဇာကို စကားလုံးတွေနဲ့ ကယ်တင်လိုက်တဲ့ ဂွမ်မော်
Monday, December 1, 2014

KIA ခေါင်းဆောင် ဂွမ်မော်နဲ့ VOA တွေ့ဆုံ မေးမြန်းခန်းမှာ လက်နက်ကိုင် တိုင်းရင်းသား (၂၀) ကျော်သေဆုံးမှုနဲ့ ပတ်သက်ပြီး တချို့ ခေါင်းဆောင်များ အနေနဲ့ KIO က အခုအချိန်မှာ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်ကောင်းထင်ပါ့မယ်။ အဲဒီလို မဟုတ်ပါဘူး။ ကျနော်တို့ လက်တုံ့ပြန်သင့်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒါက ဖြေရှင်းနည်း မဟုတ်ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း KIA/KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်မှ KIA/KIO ဌာနချုပ်ကို သုံးဖက် သုံးတန် အင်အား(၁၀၀၀) ခန့်နှင့် လက်နက်ကြီးတွေပါ ချထားကာ စစ်ပြင်ဆင်နေတယ်… တိုက်ပွဲဖြစ်ပွားခဲ့ပါက ရဟတ်ယာဉ် များဖြင့် လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုပြီးဖွယ်ရှိတယ်…ပြီးခဲ့တဲ့ လဂျားယန်တိုက်ပွဲ၌ အစိုးရတပ်ရဲ့ ဒါဏ်ရာရ သုံ့ပန်းများကို KIA စစ်သည်များက မပစ်သတ်ဘဲ ထားခဲ့လို့သာ အသက် ရှင်သန်ခွင့် ရခဲ့ကြောင်း၊ ဌာနချုပ်အား တိုက်ခိုက်မည်ဆို လျှင်လည်း မိမိကိုယ်ကို ဒါဏ်ရာမရရေးသည် အဓိကဖြစ်ရာ အကျအဆုံးများစွာနှင့် ရည်မှန်းချက် အောင်မြင်ရန်ခက်ခဲမည်လို့ ရွှေဟင်္သာသတင်း ဌာနကိုပြောဆို ခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

၂၀၁၁ အစိုးရတပ်မှ အရာရှိ(၂) ဦးကို KIA ဖမ်းဆီးရာကနေ စတင်ခဲ့တဲ့ တိုက်ပွဲ တွေမှာလည်း တိုက်ပွဲအစမှာ အစိုးရစစ်ကြောင်းကို KIA တွေ ထိန်းချုပ်နိုင် ခဲ့ပေမဲ့ နောက်ပိုင်း အစိုးရတပ်ရဲ့ တန်ပြန်ရှင်းလင်း တိုက်ခိုက် မှုတွေအရ KIA တွေ တော်တော် အထိ နာခဲ့တာကိုတွေ့ ရပါတယ်။ KIA စခန်းတွေ တစ်ကုန်းပြီး တစ်ကုန်း အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက် သွားခဲ့ရတယ်… လိုင်ဇာ ဌာနချုပ်ကို ကျားတက်ထိုးတော့မယ့် ဆဲဆဲမှ သမ္မတရဲ့ ထိုးစစ်ရပ်ဖို့ အမိန့်ပေးလို့ ဒီတိုင်း လက်ပိုက်ကြည့်နေခဲ့ရတာလို့ စစ်တပ် အသိုင်းအဝန်းကြားမှာ ပြောဆိုနေကြပါတယ်။

စစ်တပ် အသိုင်းအဝန်းကပြောတာလည်း ဖြစ်နိုင်ပါတယ်… လက်နက်ကိုင် တိုင်းရင်းသား (၂၀) ကျော် သေဆုံးသွားတာက အစိုးရတပ်ရဲ့ လုပ်နိုင်စွမ်းကို တစ်စိတ်တဒေသ ချပြလိုက်တာ ပါပဲ… KIA တွေလည်း တော်တော် သွေးလန့် သွားလောက်တယ်… KIA တွေအနေနဲ့ စစ်တပ် စခန်းတွေကို လက်တုံ့ပြန်နိုင်ဖို့ ကြိုးစားပေမဲ့ အစိုးရတပ်ဘက်မှ KIA စခန်းများဆီသို့ လက်နက် ကြီးတွေနဲ့ သတိပေး ထပ်မံ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောဆိုထားတာကို တွေ့ရပါတယ်။ ဂွမ်မော် အနေနဲ့ ဘယ်လိုပဲ လက်တုံ့ပြန်နိုင်တယ်ပြောပြော KIA ရဲ့ ဌာနချုပ်ကတော့ အစိုးရတပ်ရဲ့ နင်းချေ မှုကို ခံရမှာ မလွဲပါဘူး။ ဒါ့ကြောင့်ပဲ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အသံတွေ ထွက်လာတာ ဖြစ်ပါတယ်။

ဒါက အားလုံးအတွက် မှန်ကန်တဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ… KIA ဌာနချုပ် လိုင်ဇာရဲ့ ကျဆုံးခန်းကို ဂွမ်မော်ရဲ့ စကားလုံးတွေက ကယ်ထုတ်သွားတာပေါ… ဒါပေမဲ့… KIA ရဲ့ လုပ်နေကျ လုပ်ရပ်တွေဖြစ်တဲ့ အဓမ္မလူသစ်စု၊ မိုင်းထောင် ၊ ချောင်းပစ်တာတွေ မလုပ်ဘဲ ကိုယ့်လက်အောက် ကို ကိုယ် နိုင်အောင်ထိန်းဖို့၊ သဘောတူညီချက်တွေကို လိုက်နာဖို့နဲ့ အပြောနဲ့အလုပ်ညီဖို့တော့ လိုမယ်လို့ စစ်ရေးသုံးသပ်သူတွေမှ ဝေဖန်ပြောဆိုနေကြပါတယ်။

Written By စစ်မုန်းပုန်းကန်

from >> Htar Nay
Credit to KDN
KIA ခေါင်းဆောင် ဂွမ်မော်နဲ့ VOA တွေ့ဆုံ မေးမြန်းခန်းမှာ လက်နက်ကိုင် တိုင်းရင်းသား (၂၀) ကျော် သေဆုံးမှုနဲ့ ပတ်သက်ပြီး တချို့ ခေါင်းဆောင်များ အနေနဲ့ KIO က အခုအချိန်မှာ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်ကောင်းထင်ပါ့မယ်။ အဲဒီလို မဟုတ်ပါဘူး။ ကျနော်တို့ လက်တုံ့ပြန်သင့်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒါက ဖြေရှင်းနည်း မဟုတ်ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။

နိုင်ငံ့ ဝန်ထမ်းများ၏ စွမ်းအားမှန်ဖြင့် တိုင်းကျိုးပြည်ပြု လုပ်ငန်းများ ဆောင်ရွက် နိုင်ကြပါစေ

Photo: နိုင်ငံ့ ဝန်ထမ်းများ၏ စွမ်းအားမှန်ဖြင့် တိုင်းကျိုးပြည်ပြု လုပ်ငန်းများ ဆောင်ရွက် နိုင်ကြပါစေ
Monday, December 1, 2014

နိုင်ငံတစ်ခု ပြည့်စုံရမည့် အင်္ဂါရပ်များမှာ နိုင်ငံပိုင်နက် နယ်မြေ၊ သင့်တင့်သည့် လူဦးရေ၊ အုပ်ချုပ်သည့် အစိုးရ၊ အချုပ်အခြာ အာဏာတို့ ဖြစ်သည်ဟု ဆိုကြပါသည်။

အမိမြန်မာနိုင်ငံ အနေအထားအရ သုံးသပ်မည် ဆိုပါက နယ်မြေ အကျယ်အဝန်းအရ သင့်တင့်သည့် လူဦးရေရှိပြီး ပထဝီနိုင်ငံရေး (Geopolitic) အနေအထားအရ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ အခြေအနေကောင်းများ ပိုင်ဆိုင်လျက် ရှိပါသည်။ အနောက်ဘက်နှင့် အရှေ့ မြောက်ဘက်ရှိ ကမ္ဘာ့လူဦးရေ သန်းပေါင်းထောင်ကျော် ရှိနေမှုနှင့် ၄င်း၏ စက်မှုစီးပွားဖွံ့ဖြိုး တိုးတက်မှုတို့အရ စီးပွားရေးနယ်ပယ် ချဲ့ထွင်လာကြသည်ကို ကြည့်ပါက နိုင်ငံအတွက် အခွင့် အလမ်းကောင်းများစွာ ဖြစ်ထွန်းလာနေပြီး ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ အရှေ့မျှော် မူဝါဒအရ အရှေ့ဘက်ကို စီးပွားရေး ခရီးထွက်သည့်အခါ အမိနိုင်ငံကနေ ဖြတ်သန်းရမှာ ဖြစ်ပါသည်။ တရုတ်နိုင်ငံက အာဖရိက၊ အရှေ့ပင်လယ်ကွေ့၊ ဥရောပ ဒေသတို့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ခရီးလမ်းအတွက် အမိနိုင်ငံ၏ တည်ရှိမှု အနေအထား သည် အလားတူ အခွင့်အလမ်းများလည်း ရှိနေပါသည်။ နိုင်ငံရေး အရရော၊ စီးပွားရေး အရပါ အစိုးရသစ် ကာလတွင် တံခါးဖွင့်မှု၊ ပွင့်လင်းလာမှုတို့နှင့်အတူ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်ကြောင့် အမိနိုင်ငံကို နိုင်ငံတကာကပါ အာရုံစူးစိုက် လာခဲ့ကြပြီး အပြန်အလှန် ဆက်ဆံမှု၊ ထိတွေ့မှု၊ ညှိနှိုင်းမှု၊ ပူးပေါင်း ဆောင်ရွက်မှုများစွာ တိုးတက် ဖြစ်ထွန်းလာနေပြီ ဖြစ်ပါသည်။ ယင်းသို့သော အခွင့်အလမ်း ကောင်းများကို အမိအရဖမ်းယူ အသုံးချနိုင်မှသာ၊ အကောင်အထည် ဖော်နိုင်မှသာ နိုင်ငံနှင့် လူမျိုးတို့ ကြီးပွားတိုးတက်မှုများ ရရှိလာနိုင်မည် ဖြစ်ပါသည်။ ယင်းသို့သော တွက်ချက်မှုဖြင့် ဆောင်းပါးရှင် တစ်ဦးက ဂျာနယ်တစ်ခုမှာ ''ပြိုင်တူတွန်းလျှင် ရွေ့သည်ဟု ဆိုပါလျှင်'' ဆောင်းပါးတစ်ခု ရေးသား ဖော်ပြခဲ့ပါသည်။ ဆောင်းပါး အနှစ်ချုပ်ကတော့ နိုင်ငံနှင့် လူမျိုးကြီးပွား တိုးတက်ဖို့အတွက် အစိုးရနှင့် ပြည်သူ စိတ်သဘောထား တူညီလက်တွဲညီညီ ဦးရွက်ပြုသူကပြု၊ ပဲ့က ထမ်းသူကထမ်း တက်ညီလက်ညီ ကြိုးပမ်းစေချင်သည့် သဘောတရားတစ်ခု ဖော်ပြခြင်း ဖြစ်ပါမည်။ အစိုးရနှင့် လွှတ်တော် အသီးသီး၊ ပါတီအသီးသီး၊ ပြည်သူ အသီးသီးက သူ့တာဝန်၊ ကိုယ့်တာဝန် မခွဲခြားဘဲ ပြိုင်တူတွန်းအားပေး ကြိုးပမ်း ဆောင်ရွက်လိုခြင်း ဖြစ်ပါမည်။ နိုင်ငံ၏ ကုန်းကြောင်း၊ ကုန်းတွင်းပိုင်း ရေကြောင်းလမ်း၊ ပင်လယ်ကမ်းရိုးတန်း ရှည်လျားမှု၊ ပင်လယ် ဆိပ်ကမ်းများ၊ ပင်လယ်ရေ လမ်းကြောင်း၊ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ပြင် သဘာဝ အရင်းအမြစ် မြောက်မြားစွာ တည်ရှိနေမှုတို့ကို အကျိုးရှိရှိ အသုံးချပြီး နိုင်ငံ၏ ဓနဥစ္စာ ကြွယ်ဝအောင် လုပ်ကြရပါမည်။ သဘာဝ အရင်းအမြစ် မရှိသလောက် ရှားပါးသည့် စင်ကာပူနိုင်ငံ အနေနှင့် ပင်လယ်ရေ လမ်းကြောင်း အချက်အချာကျမှုကို အကျိုးရှိစွာ အသုံးချနိုင်သည့် အတွက် ကြွယ်ဝချမ်းသာ နေမှုနှင့် အာရှနှင့် အရှေ့တောင်အာရှ ဒေသအတွက် နိုင်ငံတကာ လေဆိပ် ဝင်ပေါက်ရှိခဲ့သည့် ထိုင်းနိုင်ငံ အနေနှင့် ပြင်ပခရီးသည်ဦးရေ နှစ်စဉ်သန်းပေါင်း ဆယ်ဂဏန်း ကျော် ဝင်ထွက်သည့်အတွက် ဒေါ်လာသန်းပေါင်းများစွာ ရရှိခံစားနေလျက် ရှိပါသည်။ အမိနိုင်ငံ အနေနှင့် ပင်လယ်ရေ လမ်းကြောင်း၊ ကုန်းတွင်းပိုင်း လမ်းကြောင်းများအရ မျက်နှာစာ နှစ်ခုမှာ အားသာချက်များ ရှိနေသည့်အတွက် ယင်းသို့သော အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်ပြီး တန်ဖိုးရှိရှိ အသုံးချနိုင်မည် ဆိုပါက နိုင်ငံနှင့် လူမျိုးတို့အတွက် ကြီးပွားမှု အခွင့်အလမ်းများစွာ ဖြစ်ထွန်း ပေါ်ပေါက်နေပြီး ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ ရရှိနိုင်သည့် ခေတ်မီစက်မှု နည်းပညာ၊ အရင်းအနှီးတို့ကို ပြည်သူတို့၏ ခွန်အားစွမ်းအားတို့နှင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော်ဖို့သာ လိုအပ်နေပြီ ဖြစ်ပါသည်။

နိုင်ငံတော်ကို ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာစသည့် နယ်ပယ်သုံးရပ်ကို လွှတ်တော်၊ အစိုးရနှင့် တရားစီရင်မှု နယ်ပယ်တို့မှာ ရှိသည့် ပြည်သူ့ ကိုယ်စားလှယ်၊ ပြည်သူ့ဝန်ထမ်း (နိုင်ငံ့ဝန်ထမ်း) တို့က မှန်ကန်စွာကျင့်သုံး အကောင်အထည် ဖော်ရမည် ဖြစ်ပါသည်။ နိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတို့ မှန်မှန် ကန်ကန် လည်ပတ်ဖို့ နိုင်ငံ့ဝန်ထမ်းများသည် အရေးပါသည့် နေရာမှ ဦးစီးဦးဆောင် ကြရမည့် သူများ ဖြစ်ကြပါသည်။

နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူတို့၏ အခွန်အခကနေ ရလာသည့် ဝန်ထမ်းလစာ၊ ဝန်ထမ်း အိမ်ရာအပါအဝင် ပြည်သူ့ ဝန်ထမ်းများအတွက် လိုအပ်သည်များ ရရှိခံစားနေကြရသူများ ဖြစ်ကြပါသည်။ ပြည်သူတို့၏ အထောက်အပံ့များဖြင့် ပြည်သူ့ဝန်၊ ပြည်သူ့အရေး ကိစ္စတို့ကို အကျိုးပြုဖော်ဆောင် ကြရသူများ ဖြစ်ကြရန် လိုအပ်ပါသည်ဟု ဆိုချင်ပါသည်။ အစိုးရက ပြဋ္ဌာန်းသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတို့ကို နည်းမှန် လမ်းမှန် လိုက်နာကျင့်သုံး ကြရမည် ဖြစ်ပါသည်။ ဒီမိုကရေစီ ဂျာနယ်ထဲတွင် ဆောင်းပါးရှင် တစ်ဦးရေးသားခဲ့သည့် ''အစာကိုပဲ မြင်သူ''ဆောင်းပါးထဲ၌ နိုင်ငံ့ဝန်ထမ်း အချို့၏ ဖောက်လှဲ ဖောက်ပြန်မှုများကို မချိတင်ကဲဖြစ်ကာ ဝန်ထမ်းဖြစ်ပြီး ကိုယ်ကျိုးရှာချင်လျှင် ကုန်သည်ပွဲစား လုပ်လျှင်လုပ်၊ ဓားပြတိုက်လျှင် တိုက်ဟု ဖော်ပြရေးသား ခဲ့ပါသည်။

ယခင်လမ်းစဉ်ပါတီ ခေတ်ကာလက ပါတီဥက္ကဋ္ဌ သမ္မတ ဦးနေဝင်းက နိုင်ငံ့ဝန်ထမ်းများကို လူကောင်း၊ လူတော်ဖြစ်ဖို့အရေး ဆိုခဲ့ဖူးပါသည်။ အမိနိုင်ငံတွင် ၁၉၈၃ ခုနှစ်ကျော်ကပင် ဝန်ထမ်းများနှင့် ပတ်သက်ပြီး ဘီဘီစီကပင် ''မလုပ်၊ မရှုပ်၊ မပြုတ်'' "No work, No miss, No Admiss" ဟု ဆိုသည့် အသုံးအနှုန်းဖြင့် ဝန်ထမ်းများ၏ လုပ်ဆောင် နေမှုများအား သရော် ခဲ့သည်ကို အမှတ်ရခဲ့ပါသည်။ အချိန်ကာလအရ နှစ်ပေါင်း ၃ဝ ကျော်လာပြီး ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ အကျင့်ပျက်မှု၊ စည်းကမ်းပျက်မှုများ ကဲ့သို့သော အကျင့်ဆိုးများ အမြစ်တွယ် နေမှာကိုဖြင့် စိုးရွံ့မိပါသည်။ အဆိုပါ အချိန်ကာလက ကျောက်ဆည်မြို့ ပြည်သူ့ကောင်စီ ဝင်တစ်ဦး ဝေဖန်ထောက်ပြဖူးသည့် ''ရုပ်ဝတ္ထု တစ်ခု ဖြစ်ထွန်းဖို့ နှစ်ကာလ သတ်မှတ်ပြီး လုပ်ဆောင်နိုင်ပေမယ့် လူတွေရဲ့ အကျင့်ပျက်မှု၊ စိတ်ဓာတ် ပျက်ပြားမှုနဲ့ ဆိုင်တဲ့ အကျင့် စာရိတ္တ ပျက်စီးယိုယွင်းမှုကို နှစ်ကာလ သတ်မှတ်ပြီး မည်သူက အာမခံ၍ ကောင်း လာအောင် ဆောင်ရွက်နိုင်မှာလဲ''ဆိုသည့် မေးခွန်းတစ်ခုကို ပြန်လည်ကြားယောင် မိပါသည်။ နှစ်ကာလ ကြာမြင့်မှုအရ ဝန်ထမ်းအိုတစ်ဦး အရွယ်ဘဝ ရောက်လာပြီးဖြစ်သည့် ယနေ့ကာလတွင် မိုးခါးရေ သောက်သုံးသည့်သူ များပြားလာပြီး သောက်စရာ မိုးခါးရေကော ရှိပါ့ဦးမလား ဆိုသည့်အရေး တွေးကြောက်မိပါသည်။

နိုင်ငံ့ဝန်ထမ်း ဆိုသည်မှာ ပြည်သူ့ဝန်ကို ထမ်းရွက်ကြရမည့်သူများ ဖြစ်ကြသကဲ့သို့ အစိုးရ (အာဏာသုံးရပ် ကျင့်သုံး အကောင်အထည်ဖော်သူ)၏ တိုင်းပြည်နှင့်လူမျိုး ကောင်းစားရေး ရွက်ဆောင်ကြိုး ပမ်းနေသည့် အချိန်တွင် တစ်နိုင်ငံလုံးရှိ ပြည်သူ တစ်ရပ်လုံး လိုက်ပါ ဆောင်ရွက်ကြဖို့ အတွက် အစိုးရနှင့် ပြည်သူအကြား စည်းရုံးရေးမှူးများ အဖြစ် ထမ်းရွက်ကြ ရသူများ ဖြစ်ကြပါသည်ဟု ဆိုပါရစေ။ သို့အတွက် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် စောင့်ထိန်း အပ်သော ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို နည်းမှန်လမ်းမှန် ကျင့်သုံးကြရမည် ဖြစ်သကဲ့သို့ ဝန်ထမ်းတစ်ဦးချင်း ကိုယ်ကျင့် သိက္ခာ၊ အကျင့်သီလတို့နှင့် ပြည့်စုံကြရပေမည်။ ဤသို့ဖြင့် ဝန်ထမ်းကောင်းများ အဖြစ် ရပ်တည်ခွင့် ရှိလာမည်ဖြစ်ပြီး ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး၊ ဌာနအကျိုးသုံးပါး တို့ကို အမှန်တကယ် ထမ်းရွက်ကြသူများ အဖြစ် ရောက်ရှိလာမည် ဖြစ်ပါသည်။ ထိုမှသည် နိုင်ငံ အဝန်းရှိ ဝန်ထမ်းထု တစ်ရပ်လုံးသည် ပြည်သူများထဲမှ ပေါက်ဖွားလာသူများ ဖြစ်ကြသည်နှင့် အညီ ပြည်သူကို ကျေးဇူးပြုသော ပြည်သူ့ဝန်တာ အရပ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင် ကြသူများ ဖြစ်ကြသူများ အဖြစ် ပြည်သူ တစ်ရပ်လုံးမှ အားကိုး ယုံကြည်ရသော ဝန်ထမ်းများ ဖြစ်လာကြမည် ဖြစ်သည်။ ငယ်ရွယ်စဉ် မူလတန်း ကျောင်းသားဘဝက သင်ကြားခဲ့ရသော မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိအတန်းနှင့်ကျောင်းကို ကောင်းအောင်ကြိုး စားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည် ဆိုသကဲ့သို့ ဝန်ထမ်းကိုယ်စီ တို့သည် ဝန်ထမ်းကောင်းမှ ဌာနကောင်းမည်၊ ဌာနကောင်းမှ တိုင်းပြည်ကောင်းမည် ဆိုသော သဘောတရားကို လက်ကိုင်ကျင့်သုံး အပ်လှပေသည်။ ဝန်ထမ်းအချင်းချင်း သံယောဇဉ် တရား၊ မေတ္တာတရား၊ သစ္စာတရားတို့ဖြင့် ထုံမွမ်း အပ်လှပေသည်။ ဝန်ထမ်းအချင်းချင်း ဆက်ဆံရေး ကောင်းမွန်မှု၊ တာဝန်ဝတ္တရား ကျေပွန်စွာ ထမ်းဆောင်မှု၊ စိတ်ဝမ်းတူညီ ရှိကြမှု တို့ဖြင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှု ရှိကြရပေမည်။ တပ်မတော်တွင် ကျင့်ထုံး တစ်ရပ်ဖြစ်သည့် တပ်နေပျော်၍ စစ်တိုက်တော်ရမည် ဆိုသကဲ့သို့ ဝန်ထမ်းများသည် ဌာနပျော်၍ အလုပ်တော်ရမည် ဟူသော လက်ကိုင်တရား စွဲကိုင်ပြု အပ်လှပေသည်။

ဌာနတိုင်းရှိ ဝန်ထမ်း အသီးသီး၏ အခြေခံရပိုင်ခွင့်များ ဖြစ်သည့် ဝန်ထမ်းခန့်ထားရေး၊ ရာထူး တိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေးနှင့် လစာစရိတ်ခံစား ရရှိမှုများ၊ နေထိုင် သွားလာမှုများ အဆင်ပြေစွာ ရရှိခံစားရေးနှင့် လုပ်ငန်းခွင် လုပ်ကိုင်မှု လွယ်ကူချောမွေ့ စေခြင်းတို့ဖြင့် ဝန်ထမ်း များသည် ဌာနတွင်း ပျော်ရွှင်ချမ်းမြေ့ကာ အလုပ်များကြိုးပမ်း လုပ်ကိုင် လိုစိတ်များ ပွားများလာစေမည် ဖြစ်ပါသည်။ ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေများကို လိုက်နာကျင့်သုံး နေရမည် ဖြစ်သလို ဌာနစည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းများကိုပါ တစ်ပြိုင်နက် လိုက်နာကျင့်သုံး နေရမည် ဖြစ်ပေသည်။ နိုင်ငံတစ်ဝန်း ဌာနအသီးသီးရှိ ဝန်ထမ်း တိုင်းသည် နိုင်ငံတော်မှ ချမှတ်ပေးသော ရည်မှန်းချက် လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ ရှေ့မှောက်တွင် နိုင်ငံ၏ အစိုးရကိုယ်စား တိုင်းပြည်နှင့် လူမျိုးကောင်းစား ရေး အတွက် ပြည်သူ တစ်ရပ်လုံး အတွက် ဦးစီးဦးဆောင်များ၊ စည်းရုံးရေးမှူးများ အဖြစ် ပြည်သူ့ကိုယ်စားပြု နိုင်ငံ့ဝန်ထမ်း အဖြစ် ဝင့်ထည်စွာ ရပ်တည်ဆောင်ရွက် နိုင်ကြမည် ဖြစ်ပေသည်။ နိုင်ငံ့ဝန်ထမ်း တိုင်းသည် ဆရာကောင်း သမားကောင်းများ၏ ကျင့်ထုံးဖြစ်သည့် စေတနာ၊ ဝါသနာ၊ အနစ်နာဟု ဆိုအပ်သော နာ(၃)နာဖြင့် ပြည်သူ့ အကျိုး၊ နိုင်ငံ့အကျိုး ရွက်ဆောင်ကြိုးပမ်း ကြသူများ ဖြစ်ကြပါစေဟု ဆန္ဒပြု ပါရစေ။ ။

နိုင်ငံ့ဝန်ထမ်း တစ်ဦး
မြ၀တီ
နိုင်ငံတစ်ခု ပြည့်စုံရမည့် အင်္ဂါရပ်များမှာ နိုင်ငံပိုင်နက် နယ်မြေ၊ သင့်တင့်သည့် လူဦးရေ၊ အုပ်ချုပ်သည့် အစိုးရ၊ အချုပ်အခြာ အာဏာတို့ ဖြစ်သည်ဟု ဆိုကြပါသည်။

ရန်ကုန်မြို့တော်၌ တရားခံပြေး ၁၃၀၀ ကျော် လွတ်မြောက်လျက်ရှိ

စစ်ပြေး၊ ရဲပြေး၊ တရားခံပြေးနှင့် ရဲဘက်ပြေးများကို လွန်ခဲ့သော နှစ်လက စတင်၍ စီမံချက်ဖြင့် ဖမ်းဆီး လျက်ရှိရာ ရန်ကုန်မြို့တော်အတွင်း တရားခံပြေး အပါအဝင် ပြေးလေးပြေး ၁၃၀၀ ကျော် လွတ်မြောက် နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

မအောင်မြင်ရတဲ့ အကြောင်းအချက် တစ်ချို့

Photo: မအောင်မြင်ရတဲ့ အကြောင်းအချက် တစ်ချို့
Monday, December 1, 2014

(၁) မကောင်းတဲ့ ဘက်ကိုပဲ စဉ်းစားနေခြင်း
(၂) သူတစ်ပါး အပေါ်မှာ သံသယဖြစ်နေခြင်း
(၃ ) စိတ်တို ဒေါသထွက်ခြင်း
(၄) မအောင်မြင်မှာကို ကြောက်ရွံ့နေခြင်း
(၅) တစ်ပါးသူရဲ့ မကောင်းကြောင်းကို လိုက်ပြောနေခြင်း
(၆) တစ်ခြားသူတွေ အပေါ်မှာရော မိမိကိုယ်ကိုယ်ရော အပစ်တွေကို ရှာနေခြင်း
(၇) မိတ်ဆွေအပေါင်းအသင်း အပေါ်မှာ မလေးမစား ဆက်ဆံပြုမူခြင်း
(၈) ပျင်းရိနေခြင်း
(၉) မကောင်းတဲ့ စကားလုံးတွေကိုပဲ ပြောနေခြင်း
(၁၀) တစ်ပါးသူ အပေါ်မှာ မေတ္တာမထားနိုင်ခြင်း

ကျော်လင်းနိုင်(ရိုးရာလေး)
(၁) မကောင်းတဲ့ ဘက်ကိုပဲ စဉ်းစားနေခြင်း
(၂) သူတစ်ပါး အပေါ်မှာ သံသယဖြစ်နေခြင်း