အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ရွေးကောက်ပွဲစနစ်လေ့လာခြင်း ကိစ္စများဆွေးနွေးမှုကို ၂ဝ၁၅ ရွေးကောက် ပွဲ မကျင်းပမီ ခြောက်လအတွင်း ပြီးမြောက်အောင်ဆောင်ရွက်မည်ဟု အောက်တိုဘာ ၇ ရက်က အီတလီ နိုင်ငံ ရောမမြို့ လွှတ်တော်အဆောက်အအုံတွင် ကျင်းပသည့် ရှစ်ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန် ဆိုင်ရာ မိတ်ဖက်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၈ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက် အရ သိရသည်။
Thursday, 9 October 2014
မှုခင်းဒေသဖြစ်လာသော လှိုင်သာယာကို ဒုစရိုက်မှုများထိန်းချုပ်ရေး ဆောင်ရွက်မည်
မကြာခဏ ဖြစ်ပွားနေ သည့် ဒုစရိုက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြား နေသော ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာ ယာမြို့နယ်တွင် ဒုစရိုက်မှုများ ကျ ဆင်းရေးအတွက် တရားခံပြေး များနှင့် ဥပဒေပြင်ပ စီးပွားရေး လုပ်ကိုင်သူ များကို ဖမ်းဆီးရေး စီမံချက်စတင်လုပ်ကိုင်နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးရေး ပြင်သစ်ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီက ကန်ဒေါ်လာသန်း ၁၅၀ ချေးမည်
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ ရေနှင့် သန့်ရှင်းမှုကဏ္ဍများအတွက် ပြင်သစ်ဖွံ့ ဖြိုးတိုးတက်မှု အေဂျင်စီ (AFD) က ကာလရှည်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၁၅၀ ပေးရန် စီစဉ် နေကြောင်း သတင်းရရှိသည်။
ကွန်ဒိုဆောက်မည့်နေရာတွင် ဗုံးခိုကျင်းဟောင်းတွေ့၍ လုပ်ငန်းရပ်နားထား
မျက်စိဆေးရုံအနီး ဖိုးစိန်လမ်းသွယ်ရှိ နေအိမ်တစ်အိမ်ကို ကွန်ဒိုဆောက်လုပ်ရန် မြေညှိရာ၌ အနက်သုံး ပေရှိပြီး အခိုင်အခံ့တည်ဆောက်ထားသော ဗြိတိသျှခေတ် ဗုံးခိုကျင်းဟောင်း တစ်ခုတွေ့ရှိခဲ့သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထား ကြောင်း သတင်းရရှိသည်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ရကားများ ဈေးတက် အ၀ယ်သွက်
ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ရရှိမည့် ကားများ၏ ဈေးနှုန်းများ မြင့်တက်နေပြီး အ၀ယ် လိုက်နေ ကြောင်း ပြည်တွင်းကား ဈေးကွက်မှ သတင်းရရှိသည်။
ဟွဒ်ဟွဒ် ဆိုက်ကလုန်းမုန်တိုင်း အိန္ဒိယမြောက်ဘက်ကမ်းခြေသို့ ၀င်နိုင်
ကပ္ပလီ ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသော မုန်တိုင်းကို ဆိုက်ကလုန်း မုန်တိုင်း ဟွဒ်ဟွဒ်အ ဖြစ် နိုင်ငံတကာ အမည်တပ်လိုက် ပြီဖြစ်ပြီး သုံးရက်ခန့် အကြာတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ကမ်းခြေသို့ ၀င်ရောက် သွားနိုင်ကြောင်း မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ဗြိတိန်ရှိ ဘော်ဒါနှစ်ခုတွင် တက်ရောက်နိုင်မည့် ဘော်ဒါနှစ်ခု အကြောင်း ဟောပြောမည်
ဗြိတိန်နိုင်ငံရှိ ဘော်ဒါကျောင်းနှစ်ခုဖြစ်သည့် Broms-grove နှင့် Taunton ကျောင်း များ တွင် တက်ရောက်နိုင်သည့် နွေရာ သီသင်တန်းတို (Summer Prog-ramme) အကြောင်း ဟောပြောပွဲကို အောက်တိုဘာ ၁၁ ရက်တွင် ဗြိတိသျှကောင်စီ စာကြည့်တိုက် Self Access Centre ၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အချက်အလက်မပြည့်စုံ၍ ထိုင်းအစိုးရ ဥပဒေအရာရှိက အမှုတွဲဖိုင်ကို ရဲသို့ပြန်အပ်
ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုဖြင့် စွပ်စွဲခံထားရ သည့် ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သားနှစ်ဦး အမှုကို ထိုင်းတရားရုံးက ပယ်ချလိုက် ကြောင်း သတင်းများ အောက်တို ဘာ ၈ ရက် ညနေပိုင်းတွင် ပျံ့နှံ့ သွားခဲ့သော်လည်း အမှန်မှာ ရဲတပ်ဖွဲ့တင်လာသည့် အမှုမှတ်တမ်းတွင် အချက်အလက်များ လို အပ်နေသေး ၍ အစိုးရဥပဒေအ ရာရှိက အမှုဖိုင်ကို ရဲတပ်ဖွဲ့ထံ ပြန်လည်အပ်နှံလိုက်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
အောင်လံမြို့ရှိ အငြိမ်းစားကျောင်းဆရာ၊ ဆရာမများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားကူညီထောက်ပံ့မှုများပေးမည်

အောင်လံမြို့ရှိ ကျောင်းဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့နေစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)
အောင်လံမြို့ပေါ်ရှိ အငြိမ်းစားကျောင်းဆရာကြီး၊ဆ ရာမကြီးများအား ကျန်းမာရေး ဆိုင်ရာ ကူညီ စောင့်ရှောက်ခြင်း နှင့်အခြားကူညီထောက်ပံ့ပေးမှု လုပ်ငန်းများကို ယခုနှစ်တွင် စတင်ဆောင်ရွက်မည်ဟု အောင်လံ(ထက်၊ လယ်၊ မူ)အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ(မျိုးဆက်သစ်)အဖွဲ့မှ သတင်းရရှိ သည်။
Wednesday, 8 October 2014
လိပ်ကျွန်းလူသတ်မှု အဓိကသက်သေ မောင်မောင်က စွပ်စွဲခံမြန်မာ ၂ဦး သတ်သည်ကို မြင်လည်းမမြင် သိလည်းမသိကြောင်း ပြောကြား

လိပ်ကျွန်း လူသတ်မှု အဓိကမျက်မြင်ဟု ထိုင်းအစိုးရက သက်သေအဖြစ် ရွေးထားသော မောင်မောင်က အဆိုပါ လူသတ်မှုကို မိမိအနေဖြင့် မြင်လည်းမမြင်၊ သိလည်း မသိကြောင်း ပြောကြားသည်ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံ သားများ အသင်း တာဝန်ရှိသူ ဦးကျော်သောင်းက News Watch ကို ပြောသည်။
ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ယောက်ျားအင်္ဂါအတု ပညာရှင်များ စမ်းသပ်လိုဟုဆို

မြောက်ကာရိုလိုင်းနား ပြည်နယ် Wake Forest Institute မှ အန်သိုနီအက်တလာ ဦးဆောင်သည့် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့သည် စမ်းသပ်ခန်းအတွင်း ယောက်ျားအင်္ဂါအတုကို မွေးမြူထားနိုင်ခဲ့ပြီး၊ လာမည့် ငါးနှစ်အတွင်း ယင်းအင်္ဂါအတုကို တပ်ဆင်စမ်းသပ်ပေးမည့် စေတနာ့ဝန်ထမ်းလူနာ တစ်ဦးကို အလိုရှိကြော င်း The Guardian သတင်းတွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလ ဆိပ်ခံတံတား နိုဝင်ဘာလ ကုန်တွင် အပြီးသတ်ဖွင့်နိုင်ရန် ရည်ရွယ်ထားဟုဆို

JFE၊ NIPON၊ JICA တို့ ပူးပေါင်းတည်ဆောက်နေသော ဒလဆိပ်ကမ်းတွင်ထားရှိမည့် ကွန်ကရစ် ဘောတံတား အသစ်ကို ဒလသင်္ဘောကျင်း၌ အောက်တိုဘာ ၇ ရက်က ရေချစမ်းသပ်နေစဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ)
ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလဆိပ်ခံတံတားကို နိုဝင်ဘာလကုန်တွင် ဖွင့်နိုင်ရန် ရည်ရွယ် ထားသည်ဟု ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပြန်ကြားရေး တာဝန်ခံ မတင်ဇာအောင်က မဇ္ဈိမကို ပြောသည်။
လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်သော နေရာ များတွင် ရွေးကောက်ပွဲ ကျင်းပ ပေးသွားမှာဖြစ်
ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲ ကော်မရှင်
အဖွဲ့ခွဲ အဆင့်ဆင့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ
တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့
မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး
လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး
ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး
ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ပါတီ၊ ထားဝယ် တိုင်းရင်းသား ပါတီတို့မှ တာဝန်ရှိသူများ၊ အရပ်ဘက်
လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေးပေးစေ လိုသည့် အချက်များကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။ (ဓာတ်ပုံ - အီးပီအေ)
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မနက်ဖြန် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ် ခရီးလာရောက်ရန် စီစဉ်ထားရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေ သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးရန်လိုသည့် အချက်များကို ဘန်ကောက်မြို့၊ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) က တိုက်တွန်းချက် တစ်ရပ်ကို အောက်တိုဘာ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
စပိန်နိုင်ငံမှ ကက်တလန်ဒေသခွဲထွက်ခဲ့ပါက ဘာစီလိုနာအသင်းလည်း လာလီဂါပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်

ကက်တလန်ဒေသသည် စပိန်နိုင်ငံမှ ခွဲထွက်ပြီး လွတ်လပ်သော ဒေသတစ်ခုအဖြစ်ထူထောင်ခွင့် ရရှိပါက ဘာစီလိုနာအသင်းကိုလည်း လာလီဂါပြိုင်ပွဲမှထုတ်ပယ် ရလိမ့်မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ပြောသည်။
စိန်တောင်ကြီး၊ မြတောင်ကြီး ကျေးရွာသားများ မြေနုကျွန်းခွဲဝေရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လက်ပံလှကျေးရွာအုပ်စု ပဲခူးစုကျေး ရွာ၊ စိန်တောင်ကြီး၊ မြတောင်ကြီးကျေး ရွာသားတို့မှ အောက်တိုဘာ ၇ရက် နံနက်ပိုင်းက တောင်းဆိုချက်လေး ချက်ဖြင့် ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။
ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် သက်သေအဖြစ် ထိန်းထားတဲ့ မြန်မာနှင့် တွေ့ခွင့်ရပြီ

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲကို သတ်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခံထားရတဲ့ မြန်မာနှစ်ဦးရဲ့ သူငယ်ချင်းဖြစ်ပြီး ဒီဖြစ်စဉ်မှာ ထိုင်းအစိုးရက သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မောင်မောင်ကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒီနေ့ Kohsamuai မြို့မှာ တွေ့ခွင့်ရခဲ့ပါတယ်။
ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဆိုကာ ဒေါ်လာသိန်းချီ လိမ်လည်
ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ
ဘုရားဖူးများထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်း လိမ်လည်ခဲ့သည်ဟု
တိုင်ကြားခံရသော ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Arrow Lane Travels &
Tours ကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဟာဂျီရော်နီ (ခ) ဦးခင်မောင်အေး ကို
အောက်တိုဘာလ ၆ ရက်နေ့က လိမ်လည်မှုဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း
ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ပရီးမီးယားလိဂ် ဒဏ်ရာရ ကစားသမားစာရင်းတွင် မန်ယူ ဦးဆောင်

ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ တွင် မန်ယူအသင်းသည် ဒဏ်ရာရကစားသမား အများဆုံး အသင်း အဖြစ် ဦးဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲဗာတန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် လူငယ်နောက်ခံ ကစားသမား ပက်ဒီမက်နဲ တံကောက်ကြော ဒဏ်ရာရရှိ ပြီးနောက်တွင် မန်ယူ၏အဓိကစားသမား ဒဏ်ရာရစာရင်းမှာ ကိုးဦးအထိရှိသွားပြီဖြစ်သည်။ ပက်ဒီမက်နဲ ဒဏ်ရာရရှိခဲ့ခြင်း သည် လုခ်ရှော(ဒူး)၊အီဗန်(ခြေကျင်းဝတ် )၊ ဖေးလ်ဂျူံးစ်(တံကောက်ကြော)၊ စမောလင်(ပေါင်) တို့ ဒဏ်ရာ ရရှိနေသည့် မန်ယူနောက်တန်းအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်လာခဲ့သည်။
ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှာစိုးရိမ်၊ တိုက်ပွဲများ ထပ်ဖြစ်မလာစေရေး ပြတ်ပြတ်သားသား တားဆီးသွားမည်ဟုဆို
တပ်မတော်နဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ဖြစ်ပေါ်နေတဲ့
တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ကြဖို့
တိုက်တွန်းကြောင်းကို 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလား
အထူးဒေသ(၄) အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းပြီး အောက်တိုဘာ ၅ရက်နေ့စွဲဖြင့်
ထုတ်ပြန်ခဲ့ပါတယ်။
Subscribe to:
Posts (Atom)