Thursday 9 October 2014

စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးရေး ပြင်သစ်ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီက ကန်ဒေါ်လာသန်း ၁၅၀ ချေးမည်

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ ရေနှင့် သန့်ရှင်းမှုကဏ္ဍများအတွက် ပြင်သစ်ဖွံ့ ဖြိုးတိုးတက်မှု အေဂျင်စီ (AFD) က ကာလရှည်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၁၅၀ ပေးရန် စီစဉ် နေကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်ရှိ အသေးစား ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေး၊ မြန်မာ့ပင် လယ်ပြင် သဘာဝ အရင်းအမြစ် စီ မံခန့်ခွဲမှုနှင့် မန္တလေးမြို့ရှိ ရေပေး ဝေမှုစနစ်မြှင့်တင်ရေးတို့အတွက် မြန်မာအစိုးရ ကို ငွေချေးရန် ဆုံး ဖြတ်ထားခြင်း ဖြစ်သည်။

ချေးငွေပေးမှုအစီအစဉ်ကို လာမည့်နှစ်အတွင်း ဆောင်ရွက် မည်ဖြစ်ပြီး စီမံကိန်းအသစ်များ အတွက် မြန်မာနိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေပေါ် တွင် သုံးသပ်ဆောင်ရွက်မည်ဟု ပြင်သစ်ဖွံ့ဖြိုး တိုးတက်မှုအေဂျင် စီ ထိုင်း၊ မြန်မာ ဌာနေကိုယ်စားလှယ်ကပြောသည်။

ပြင်သစ်ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီသည် မြန်မာနိုင်ငံ၏ စွမ်းအင်၊ ပို့ဆောင်ရေးနှင့် မြို့ပြရေ ရှည်ဖွံ့ဖြိုး တိုးတက်မှုကဏ္ဍများ အတွက်ပါ ချေးငွေဆက်လက် ထောက်ပံ့မည့်အလားအလာရှိ သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က လုပ်ငန်းစတင်လည်ပတ်ခဲ့ သော ပြင်သစ်ဖွံ့ဖြိုးတိုး တက်မှု အေဂျင်စီသည် ကျေးလက်ဖွံ့ဖြိုး တိုးတက်မှု၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေးကဏ္ဍသုံးခုတို့တွင် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

လက်ရှိအချိန်တွင် ပြင်သစ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီသည် မြန်မာနိုင်ငံ၌ အပူပိုင်းဒေသစိမ်းလန်းရေး၊ ကရင်ပြည်နယ် တွင် ကျေးလက်သမ၀ါယမနှင့် အသေးစားလုပ်ငန်းများဖွံ့ဖြိုးရေးအပါ အ၀င် စီမံကိန်း ၁၀ ခုအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့ငွေအစီအစဉ်ဖြင့် ဆောင်ရွက် လျက်ရှိသည်။

မင်းကွန်းနှင့် ကနီဒေသတို့ တွင် ဆည်မြောင်းရေတင်မှု ပြန် လည်ကောင်းမွန်လာစေရေး၊ ဒေသခံနှင့် ၀န်ထမ်းများ၏ စွမ်းရည် မြှင့်တင်စေရေးတို့အတွက် အမေ ရိကန်ဒေါ်လာ ငါးသန်းထောက်ပံ့ ရန် ပြီးခဲ့သည့် စက်တင်ဘာလက သဘောတူခဲ့သည်။

7Day DAILY 

No comments:

Post a Comment