Thursday 9 October 2014

မှုခင်းဒေသဖြစ်လာသော လှိုင်သာယာကို ဒုစရိုက်မှုများထိန်းချုပ်ရေး ဆောင်ရွက်မည်

မကြာခဏ ဖြစ်ပွားနေ သည့် ဒုစရိုက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြား နေသော ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာ ယာမြို့နယ်တွင် ဒုစရိုက်မှုများ ကျ ဆင်းရေးအတွက် တရားခံပြေး များနှင့် ဥပဒေပြင်ပ စီးပွားရေး လုပ်ကိုင်သူ များကို ဖမ်းဆီးရေး စီမံချက်စတင်လုပ်ကိုင်နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လှိုင်သာယာမြို့နယ်အတွင်း မှုခင်းများ လျော့နည်းကျဆင်းစေ ရေးနှင့် ဒုစရိုက်မှုများ ကျူးလွန် တတ်သူများ ခိုအောင်းနေထိုင်နိုင် မှု မရှိစေရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများနှင့် မြို့ နယ်အထောက်အကူပြု အဖွဲ့များ ပူးပေါင်းပြီး စီမံချက်ချ လုပ်ကိုင်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လှိုင်သာယာ မြို့နယ်တွင်အောက်တိုဘာ ၄ ရက်မှ ၇ ရက် အတွင်း စစ်ပြေးနှစ်ဦး၊ ရဲဘက် ပြေး နှစ်ဦး တို့အား ဖမ်းဆီးရမိခဲ့ ပြီး လက်နက်ဥပဒေဖြင့် အရေးယူ မှုသုံးမှု၊ လောင်းကစား  ဖမ်းဆီးအရေးယူမှုတစ်မှု၊ ပြည့်တန်ဆာ ဖမ်းဆီးအရေးယူမှု နှစ်မှု၊ ယစ်မျိုး ဥပဒေဖြင့် အရေးယူမှုတစ်မှု၊ ရဲ အက်ဥပဒေဖြင့် အရေးယူမှု ငါးမှု၊ ခိုးမှု၊ မသင်္ကာမှုဖြင့် အရေးယူမှု ၁၆ မှု၊ ခြေချုပ်နှင့်ခံဝန် ဥပဒေဖြင့် အရေးယူမှု ၁၀ မှု၊ ဗီဒီယိုအက် ဥပဒေဖြင့် အရေးယူမှု တစ်မှု၊ စု စုပေါင်း ၃၉ မှု ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ စာရင်းဇယား များအရ သိရသည်။

‘‘ဒီလိုမှ မဟန့်တားရင် အ ခြေအနေက ပိုဆိုးလာမယ့် သ ဘောရှိတယ်။ အခုတစ်ခေါက်က နာမည်ကြီးတဲ့ သူတွေကို စောင့် ကြည့်တာ လုပ်တယ်။ ကျော်ကြား သူတွေကို ခေါ်စစ်တာတွေ လုပ် တယ်’’ ဟု လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

လှိုင်သာယာမြို့နယ်သည် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှု ရှေ့ပြေးစာ ရင်းများအရ ရန်ကုန်တိုင်းဒေသ ကြီးတွင် လူဦးရေ အများဆုံးနေ ထိုင်သည့် မြို့နယ်ဖြစ်ပြီး တိုင်း ဒေသကြီးတစ်ခုလုံး လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် လှိုင်သာ ယာတွင် နေထိုင်ခြင်းဖြစ်သည်။

လူဦးရေ များပြားမှုနှင့် လိုက် လျောညီထွေရှိသည့် ရဲတပ်ဖွဲ့ဝင် များ မရှိခြင်းနှင့် တရားဥပဒေစိုး မိုးရေး လိုအပ်ချက်များကြောင့် ပြီးခဲ့သည့် နှစ်အတွင်းမှ စတင် ပြီး မှုခင်းဖြစ်ပွားမှု သိသိသာသာ  တိုးလာကြောင်း မြို့ခံများက ပြော သည်။

‘‘နေရာတိုင်းနီးပါး လူမိုက် ဂိုဏ်းလိုပုံမျိုးတွေရှိတယ်။ တစ် လောက ကျူးကျော်တွေ ဖျက် တုန်းက အစိုးရက သူတို့ကို ခေါ် ခိုင်းလိုက်တော့ ပိုဆိုးသွားတယ်။ သူတို့က ပိုက်ဆံပေးရင်ပေးတဲ့ ဘက်က ၀င်လုပ်ပေးတယ်’’ ဟု လှိုင်သာယာမြို့ခံ ဦးအောင်နိုင်က ပြောသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ မြို့နယ်သည် ဥပဒေနှင့် မလွတ်ကင်းသည့်  အသက်မွေးဝမ်း ကျောင်းပြုသူများ၊ ပြစ်မှုကျူးလွန် ပြီး ထွက်ပြေးတိမ်းရှောင် နေသူများ၊ ဒုစရိုက်မှုကျူးလွန်တတ်သူများ၊ ပြစ်ဒဏ်ကျခံဖူးသူများ နေထိုင်ဝင်ထွက်သွားလာခြင်းများ ပြားလာသည့်အတွက် မှုခင်းများ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိရကြောင်း ရေးသားထားသည်။

7Day DAILY 

No comments:

Post a Comment