Thursday 9 October 2014

အချက်အလက်မပြည့်စုံ၍ ထိုင်းအစိုးရ ဥပဒေအရာရှိက အမှုတွဲဖိုင်ကို ရဲသို့ပြန်အပ်

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုဖြင့် စွပ်စွဲခံထားရ သည့် ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သားနှစ်ဦး အမှုကို ထိုင်းတရားရုံးက ပယ်ချလိုက် ကြောင်း သတင်းများ အောက်တို ဘာ ၈ ရက် ညနေပိုင်းတွင် ပျံ့နှံ့ သွားခဲ့သော်လည်း အမှန်မှာ ရဲတပ်ဖွဲ့တင်လာသည့် အမှုမှတ်တမ်းတွင် အချက်အလက်များ လို အပ်နေသေး ၍ အစိုးရဥပဒေအ ရာရှိက အမှုဖိုင်ကို ရဲတပ်ဖွဲ့ထံ ပြန်လည်အပ်နှံလိုက်ခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ၏ တရားရုံးစနစ် အရ ရဲက တိုက်ရိုက်စွဲချက်တင်၍ မရပေ။ အစိုးရဥပဒေအရာရှိကို အမှုမှတ်တမ်း ပေးပို့ရပြီး ယင်း အရာရှိက တရားစွဲမည့်ပုဒ်မနှင့် တရားစွဲမည့်အချက် စသည်တို့ ကို လုပ်ဆောင်ရသည်။ ယခု ခို တောင်ကျွန်း လူသတ်မှုတွင် ရဲက တင်လာသည့် အမှုကို တရားရုံး က လက်မခံခြင်းမဟုတ်ဘဲ အမှု တွဲမှတ်တမ်းတွင် အချက်အလက် များ ပြည့်စုံလုံလောက်မှုမရှိ၍ ပြန်လည်ဖြည့်စွက်ရန် ဥပဒေအ ရာရှိက ရဲများကို ပြန်အပ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် ဗြိတိန် စုံတွဲ အသတ်ခံရမှုအတွက် ၎င်း တို့၏ စုံစမ်းစစ်ဆေးမှုမှတ်တမ်း ကို အောက်တိုဘာ ၇ ရက်က စမွီ ခရိုင် တရားစွဲဆိုစွဲချက်တင်ခြင်း ဆိုင်ရာရုံး၌ တင်သွင်းခဲ့သည်။ စာ မျက်နှာ (၈၅၀)ပါဝင်သည့် စုံစမ်း စစ်ဆေးမှုမှတ်တမ်း၌ မြန်မာနိုင်ငံ သားနှစ်ဦးဖြစ်သည့် စောနှင့် ဝင်း တို့နှစ်ဦးကို လူသတ်မှု၊ အဓမ္မပြု ကျင့်မှု၊ လုယက်မှု၊ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုတို့ဖြင့် တရားစွဲရေးကို ထောက်ခံမှတ် တမ်းတင်ထားသည်။

7Day DAILY 

No comments:

Post a Comment