Thursday 9 October 2014

ဟွဒ်ဟွဒ် ဆိုက်ကလုန်းမုန်တိုင်း အိန္ဒိယမြောက်ဘက်ကမ်းခြေသို့ ၀င်နိုင်

ကပ္ပလီ ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသော မုန်တိုင်းကို ဆိုက်ကလုန်း မုန်တိုင်း ဟွဒ်ဟွဒ်အ ဖြစ် နိုင်ငံတကာ အမည်တပ်လိုက် ပြီဖြစ်ပြီး သုံးရက်ခန့် အကြာတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ကမ်းခြေသို့ ၀င်ရောက် သွားနိုင်ကြောင်း မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားသည်။

‘‘ပင်လယ်ပြင်မှာပဲ မိုးနဲ့ လေအဓိက သတိထားရမယ်။ အတွင်းပိုင်းကတော့ မုန်တိုင်းရဲ့ သက်ရောက်မှု သိပ်မရှိနိုင်ဘူး။မုန် တိုင်းက ပိုအားကောင်းလာပေ မယ့် အိန္ဒိယနိုင်ငံကမ်းရိုးတန်း ဘက်ကိုပဲ ဦးတည်နေပါ တယ်’’ဟု ဒေါက်တာထွန်းလွင် က ပြောကြားသည်။

အဆိုပါ မုန်တိုင်းသည် တန င်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ကမ်းလွန်ပင်လယ်ပြင်တွင် စတင်ဖြစ်ပေါ် လာခြင်းဖြစ်သည်။ မုန်တိုင်းငယ် အဆင့်ဖြင့် အောက်တိုဘာ ၇ ရက်နှင့် ၈ရက်များက ကိုကိုးကျွန်းနှင့် ဟိုင်းကြီးကျွန်းတို့ကြားမှဖြတ်၍ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ပင်လယ်ပြင် သို့ ရွေ့လျားနေစဉ်ကော့သောင်းမြို့နှင့် ကိုကိုးကျွန်းမြို့ တို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။

မိုး/ဇလဌာနက ကပ္ပလီပင်  ပြင်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းသို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း ဟွဒ်ဟွဒ်အဖြစ်သို့ ရောက်ရှိ ခဲ့ပြီး မြန် မာနိုင်ငံ ကိုကိုးကျွန်း၏အနောက် တောင်ဘက်မိုင် ၁၃၀ခန့်နှင့် အိန္ဒိ ယနိုင်ငံ ဗီဇာကာ ပတ္တနမ်မြို့၏အရှေ့တောင်ဘက် မိုင် ၆၀၀ ခန့်အ ကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကာ ပိုမိုအားကောင်း လာနိုင်ပြီး အနော က်မြောက်ဘက်(အိန္ဒိယနိုင်ငံ   ကမ်းခြေ)သို့ ဆက်လက်ရွေ့လျား မည်ဟု ခန့်မှန်းထား ကြောင်း သ တင်း ထုတ်ပြန်ထား သည်။

ဆိုင်ကလုန်းမုန်တိုင်း Hud Hud(ဟွဒ်ဟွဒ်)သည် ၂၀၁၄ခုနှစ် အတွင်း မြန်မာနိုင် ငံနှင့် ဆက်စပ် နေသည့် ပင်လယ်ပြင်တွင်သုံးလုံး မြောက်မုန်တိုင်းဖြစ်ပြီး ယခုတစ် ကြိမ်တွင် အာရေဗျပင်လယ်ကမ်း ခြေနိုင်ငံဖြစ်သော အိုမန်နိုင်ငံက အမည်ပေးထားခြင်းဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင်က ရှင်းပြ သည်။

7Day DAILY 

No comments:

Post a Comment