Thursday 9 October 2014

ဗြိတိန်ရှိ ဘော်ဒါနှစ်ခုတွင် တက်ရောက်နိုင်မည့် ဘော်ဒါနှစ်ခု အကြောင်း ဟောပြောမည်

ဗြိတိန်နိုင်ငံရှိ ဘော်ဒါကျောင်းနှစ်ခုဖြစ်သည့် Broms-grove နှင့် Taunton ကျောင်း များ တွင် တက်ရောက်နိုင်သည့် နွေရာ သီသင်တန်းတို (Summer Prog-ramme) အကြောင်း ဟောပြောပွဲကို အောက်တိုဘာ ၁၁ ရက်တွင် ဗြိတိသျှကောင်စီ စာကြည့်တိုက် Self Access Centre ၌ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ   ဟောပြောပွဲသို့ Bromsgrove နှင့် Taunton ကျောင်းများမှ Ms Rachel Scan-nell (Assistant Head, Broms-grove School) နှင့် Mrs CarolineNixon (International Recruit-ment Director, Taunton School)တို့အပြင် ယခင်နှစ်က သင်တန်းတက်ရောက်ခဲ့ သည့် ကျောင်းသား များကလည်း ၎င်းတို့၏အတွေ့အကြုံများ ကို  လာရောက်ရှင်းပြမည် ဖြစ်သည်။

အဆိုပါနွေရာသီသင်တန်း  သည် ဗြိတိန်နိုင်ငံရှိ ကျောင်းများသို့ သွားရောက် ပညာသင်ကြားရန် ရည်ရွယ် ထားသည့် ကျောင်းသားများ၊ GCE၊ IB Qualifica-tions ဖြေဆိုရန် ပြင်ဆင်နေသည့် ကျောင်းသားအတွက် သင့်လျော်ကြောင်း ဗြိတိသျှကောင်စီ (မြန်မာ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

နွေရာသီသင်တန်းတိုမှာ အသက် (၇) နှစ်မှ (၁၇) နှစ်အရွယ် ကျောင်းသားများ အတွက်ဖြစ်ပြီး အဆိုပါ ကျောင်းများ၏ ဘော်ဒါ ဆောင်တွင် နွေရာသီကာလ (ဇွန် လကုန်မှ သြဂုတ်လဆန်း)အတွင်းနေထိုင်၍ ကျောင်း၏ သင်ကြားမှု ပုံစံအတိုင်း အင်္ဂလိပ်ဘာသာစ ကားကို ဆရာတစ်ဦးလျှင် ကျောင်းသား ၁၀ ဦး နှုန်းဖြင့် သင်ကြားပေးမည် ဖြစ်သည်။

တက်ရောက်လိုသူများသည် နိုင်ငံတကာနှင့် ယူကေမှ ကျောင်းသားများနှင့်အတူ တက်ရောက်သင်ကြား ရမည်ဖြစ်ပြီး သင်တန်းတိုကာလအတွင်း ကျောင်းသားများ အတွက် လေ့လာရေးခရီးစဉ်များ၊ Maths, Business Studies,Literature, Art & Economicsအစရှိသော ဘာသာရပ်များနှင့် အခြားလေ့လာစရာ များကို သင်ကြားနိုင်မည့်အခွင့်အလမ်းများလည်းရှိကြောင်း ဗြိတိသျှကောင်စီ(မြန်မာ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဟောပြောပွဲသို့တက်ရောက်လိုသူများသည် http://tinyurl.com/bc-education-seminar တွင် စာရင်းပေးသွင်းနိုင်ပြီး ဆွေးနွေးပွဲနှင့် ပတ်သက်၍ သိလိုသည်များကို ဖုန်း ၀၁-၃၇၀၉၃၃ (လိုင်းခွဲ-၃၃၁၁)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဗြိတိသျှကောင်စီ မြန်မာမှ သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment