Thursday 9 October 2014

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ရကားများ ဈေးတက် အ၀ယ်သွက်

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ရရှိမည့် ကားများ၏ ဈေးနှုန်းများ မြင့်တက်နေပြီး အ၀ယ် လိုက်နေ ကြောင်း ပြည်တွင်းကား ဈေးကွက်မှ သတင်းရရှိသည်။

၂၀၁၅ ခုနှစ်တွင် ဌာနသို့ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံပါက အခွန်လျှော့ပေါ့ ခံစားခွင့် ပေးတော့မည် မဟုတ်ဟု ဆိုခြင်း ကြောင့် ယခုကာလတွင် အ၀ယ် များလာပြီး စလစ်ဈေးနှုန်းများ မြင့်တက်လာကြောင်း  လှိုင်ယာဉ် ရောင်းဝယ်ရေး စခန်းမှ ကားဝယ် ရောင်း ဦးမျိုးမြင့်က ပြောသည်။

‘‘အပ်ကားတွေ ဈေးကွက်ထဲမှာ အရမ်းဝယ်လာကြတယ်။ အပ်ကားဈေးပဲ တက်သွားတယ်။ လက်တင်စီး ကားလေးတွေ ရဲ့ ဈေးတွေတော့ ထပ်မတက်လာ ပါဘူး’’ ဟု အထက်ပါ ၀ယ်ရောင်းက ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်ထက် အပ်ကားဈေးမှာ ကျပ်ဆယ်သိန်းကျော် မြင့်တက်သွားပြီး အပ်ကား ရောင်း ၀ယ်သူ နည်းသွားသော်လည်းဝယ်ယူလိုသူ များပြား လာကြောင်း ကားဝယ်ရောင်းအချို့က ပြော သည်။

 အမြင့်ပိုင်း ကားများဖြစ် သည့် ဟာရီယာ၊ ပါဂျဲရို၊ ဆာ့ဖ်အစရှိသော မော်ဒယ်မြင့် ကားများမှာ မကြာမီ ထုတ်ပြန်မည့် စီအိုင် အက်ဖ်တန်ဖိုး အသစ်တွင် အ ပြောင်း အလဲ များ ပြုလုပ်ထား သည်ဟု သတင်းများ ထွက်ပေါ် နေသောကြောင့် အရောင်းအ၀ယ်ကိုလည်း အမြန်ဆုံး ပြုလုပ်လျက်ရှိကြောင်း ဟံသာဝတီ ယာဉ် ရောင်းဝယ်ရေးစခန်းဟောင်းအ နီးတွင် အရောင်းအ၀ယ်ပြုလုပ်သူ အချို့က ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်က ကရင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော မငြိမ် မသက် မှုများ ကြောင့် ရန်ကုန်ကားဈေးကွက် သို့ တိုက်ရိုက်ဆင်း ၀ယ်ယူလေ့ရှိ သည့် ၁၅၀၀ စီစီ အင်ဂျင်ပါဝါကား အများစု အရောင်းအ ၀ယ်ရပ်ဆိုင်း သွားကြောင်း ကားဝယ်ရောင်းအချို့က ဆိုသည်။

၁၃၀၀ စီစီ အင်ဂျင်ပါဝါ ကားငယ်များ ရန်ကုန်အ၀ယ်အနည်းငယ်ရှိသော်လည်း အများစုက ယခုလတွင် ထုတ်ပြန်ဖွယ်ရှိပြီး ၂၀၁၅ တွင် အသက်ဝင်မည့် စီအိုင်အက်ဖ်တန်ဖိုးကို စောင့်ကြည့်နေကြ၍ အရောင်း အ၀ယ် မပြုလုပ်ကြဟု ဆိုသည်။

လက်ရှိတွင် စက်မှုဇုန်ထုတ် ကားများ၏ အမည်ပေါက်စလစ် မှာ ကျပ် ၆၄ သိန်း အထိရှိပြီး လက်ရှိဌာနသို့ ယာဉ်အို ယာဉ်ဟောင်းအဖြစ် အပ်နှံမှုအများဆုံးဖြစ်နေ သည့် (၂က) ကားမှာ ကျပ် ၆၆ သိန်းအထိ ဈေးနှုန်းများ ပြန်လည်မြင့်တက် လာပြီဖြစ် သည်။

7Day DAILY 

No comments:

Post a Comment