Friday, 26 September 2014

စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ တပ်ဆင်မည်

Photo: စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ တပ်ဆင်မည်
Friday, September 26, 2014

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ စတင်တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုတပ်ဆင်ပေးမည့်နေရာသုံးခုမှာ စစ်တွေမြို့ရှိ ဦးဥတ္တမလမ်းနှင့် လမ်းမကြီးလမ်းဆုံ၊ ကုန်သည် လမ်းနှင့် လမ်းမကြီးလမ်းဆုံနှင့် လောကာ နန္ဒာစေတီ အနီးရှိ လမ်းဆုံတို့ဖြစ်ကြကြောင်း သိရသည်။

ယခုအခါ စစ်တွေမြို့တွင် မော်တော်ကားများ၊ ဆိုင်ကယ်များများပြားလာပြီး ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမှုကြောင့် ယခုကဲ့သို့မီးပွိုင့်များတပ်ဆင်ပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့ရှိ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးသို့ နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒီကိစ္စက ကျွန်တော်တို့နဲ့မသက်ဆိုင်ပါဘူး။ စည်ပင်ကိုပဲ မေးလိုက်ပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင် ပြည်နယ်စည်ပင်ရုံးကိုဆက်သွယ်မေးမြန်းရာ ယင်းမှတာဝန်ရှိသူတစ် ဦးက “ဒီကိစ္စက လျှပ်စစ်ဌာနနဲ့ပဲဆိုင်ပါတယ်။ လျှပ်စစ်ကိုမေးပြီးမှ ကျွန်တော်တို့ အတည်ပြုပြောလို့ ရမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့်တပ်ဆင်ပေးမည့်အဆိုပါမီးပွိုင့်များမှာ ဘဏ္ဍာရေးအခြေအရ ဒီဂျီတယ်မီးပွိုင့်များမဟုတ်သေးဘဲ ရိုးရိုးမီးပွိုင့်များသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုနောက်ပိုင်း ယာဉ်များရှုပ်ထွေးလာနေပြီး မီးပွိုင့်စနစ်များမရှိသည့် အတွက် ယာဉ်မတော်တဆမှုများလည်း ပိုမိုဖြစ်ပွားလာနေသည်ကိုတွေ့ရကြောင်း မြို့ခံများက ပြောသည်။

သို့သော် ယာဉ်မတော်တဆမှုများပိုမိုဖြစ်ပွားနေရခြင်းမှာ ယာဉ်မောင်းသူများ၏ အရက်သေစာသောက် စားမူးယစ်ကာ စည်းကမ်းမဲ့စွာမောင်းနှင်ကြမှုများကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမှတ်(၅) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(စစ်တွေ)မှ ရဲအုပ်မောင်မောင်ထွန်းက သုံးသပ်ပြောသည်။

ယခုတပ်ဆင်ရန်ပြင်ဆင်နေသည့် မီးပွိုင့်များကို မည်သည့်အချိန်တွင်စတင်တပ်ဆင်ပေးသွားမည်ဆို သည်ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

 နိရဉ္စရာ

ယာဉ်ကြောများ ပိတ်ဆို့နေသော စစ်တွေမြို့မှ ကုန်တန်းလမ်း (ဓါတ်ပုံ- နိရဉ္စရာ)
ယာဉ်ကြောများ ပိတ်ဆို့နေသော စစ်တွေမြို့မှ ကုန်တန်းလမ်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ စတင်တပ်ဆင်ပေး သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သိန်းကိုးဆယ်ဖြင့် ဂျပန်ပို့မည်ဟု တရားမ၀င်လုပ်သားခေါ်ယူ မှုများ အေဂျင်စီ အသင်းချုပ် သတိပေး

အွန်လိုင်းပေါ်တွင် ဂျပန်နိုင်ငံသို့ ကျပ်သိန်း ၉၀ ဖြင့် လုပ် သားပို့ဆောင်နေ သည်ဟု ခရီး သွားလုပ်ငန်း အချို့က တရားမ၀င် ကြော်ငြာထားသဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသင်းချုပ်က သတိပေး တားမြစ်မှုများ ဆောင် ရွက်နေကြောင်း  သတင်းရရှိ သည်။

အလုံးစုံ လွှမ်းခြုံသော မြေယာဥပဒေ ၂၀၁၅ တွင် အပြီးသတ် ရေးဆွဲမည်ဟု သမ္မတရုံးဝန်ကြီးပြော

Photo: အလုံးစုံ လွှမ်းခြုံသော မြေယာဥပဒေ ၂၀၁၅ တွင် အပြီးသတ် ရေးဆွဲမည်ဟု သမ္မတရုံးဝန်ကြီးပြော
Friday, September 26, 2014

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မြေယာပိုင်ဆိုင်မှု၊ အငြင်းပွားမှုများအတွက် အလုံးစုံလွှမ်းခြုံသော မြေယာဥပဒေ တစ်ခုကို လာမည့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် ရေးဆွဲနေသော အဆိုပါ မြေယာအသုံးချ မူဝါဒကို စတင်ရေးဆွဲနေပြီ ဖြစ်ပြီး ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်နိုင်ဖွယ် ရှိကြောင်း၊ အဆိုပါ မူဝါဒ ရေးဆွဲပြီးပါက ရေအရင်းအမြစ် အသုံးချမှု စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားရန် လျာထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အမေရိကန် ဘီလျံနာတစ်ဦးကမူ မြန်မာနိုင်ငံတွင် မြေယာသိမ်းဆည်းမှုများ ဆက်လက် ကျန်ရှိနေပြီး အမေရိကန် ကုမ္ပဏီများဘက်က အမေရိကန်အစိုးရ၏ သတ်မှတ်ချက်အတိုင်း တစ်သဝေမတိမ်း လိုက်နာပြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သတိပြုရန် လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သော မြေယာအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြေယာအသုံးချ စီမံခန့်ခွဲရေးအတွက် မြေယာမြေပုံနှင့် စီမံကိန်းများအကြောင်း ဆွေးနွေးခဲ့ကြောင်း၊ ယင်းစီမံကိန်းများတွင် မြို့ပြစီမံကိန်းများ၊ စီးပွားရေးဇုန်များ အပြင် အိမ်ခြေရာမဲ့များအတွက် မြေယာပံ့ပိုးရေး အစီအစဉ်များ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
“ဘယ်လောက်တောင်လဲဆို ဒီစီမံကိန်းတွေထဲမှာ မြေယာအငြင်းပွားမှု ကိစ္စတွေအထိ မျှော်မှန်းထားတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုလာရင် ဒီစီမံကိန်းကြည့်ပြီး ဘယ်နေရာ ဘာလုပ်မယ်ဆိုတာ သိသွားမယ်။ အဲဒီနေရာတွေ သူတို့သိရင် ရင်းနှီးမြှုပ်နှံမှု လုပ်ရုံပဲ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏကို လာမည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည့် အစီအစဉ်များအတွက် နိုင်ငံတကာ စီးပွားရေး အင်အားစုများက မြန်မာနိုင်ငံကို အာရုံစူးစိုက်လျက် ရှိကြောင်း Open Society Foundations အကြီးအကဲ George Soros က ပြောကြားသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း၊ ငွေကြေးနဲ့ လယ်ယာကဏ္ဍတွေမှာ ပိုရင်းနှီးမြှုပ်နှံစေချင်တယ်။ ဒီနေရာတွေက နိုင်ငံ နဲ့ ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ အလိုအပ်ဆုံး အရာတွေပဲ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ရန်နှင့် အစိုးရ၏ မြို့ပြစီမံကိန်းများကို ပွင့်လင်းမြင်သာမှု ပိုရှိစေရန် မြေယာအသုံးချ စီမံကိန်းများမှာ အလွန်အရေးပါကြောင်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ဝေဖန် ထောက်ပြ ထားဖူးသည်။ လက်ရှိ မြန်မာနိုင်ငံတွင် မြေယာနှင့် ပတ်သက်၍ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတို့သာ တရားဝင် ပြဋ္ဌာန်းထားသည်။

The Voice Weekly
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မြေယာပိုင်ဆိုင်မှု၊ အငြင်းပွားမှုများအတွက် အလုံးစုံလွှမ်းခြုံသော မြေယာ ဥပဒေ တစ်ခုကို လာမည့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

မှုခင်းကြီးများပေါ်ပေါက်ရေး ကူညီခဲ့သော အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ်ပြုမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သမိုင်းတစ်လျှောက်တွင် မှုခင်းကြီးများ၌ ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဖြေရှင်းပေးခဲ့သည့် အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ် ပြုသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးရဲထွဋ် ပြောဆိုမှုအချက်အလက်စု၍ တုံ့ပြန်ရန် ဦးခင်အောင်မြင့်စီစဉ်

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်း အဆောက် အအုံများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်းမမီသည့် အချက်အလက်များစုဆောင်းပြီး အမျိုးသားလွှတ်တော်မှ သမ္မတထံသို့ တိုက်ရိုက်တင်ပို့ သွားမည်ဖြစ်သည့်အတွက် သီတင်းကျွတ်ကာလ အပြီး လွှတ်တော်ညွှန် ကြားရေးမှူးချုပ်ထံ ပေးပို့ရန် ပန်ကြားလွှာထုတ်ခဲ့သည်။

အာရှယူ- ၁၉ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် လက်မှတ်များကို ၅သောင်းကျပ်ဖြင့် ရောင်းချသွားမည်


၂၀၁၄ခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှ ၂၃ရက်နေ့ အထိ နေပြည်တော် ဇေယျာသီရိ အားကစားကွင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်း များတွင် ကျင်းပပြုလုပ်မည့် အာရှယူ- ၁၉ပြိုင်ပွဲအတွက် လက်မှတ် များကို အောက်တိုဘာလ ၈ရက်နေ့မှ စတင်၍ ရိုးရိုးတန်း ၂၀၀၀ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ်ဖြင့် အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံရှိ လက်မှတ် အရောင်း ကောင်တာများတွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အာရှယူ-၁၉ ပြိုင်ပွဲမှ အုပ်စု (က)နှင့် အုပ်(ခ) ပွဲစဉ်များကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး အုပ်စု(ဂ)နှင့် အုပ်စု(ဃ) ပွဲစဉ်များကို နေပြည်တော်၊ ဇေယျာသီရိ ကွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

ဆီးသီးဗန်းမှောက်သည့်ကိစ္စ သက်သေပြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြင်

Photo: ဆီးသီးဗန်းမှောက်သည့်ကိစ္စ သက်သေပြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြင်
Friday, September 26, 2014

ဆီးသီးဗန်းမှောက်ကျ သည်ဆိုသည့် ပြောဆိုချက် နောက်ဆက်တွဲ အဖြစ် နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ စံချိန်စံညွှန်း ကိုက်ညီခြင်းမရှိပါက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်သို့ အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြရရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ကြေ ညာချက်ထုတ်ပြန်လိုက်သည်။ 

အမျိုးသားလွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သော ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ အ ဆောက်အအုံများ၊ လမ်း၊ တံတား များအနေဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမှုမရှိပါက ဆောက်လုပ်သည့်ကုမ္ပဏီ အဖွဲ့ အစည်းအမည်အပါအ၀င် ဓာတ်ပုံမှတ်တမ်းအထောက်အထားပြည့် စုံစွာဖြင့် သီတင်းကျွတ်ကာလအ ပြီး လွှတ်တော်သို့ ပြန်လာသည့် အခါ ယူဆောင်တင်ပြကြရန် ယခုလ ၂၅ ရက်တွင် အမျိုးသားလွှတ် တော်က ပန်ကြားလွှာတစ်စောင် ထုတ်ပြန်ခဲ့သည်။
‘‘ဒီကိစ္စက ဆီးသီးဗန်း မှောက်ကျတယ်ဆိုတဲ့ တင်ပြချက်နဲ့ ပတ်သက်တယ်ဗျ။ ဥက္ကဋ္ဌအနေ နဲ့ ကန်ထရိုက်တွေကိုဆိုလိုတဲ့ သဘောမှာရှိတယ်။ အဲဒီတော့ ဒါ တွေကို စုစည်းပြီး သမ္မတဆီကို သ၀ဏ်လွှာပို့ရင် ပိုပြီးထိရောက် မယ်လို့ ဥက္ကဋ္ဌက ပြောတယ်’’ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေက ပြောသည်။

မိမိမဲဆန္ဒနယ်မြေတွင် စံချိန် မမီသည့် အဆောက်အအုံကိစ္စ ရပ် ၃ ခုရှိပြီး ချက်ချင်းပင်တင်ပြ နိုင်သည့် အထောက်အထားများ ရှိကြောင်း ဦးလှဆွေက ပြော သည်။
‘‘အဲဒီလိုလုပ်ရင် သမ္မတရုံး လည်း သူ့လူတွေက အောက်ခြေအဆင့်မှာ မမှန်မကန်လုပ်ရင် တိုက်ရိုက်သိသွားနိုင်တာပေါ့။ အောက်ခြေအဆင့်နဲ့ သမ္မတရုံးအဆင့်နဲ့က တအားကွာနေတော့ သမ္မတရုံးက အမှန်မသိနိုင်ဘူး။ဒါကို လွှတ်တော်ကိုယ်စားလှယ်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တစ်ဆင့်တိုက်ရိုက်တင်ပေးတာပေါ့’’ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

လက်ရှိကျင်းပနေဆဲဖြစ် သော(၁၁)ကြိမ်မြောက် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး ကာလတွင် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှ ၎င်း၏ မဲဆန္ဒနယ် မြေအတွင်း ဆောက်လုပ်ထား သော ကျန်းမာရေးကဏ္ဍဆိုင်ရာ အဆောက်အအုံတစ်ခုမှာ သတ် မှတ်စံချိန်စံညွှန်းပြည့်မီခြင်းမရှိ သဖြင့် ဓာတ်ပုံအထောက်အထား ဖြင့် လွှတ်တော်သို့ တင်ပြကာ မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါတင်ပြမှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အောက်ခြေတွင် လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်မှ ချ မှတ်ပေးသော ဘတ်ဂျက်များ သည် အောက်ခြေသို့ ရောက်သောအခါ ဆီးသီးဗန်းမှောက်ကျသကဲ့ သို့ ဟိုလူနှိုက်၊ ဒီလူနှိုက်ဖြင့် ထက် ၀က်ခန့်သာကျန်တော့သည့် အ ခြေအနေသို့ ရောက်ရှိနေကြောင်း ဥက္ကဋ္ဌက မှတ်ချက်ပြုပြောကြားခဲ့ သည်။

၎င်းပြောကြားချက်အပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ထိုကဲ့သို့ ပြောဆိုလိုပါက အ ထောက်အထားတိတိကျကျ ခိုင် ခိုင်မာမာဖြင့် ပြောကြားမှသာ သင့်လျော်မည်ဟု တုံ့ပြန်ခဲ့သည်။

ယခုကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌ က အချက်အလက်များတောင်းခံ ခြင်းသည် ပြန်ကြားရေးဝန်ကြီး၏ တုံ့ပြန်ချက်အပေါ် ပြန်လည်ချေ ပသည့် ဆောင်ရွက်ချက်ဖြစ်နိုင်ပြီး အထောက်အထားနှင့် တင်ပြမည့်ကိုယ်စားလှယ်အများစုရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အချို့က ဆိုသည်။ 

‘‘အချက်အလက်ခိုင်ခိုင်မာ မာနဲ့ ထောက်ပြလာရင် ဘယ်သူပဲ ထောက်ပြလာလာ ကျွန်တော်တို့ က ကြိုဆိုပါတယ်။ ပွင့်လင်းမြင် သာစွာ ဆောင်ရွက်နေတဲ့အချိန် အခါဖြစ်တဲ့အတွက် ဘယ်သူပြော တယ်ဆိုတာ အရေးမကြီးပါဘူး။ အထောက်အထားခိုင်မာဖို့ အရေးကြီးပါတယ်။ အထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြလာရင် ကျွန် တော်တို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ’’ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောသည်။
ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချို့သော ဆောက်လုပ်မှုကိစ္စ ရပ်များကို သက်ဆိုင်ရာတိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ သို့ လွှဲပြောင်းပေးထားသဖြင့် အ မျိုးသားလွှတ်တော်မှ အထောက် အထားများဖြင့် တင်ပြလာပါက မည်သို့ဆောင်ရွက်ခွင့်ပေးထား သည်ကို စိစစ်ရမည့် လုပ်ငန်းများ ရှိသဖြင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ဆိုသည်ကို လတ် တလောတွင် မပြောနိုင်သေး ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

7Day Daily

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဆီးသီးဗန်းမှောက်ကျ သည်ဆိုသည့် ပြောဆိုချက် နောက်ဆက်တွဲအဖြစ် နိုင်ငံတော် ဘတ် ဂျက်နှင့် ဆောက် လုပ်သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ စံချိန်စံညွှန်း ကိုက်ညီခြင်း မရှိပါက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်သို့ အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြရရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ကြေ ညာချက်ထုတ်ပြန်လိုက်သည်။

U.A.E ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲ နဲ့ IS စစ်သွေးကြွချေမှုန်းရေး


ဆီးရီးယားနိုင်ငံထဲမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွတွေကို ပင်လယ်ကွေ့ နိုင်ငံရဲ့ အခု တပတ် ဗုံးကြဲတိုက် ခိုက်မှုကို ဦးဆောင်သူအဖြစ် U.A.E နိုင်ငံက သမိုင်းမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ် မောင်း ဗိုလ်မှူး Mariam al-Mansouri ဖြစ်ပါတယ်။

NLD က သူရဦးရွှေမန်းကို ဒု-သမ္မတ စာရင်းတင်မယ်ဆိုတဲ့ သတင်း အခုမှ ထွက်လာတာလား

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အဝင်စားဆုံး နိုင်ငံရေးသတင်းကို ပြောပါဆိုရင် ရိုက်တာ သတင်း ဌာနက ဖော်ပြခဲ့ပြီး နောက် ပိုင်း ပြည်တွင်း သတင်းဌာနတွေကလည်း ထပ်ဆင့်ဖော်ပြ၊ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း အလွန်ပျံ့နှံ့သွားတဲ့ အင်န်အယ်လ်ဒီ က ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ် ခွင့်မရရင်၊ ဒု-သမ္မတလောင်းအဖြစ် သူရဦးရွှေမန်းကို တင်ဖို့ သဘောထား ရှိနေတယ်ဆိုတဲ့ သတင်း ပါ။ နောက်ပိုင်း ဒီသတင်းဖော်ပြချက် မမှန်ပါဘူး ဆိုပြီး သတင်းဖော်ပြခံရတဲ့ အင်န်အယ်လ်ဒီခေါင်းဆောင် ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်း တို့က ငြင်းကြသလို ပါတီအနေနဲ့လည်း ရိုက်တာသတင်းဌာနကို ဖြေရှင်းဖို့ စာပေးပို့ထားတယ်လို့ ဆိုပါတယ်။ ဒီပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ စူးစမ်းကြည့် ကြရအောင်။

Tomorrow အမုန်းတရားဖြန့်ဖြူးရာ စာမျက်နှာသစ်

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ မောင်သစ္စာဆိုတဲ့ ကလောင် အမည်နဲ့ ရေးသားထားတဲ့ 'အကြမ်းဖက်ဝါဒသည် နိုင်ငံတော်၏ ရန်သူဖြစ်သည်' ဆိုတဲ့ ဆောင်းပါး တစ်ပုဒ် ဖော်ပြလာပါတယ်။ ဆောင်းပါးထဲမှာ မြန်မာနိုင်ငံသား မွတ်စလင်တွေရဲ့ သမိုင်းကြော င်း၊ မြန် မာ့နိုင်ငံရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ နိုင်ငံသား မွတ်စလင်တွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ အခန်းကဏ္ဍ စတာတွေ ဖော်ပြပြီး နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိဖို့ ဖော်ပြထားတဲ့ ဆောင်းပါးပါ။ တစ်ဆက် တည်းပဲ အခုကမ္ဘာကိုခြိမ်းခြောက်နေတဲ့ အယ်လ်ခိုင်ဒါရော ISIL ဆိုတဲ့အဖွဲ့တွေ ဆိုတာဟာ သူတို့ရဲ့ ဘာသာကို ကိုယ်စားမပြုတဲ့အကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်း၊ အကြမ်းဖက် အယူအဆ ဖြစ်တဲ့ အကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံအနေနဲ့ အဲဒီအကြမ်းဖက် အဖွဲ့အစည်းတွေ ရဲ့ သွေးထိုး လှုံ့ဆော်မှု ထောင်ချောက်ထဲ ကျမသွားဖို့လိုအပ်တဲ့အကြောင်း ရေးသားထားပါတယ်။

အဓမ္မပြုကျင့်မှုဖြင့် ချောင်းသာရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ထွက်ပြေးလွတ်မြောက်

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ခရိုင်၊ ချောင်းသာ ကမ်းခြေ နယ်မြေရဲစခန်း၌ ခယ်မဖြစ်သူအား အဓမ္မပြု ကျင့် သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်း ဆီးစစ်ဆေး ခံနေရသော ဦးနိုင်ဝင်းသည် စက်တင်ဘာ လ(၁၂) ရက်နေ့ ညတွင် ချောင်း သာနယ် မြေ ရဲစခန်း အချုပ်မှ ထွက်ပြေး လွတ်မြောက် သွားကြောင်း တရားလိုများက မြန်မာသံတော်ဆင့် သို့ ပြော သည်။

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်မူကြမ်းပါ အခန်းအားလုံး ဆွေးနွေးပြီးဖြစ်

Photo: တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်မူကြမ်းပါ အခန်းအားလုံး ဆွေးနွေးပြီးဖြစ်
Friday, September 26, 2014 

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်(မူကြမ်း)ပါအခန်း ခုနစ်ခန်းလုံး ဆွေးနွေးနိုင်ခဲ့ပြီး စတုတ္ထမူကြမ်းကို စက်တင်ဘာ၂၆ ရက်တွင် အချောသပ် အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၂ ရက်မှ စတင်ပြုလုပ်နေသော ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်း ရေးအဖွဲ့ (NCCT)တို့ဆွေးနွေးပွဲ စတုတ္ထနေ့အထိ တိကျသည့် သဘောတူညီချက် မရရှိသေး သော်လည်း စာချုပ်တတိယ (မူကြမ်း)ပါအချက်အားလုံးကို ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ၂၆ရက် ဆွေးနွေးပွဲနောက်ဆုံးရက်တွင် စတုတ္ထ(မူကြမ်း)ကို အချောသပ်မည်ဖြစ် ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးစောလုံလုံကပြောသည်။

‘‘ပြီးခဲ့တဲ့ လေးရက်အတွင်း ဆွေးနွေးခဲ့တာကို ပြန်ပြီးချုံ့မှာ ပေါ့’’ဟု ဗိုလ်မှူးစောလုံလုံကဆို သည်။

စတုတ္ထ(မူကြမ်း) စာချုပ်ကို အချောသပ်ပြီးပါက နှစ်ဖက် ကိုယ်စားလှယ်များ အနေဖြင့် အထက်သို့ပြန်လည်တင်ပြမည် ဖြစ်ပြီး ဆက်လက် ညှိနှိုင်းမည်ဖြစ် ကြောင်း NCCT အဖွဲ့ဝင်ဗိုလ်မှူး ကြီးခွန်ဥက္ကာကဆိုသည်။

မူလက ယခုဆွေးနွေးပွဲတွင် စာချုပ်(မူကြမ်း)မှ နှစ်ဖက်ညှိနှိုင်း ရန်ကျန်ရှိနေသည့် အချက်လေး ချက်ကို အဓိကဆွေးနွေးမည် ဆိုသော်လည်း ဆွေးနွေးပွဲ ပထမ နေ့မှစတင်၍ ယခင်သဘောတူ ညီပြီးသားအချက်တချို့ကို ပြန် လည်ဆွေးနွေးခဲ့ရသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေး နွေးပွဲတွင် နှစ်ဖက်ညှိနှိုင်းရန်ခက် ခဲနေသည့်အချက်များမှာ ဖက် ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးအပါအဝင် တပ်ပိုင်း ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲပုံစံ၊ ကြားကာလ အစီ အစဉ်နှင့် နိုင်ငံရေးလမ်းပြမြေပုံ စသည့်ကိစ္စရပ်များဖြစ်ကြောင်း သတင်းရရှိသည်။

7 Day Daily
တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲ စတုတ္ထနေ့တွင် စာချုပ်(မူကြမ်း)ပါအခန်း ခုနစ်ခန်း လုံး ဆွေးနွေးနိုင်ခဲ့ပြီး စတုတ္ထမူကြမ်းကို စက်တင်ဘာ၂၆ ရက်တွင် အချောသပ် အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Thursday, 25 September 2014

မယုံကြည်ဟုဆိုကာ နိုင်ငံသားအဖြစ် မလျှောက်ခဲ့သည့် ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦး ပြန်လာလျှောက်ထား

Photo: မယုံကြည်ဟုဆိုကာ နိုင်ငံသားအဖြစ် မလျှောက်ခဲ့သည့် ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦး ပြန်လာလျှောက်ထား
Thursday, September 25, 2014

မယုံကြည်ဟုဆိုကာ လာမလျှောက် ဘဲ နေခဲ့သည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦးသည် နိုင်ငံသားအဖြစ် ပြန်လာလျှောက် မှုကို ယခု အပတ်အတွင်းပြုလုပ်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။ 

ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စတင်ခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေ  ဖြင့် ဘင်္ဂါလီများအားစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်း၌ အစပထမပိုင်း တွင် မပါ ဝင်ခဲ့သည့် အိမ်ထောင်စုတို့ ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ”အခုတော့လည်း သူတို့  တွေပူးပေါင်းဆောင်ရွက်မှု ရှိလာ တယ်လို့ ဆိုရမှာပေါ့” ဟုပြောသည်။ 

ပြည်နယ်အတွင်းရှိ ရခိုင်တိုင်း ရင်းသားတို့က ရခိုင်ညီလာခံမှတစ်ဆင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြည် နယ်တွင်း၌ ဖော်ဆောင်ပေးပါရန် တောင်း ဆိုမှုမှတစ် ဆင့် ပေါ်ပေါက်လာခဲ့သောရခိုင်ပြည်နယ်အတွင်း စစ်ဆေးမှုတွင် လာရောက်လျှောက်ထားသည့်စောင် ရေ ၁ဝ၉၄ စောင်အထိရှိနေပြီဟု ဝန် ကြီးကပြောသည်။ 

ထိုလျှောက်လွှာများကို မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ဝန်ကြီးဌာနရုံးချုပ်အဆင့် ၁၉၈၂  ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မ ၆၇ အရဖွဲ့ခဲ့ သည့်ဗဟိုအဖွဲ့တို့က စစ်ဆေးပြီး ယင်း ထဲမှ ဘင်္ဂါလီ ၄ဝ ကိုနိုင်ငံသားအဖြစ် ဖြစ်ခွင့်ပေးလိုက်ကြောင်း ဝန်ကြီးဦးခင် ရီကပြောသည်။
”၁၆၉ ယောက်ကတော့ နိုင်ငံ သားပြုခွင့်ရသွားပြီး၊ နောက် သူတို့ မွေး တဲ့ကလေးတွေက ၃၈၃ ယောက် ရှိတယ်။ အဲ့ဒါတွေပါ ဖြစ်သွားမှာပါ”ဟု ၄င်းကပြောသည်။ 

အဆင့်ဆင့် စစ်ဆေးမှုတိုင်းတွင်ရခိုင်ကိုယ်စားလှယ်နှစ်ဦးနှင့် ဘင်္ဂါလီ ကိုယ်စားလှယ်တစ်ဦးပါဝင်ပြီး အားလုံး ၏ထောက်ခံချက်ဥပဒေအရပြဋ္ဌာန်း     ချက်များဖြင့်ဆောင် ရွက်ပေးခြင်းဖြစ် ကြောင်း အဆိုပါဝန်ကြီးဌာနမှသိရ သည်။
စမ်းသပ်မြေပုံမြို့နယ်တွင်လူဦး ရေစုစုပေါင်း ၁၁၉၂ဝ၅ ဦးရှိပြီး ထိုထဲ တွင် ဘင်္ဂါလီလူမျိုး ၃၈၁၉ ဦးရှိနေပြီးဘင်္ဂါလီလူမျိုးအဖြစ်စာရင်းကောက်ခံသူ ၁၅၇၉ ဦး၊ လူမျိုးအမည် မရေးသွင်းဘဲ သန်းခေါင်စာရင်းကောက်ခံသူ ၁၄၆၃ ဦး ရှိကြောင်းစာရင်း များအရသိရသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက  နိုင်ငံသားဖြစ်ခွင့်ရ ပြုခွင့်ရသူများသည် နိုင်ငံ၏ဥပဒေ၊ ဒေသန္တရဥပဒေများကိုလေးစားလိုက်နာရမည်ဖြစ်ပြီး ၄င်းတို့ ကိုတိုင်းရင်းသား တစ်ခုအဖြစ်အသိ အမှတ်ပြုသွားမည်မဟုတ်ဟု ဆိုသည်။ 

Popular Journal 

ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူခဲ့သည်မြင်ကွင်း။ (ဓာတ်ပုံ -AP)
ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူခဲ့သည်မြင်ကွင်း။ (ဓာတ်ပုံ -AP)
မယုံကြည်ဟုဆိုကာ လာမလျှောက် ဘဲ နေခဲ့သည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦးသည် နိုင်ငံသားအဖြစ် ပြန်လာလျှောက်မှုကို ယခု အပတ်အတွင်းပြုလုပ်ခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။

အိပ်စက်ခြင်းနဲ့ အလှတရား ဆက်နွယ်နေတယ်ဆိုတာ သိသာစေတဲ့အချက်များ

Photo: အိပ်စက်ခြင်းနဲ့ အလှတရား ဆက်နွယ်နေတယ်ဆိုတာ သိသာစေတဲ့အချက်များ
Thursday, September 25, 2014

လူတစ်ယောက်အတွက် အိပ်စက်တဲ့အချိန်ဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်ပါသလဲ။ ကိုယ့်အသားအရေ၊ ဆံပင် စတာတွေရဲ့ လှပမှု၊ ကျန်းမာမှု စတာတွေဟာ အိပ်စက်ခြင်းနဲ့ အများကြီး ပတ်သက်ဆက်နွယ်လို့ နေပါတယ်။ အိပ်စက်တဲ့အချိန်မှာ ကိုယ့်အသားအရေ နဲ့ ဆံနွယ်တွေအတွက် သတိထားသင့်တဲ့ အချက်လေးတွေကို သတိထားပြီး အိပ်စက်မယ်ဆိုရင် ပြောင်းလဲလာစေနိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။

၁။ ပိုးသား၊ ဖဲသားလို ခေါင်းအုံးစွပ်မျိုးတွေရှာပြီး အိပ်ပါ။
ဖိုင်ဘာသားလို ခေါင်းအုံးမျိုးတွေက သင့်အသားအရေကို ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒီလိုခေါင်းအုံးမျိုးတွေ အုံးတဲ့အခါ သင်နိုးလာတဲ့အခါ ပါးရေတွန့်တာမျိုး၊ အရေးအကြောင်းဖြစ်ပေါ်တာမျိုးတွေ ခံစားရပါလိမ့်မယ်။ ရေရှည်အတွက်လည်း မကောင်းတာကြောင့် ပိုးသား၊ ဖဲသားလို့ ခေါင်းအုံးမျိုးတွေသာ ရွေးချယ်ပါ။

၂။ဘေးတစ်စောင်းအိပ်တာထက် ပက်လက်အိပ်ပါ။
ဘေးတစ်စောင်းအိပ်ခြင်းကလည်း သင့်မျက်နှာအသားအရေအတွက် အရေးအကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ တစ်ဘက်တည်းကို စောင်းအိပ်တာ ပိုဆိုးပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် ပက်လက်အိပ်ပါ။

၃။မအိပ်ခင် moisturizer လိမ်းအိပ်နိုင်ရင် ကောင်းပါတယ်။
မျက်နှာအသားအရေအတွက်၊ မျက်လုံးအတွက် စသဖြင့် ညဘက်လိမ်းအိပ်သင့်တဲ့ moisturizer လိမ်းအိပ်မယ်ဆိုရင်လည်း ဒါကောင်းတာပါပဲ။ ဒီလိုလိမ်းအိပ်ထားလိုက်ရင် မနက်ရောက်တဲ့အခါ သင်မျက်နှာလေး ကြည့်ကောင်းနေပါလိမ့်မယ်။

၎။ခေါင်းအုံးစွပ်ကို တစ်ပတ်နှစ်ကြိမ် လဲပေးပါ။
မျက်နှာအသားအရေအတွက် သတိထားလုပ်ပေးရမယ့် အရာကတော့ ကိုယ့်ခေါင်းအုံးစွပ်ကို တစ်ပတ်နှစ်ကြိမ်လဲပေးဖို့ပါပဲ။ မမြင်ရတဲ့ ဘက်တီးရီးယားပိုးတွေဟာ ခေါင်းအုံးစွပ်ကနေ သင့်မျက်နှာအသားအရေကို ဒုက္ခပေးနိုင်တာကြောင့် ခေါင်းအုံးကို ညတိုင်း ဟိုဘက်ဒီဘက် လှည့်အိပ်ပေးဖို့လည်း လိုအပ်ပါတယ်။

၅။မအိပ်ခင် ငန်တဲ့အစားအစာတွေစားခြင်း၊ အရက်သောက်ခြင်းဟာ အသားအရေအတွက် မကောင်းပါ။
ငန်တဲ့အစားအသောက်နဲ့ အရက်သောက်ပြီး အိပ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ ရှိသမျှအရည်တွေကို ယူလိုက်ရတဲ့အတွက် မျက်လုံးတစ်ဝိုက်က အရည်တွေကို စုပ်ယူသွားတာကြောင့် သင့်မျက်လုံးအစ်ဖောင်းတာတွေ ဖြစ်လာတာပါ။

၆။အိပ်စက်တဲ့အခါ မျက်နှာနဲ့ ဆံပင် မထိတွေ့တာ အကောင်းဆုံးပါပဲ။
အိပ်တော့မယ်ဆို ဆံပင်ကို စည်းထားတာ အကောင်းဆုံးပါပဲ။ အတင်းကြီး စုစည်းထားတာမျိုး မဟုတ်ပဲ ဖြေလျော့ပြီး စည်းအိပ်ပါ။ ဒါဆိုရင် ဆံပင်နဲ့မျက်နှာတစ်ချိန်လုံး မထိတော့တာမို့ မျက်နှာအသားအရေအတွက် ဘက်တီးရီးယားဝင်ခြင်းက ကာကွယ်ရာရောက်ပါတယ်။

၇။အိပ်တော့မယ်ဆို လိမ်းထားသမျှ မိတ်ကပ်တွေ ဖျက်ပြီးမှ အိပ်ပါ။
အပြင်က ပြန်လာပြီး အိပ်ယာမြင်တာနဲ့ တန်းအိပ်ပစ်လိုက်တာမျိုးတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ မျက်နှာပေါ်မှာ တစ်နေ့လုံးရှိနေတဲ့ မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို ဖျက်၊ မျက်နှာသစ်ပြီးမှ အိပ်ယာဝင်တာ မျက်နှာ အသားအရေအတွက် အကောင်းဆုံးပါပဲ။

Ref:cosmopolitan
Trend Myanmar
လူတစ်ယောက်အတွက် အိပ်စက်တဲ့အချိန်ဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်ပါသလဲ။ ကိုယ့် အသားအရေ၊ ဆံပင် စတာတွေရဲ့ လှပမှု၊ ကျန်းမာမှု စတာတွေဟာ အိပ်စက်ခြင်းနဲ့ အများကြီး ပတ်သက် ဆက်နွယ်လို့ နေပါတယ်။ အိပ်စက်တဲ့အချိန်မှာ ကိုယ့်အသားအရေနဲ့ ဆံနွယ်တွေအတွက် သတိထား သင့်တဲ့ အချက်လေးတွေကို သတိထားပြီး အိပ်စက်မယ်ဆိုရင် ပြောင်းလဲလာစေနိုင်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။

ဖျက်ဆီးထားသည့် ယူကရိန်းစစ်သုံးယာဉ်များ သူပုန်အဖွဲ့ ရုရှားနယ်စပ်ကို ပြောင်း

Photo: ဖျက်ဆီးထားသည့် ယူကရိန်းစစ်သုံးယာဉ်များ သူပုန်အဖွဲ့ ရုရှားနယ်စပ်ကို ပြောင်း
Thursday, September 25, 2014 

ရုရှားလိုလားတဲ့ သူပုန်တွေဟာ ဖျက်ဆီးထားတဲ့ ယူကရိန်းစစ်တပ်က စစ်သုံးယာဉ်တွေ ကို ရုရှားနယ်စပ်နားက နိုဗိုကာထရီနစ်ဗ်ကာမြို့ဆီ စက်တင်ဘာ ၂၄ ရက်နေ့က ရွှေ့ခဲ့ကြပါတယ်။

ဒေသတွင်းပြန့်ကျဲနေတဲ့ မီးကျွမ်းစစ်သုံးယာဉ်တွေဟာ စက်တင်ဘာအစောပိုင်း တိုက်ပွဲတွေရဲ့လက်ကျန်တွေပါ။

Ukraine ရွာထဲက တချို့အိမ်တွေကတော့ မပေါက်ကွဲသေးတဲ့ ကျည်တွေ အပျက်အစီးတွေကြားမှာ ရှိနေပါတယ်။

သူပုန်တွေက လမ်းတွေနဲ့ လူနေဒေသတွေက မီးကျွမ်းအစအနတွေကို ဖယ်ရှားဖို့ ကုန်ကားတွေနဲ့ ကရိန်းကားတွေကို စေလွှတ်ခဲ့တာပါ။

တိုက်ပွဲရှုံးအပြီး စက်တင်ဘာ ၅ ရက်နေ့က အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ဆော်သြခဲ့ရပါတယ်။

ယူကရိန်းအစိုးရကတော့ ဒီတိုက်ပွဲတွေမှာ ရုရှားစစ်တပ်ကိုယ်တိုင် တိုက်ရိုက် စွက်ဖက်ခဲ့တယ်လို့ ပြောပြီး ရုရှားအစိုးရကတော့ စွပ်စွဲချက်ကို ငြင်းပါတယ်။

အနောက်နိုင်ငံတွေကတော့ မငြင်းနိုင်တဲ့သက်သေအဖြစ် ပြောပါတယ်။ ယူကရိန်း စစ်တပ်ကတော့ သမ္မတပိုရိုရှန်ကိုရဲ့ ငြိမ်းချမ်းရေးစီမံကိန်းအရ သူအမြောက်နဲ့ လက်နက်ကြီးတပ်တွေကို ခွဲထွက်ရေးသမားတွေနဲ့ တိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာကနေ ပြန်ဆုတ်ခွာခဲ့ပါပြီ။ ပဋိပက္ခအတွင်း လူအယောက် ၃ ထောင်ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

DVB TV News
ရုရှားလိုလားတဲ့ သူပုန်တွေဟာ ဖျက်ဆီးထားတဲ့ ယူကရိန်းစစ်တပ်က စစ်သုံးယာဉ်တွေကို ရုရှားနယ်စပ် နားက နိုဗိုကာထရီနစ်ဗ်ကာမြို့ဆီ စက်တင်ဘာ ၂၄ ရက်နေ့က ရွှေ့ခဲ့ကြပါတယ်။

UN မှာ မိန်းမ၀ါဒ အကြောင်း မိန့်ခွန်းပြောပြီးတဲ့နောက် အဖော်အချွတ် ဓါတ်ပုံဖြန့်သူတွေရဲ့ နောက်ဆုံး ပစ်မှတ် ဖြစ်လာတဲ့ Emma Watson

Photo: UN မှာ မိန်းမ၀ါဒ အကြောင်း မိန့်ခွန်းပြောပြီးတဲ့နောက် အဖော်အချွတ် ဓါတ်ပုံဖြန့်သူတွေရဲ့ နောက်ဆုံး ပစ်မှတ် ဖြစ်လာတဲ့ Emma Watson
Thursday, September 25, 2014

Harry Potter ဇာတ်လမ်းရဲ့ မင်းသမီးလေး Emma Watson ဟာ လတ်တလော ခေတ်စားနေတဲ့ ဟောလီးဝုဒ်အနုပညာရှင်တွေရဲ့ အဖော်အချွတ်ဓါတ်ပုံ ပျံနှံ့မှုတွေရဲ့ နောက်ဆုံးပစ်မှတ် ဖြစ်လာတယ်လို့ ထိုဓါတ်ပုံတွေကို ခိုးယူနေတဲ့ Hacker က သတိပေးလိုက်ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က “Emma You Are Next” လို့အမည်ရတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဖန်တီးခဲ့ပြီး ထို Hacker က သတိပေးခဲ့တာဖြစ်ပါတယ်။ ထို ၀က်ဘ်ဆိုက်မှာ Emma Watson ရဲ့ ပွဲတက်နေတဲ့ ဓါတ်ပုံတစ်ပုံကို ၀ါးထားပြီး အချိန်ရေတွက်တဲ့ နာရီတစ်လုံးကို ဖော်ပြထားပါတယ်။ လေးရက်အတွင်း ဓါတ်ပုံတွေ ဖြန့်မယ်လို့ လည်း ရေးထားပါတယ်။

Emma Watson ဟာ UN က ပြုလုပ်တဲ့ HeForShe အစီအစဉ်မှာ မိန်းမ၀ါဒကို မိန့်ခွန်းအဖြစ် ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် ယခုလို ခြိမ်းခြောက်ခံ ရတာဖြစ်တယ်လို့ London’s Telegraph သတင်းဋ္ဌာနရဲ့ပြောကြားချက်အရ သိရပါတယ်။

Ref:starpulse.com
Trend Myanmar
Harry Potter ဇာတ်လမ်းရဲ့ မင်းသမီးလေး Emma Watson ဟာ လတ်တလော ခေတ်စားနေ တဲ့ ဟောလီးဝုဒ်အနုပညာရှင်တွေရဲ့ အဖော်အချွတ်ဓါတ်ပုံ ပျံနှံ့မှုတွေရဲ့ နောက်ဆုံးပစ်မှတ် ဖြစ်လာတယ်လို့ ထိုဓါတ်ပုံတွေကို ခိုးယူနေတဲ့ Hacker က သတိပေးလိုက်ပါတယ်။

ကားစလစ်ဈေးကျပ်သိန်း ၄၀ ၀န်းကျင်ဖြင့်ငြိမ်နေပြီး ကားအရောင်း အ၀ယ်ဈေးကွက်ပြန်သွက်လာ

Photo: ကားစလစ်ဈေးကျပ်သိန်း ၄၀ ၀န်းကျင်ဖြင့်ငြိမ်နေပြီး ကားအရောင်း အ၀ယ်ဈေးကွက်ပြန်သွက်လာ
Thursday, September 25, 2014

ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက်မှာ အခုလဆန်းပိုင်းအတွင်းမှာကားဟောင်းစလစ် ဈေးကကျပ်ငါးသိန်းလောက်အထိပြုတ်ကျခဲ့ရာကလက်ရှိ
မှာတော့ကျပ်သိန်း ၄၀ ၀န်းကျင်မှာငြိမ်နေပြီး စလစ်အပါအ၀င်ကားအရောင်းအ၀ယ်ဈေးကွက်တွေ ပြန်သွက်လာတယ်လို့သိရပါတယ်။ 
 
သက်တမ်းနှစ် (၂၀) အထိယာဉ်တွေနဲ့ ၁/က---- တန်းတွေကိုအိုဟောင်းယာဉ်အဖြစ် ပြန်အပ်ဖို့လက်ခံလိုက်တာနဲ့ ကားစလစ်ဈေးတွေကျဆင်းလာတယ်ဆိုပေမယ့် လက်ရှိမှာတော့စလစ်ဈေးဟာ ပျမ်းမျှကျပ်သိန်း ၄၀ ၀န်းကျင်လောက်နဲ့ငြိမ်နေပြီးကားအရောင်း အ၀ယ်ဈေးကွက် သိသိသာသာကောင်းလာတယ်လို့ ရန်ကုန်မြို့၊လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း ကားဈေးကွက်ကသိရပါတယ်။
 
ကားဈေးကွက်ဟာစက်တင်ဘာလဆန်းက စပြီးပြန်သွက်လာရာမှာမကြာမီပွင့်လင်းရာသီကာလမှာလည်း ဆက်တိုက်ကောင်းမွန်မယ်လို့ ကားဝယ်ရောင်းသမားတွေကခန့်မှန်း ထားပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံအတွင်း စလစ်ဈေးကွက်ကောင်းလာတာနဲ့ အ မျှစလစ်ကပ်ဝယ်ယူရတဲ့တစ်ပတ်ရစ်ဂျပန်ကားတွေကိုလည်း လေလံဆွဲတင်သွင်းမှုများပြားလာတယ်လို့လည်းသိရပါတယ်။
 
မြန်မာနိုင်ငံမှာတော့တစ်နိုင်ငံလုံး အတိုင်းအတာအရလူကြိုက်များတဲ့ ကားတွေအနေနဲ့ ပရိုဘောက်၊အေဒီဗင်၊ဖီဒါဗန်၊ဟွန်ဒဖစ်၊မတ်တူးရွှေငါး၊ခရောင်း၊ကလူဂျာ စတဲ့ဈေးနှုန်းသင့်ကားတွေအ၀ယ်လိုက်လာတယ်လို့လည်းသိရပါတယ်။သက်တမ်းနှစ် ၂၀ ပြည့်မော် တော်ယာဉ်တွေကို စက်တင်ဘာလ ၁ ရက်ကအအပ်လက်ခံခဲ့ရပြီး ကညနခွန် ၂၀ ရာခိုင်နှုန်းကို ၂၀၁၅ ခုနှစ်မတ်လအထိလျှော့ချပေးထားတာဖြစ်သလို ဒီလို အခွန်လျှော့ချမှုတွေကြောင့်လည်း ကားဈေးကွက်ကောင်းလာတာလို့ဆိုပါတယ်။
 
ဒါပေမယ့်နောက်ပိုင်းမှာတော့ ကားတင်သွင်းမှုမူဝါဒအပြောင်းအလဲဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေကြောင့် လက်ရှိကားဈေးကွက်အနေအထားပေါ် ရိုက်ခတ်လာနိုင်မယ်လို့လည်း ကားဝယ်ရောင်းသူတွေကခန့်မှန်းထားပါတယ်။

MRTV-4
ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက်မှာ အခုလဆန်းပိုင်းအတွင်းမှာ ကားဟောင်းစလစ် ဈေးက ကျပ်ငါးသိန်းလောက် အထိပြုတ်ကျခဲ့ရာက လက်ရှိ မှာတော့ကျပ်သိန်း ၄၀ ၀န်းကျင်မှာငြိမ်နေပြီး စလစ်အပါအ၀င် ကားအရောင်းအ၀ယ်ဈေးကွက်တွေ ပြန်သွက်လာတယ်လို့သိရပါတယ်။

တရုတ်-မြန်မာ ဆန်အရည်အသွေး စစ်ဆေးမှုစာချုပ်ချုပ်ဆို

Photo: တရုတ်-မြန်မာ ဆန်အရည်အသွေး စစ်ဆေးမှုစာချုပ်ချုပ်ဆို
Thursday, September 25, 2014

တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရားဝင်လမ်းကြောင်းကနေ ဆန်တင်ပို့နိုင်ရေး ပထမခြေလှမ်းအဖြစ် နှစ်နိုင်ငံ ၀န်ကြီးတွေဟာ ဆန်စပါးအရည်သွေးအပိုင်းနဲ့ စစ်ဆေးရေးပိုင်းဆိုင်ရာ စာချုပ် (AQSIQ) နဲ့ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေး သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးကြပါတယ်။

riceမြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေး မှူး ဒေါက်တာစိုးထွန်းက “မနေ့က နေ့လယ် က နှစ်နိုင်ငံ တရုတ်နဲ့ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးနှစ်ယောက် လက်မှတ်ထိုးကြပါတယ်။ AQSIQ ဆိုတာကတော့ နှစ်နိုင်ငံ အရည်အသွေးနဲ့ပတ်သက်ပြီး သဘောတူညီချက်ပေါ့။ ဆန်စပါးအရည်အသွေး စစ်ဆေးတာနဲ့ပတ်သက်ပြီး ကျနော်တို့ သဘောတူညီချက်ရတာပေါ့နော်။ ဘာတွေစစ်ဆေးရမယ်။ ဘာတွေကိုတော့ ရှောင်ရမယ်။ ဘာတွေလိုက်နာရမယ်ဆိုတာတွေ” လို့ ပြောပါတယ်။

AQSIQ အတွက် လက်မှတ်ထိုးပြီးပေမယ့် မြန်မာ့ဆန်ကို တရားဝင်တင်ပို့မှုကို တရုတ်က ချက်ချင်းလက်ခံဦးမှာ မဟုတ်သေးဘဲ ဒုတိယအဆင့်အနေနဲ့ အစိုးရ ချင်းလက်မှတ်ထိုးတဲ့အဆင့်ကို ဖြတ်သန်းရဦးမှာဖြစ်ပြီး မြန်မာနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနက ရေးထိုးရမယ်လို့ သူက ရှင်းပြပါတယ်။

အစိုးရချင်း ဆောင်ရွက်ကြရမှာဖြစ်လို့ ရက်အတိအကျ မပြောနိုင်ပေမယ့် လပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

AQSIQ – Adminstration of QualitySupervisi on Inpection and Quarantine ဟာ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းအရည်အသွေးထိန်းချုပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ဖြစ်ပြီး အဲဒီအဖွဲ့က တင်သွင်းကုန်တွေအပေါ် အရည်အသွေး ချမှတ်ခွင့်ပြုတာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးပွဲမှာ တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးကို ဦးစားပေးမှာဖြစ်ကြောင်း နဲ့ ယူနန်ပြည်နယ်ဈေးကွက်ကို မြန်မာ့ပို့ကုန်ဈေးကွက်အဖြစ် မှတ်ယူကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာစိုးထွန်းက “ယူနန်ပြည်နယ်က ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် တခြားနေရာက သင်္ဘောတင်ရင် ဈေးပိုကြီးပါတယ်။ ကျနော်တို့ရဲ့ မူဆယ်လမ်းကြောင်းကို သုံးခြင်းအားဖြင့် သူတို့အတွက် ပိုအကျိုးရှိတာပေါ့နော်။ အဲဒီတော့ ဒီလမ်းကြောင်းကို ဆက်ပြီးတော့မှ ၀ယ်ယူဖို့အတွက် သဘောတူညီတဲ့သဘောပါပဲ” လို့ ပြောပါတယ်။

လက်ရှိကာလမှာ တရုတ်နိုင်ငံမှာ စပါးပေါ်ချိန်ဖြစ်တဲ့အတွက် တရုတ်နိုင်ငံက တရုတ်လယ်သမားတွေကို အကာအကွယ်ပေးရေးမူဝါဒအရ ပြည်ပက တရားမ၀င်တင်သွင်းတဲ့ ဆန်တွေကို ဖမ်းဆီးနေတာကြောင့် မြန်မာဆန်တွေ မူဆယ်မှာ တင်ပို့နိုင်ခြင်းမရှိဘဲ အခက်တွေ့နေရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်စပါးပြည်ပတင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပြီး မြန်မာဘက်က တရားဝင်တင်ပို့ခွင့်ပြုပေမယ့် တရုတ်နိုင်ငံဘက်ကတော့ တရားဝင်တင်သွင်းခွင့်လက်ခံတာ မဟုတ်ပါဘူး။

မြန်မာရဲ့အဓိက ဆန်တင်ပို့တဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ တရားဝင်ဆန်တင်ပို့ခွင့်ရရှိရေး ခြေလှမ်းတွေ တိုးမြင့်လာနေချိန်မှာ နိုင်ငံတွင်း လယ်ယာမြေသိမ်းဆည်းမှုပြဿ နာ။ ငွေအရင်းနှီးနဲ့ နည်းပညာချို့တဲ့မှု လယ်ယာလုပ်သားရှားပါးမှု အခက်အခဲတွေရှိသလို ရင်းနှီးမြှုပ်နှံသူတွေကလည်း လယ်ယာကဏ္ဍမှာ မြှုပ်နှံဖို့ တွန့်ဆုတ်နေဆဲဖြစ်ပါတယ်။

DVB
တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရားဝင်လမ်းကြောင်းကနေ ဆန်တင်ပို့နိုင်ရေး ပထမခြေလှမ်း အဖြစ် နှစ်နိုင်ငံ ၀န်ကြီးတွေဟာ ဆန်စပါးအရည်သွေးအပိုင်းနဲ့ စစ်ဆေးရေးပိုင်းဆိုင်ရာ စာချုပ် (AQSIQ) နဲ့ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာသီးနှံ ဈေးကွက်ရရှိရေး သဘောတူစာချုပ်ကို စက်တင်ဘာ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးကြပါတယ်။

အမျိုးသမီးတစ်ဦး လျှို့ဝှက်စွာရိုက်ကူးခဲ့သော ဗီဒီယိုတစ်ခုအရ IS များ ထိန်းချုပ်ထားရာ နယ်မြေတွင် အမျိုးသမီးများပါ လက်နက်ကိုင်ဆောင်ကာ သွားလာလျက်ရှိ

Photo: အမျိုးသမီးတစ်ဦး လျှို့ဝှက်စွာရိုက်ကူးခဲ့သော ဗီဒီယိုတစ်ခုအရ IS များ ထိန်းချုပ်ထားရာ နယ်မြေတွင် အမျိုးသမီးများပါ လက်နက်ကိုင်ဆောင်ကာ သွားလာလျက်ရှိ
Thursday, September 25, 2014

IS ထိန်းချုပ်ထားရာနယ်မြေမှ အမျိုးသမီးများ၏ဘ၀ကို ကမ္ဘာသို့သိစေလိုသော ဆီးရီးယားအမျိုးသမီးတစ်ဦးက IS များထိန်းချုပ်ထားပြီး လွန်ခဲ့သည့် မေလ မှစတင်ကာ အစ္စလာမ်မစ် ဥပဒေပြဌာန်းထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ရပ်ကာ မြို့အတွင်းမှ အခြေအနေများကို လျှု့ဝှက်ရိုက်ကူး ထားသော ဗီဒီယိုတစ်ခုထွက်ပေါ်လာရာ ၎င်းဒေသရှိ အမျိုးသမီးများမှာ လူ့အခွင့်အရေးများဆုံးရှုံးလျက်ရှိပြီး မိမိတို့၏အသက်အန္တရာယ်နှင့်အခြား အန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုယ်စီဖြင့် လမ်းလျှောက် ထွက်နေရကြောင်း တွေ့ရသည်။

လျို့ဝှက်ဗီဒီယိုကိုရိုက်ကူးခဲ့သည့်အမျိုးသမီးမှာ အစ္စလာမ်ဥပဒေအရ၀တ်ဆင် ရသည့် မျက်နှာထိဖုံးအုပ်ထားရသည့်အ၀တ်အစား 'နီကတ်' ကိုဝတ်ဆင်ကာ လျို့ဝှက် ကင်မရာ သယ်ဆောင်ပြီး မြို့အတွင်းရှိ အခြေအနေများကိုရိုက်ကူး ခဲ့ခြင်းဖြစ်သည်။ သူမရိုက်ကူးခဲ့သော ဗီဒီယို၏ဖော်ပြချက်အရ မြို့အတွင်းရှိ လမ်းများမှာ သေနတ်ကိုင် ဆောင်ထားသော အမျိုးသား၊ အမျိုးသမီးများဖြင့် ပြည့်နှက်လျက်ရှိပြီး အချို့အမျိုးသမီးများမှာ ' နီကတ်' ၀တ်စုံကိုဝတ်ဆင်ထားပြီး နောက်ကျောတွင်လည်း ရိုင်ဖယ်သေနတ်များကို ချိတ်ဆွဲထားကြသည်။ 

ဗီဒီယိုပြကွက် တစ်ခုတွင် 'နီကတ် ' ၀တ်စုံဝတ်ဆင်ထားပြီး AK 47 မောင်းပြန် သေနတ်ကို ကျောသိုင်းလွယ်ထားသော အမျိုးသမီးတစ်ဦးမှာ သူမ၏ သားဖြစ်သူကိုလက်ဆွဲလျက် ကလေးကစားကွင်းအတွင်းသို့ဝင်ရောက်သွား ခဲ့သည်။

သူမ ဗီဒီယို ရိုက်ကူးနေစဉ်အတွင်းမှာပင် သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက ကားဖြင့် သူမအနားသို့ရောက်ရှိလာပြီး " ' နီကတ် ' ၀တ်စုံကို သေချာ ၀တ်ဆင်ရန်၊ သူမ၀တ်ဆင်ထားသော ၀တ်စုံမှာ မျက်နှာ အနည်းငယ်ပေါ်နေသောကြောင့် သေချာဝတ်ဆင်ရန်၊ အရှင်က မျက်နှာကို ဖုံးထားသော အမျိုးသမီးကိုသာ ချစ်တယ်" ဟုပြောဆိုကာ ဆူပူကြိမ်းမောင်း သွားခဲ့သည်။ 

လျှို့ဝှက်စွာရိုက်ကူးခဲ့သည့် ၎င်းဗီဒီယိုကို ပြင်သစ်သတင်းရုပ်သံလိုင်း "France 2" တွင်ထုတ်လွှင့်ပြသသွားခြင်းဖြစ်ပြီး၊ ဖျော်ဖြေရေး၊ ပညာရေးနှင့် အစစ အရာရာကို ခံစားခွင့်မရှိသော အစ္စလာမ်မစ် ဥပဒေအောက်မှ ဆီးရီးယားအမျိုး သမီးများ၏ဘ၀အခြေအနေများကို ဖော်ပြသွားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
IS ထိန်းချုပ်ထားရာနယ်မြေမှ အမျိုးသမီးများ၏ဘ၀ကို ကမ္ဘာသို့သိစေလိုသော ဆီးရီးယားအမျိုးသမီး တစ်ဦးက IS များထိန်းချုပ်ထားပြီး လွန်ခဲ့သည့် မေလ မှစတင်ကာ အစ္စလာမ်မစ် ဥပဒေပြဌာန်းထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ရပ်ကာမြို့အတွင်းမှ အခြေအနေများကို လျှု့ဝှက်ရိုက်ကူး ထားသော ဗီဒီယို တစ်ခုထွက်ပေါ်လာရာ ၎င်းဒေသရှိ အမျိုးသမီးများမှာ လူ့အခွင့်အရေးများဆုံးရှုံးလျက်ရှိပြီး မိမိတို့၏ အသက် အန္တရာယ်နှင့်အခြား အန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုယ်စီဖြင့် လမ်းလျှောက် ထွက်နေရကြောင်း တွေ့ရသည်။

လားရှိုးဈေးအတွင်း နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုဖြစ်

Photo: လားရှိုးဈေးအတွင်း နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုဖြစ်
Thursday, September 25, 2014

 စက်တင်ဘာ၂၄ရက် မွန်းလွဲက လားရှိုးမြို့ စည်ပင်သာ ယာဈေးရှိ ရွှေဆိုင် တစ်ဆိုင် တွင် ဆိုင်ရှင်ကို သေနတ်ဖြင့် ထောက်ကာ ကျပ်သိန်း တစ်ရာကျော်တန် ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ အမှတ်(၃) ရပ် ကွက် လမ်းမတော်လမ်းမပေါ်ရှိ လားရှိုးစည်ပင်သာယာမြို့မဈေး၊ ချယ်ရီဈေးရုံတွင် ဖွင့်ထား သော ဝေဟင်ရွှေဆိုင်သို့ မွန်းလွဲ ပိုင်းက အမျိုးသားတစ်ဦး ရောက်လာပြီး ဆိုင်ရှင်အား နောက်ကျောဘက်မှ သေနတ်ဖြင့် ထောက်ကာ ရွှေများကို ကောင်တာပေါ်   တင်ခိုင်းခဲ့ သည်။ထိုအချိန်တွင် ဆိုင်ရှင်နှင့်အ တူ ပန်းထိမ်ဆရာ ဦးပြည်အောင် တို့ရှိနေပြီး ဆိုင်ပိုင်ရှင် ဦးစိုင်းထွန်းအေးက ရွှေလက်စွပ်များ ထည့် ထားသော ရွှေလင်ဗန်းတစ်ဗန်းကို ကောင်တာပေါ်သို့ တင်ပေးလိုက် ရာ လုယက်သူက အသင့်ပါလာ သော ကျောပိုးအိတ်အတွင်းသို့ထည့်ပြီး ထွက်ပြေးသွားခြင်းဖြစ် သည်။

ထို့နောက် သေနတ်သမား သည် ရွှေဆိုင်နှင့် ၂၅ ပေခန့်ကွာ သော အောင်သီရိရုပ်ရှင်ရုံ နောက်ဖေးလမ်းကြား၌ အသင့်ရပ်စောင့် နေသော ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားကြကြောင်း ဒေသခံဦးသောင်းလွင်က ပြောသည်။

 ‘‘ရွှေထည်ပစ္စည်းတန်ဖိုး သိန်းတစ်ရာဖိုးလောက်ပါသွား တယ်လို့သိရပါတယ်။ ဈေးလုံခြုံ ရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီဆိုင်ဘက်ရောက်လာဖို့ ၁၅မိနစ် အလိုမှာ ခုလိုဖြစ်သွားတာပါ။ ရွှေ ထည်တွေလုသွားတဲ့လူ ဈေးအ ပြင်လမ်းပေါ်ကိုရောက်သွားပြီးမှ သိကြတာပါ’’ဟု လားရှိုးရွှေကုန် သည်များအသင်းဥက္ကဋ္ဌ  ကိုညီ ထွေးကပြောသည်။

သေနတ်ကိုင်လုယက်သွား သူသည် ရွှေထည်များရယူပြီးချိန် တွင် အသင့်ရပ်ထားသောဆိုင်ကယ်ဖြင့် ထွက်သွားခဲ့ခြင်းကို CC-TV မှတ်တမ်းအရသိရကြောင်းလုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

အဆိုပါလုယက်မှုနှင့်ပတ် သက်၍ တရားခံကိုဖမ်းဆီးဖော် ထုတ်နိုင်ရန် သက်ဆိုင်ရာရဲတပ် ဖွဲ့ဝင်များက မြို့အ၀င်၊ အထွက် လမ်းဟူသမျှကို  ပိတ်ဆို့လျက်ရှာ ဖွေစစ်ဆေးမှုများ   ပြုလုပ်နေ ကြောင်းသိရသည်။

 လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၂၀၀၃ ခုနှစ်ကလည်း အထက်ပါ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သည့် လားရှိုးစည်ပင်သာယာမြို့မဈေး အပြင်ဘက်တန်းမှ   လပ်ကီးရွှေဆိုင် လုယက်မှုမှ တရားခံများကို နှစ်လကျော်ကြာမှ ဖမ်းမိခဲ့ပြီး ယင်းမှုခင်းကို ၁၂ နာရီ ၁၃ မိနစ် အမည်ဖြင့် ဇာတ်လမ်းရိုက်ကူးခဲ့သည်။

7Day DAILY 

လားရှိုးမြို့ဈေးကို လုယက်မှုအပြီး တွေ့ရစဉ်-ဓာတ်ပုံ−တင်ဦး(လားရှိုး)
လားရှိုးမြို့ဈေးကို လုယက်မှုအပြီး တွေ့ရစဉ်-ဓာတ်ပုံ−တင်ဦး(လားရှိုး)
 စက်တင်ဘာ၂၄ရက် မွန်းလွဲက လားရှိုးမြို့စည်ပင်သာယာဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ရှင်ကို သေ နတ်ဖြင့် ထောက်ကာ ကျပ်သိန်းတစ်ရာကျော်တန် ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။