Friday 26 September 2014

အလုံးစုံ လွှမ်းခြုံသော မြေယာဥပဒေ ၂၀၁၅ တွင် အပြီးသတ် ရေးဆွဲမည်ဟု သမ္မတရုံးဝန်ကြီးပြော

Photo: အလုံးစုံ လွှမ်းခြုံသော မြေယာဥပဒေ ၂၀၁၅ တွင် အပြီးသတ် ရေးဆွဲမည်ဟု သမ္မတရုံးဝန်ကြီးပြော
Friday, September 26, 2014

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မြေယာပိုင်ဆိုင်မှု၊ အငြင်းပွားမှုများအတွက် အလုံးစုံလွှမ်းခြုံသော မြေယာဥပဒေ တစ်ခုကို လာမည့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် ရေးဆွဲနေသော အဆိုပါ မြေယာအသုံးချ မူဝါဒကို စတင်ရေးဆွဲနေပြီ ဖြစ်ပြီး ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်နိုင်ဖွယ် ရှိကြောင်း၊ အဆိုပါ မူဝါဒ ရေးဆွဲပြီးပါက ရေအရင်းအမြစ် အသုံးချမှု စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားရန် လျာထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အမေရိကန် ဘီလျံနာတစ်ဦးကမူ မြန်မာနိုင်ငံတွင် မြေယာသိမ်းဆည်းမှုများ ဆက်လက် ကျန်ရှိနေပြီး အမေရိကန် ကုမ္ပဏီများဘက်က အမေရိကန်အစိုးရ၏ သတ်မှတ်ချက်အတိုင်း တစ်သဝေမတိမ်း လိုက်နာပြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သတိပြုရန် လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သော မြေယာအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြေယာအသုံးချ စီမံခန့်ခွဲရေးအတွက် မြေယာမြေပုံနှင့် စီမံကိန်းများအကြောင်း ဆွေးနွေးခဲ့ကြောင်း၊ ယင်းစီမံကိန်းများတွင် မြို့ပြစီမံကိန်းများ၊ စီးပွားရေးဇုန်များ အပြင် အိမ်ခြေရာမဲ့များအတွက် မြေယာပံ့ပိုးရေး အစီအစဉ်များ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
“ဘယ်လောက်တောင်လဲဆို ဒီစီမံကိန်းတွေထဲမှာ မြေယာအငြင်းပွားမှု ကိစ္စတွေအထိ မျှော်မှန်းထားတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုလာရင် ဒီစီမံကိန်းကြည့်ပြီး ဘယ်နေရာ ဘာလုပ်မယ်ဆိုတာ သိသွားမယ်။ အဲဒီနေရာတွေ သူတို့သိရင် ရင်းနှီးမြှုပ်နှံမှု လုပ်ရုံပဲ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏကို လာမည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည့် အစီအစဉ်များအတွက် နိုင်ငံတကာ စီးပွားရေး အင်အားစုများက မြန်မာနိုင်ငံကို အာရုံစူးစိုက်လျက် ရှိကြောင်း Open Society Foundations အကြီးအကဲ George Soros က ပြောကြားသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း၊ ငွေကြေးနဲ့ လယ်ယာကဏ္ဍတွေမှာ ပိုရင်းနှီးမြှုပ်နှံစေချင်တယ်။ ဒီနေရာတွေက နိုင်ငံ နဲ့ ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ အလိုအပ်ဆုံး အရာတွေပဲ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ရန်နှင့် အစိုးရ၏ မြို့ပြစီမံကိန်းများကို ပွင့်လင်းမြင်သာမှု ပိုရှိစေရန် မြေယာအသုံးချ စီမံကိန်းများမှာ အလွန်အရေးပါကြောင်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ဝေဖန် ထောက်ပြ ထားဖူးသည်။ လက်ရှိ မြန်မာနိုင်ငံတွင် မြေယာနှင့် ပတ်သက်၍ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတို့သာ တရားဝင် ပြဋ္ဌာန်းထားသည်။

The Voice Weekly
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မြေယာပိုင်ဆိုင်မှု၊ အငြင်းပွားမှုများအတွက် အလုံးစုံလွှမ်းခြုံသော မြေယာ ဥပဒေ တစ်ခုကို လာမည့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် ရေးဆွဲနေသော အဆိုပါ မြေယာအသုံးချ မူဝါဒကို စတင်ရေး ဆွဲနေပြီ ဖြစ်ပြီး ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်နိုင်ဖွယ် ရှိကြောင်း၊ အဆိုပါ မူဝါဒ ရေးဆွဲပြီး ပါက ရေအရင်းအမြစ် အသုံးချမှု စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားရန် လျာထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အမေရိကန် ဘီလျံနာတစ်ဦးကမူ မြန်မာနိုင်ငံတွင် မြေယာသိမ်းဆည်းမှုများ ဆက်လက် ကျန်ရှိနေပြီး အမေ ရိကန် ကုမ္ပဏီများဘက်က အမေရိကန်အစိုးရ၏ သတ်မှတ်ချက်အတိုင်း တစ်သဝေမတိမ်း လိုက်နာပြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သတိပြုရန် လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာန တွင် ဖော်ပြထားသည်။

မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သော မြေယာအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ အလုပ် ရုံ ဆွေးနွေးပွဲတွင် မြေယာအသုံးချ စီမံခန့်ခွဲရေးအတွက် မြေယာမြေပုံနှင့် စီမံကိန်းများအကြောင်း ဆွေးနွေး ခဲ့ကြောင်း၊ ယင်းစီမံကိန်းများတွင် မြို့ပြစီမံကိန်းများ၊ စီးပွားရေးဇုန်များ အပြင် အိမ်ခြေရာမဲ့များ အတွက် မြေယာ ပံ့ပိုးရေး အစီအစဉ်များ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ “ဘယ်လောက်တောင်လဲဆို ဒီစီမံကိန်းတွေထဲမှာ မြေယာအငြင်းပွားမှု ကိစ္စတွေ အထိ မျှော်မှန်းထားတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုလာရင် ဒီစီမံကိန်းကြည့်ပြီး ဘယ်နေရာ ဘာလုပ်မယ်ဆိုတာ သိသွားမယ်။ အဲဒီနေရာတွေ သူတို့သိရင် ရင်းနှီးမြှုပ်နှံမှု လုပ်ရုံပဲ” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏကို လာမည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်မည့် အစီအစဉ်များအတွက် နိုင်ငံတကာ စီးပွားရေး အင်အားစုများက မြန်မာနိုင်ငံကို အာရုံစူးစိုက် လျက် ရှိကြောင်း Open Society Foundations အကြီးအကဲ George Soros က ပြောကြားသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း၊ ငွေကြေးနဲ့ လယ်ယာကဏ္ဍတွေမှာ ပိုရင်းနှီးမြှုပ်နှံစေ ချင်တယ်။ ဒီနေရာတွေက နိုင်ငံ နဲ့ ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ အလိုအပ်ဆုံး အရာတွေပဲ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ရန်နှင့် အစိုးရ၏ မြို့ပြစီမံကိန်းများကို ပွင့်လင်းမြင်သာမှု ပိုရှိစေရန် မြေယာအသုံးချ စီမံကိန်းများမှာ အလွန်အရေး ပါကြောင်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ဝေဖန် ထောက်ပြ ထားဖူးသည်။ လက်ရှိ မြန်မာနိုင်ငံ တွင် မြေယာနှင့် ပတ်သက်၍ လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတို့သာ တရားဝင် ပြဋ္ဌာန်းထားသည်။

The Voice Weekly 

No comments:

Post a Comment