Friday 26 September 2014

ဆီးသီးဗန်းမှောက်သည့်ကိစ္စ သက်သေပြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြင်

Photo: ဆီးသီးဗန်းမှောက်သည့်ကိစ္စ သက်သေပြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြင်
Friday, September 26, 2014

ဆီးသီးဗန်းမှောက်ကျ သည်ဆိုသည့် ပြောဆိုချက် နောက်ဆက်တွဲ အဖြစ် နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ စံချိန်စံညွှန်း ကိုက်ညီခြင်းမရှိပါက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်သို့ အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြရရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ကြေ ညာချက်ထုတ်ပြန်လိုက်သည်။ 

အမျိုးသားလွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သော ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ အ ဆောက်အအုံများ၊ လမ်း၊ တံတား များအနေဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမှုမရှိပါက ဆောက်လုပ်သည့်ကုမ္ပဏီ အဖွဲ့ အစည်းအမည်အပါအ၀င် ဓာတ်ပုံမှတ်တမ်းအထောက်အထားပြည့် စုံစွာဖြင့် သီတင်းကျွတ်ကာလအ ပြီး လွှတ်တော်သို့ ပြန်လာသည့် အခါ ယူဆောင်တင်ပြကြရန် ယခုလ ၂၅ ရက်တွင် အမျိုးသားလွှတ် တော်က ပန်ကြားလွှာတစ်စောင် ထုတ်ပြန်ခဲ့သည်။
‘‘ဒီကိစ္စက ဆီးသီးဗန်း မှောက်ကျတယ်ဆိုတဲ့ တင်ပြချက်နဲ့ ပတ်သက်တယ်ဗျ။ ဥက္ကဋ္ဌအနေ နဲ့ ကန်ထရိုက်တွေကိုဆိုလိုတဲ့ သဘောမှာရှိတယ်။ အဲဒီတော့ ဒါ တွေကို စုစည်းပြီး သမ္မတဆီကို သ၀ဏ်လွှာပို့ရင် ပိုပြီးထိရောက် မယ်လို့ ဥက္ကဋ္ဌက ပြောတယ်’’ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေက ပြောသည်။

မိမိမဲဆန္ဒနယ်မြေတွင် စံချိန် မမီသည့် အဆောက်အအုံကိစ္စ ရပ် ၃ ခုရှိပြီး ချက်ချင်းပင်တင်ပြ နိုင်သည့် အထောက်အထားများ ရှိကြောင်း ဦးလှဆွေက ပြော သည်။
‘‘အဲဒီလိုလုပ်ရင် သမ္မတရုံး လည်း သူ့လူတွေက အောက်ခြေအဆင့်မှာ မမှန်မကန်လုပ်ရင် တိုက်ရိုက်သိသွားနိုင်တာပေါ့။ အောက်ခြေအဆင့်နဲ့ သမ္မတရုံးအဆင့်နဲ့က တအားကွာနေတော့ သမ္မတရုံးက အမှန်မသိနိုင်ဘူး။ဒါကို လွှတ်တော်ကိုယ်စားလှယ်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တစ်ဆင့်တိုက်ရိုက်တင်ပေးတာပေါ့’’ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

လက်ရှိကျင်းပနေဆဲဖြစ် သော(၁၁)ကြိမ်မြောက် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး ကာလတွင် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှ ၎င်း၏ မဲဆန္ဒနယ် မြေအတွင်း ဆောက်လုပ်ထား သော ကျန်းမာရေးကဏ္ဍဆိုင်ရာ အဆောက်အအုံတစ်ခုမှာ သတ် မှတ်စံချိန်စံညွှန်းပြည့်မီခြင်းမရှိ သဖြင့် ဓာတ်ပုံအထောက်အထား ဖြင့် လွှတ်တော်သို့ တင်ပြကာ မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါတင်ပြမှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အောက်ခြေတွင် လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်မှ ချ မှတ်ပေးသော ဘတ်ဂျက်များ သည် အောက်ခြေသို့ ရောက်သောအခါ ဆီးသီးဗန်းမှောက်ကျသကဲ့ သို့ ဟိုလူနှိုက်၊ ဒီလူနှိုက်ဖြင့် ထက် ၀က်ခန့်သာကျန်တော့သည့် အ ခြေအနေသို့ ရောက်ရှိနေကြောင်း ဥက္ကဋ္ဌက မှတ်ချက်ပြုပြောကြားခဲ့ သည်။

၎င်းပြောကြားချက်အပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ထိုကဲ့သို့ ပြောဆိုလိုပါက အ ထောက်အထားတိတိကျကျ ခိုင် ခိုင်မာမာဖြင့် ပြောကြားမှသာ သင့်လျော်မည်ဟု တုံ့ပြန်ခဲ့သည်။

ယခုကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌ က အချက်အလက်များတောင်းခံ ခြင်းသည် ပြန်ကြားရေးဝန်ကြီး၏ တုံ့ပြန်ချက်အပေါ် ပြန်လည်ချေ ပသည့် ဆောင်ရွက်ချက်ဖြစ်နိုင်ပြီး အထောက်အထားနှင့် တင်ပြမည့်ကိုယ်စားလှယ်အများစုရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အချို့က ဆိုသည်။ 

‘‘အချက်အလက်ခိုင်ခိုင်မာ မာနဲ့ ထောက်ပြလာရင် ဘယ်သူပဲ ထောက်ပြလာလာ ကျွန်တော်တို့ က ကြိုဆိုပါတယ်။ ပွင့်လင်းမြင် သာစွာ ဆောင်ရွက်နေတဲ့အချိန် အခါဖြစ်တဲ့အတွက် ဘယ်သူပြော တယ်ဆိုတာ အရေးမကြီးပါဘူး။ အထောက်အထားခိုင်မာဖို့ အရေးကြီးပါတယ်။ အထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြလာရင် ကျွန် တော်တို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ’’ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောသည်။
ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချို့သော ဆောက်လုပ်မှုကိစ္စ ရပ်များကို သက်ဆိုင်ရာတိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ သို့ လွှဲပြောင်းပေးထားသဖြင့် အ မျိုးသားလွှတ်တော်မှ အထောက် အထားများဖြင့် တင်ပြလာပါက မည်သို့ဆောင်ရွက်ခွင့်ပေးထား သည်ကို စိစစ်ရမည့် လုပ်ငန်းများ ရှိသဖြင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ဆိုသည်ကို လတ် တလောတွင် မပြောနိုင်သေး ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

7Day Daily

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဆီးသီးဗန်းမှောက်ကျ သည်ဆိုသည့် ပြောဆိုချက် နောက်ဆက်တွဲအဖြစ် နိုင်ငံတော် ဘတ် ဂျက်နှင့် ဆောက် လုပ်သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ စံချိန်စံညွှန်း ကိုက်ညီခြင်း မရှိပါက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်သို့ အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြရရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ကြေ ညာချက်ထုတ်ပြန်လိုက်သည်။
အမျိုးသားလွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအတွင်း နိုင်ငံတော် ဘတ် ဂျက်ဖြင့် ဆောက်လုပ်သော ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ အ ဆောက်အအုံများ၊ လမ်း၊ တံတား များအနေဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမှုမရှိပါက ဆောက်လုပ်သည့်ကုမ္ပဏီ အဖွဲ့ အစည်းအမည်အပါအ၀င် ဓာတ်ပုံမှတ်တမ်းအထောက်အထားပြည့် စုံစွာဖြင့် သီတင်းကျွတ်ကာလအ ပြီး လွှတ်တော်သို့ ပြန်လာသည့် အခါ ယူဆောင်တင်ပြကြရန် ယခုလ ၂၅ ရက်တွင် အမျိုးသားလွှတ် တော်က ပန်ကြားလွှာတစ်စောင် ထုတ်ပြန်ခဲ့သည်။

‘‘ဒီကိစ္စက ဆီးသီးဗန်း မှောက်ကျတယ်ဆိုတဲ့ တင်ပြချက်နဲ့ ပတ်သက်တယ်ဗျ။ ဥက္ကဋ္ဌအနေနဲ့ ကန် ထရိုက်တွေကို ဆိုလိုတဲ့ သဘောမှာရှိတယ်။ အဲဒီတော့ ဒါ တွေကို စုစည်းပြီး သမ္မတဆီကို သ၀ဏ်လွှာ ပို့ရင် ပိုပြီးထိရောက်မယ်လို့ ဥက္ကဋ္ဌက ပြောတယ်’’ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေ က ပြော သည်။

မိမိမဲဆန္ဒနယ်မြေတွင် စံချိန် မမီသည့် အဆောက်အအုံကိစ္စ ရပ် ၃ ခုရှိပြီး ချက်ချင်းပင်တင်ပြ နိုင်သည့် အထောက်အထားများ ရှိကြောင်း ဦးလှဆွေက ပြော သည်။ ‘‘အဲဒီလိုလုပ်ရင် သမ္မတရုံး လည်း သူ့ လူတွေက အောက်ခြေအဆင့်မှာ မမှန်မကန်လုပ်ရင် တိုက်ရိုက်သိသွားနိုင်တာပေါ့။ အောက်ခြေအဆင့်နဲ့ သမ္မတရုံးအဆင့်နဲ့က တအားကွာနေတော့ သမ္မတရုံးက အမှန်မသိနိုင်ဘူး။ဒါကို လွှတ်တော် ကိုယ် စားလှယ်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တစ်ဆင့်တိုက်ရိုက်တင်ပေးတာပေါ့’’ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

လက်ရှိကျင်းပနေဆဲဖြစ် သော(၁၁)ကြိမ်မြောက် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး ကာလတွင် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှ ၎င်း၏ မဲဆန္ဒနယ် မြေအတွင်း ဆောက်လုပ်ထား သော ကျန်းမာရေး ကဏ္ဍဆိုင်ရာ အဆောက်အအုံတစ်ခုမှာ သတ် မှတ်စံချိန်စံညွှန်းပြည့်မီခြင်းမရှိသဖြင့် ဓာတ်ပုံအထောက် အထား ဖြင့် လွှတ်တော်သို့ တင်ပြကာ မေးခွန်းမေးမြန်းခဲ့သည်။ 

အဆိုပါတင်ပြမှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အောက်ခြေတွင် လာဘ်ပေးလာဘ်ယူမှု များကြောင့် နိုင်ငံတော်မှ ချမှတ်ပေးသော ဘတ်ဂျက်များသည် အောက်ခြေသို့ ရောက်သောအခါ ဆီးသီးဗန်းမှောက်ကျသကဲ့သို့ ဟိုလူနှိုက်၊ ဒီလူနှိုက်ဖြင့် ထက်ဝက်ခန့်သာကျန်တော့သည့် အ ခြေအနေ သို့ ရောက် ရှိနေကြောင်း ဥက္ကဋ္ဌက မှတ်ချက်ပြုပြောကြားခဲ့ သည်။

၎င်းပြောကြားချက်အပေါ် နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က ထိုကဲ့သို့ ပြောဆိုလိုပါက အ ထောက်အထားတိတိကျကျ ခိုင် ခိုင်မာမာဖြင့် ပြောကြား မှသာ သင့်လျော်မည်ဟု တုံ့ပြန်ခဲ့သည်။

ယခုကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌက အချက်အလက်များတောင်းခံ ခြင်းသည် ပြန်ကြားရေးဝန်ကြီး၏ တုံ့ပြန်ချက် အပေါ် ပြန်လည်ချေ ပသည့် ဆောင်ရွက်ချက်ဖြစ်နိုင်ပြီး အထောက်အထားနှင့် တင်ပြမည့်ကိုယ်စားလှယ် အများစုရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အချို့က ဆိုသည်။

‘‘အချက်အလက်ခိုင်ခိုင်မာ မာနဲ့ ထောက်ပြလာရင် ဘယ်သူပဲ ထောက်ပြလာလာ ကျွန်တော်တို့ က ကြိုဆို ပါတယ်။ ပွင့်လင်းမြင် သာစွာ ဆောင်ရွက်နေတဲ့အချိန် အခါဖြစ်တဲ့အတွက် ဘယ်သူပြော တယ်ဆိုတာ အရေးမကြီးပါဘူး။ အထောက်အထားခိုင်မာဖို့ အရေးကြီးပါတယ်။ အထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြလာရင် ကျွန် တော်တို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ’’ဟု နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိ သူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောသည်။ 

ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချို့သော ဆောက်လုပ်မှုကိစ္စ ရပ်များကို သက် ဆိုင်ရာတိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ သို့ လွှဲပြောင်းပေးထားသဖြင့် အ မျိုးသားလွှတ်တော်မှ အထောက်အထားများဖြင့် တင်ပြလာပါက မည်သို့ဆောင်ရွက်ခွင့်ပေးထားသည်ကို စိစစ်ရမည့် လုပ်ငန်းများ ရှိသဖြင့် မည်ကဲ့သို့အရေးယူ ဆောင်ရွက်မည်ဆိုသည်ကို လတ်တလောတွင် မပြောနိုင်သေး ကြော င်း ပြည်ထောင်စု ၀န်ကြီးက ပြောသည်။

7Day Daily

No comments:

Post a Comment