Friday 26 September 2014

စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ တပ်ဆင်မည်

Photo: စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ တပ်ဆင်မည်
Friday, September 26, 2014

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ စတင်တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုတပ်ဆင်ပေးမည့်နေရာသုံးခုမှာ စစ်တွေမြို့ရှိ ဦးဥတ္တမလမ်းနှင့် လမ်းမကြီးလမ်းဆုံ၊ ကုန်သည် လမ်းနှင့် လမ်းမကြီးလမ်းဆုံနှင့် လောကာ နန္ဒာစေတီ အနီးရှိ လမ်းဆုံတို့ဖြစ်ကြကြောင်း သိရသည်။

ယခုအခါ စစ်တွေမြို့တွင် မော်တော်ကားများ၊ ဆိုင်ကယ်များများပြားလာပြီး ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမှုကြောင့် ယခုကဲ့သို့မီးပွိုင့်များတပ်ဆင်ပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့ရှိ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးသို့ နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒီကိစ္စက ကျွန်တော်တို့နဲ့မသက်ဆိုင်ပါဘူး။ စည်ပင်ကိုပဲ မေးလိုက်ပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင် ပြည်နယ်စည်ပင်ရုံးကိုဆက်သွယ်မေးမြန်းရာ ယင်းမှတာဝန်ရှိသူတစ် ဦးက “ဒီကိစ္စက လျှပ်စစ်ဌာနနဲ့ပဲဆိုင်ပါတယ်။ လျှပ်စစ်ကိုမေးပြီးမှ ကျွန်တော်တို့ အတည်ပြုပြောလို့ ရမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့်တပ်ဆင်ပေးမည့်အဆိုပါမီးပွိုင့်များမှာ ဘဏ္ဍာရေးအခြေအရ ဒီဂျီတယ်မီးပွိုင့်များမဟုတ်သေးဘဲ ရိုးရိုးမီးပွိုင့်များသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုနောက်ပိုင်း ယာဉ်များရှုပ်ထွေးလာနေပြီး မီးပွိုင့်စနစ်များမရှိသည့် အတွက် ယာဉ်မတော်တဆမှုများလည်း ပိုမိုဖြစ်ပွားလာနေသည်ကိုတွေ့ရကြောင်း မြို့ခံများက ပြောသည်။

သို့သော် ယာဉ်မတော်တဆမှုများပိုမိုဖြစ်ပွားနေရခြင်းမှာ ယာဉ်မောင်းသူများ၏ အရက်သေစာသောက် စားမူးယစ်ကာ စည်းကမ်းမဲ့စွာမောင်းနှင်ကြမှုများကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမှတ်(၅) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(စစ်တွေ)မှ ရဲအုပ်မောင်မောင်ထွန်းက သုံးသပ်ပြောသည်။

ယခုတပ်ဆင်ရန်ပြင်ဆင်နေသည့် မီးပွိုင့်များကို မည်သည့်အချိန်တွင်စတင်တပ်ဆင်ပေးသွားမည်ဆို သည်ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

 နိရဉ္စရာ

ယာဉ်ကြောများ ပိတ်ဆို့နေသော စစ်တွေမြို့မှ ကုန်တန်းလမ်း (ဓါတ်ပုံ- နိရဉ္စရာ)
ယာဉ်ကြောများ ပိတ်ဆို့နေသော စစ်တွေမြို့မှ ကုန်တန်းလမ်း (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များ စတင်တပ်ဆင်ပေး သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုတပ်ဆင်ပေးမည့်နေရာသုံးခုမှာ စစ်တွေမြို့ရှိ ဦးဥတ္တမလမ်းနှင့် လမ်းမကြီးလမ်းဆုံ၊ ကုန်သည် လမ်းနှင့် လမ်းမကြီးလမ်းဆုံနှင့် လောကာ နန္ဒာစေတီ အနီးရှိ လမ်းဆုံတို့ဖြစ်ကြကြောင်း သိရသည်။

ယခုအခါ စစ်တွေမြို့တွင် မော်တော်ကားများ၊ ဆိုင်ကယ်များများပြားလာပြီး ယာဉ်ကြောရှုပ်ထွေးမှု များ ဖြစ်ပေါ် လာမှုကြောင့် ယခုကဲ့သို့မီးပွိုင့်များတပ်ဆင်ပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့ရှိ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးသို့ နိရဉ္စရာသတင်းဌာနက ဆက် သွယ်မေးမြန်းရာ ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒီကိစ္စက ကျွန်တော်တို့နဲ့မသက်ဆိုင်ပါဘူး။ စည်ပင် ကိုပဲ မေးလိုက်ပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင် ပြည်နယ်စည်ပင်ရုံးကိုဆက်သွယ်မေးမြန်းရာ ယင်းမှတာဝန်ရှိသူတစ် ဦးက “ဒီကိစ္စက လျှပ်စစ်ဌာနနဲ့ပဲဆိုင်ပါတယ်။ လျှပ်စစ်ကိုမေးပြီးမှ ကျွန်တော်တို့ အတည်ပြုပြောလို့ ရမှာပါ”ဟု ပြန် လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တပ်ဆင်ပေးမည့်အဆိုပါမီးပွိုင့်များမှာ ဘဏ္ဍာရေးအခြေအရ ဒီဂျီတယ် မီးပွိုင့်များမဟုတ်သေးဘဲ ရိုးရိုးမီးပွိုင့်များသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုနောက်ပိုင်း ယာဉ်များရှုပ်ထွေးလာနေပြီး မီးပွိုင့်စနစ်များမရှိသည့် အတွက် ယာဉ်မတော်တဆမှုများလည်း ပိုမိုဖြစ်ပွားလာနေသည်ကိုတွေ့ရကြောင်း မြို့ခံများက ပြောသည်။

သို့သော် ယာဉ်မတော်တဆမှုများပိုမိုဖြစ်ပွားနေရခြင်းမှာ ယာဉ်မောင်းသူများ၏ အရက်သေစာသောက် စားမူးယစ်ကာ စည်းကမ်းမဲ့စွာမောင်းနှင်ကြမှုများကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမှတ်(၅) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(စစ်တွေ)မှ ရဲအုပ်မောင်မောင်ထွန်းက သုံးသပ်ပြောသည်။

ယခုတပ်ဆင်ရန်ပြင်ဆင်နေသည့် မီးပွိုင့်များကို မည်သည့်အချိန်တွင်စတင်တပ်ဆင်ပေးသွားမည်ဆို သည် ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

 နိရဉ္စရာ

No comments:

Post a Comment