Friday, 5 September 2014

Photo: ကွယ်လွန်ပြီးမှ ထိပ်ဆုံးနေရာ ရောက်သွားတဲ့ အွန်ဘီရဲ့သီချင်း
Friday, September 5, 2014

ကိုရီးယားမိန်းကလေး အဆိုရှင်အဖွဲ့ Ladies' Code အဖွဲ့ဝင်အွန်ဘီ   ယာဉ်မတော် တဆမှုဖြင့်   သေဆုံးခြင်းသည်ကိုရီးယားဂီတလုပ်ငန်းကြီးတစ်ခု လုံးကိုတုန်လှုပ်စေခဲ့ပြီး ယင်းအဖွဲ့ ၏   ပရိသတ်များနှင့် ပရိသတ် မဟုတ်သူများပါ   ပူးပေါင်းကာ အွန်ဘီ၏တစ်သက်တာ ဆန္ဒကို ဖြည့်ဆည်း ခဲ့ကြသည်။

အွန်ဘီသေဆုံးမှုသတင်းပျံ့ နှံ့ခဲ့ပြီးနောက် Ladies' Code အဖွဲ့ ပရိသတ်များက ‘‘အွန်ဘီရဲ့ တစ်သက်တာဆန္ဒက လူကြိုက် အများဆုံးသီချင်းတွေစာရင်း နံပါတ်(၁)နေရာရောက်ရှိဖို့ပါ။ ကျေးဇူးပြုပြီး 'I'm Fine Thank You' သီချင်းကို နားထောင်ပေး ကြပါ။  ဒီသီချင်း နိဗ္ဗာန်ဘုံကို ရောက်သွားမယ်လို့မျှော်လင့်ပါ တယ်’’ဟူသောစာသားကို အွန် လိုင်းနှင့် SMS များဖြင့်ဖြန့်ဝေခဲ့ ကြသည်။

အခြားဂီတအဖွဲ့များက လည်း ယင်းတွင်ပူးပေါင်းပါဝင် မျှဝေခဲ့ကြ၍ အဆိုပါသီချင်းမှာ လက်ရှိအချိန်၌အကောင်းဆုံးသီ ချင်းစာရင်းတွင် နံပါတ်(၁)နေရာ ရောက်ရှိသွားခဲ့သည်။

သီချင်း၏စာသားများမှာ လည်း အဓိပ္ပာယ်ပြည့်ဝနေခဲ့သည်။

‘ဒီနေ့ ငါငိုနေတယ်။ မင်း ပျော်ပါစေလို့ဆုတောင်းတယ်။ အမြဲတမ်းပဲ ဂွတ်ဘိုင်’ဟု ဆိုထား ပြီး နောက်တစ်နေရာ၌ ‘တစ်ခါ တလေ ငါ့အကြောင်းစဉ်းစားပြီး ပြုံးလိုက်ပါတယ်’ဟု စာသားကဖော်ပြသည်။ 'I'm Fine ThankYou' သီချင်းမှာ အခြားဂီတဝက်ဘ် ဆိုက်အများအပြားတွင်လည်း နံပါတ်(၁)နေရာ ရောက်ရှိသွားခဲ့ သည်။

Ref: All K pop
7Day DAILY
ကိုရီးယားမိန်းကလေး အဆိုရှင်အဖွဲ့ Ladies' Code အဖွဲ့ဝင်အွန်ဘီ   ယာဉ်မတော် တဆမှုဖြင့်   သေ ဆုံးခြင်း သည် ကိုရီးယားဂီတလုပ်ငန်းကြီး တစ်ခု လုံးကိုတုန်လှုပ်စေခဲ့ပြီး ယင်းအဖွဲ့၏   ပရိသတ်များနှင့် ပရိသတ် မဟုတ်သူများပါ   ပူးပေါင်းကာ အွန်ဘီ၏တစ်သက်တာ ဆန္ဒကို ဖြည့် ဆည်း ခဲ့ကြသည်။

လုပ်ကိုင်မည့်သူမရှိ၍ နေပြည်တော် မွေးမြူရေးဇုန်အတွက် လုပ်ငန်းရှင်များ ထပ်ခေါ်

နေပြည်တော်တွင် မွေး မြူရေးဇုန်များ တည်ဆောက်ထား သော်လည်း လုပ်ငန်းရှင်များ လုပ် ကိုင်မှု မရှိ သဖြင့် ထပ်မံ ဖိတ်ခေါ် ထားကြောင်း သတင်းရရှိသည်။

NNERနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှေ့ဆက်သွားမည့်ပညာရေး စနစ် ဆွေးနွေးမည်

Photo: NNERနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှေ့ဆက်သွားမည့်ပညာရေး စနစ် ဆွေးနွေးမည်
Friday, September 5, 2014

 မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် ပညာရေးစနစ်နှင့် ပတ် သက်၍ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးကွန်ရက် (NNER) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များ စက်တင်ဘာ ၆ ရက်တွင် တွေ့ဆုံဆွေးနွေးသွားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ ကို ဦးဝိစာရလမ်းရှိ Local Reso-urce Center တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
‘‘ပညာရေးနဲ့ ဆက်နွှယ်တဲ့ NGO၊ INGO အဖွဲ့အစည်းတော် တော်များများကို ဖိတ်ထားတယ်။ ရှေ့ဆက်သွားမယ့် ပညာရေးကို အရပ်ဘက်လူမှုအဖွဲ့အစည်းက နေ အကြံဉာဏ်ရယူချင်လို့ပါ။ အကြံဉာဏ်ရယူပြီး အမျိုးသား ပညာရေးဥပဒေမူကြမ်းသည် ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်း မှာ မဟုတ်ဘူးဆိုရင် ရှေ့ဆက်ပြီး တော့ ဘယ်လို Plan ဆွဲမလဲ၊ ပူး ပေါင်းပြီး ဘယ်လိုလုပ်မလဲဆို တာကို ပညာရေးသီးသန့်ဆွေးနွေးကြမှာပါ’’ဟု ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူ က ပြောသည်။
ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးကွန်ရက် (NNER)က အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖြစ် သည့် ငြိမ်းဖောင်ဒေးရှင်း၊ Gener-ation Wave ၊ မြန်မာနိုင်ငံအလုပ် သမားသမဂ္ဂအဖွဲ့ချုပ်၊ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးအ သင်းစသည့် NGO ၊ INGO အဖွဲ့ အစည်း ၄၀ ကျော်တက်ရောက် ရန် ဖိတ်ကြားထားကြောင်း သိရ သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ သို့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ များဖြစ်ကြသည့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗက သ)၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)၊ ကျောင်းသား သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ (ကသဖ)များမှ ကျောင်းသူ၊ ကျောင်းသားများလည်း ပါဝင်ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း ဒေါက် တာအာကာမိုးသူက ပြောသည်။
ဇူလိုင် ၃၀ ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အမျိုးသားလွှတ် တော်က အတည်ပြုထားသော ပြင်ဆင်ချက် (၇၁) ချက်အပေါ် မူတည် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်သ ဘောတူညီချက်ဖြင့် အတည်ပြုခဲ့ ခြင်း ဖြစ်သည်။
အဆိုပါ အမျိုးသားပညာ ရေးဥပဒေမူကြမ်းသည် ပညာရေး လွတ်လပ်ခွင့်ကို အာမခံချက်ပေး ထားခြင်းမရှိခြင်းကြောင့် ပညာ ရေးစနစ်ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER)၊ ကျောင်းသားသမဂ္ဂများနှင့် တက္ကသိုလ်ဆရာများအ သင်းတို့ကလည်း ၀ိုင်းဝန်းကန့် ကွက်ထားကြသည်။

7Day DAILY 

အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူလေးများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူလေးများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
 မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် ပညာရေးစနစ်နှင့် ပတ် သက်၍ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး ကွန်ရက် (NNER) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များ စက်တင်ဘာ ၆ ရက်တွင် တွေ့ဆုံဆွေးနွေး သွားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဖေ့စ်ဘွတ်ခ်ပေါ်မှ အမုန်းပွားသည့်အရာများက ဦးနှောက်ကို ထိခိုက်စေနိုင်

ဖေ့စ်ဘွတ်ခ်ပေါ်တွင် လိင်တူဆက်ဆံသူများအကြောင်း၊ လူမျိုးရေးခွဲခြားမှုများအကြောင်း၊ မကြိုက်မနှစ်သက် မှုများ(သို့) အခြားအမုန်းပွားသည့် အကြောင်းအရာများကို သင်တွေ့မြင်ဖတ်ရှုနေပါသလား။ ယင်းကဲ့ သို့ ရေရှည်တွေ့မြင်ဖတ်ရှုနေရပါက ဦးနှောက်ကို အန္တရာယ်ဖြစ်စေသည်။

အမြန်လမ်းတစ်လျှောက် အန္တရာယ်ရှိသည့် မိုင်တိုင် ၁၄ ခု ထုတ်ပြန်

အမြန်လမ်းတစ်လျှောက် သတိထားမောင်းနှင်ရမည့် အန္တ ရာယ်ရှိသော မိုင်တိုင် ၁၄ ခုကို ပထမဆုံး အကြိမ် အဖြစ် အမြန် လမ်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့တွင် ဂျီဟတ်လှုပ်ရှားမှုများ ပြုလုပ်မည်ဟု အယ်လ်ကိုင်ဒါခေါင်းဆောင် ကြေညာ

ဝါရှင်တန် − အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်  အေမန်အယ်လ် ဇာဝါဟီရီက အိန္ဒိယနိုင်ငံတွင် အဖွဲ့ခွဲတစ်ခု ဖွဲ့စည်းတည်ထောင်မည့် အစီအစဉ်ကိုကြေညာပြီး အယ်လ်ကိုင်ဒါ တပ်ဖွဲ့များသည် အာရှတောင်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင်ပါ ဂျီဟတ်ဝါဒ အောင်လံများလွှင့်ထူ သွား မည် ဟု ပြောကြားသွားသည်။

Thursday, 4 September 2014

Master Sports စက်ရုံအား ချိတ်ပိတ်၍ ပစ္စည်းထိန်းကော်မရှင်ဖွဲ့လိုက်

mastersport

Master Sports ဖိနပ်စက်ရုံမှ အလုပ်ရှင် စက်ရုံပိတ်သိမ်းကာ အလုပ်သမားများအတွက် နစ်နာကြေးမပေးဘဲ တိမ်းရှောင်နေ၍ စက်ရုံအား ချိတ်ပိတ်ကာ ပစ္စည်းထိန်းကော်မတီကို စက်တင်ဘာ ၁ရက်က ဖွဲ့စည်းလိုက်ပြီဟု ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသာရေးရာဝန်ကြီး ဦးဇော်အေးမောင်က မဇ္ဈိမကို ပြောသည်။

အင်းစိန်ခုံးကျော်တံတားသစ် ယခုလအတွင်း တင်ဒါခေါ်၍ တရားဝင် သတင်းထုတ်ပြန်ပေးမည်

အင်းစိန် ခုံးကျော်တံတားသစ် အခြေခံတည်ဆောက်ရေးလုပ်ငန်း အတွက် စက်တင်ဘာ ပထမပတ် အတွင်း တင်ဒါခေါ်ယူ၍ တရားဝင်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမြို့ပြတံတားမှ အင်ဂျင် နီယာမှူးကြီး ဦးမျိုး ဇော်ထူးက ပြောသည်။

အိန္ဒိယ မျောက်တစ်ကောင် လူနေအိမ်မှ ပိုက်ဆံများခိုးပြီး လူကြားထဲကြဲ

Photo: အိန္ဒိယ မျောက်တစ်ကောင် လူနေအိမ်မှ ပိုက်ဆံများခိုးပြီး လူကြားထဲကြဲ
Thursday, Setember 4, 2014 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမားချာ ပရာဒက်ရှ် ပြည်နယ်တွင် မျောက်တစ်ကောင် သည် လူနေအိမ်တစ်အိမ်မှ ပိုက်ဆံခိုးပြီး လူများအကြား ကြဲချသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပြည်နယ်မြို့တော် ရှင်းမလားအနီးရှိ တောအုပ်တွင် လာရောက် အပန်းဖြေကြသည့် အနားယူသူများက တစ်နာရီကြာ ပိုက်ဆံများ လိုက်ကောက်ခဲ့ကြရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

မျောက်သတ္တဝါသည် ရူပီးတစ်သောင်း (၁၆၅ အမေရိကန်ဒေါ်လာ) ဖိုးကို အနီးအနားရှိ အိမ်တစ်အိမ်မှ ခိုးယူခဲ့ခြင်း ဖြစ်သည်။

ပထမ အဆိုပါမျောက်သည် အစားအသောက်ခိုးရန် အိမ်ထဲဝင်ခဲ့ခြင်း ဖြစ်သော်လည်း အစားအသောက် မတွေ့သဖြင့် ပိုက်ဆံများကို ယူသွားခြင်း ဖြစ်သည်။

ဟီမားချာပရာဒက်ရှ် ပြည်နယ်တွင် မျောက်ကောင်ရေ သုံးသိန်းကျော်ရှိပြီး ရှင်းမလားဒေသသည်လည်း တိရစ္ဆာန်များအတွက် လွတ်မြောက်နယ်မြေပမာ ဖြစ်လျက်ရှိသည်။

ဟိန္ဒူအယူအဆတွင်လည်း မျောက်ကို ဘာသာရေးနှင့် ဆက်စပ်သော အကောင်အဖြစ် ယူဆထားကြသဖြင့် သတ်ဖြတ်စားသောက်ခြင်းများ မပြုလုပ်ကြသည့် အပြင် အစားအသောက်များပင် ကျွေးကြသေးသည်။

သို့သော် ပြီးခဲ့သည့် နှစ်များအတွင်းမှစပြီး မျောက်များနှင့် လူများ ပဋိပက္ခ စလာခဲ့ပြီး စိုက်ခင်းများကို ဖျက်ဆီးခြင်း၊ အစားအစာအတွက် လူများထံမှ လုယက်ခြင်းနှင့် ကလေးများကို ကိုက်ခြင်းများ ပြုလုပ်လာခဲ့သည်။

ထို့ကြောင့် ပြည်နယ်အာဏာပိုင်များက မျောက်များကို အန္တရာယ်ပေးနိုင်သည့် အကောင်ပလောင်များ အဖြစ် သတိပေး ထုတ်ပြန်ချက်ပင် ပြုလုပ်ထားခဲ့သည်။

မျောက်သည် အစပိုင်း၌ ပိုက်ဆံများကိုကိုင်ပြီး သွပ်မိုးပေါ်တွင် ထိုင်နေခဲ့ပြီးနောက် ပိုက်ဆံကို ကစားသည့်အလား တစ်ရွက်ချင်း ကြဲချနေခဲ့ခြင်း ဖြစ်ပေသည်။

လူများက လိုက်ကောက်ကြသောအခါ သစ်ပင်ပေါ် ပြောင်းတက်သွားပြီး ဆက်ကြဲနေခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားကြသည်။

ယခုဖြစ်စဉ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း မျောက်က ပိုက်ဆံများခိုးပြီး လူစည်ကားရာ လမ်းပေါ်တွင် ကြဲချခဲ့ဖူးသေးသည်။

The Voice Weekly
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမားချာ ပရာဒက်ရှ် ပြည်နယ်တွင် မျောက်တစ်ကောင် သည် လူနေအိမ်တစ်အိမ်မှ ပိုက်ဆံခိုးပြီး လူများအကြား ကြဲချသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

မန္တလေးနှင့်လားရှိုးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန်စီစဉ်

Photo: မန္တလေးနှင့်လားရှိုးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန်စီစဉ်
Thursday, Setember 4, 2014 

ရန်ကုန်၊ အဓိကရုဏ်းပဋိပက္ခများ ဖြစ် ပွားခဲ့သည့် မန္တလေးနှင့်လားရှိုးမြို့များ ၌ တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့် လှစ်ရန်စီစဉ်နေကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်း ဆွေက ''၉ ရက်ကျရင် တိတိကျကျသိ ရမယ်။ ဥက္ကဋ္ဌနဲ့တွေ့ရဦးမယ်။ အခုက တိတိကျကျ ပြောလို့မရသေးဘူး''ဟု ပြောသည်။

အဆိုပါစင်တာများ ဖွင့်လှစ်နိုင် ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ လွှတ်တော်ခန်းမ၌ အကြိမ် ကြိမ်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

''တရားဥပဒေစိုးမိုးရေးစင်တာ တွေဖွင့်မယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အစိုးရနောက်ခံပြုပေးတဲ့အဖွဲ့ တော့မဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆို ရင် ရှေ့နေတွေရဲ့နောက်မှာ အစိုးရရှိ နေမယ်ဆိုရင် ရှေ့နေတွေရဲ့ ဥပဒေ ပိုင်းဆိုင်ရာတွေ ဆုံးဖြတ်တဲ့အခါ မှန် ကန်မှုရှိမှာမဟုတ်ဘူး။ သူတို့အဖွဲ့တွေက ဘယ်လောက်အထိ လွတ်လပ်မှုရှိမရှိ ဆိုတာ စောင့်ကြည့်ရဦးမှာပါ'' ဟု အ လုပ်သမားအရေးဆောင်ရွက်သူ ရှေ့ နေဦးဖိုးဖြူက ပြောသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း တ ရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ လေ့လာသုံးသပ်သူများ ကမူ အမျိုးမျိုးဝေဖန်မှုများ ရှိခဲ့သည်။

Yangon Media Group

ရန်ကုန်၊ အဓိကရုဏ်းပဋိပက္ခများ ဖြစ် ပွားခဲ့သည့် မန္တလေးနှင့်လားရှိုးမြို့များ ၌ တရားဥပဒေစိုးမိုးရေးစင်တာ များ ဖွင့် လှစ်ရန်စီစဉ်နေကြောင်း သိရသည်။

မြန်မာယူ ၁၉ အသင်း ထိုင်း၊ အင်ဒိုနီးရှားတို့နှင့် တအုပ်စုတည်း ကျရောက်

Photo: မြန်မာယူ ၁၉ အသင်း ထိုင်း၊ အင်ဒိုနီးရှားတို့နှင့် တအုပ်စုတည်း ကျရောက်
Thursday, Setember 4, 2014 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ 2014 AFF NUTIFOOD ယူ ၁၉ ဖလားကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ် မှာ ဖြစ်ပါတယ်။

အုပ်စု(အေ) မှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းတို့ ပါဝင်ပြီး အုပ်စု(ဘီ) မှာ အိမ်ရှင် ဗီယက်နမ်၊ ဂျပန်နဲ့ သြစတြေးလျအသင်းတို့ ပါဝင်ပါတယ်။

မြန်မာအသင်းဟာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ဟန်ဒေးကွင်းမှာ စက်တင်ဘာ ၇ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ထိုင်းအသင်းနဲ့ စက်တင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီခွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

တတိယလုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကို စက်တင်ဘာ ၁၃ ရက်နေ့ ဟနွိုင်းမြို့ရှိ ဟန်ဒေးကွင်းမှာ ကျင်းပ ပြုလုပ်မှာပါ။

ဒီဗွီဘီ
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ 2014 AFF NUTIFOOD ယူ ၁၉ ဖလားကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ် မှာ ဖြစ်ပါတယ်။

ဂျပန် နိုင်ငံ တွင် အစိုးရ အဖွဲ့ ဝင်သစ် ပြန်လည် ဖွဲ့စည်း ….

Photo: ဂျပန် နိုင်ငံ တွင် အစိုးရ အဖွဲ့ ဝင်သစ် ပြန်လည် ဖွဲ့စည်း ….
Thursday, Setember 4, 2014 

ဂျပန်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အဖွဲ့မှအကြီးအကဲ ယိုရှီ ဟီဒဲဆူဂါသည် အစိုးရ အဖွဲ့ဝင် ဝန်ကြီးသစ်များ ခန့်အပ်မှု အစီအစဉ်ကို စက်တင်ဘာ ၃ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည် ဟုသိရသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးခန့်အပ်မှု အစီအစဉ်တွင် အဖွဲ့ဝင် ၁၈ဦးပါဝင်ပြီး အမျိုးသမီး ဝန်ကြီး ငါးဦးနှင့် မျက်နှာသစ် အဖွဲ့ဝင် ၁၂ဦး ပါဝင်ကြောင်း သိရသည်။ ယင်းကဲ့သို့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ပြောင်းလဲဖွဲ့စည်းမည့် အစီအစဉ်သည် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ LDP ၏အုပ်ချုပ်မှု ရေရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ် သည့် ကြိုးပမ်းချက် တစ်ရပ်ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ထုတ်ဖော်ပြောကြား ခဲ့သည်။

အဆိုပါ ရာထူးခန့်အပ်မှုတွင် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးအဖြစ် ရှီဂီရူဘီရှီဘာကို ခန့်အပ်ခဲ့ပြီး LDPပါတီ၏ မူဝါဒရေးရာ အကြီးအကဲဟောင်း ဆာနာအဲ တာခါဘီချီကို ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ် ခဲ့ကြောင်း သိရသည်။

ထို့အတူ အသက် ၅၈ နှစ်အရွယ်ရှိ အာခီနိုရီ အီတိုကို ကာကွယ်ရေး ဝန်ကြီး အဖြစ် လည်းကောင်း၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးအဖြစ် ယာဆူဟီသာ ရှီအိုမာကီအား လည်းကောင်း၊ စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေး ဝန်ကြီးအဖြစ် ကိုယာ နီရှီကာဝါအား လည်းကောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးအဖြစ် ယူကို ဘိုဘူချီအား လည်းကောင်း၊ တရားရေး ဝန်ကြီး အဖြစ် မီဒိုရီ မာဆူရှီမာတို့အား လည်းကောင်း အသီးသီး ခန့်အပ်ခဲ့ကြောင်း သိရသည်။

မြ၀တီ
ဂျပန်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အဖွဲ့မှအကြီးအကဲ ယိုရှီ ဟီဒဲဆူဂါသည် အစိုးရ အဖွဲ့ဝင် ဝန်ကြီးသစ်များ ခန့်အပ်မှု အစီအစဉ်ကို စက်တင်ဘာ ၃ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည် ဟုသိရသည်။

ဒိုးနက်စ် မြို့ရှိ လေဆိပ်ကို ပြန်လည် သိမ်းယူရန် နီးစပ် နေပြီ ဖြစ်ကြောင်း ခွဲထွက်ရေး သမားများ ပြောကြား

Photo: ဒိုးနက်စ် မြို့ရှိ လေဆိပ်ကို ပြန်လည် သိမ်းယူရန် နီးစပ် နေပြီ ဖြစ်ကြောင်း ခွဲထွက်ရေး သမားများ ပြောကြား
Thursday, Setember 4, 2014 

ရုရှားလိုလားသော ခွဲထွက်ရေးသမားများသည် ဒိုးနက်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယူကရိန်း တပ်ဖွဲ့ဝင်များထံမှ ပြန်လည်သိမ်းယူရန် နီးစပ်နေပြီဖြစ် ကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

ဒိုးနက်စ်မြို့ရှိ လေဆိပ်သည် ယခုအခါ ခွဲထွက်ရေးသမားများ၏ လက်အောက်သို့ ၉၅ ရာခိုင်နှုန်း ကျရောက်နေပြီး အပြည့်အဝ ပြန်လည် သိမ်းယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းလေဆိပ်တွင် ကျန်ရှိနေသော ယူကရိန်း တပ်ဖွဲ့ဝင်များကိုလည်း ဖယ်ရှားရှင်းလင်းနိုင်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း ခွဲထွက်ရေးအဖွဲ့မှ အကြီးအကဲ တစ်ဦးဖြစ်သူ အလက်စ်ဆန်ဒါတီမိုဖီယက်ဗ်က ပြောကြားခဲ့သည်။

ဒိုးနက်စ်မြို့ရှိ လေဆိပ်မှ ယူကရိန်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာရခြင်းသည် ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ ထို့အပြင် ယူကရိန်း တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် လူးဟန့်စ်မြို့ရှိ လေဆိပ်မှ ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

မြ၀တီ
ရုရှားလိုလားသော ခွဲထွက်ရေးသမားများသည် ဒိုးနက်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယူကရိန်း တပ်ဖွဲ့ဝင်များထံမှ ပြန်လည်သိမ်းယူရန် နီးစပ်နေပြီဖြစ် ကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံရှိ တရုတ် သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ သုံးဦး မနီလာ လေဆိပ်တွင် ဖမ်းဆီး

Photo: ဖိလစ်ပိုင် နိုင်ငံရှိ တရုတ် သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ သုံးဦး မနီလာ လေဆိပ်တွင် ဖမ်းဆီး
Thursday, Setember 4, 2014 

ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးနှင့် မနီလာမြို့တော်ရှိ အကြီးဆုံး ဈေးဝယ်စင်တာကြီးတစ်ခုကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သည့်လူသုံးဦးကို မနီလာလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားသုံးဦးနှင့်အတူ ဓာတ်ဆီပုံးများနှင့် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသော ဗင်ကားတစ်စီးကိုလည်း အာဏာပိုင်များက လေဆိပ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်အစိုးရကို မကျေနပ်သဖြင့် ၎င်းတို့နှင့် သက်ဆိုင်သော နေရာ များ ကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ထားကြောင်း တရားရေးဆိုင်ရာဝန်ကြီး လေလာဒီလီမာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူ သုံးဦးသည် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ လက်ဝါးကြီးအုပ်သည့် စီးပွားရေးနှင့် တရားမဝင် သတ္တုတွင်းတူးဖော်ခြင်းကို မကျေနပ်ချက်ကြောင့် ဖိလစ်ပိုင် ပြည်သူများ၏အကျိုးကို ခုခံကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ ကြံစည် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု လီမာက ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းတို့က တောင်တရုတ်ပင်လယ် အတွင်းရှိ နယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် အစိုးရ၏ ကိုင်တွယ်မှု ပျော့ညံ့ခြင်းအပေါ် ဒေါသထွက်လျက်ရှိကြောင်း လီမာက ဆိုသည်။

၎င်းတို့သည် စက်တင်ဘာ ၁ ရက်က တရုတ်သံရုံး DMCI အဆောက်အအုံနှင့် SM ဈေးဝယ်စင်တာတို့ကို တိုက်ခိုက်ရန် စီစဉ်ထားကြောင်း သိရသည်။ SM ဈေးဝယ် စင်တာသည် တရုတ်နိုင်ငံဖွား ဖိလစ်ပိုင်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဟင်နရီဆေး ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးနှင့် မနီလာမြို့တော်ရှိ အကြီးဆုံး ဈေးဝယ်စင်တာကြီးတစ်ခုကို ဗုံးခွဲတိုက်ခိုက် ရန် ကြံစည်ခဲ့သည့်လူသုံးဦးကို မနီလာလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံတူးဖေါ်တွေ့ရှိ

Photo: ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံတူးဖေါ်တွေ့ရှိ
Thursday, Setember 4, 2014 

ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ရှေးဟောင်းသုတေသနဌာနက မြေအောက်မှ ရှာဖွေ တူးဖေါ်တွေ့ရှိခဲ့သည်။

ယင်းတွေ့ရှိမူ ဘင်္ဂလာဒေခ်ျ့မှ သတင်းစာကြီး တစ်စောင် ဖြစ်သော The Daily Star သတင်းစာက လွန်ခဲ့သော ရက်အနည်းငယ်က ဖေါ်ပြခဲ့သည်။

ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ မြောက်ပိုင်း မုန်ရှီဂန်ဂ်ျဒေသအတွင်းရှိ  တုန်ဂီဘာရီ မြို့နယ် Nateshwar တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယင်းတွေ့ရှိမူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ယဉ်ကျေးမှုရေးရာဝန်ကြီး အာဆတ်တူဇာမန်က အတည်ပြုပြီး ရှာဖွေတွေ့ရှိမူကို သတင်းဌာနများသို့ တရားဝင်ထုတ်ပြန်ကျေညာခဲ့သည်။

“ ယခုကဲ့သို့ သမိုင်းအရ တန်ဖိုးမဖြတ်နိုင် ရှေးဟောင်း အမွေအနှစ် တစ်ခုကို ရှာဖွေ တွေ့ရှိမူအတွက် အထူးအံ့သြမိပါကြောင်း” ယင်းဝန်ကြီးက ထုတ်ဖေါ် ပြောကြားသည်။

ယင်းတူးဖေါ်တွေ့ရှိခဲ့သော ကျောင်းတော်ကြီးအတွင်း အလျား ၉-မီတာနှင့် အနံ ၉-မီတာရှိ ဘုရားရှိခိုးခန်း တစ်ခန်းအပါအ၀င် ရှစ်ထောင့်ပုံ စတူပါတစ်ဆူ၊ အုတ်ဖြင့်ပြုလုပ်ထားသော မိလ္လာခေါင်းနှင့် အခြားသော ယင်းခေတ်က ပစ္စည်းအသုံးအဆောင်များကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။

“ ဒီတူးဖေါ်တွေ့ရှိမူဟာ ဒါဟာဘီခြမ်ပူရ် အတွက်သာမက တနိုင်ငံလုံးအတွက်ပါ ဂုဏ်ယူစရာ ကိစ္စရပ်တခုဖြစ်ပါတယ်” ဟု သူက ဆက်ပြောဆိုသည်။

ဘုရားရှိခိုးခန်းဘေး၌ ဘုန်းကြီးကျောင်းတကျောင်း တူးဖေါ်တွေ့ရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း သူက ထုတ်ဖေါ်ပြောကြားသည်။

ဘုန်းတော်ကျောင်းကြီးကျောင်းကို ရှာဖွေ တူးဖေါ် ရရှိမူသည် ယင်းခေတ်က အုတ်အတတ်ပညာဖြင့် ဆောက်လုပ်ထားသော ဗိသုကာလက်ရာကို ထင်ထင်ရှားရှား ဖေါ်ပြလျှက်ရှိနေသည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဘဏ္ဍာငွေ အထောက်အပံ့ရရှိခဲ့ပြီးနောက် အဂြာရှာ ဘီခြံပူရ် ဖောင်ဒေးရှန်းက ၄င်းနေရာကို ၂၀၁၀-ခုနှစ်မှ စတင်တူးဖေါ်ခဲ့ခြင်းဖြစ်သည်။ ဂျာဟန်ဂီနာဂါ တက္ကသိုလ် ဗိသုကာပညာဌာနမှ ပါမောက္ခ Dr Sufi Mostafizur Rahman က တူးဖေါ်ရေး အဖွဲ့ကိုဦးဆောင်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အနည်းဆုံး ရှေးဟောင်းကျောင်းတော်ကြီးပေါင်း (၃၀) ကျော်ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း  သိရသည်။

( စံမောင်သိန်းဘာသာပြန်သည်။)

နိရဉ္စရာ

တူးဖေါ်တွေ့ရှိခဲ့သော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ( ဓါတ်ပုံ- Daily Star)
တူးဖေါ်တွေ့ရှိခဲ့သော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ( ဓါတ်ပုံ- Daily Star)
ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်းထောင်ချီကတည်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသော ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ရှေးဟောင်းသုတေသနဌာနက မြေအောက်မှ ရှာဖွေ တူးဖေါ်တွေ့ရှိခဲ့သည်။

နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ UNA မတက်ရောက်နိုင်ကြောင်း စာပို့

ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA သည် သြဂုတ်လ ၃ ရက်နေ့တွင် ပြုလုပ်ေ သာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဘုံသဘောထားရယူနိုင်ရန် ပြုလုပ်သည့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ သို့ တက်ရောက်နိုင်မည် မဟုတ်ဟု စာပေးပို့ခဲ့ကြောင်း UNA အဖွဲ့ဝင် မွန်ဒီမိုကရေစီပါတီ ဗဟိုကော်မတီ ဝင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။

ကားစလစ်ဈေနဲ့ ကားဈေးတွေ ဆက်လက်ကျဆင်းနေ

Photo: ကားစလစ်ဈေနဲ့ ကားဈေးတွေ ဆက်လက်ကျဆင်းနေ
Thursday, Setember 4, 2014 

ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ယာဉ်အပ်နှံတဲ့စလစ်တန်ဖိုးက ၁ ရက်ကို ကျပ် ၁ သိန်းနှုန်းနဲ့ ၃ ရက်အတွင်းမှာ ကျပ် ၄ သိန်းအထိ ကျဆင်းနေပြီး ကားဈေးတွေလည်း ကျဆင်းနေတယ်လို့ ရန်ကုန်တိုင်း လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရောင်းစခန်းက ၀ယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယာဉ်မှတ်ပုံတင်သက်တမ်း နှစ်၂၀ ပြည့် ယာဉ်ဟောင်း “၂က” အက္ခရာတွေအတွက် ယာဉ်အပ်နှံခွင့်ကို ယခု စက်တင်ဘာ ၁ ရက်နေ့ကစပြီး လက်ခံပေးနေတာပါ။
ဒါပေမယ့် ယခုလ ၁ ရက်နေ့မတိုင်မီက ရန်ကုန်ကားဝယ်ရောင်းဈေးကွက်ထဲမှာ စလစ် ၁ စောင်ကို ကျပ် ၄၅ သိန်း ပေါက်ဈေး ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ ကျပ် ၄၁ သိန်းသာ ပေါက်ဈေးရှိလို့ ရက်ပိုင်းအတွင်း မှာ ကျပ် ၄ သိန်းအထိ ပြုတ်ကျသွားတဲ့အတွက် ဘယ်သူကမျှ ၀ယ်မလှောင်ထားရဲဘူးလို့ ရန်ကုန်တိုင်း လှိုင်မြို့နယ်ကားရောင်းဝယ်ရေးစခန်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“စလစ်ဈေးက တနေ့ထက်တနေ့ ကျတယ်။ ကျနော်မအပ်ခင် စပ်ကြားမှာ ၄၅ သိန်း ပေါက်တယ်။ ဒီနေ့ ဈေးက ၄၁ ပဲပေါက်တယ်။ ၄ သိန်းပြုတ်သွားတယ်။ ကြာရင် ပြုတ်ဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရိုးရိုးစလွန်းကား ကပ်မယ်ဆိုရင် အနှစ် ၂၀ အောက် မည်သည့် အက္ခရာမဆို သူကလည်း ၂၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရှိတယ်။ ဂျစ်ကား စက်မှုဇုန်ကလည်း ၂၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ရှိတယ်။ အတူတူပဲလေ။ အဲဒီတော့ စက်မှုဇုန်ကို ၃၆၊ ၃၇ ပဲ ၀ယ်ပြီး ကပ်တော့မှာပေါ့။ ကားပြခန်းတွေကလည်း စလစ်ကပ်ကားတွေ များတယ်လေ။ စလစ်က လောလောဆယ် ဘယ်သူမှ ၀ယ်မလှောင်ရဲဘူး။ အတက်အကျ သိပ်ကြမ်းတာ။ ကြမ်းတော့ ကားအ၀ယ်လာရင် ဒီကနေ့စလစ်ပေါက်ဈေးနဲ့ ကပ်ပြီးဈေးပြောလိုက်တာပဲ။ အဲဒီလိုလုပ်တာ။”

Farmer Auto ကားအရောင်းစင်တာရဲ့ ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ကားအရောင်း စင်တာတွေမှာလည်း စလစ်တန်ဖိုးနဲ့အတူ ကားဈေးနှုန်းလည်း ကျဆင်းမှု ရှိနေတဲ့အကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ ကားအရောင်းပြခန်းတွေက ကားကိုပဲ ရောင်းတာ။ ၀ယ်တဲ့သူက သူ့ဘာသာ စလစ်ပါရတာပေါ့။ အဲဒီတော့ စလစ်တန်ဖိုးကျတဲ့နှုန်းအပေါ် မူတည်တာပေါ့။ စလစ်က ၃၀ လောက်ကျရင် သိန်း ၃၀ လောက် စလစ်တန်ဖိုးကျတာပေါ့နော်။ အရောင်းပြခန်းတွေ အများစု ကားနဲ့အခွန်တန်ဖိုးကိုပဲ တွက်တာ။ ဘာပဲပြောပြော ၀ယ်တဲ့သူ သက်သာသွားတာပေါ့။ အရောင်းအ၀ယ်ပိုပြီး ဖြစ်လာမယ့်သဘောတော့ ရှိတာပေါ့။”

အလားတူ မန္တလေးကားဝယ်ရောင်းဈေးကွက်မှာလဲ ရန်ကုန်ဈေးကွက်နည်းတူ ယာဉ်မှတ်ပုံတင်သက်တမ်း နှစ် ၂၀ ရှိတဲ့ “၂က” အက္ခရာယာဉ်တန်ဖိုးက ပြီးခဲ့တဲ့လ အတော်အတွင်းက ကျပ်သိန်း ၁၁၀ ရှိခဲ့ပေမယ့် ဒီကနေ့ အရောင်းအ၀ယ်ဖြစ်တဲ့နှုန်းက ကျပ် ၆၅ သိန်းသာရှိလို့ ကားဈေးက သိသိသာသာ ပြုတ်ကျသွားတဲ့အကြောင်းနဲ့ အရောင်းအ၀ယ်ကတော့ ပုံမှန်အနေအထား ရှိပါတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်စိုးက ပြောပါတယ်။

By သိုက်ဇင်
ဒီဗွီဘီ
ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ယာဉ်အပ်နှံတဲ့စလစ်တန်ဖိုးက ၁ ရက်ကို ကျပ် ၁ သိန်းနှုန်းနဲ့ ၃ ရက်အတွင်းမှာ ကျပ် ၄ သိန်းအထိ ကျဆင်းနေပြီး ကားဈေးတွေလည်း ကျဆင်းနေတယ်လို့ ရန်ကုန်တိုင်း လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရောင်းစခန်းက ၀ယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ထောင်ဝန်ထမ်းကို သတ်ပြေးသည့် တရုတ်အကျဉ်းသား ၂ ဦးကို ဖမ်းမိ

Photo: ထောင်ဝန်ထမ်းကို သတ်ပြေးသည့် တရုတ်အကျဉ်းသား ၂ ဦးကို ဖမ်းမိ
Thursday, Setember 4, 2014

တရုတ်ရဲတွေက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အကျဉ်းထောင် ကနေ ထောင်ဝန်ထမ်း အစောင့်တဦးကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၃ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိပြီလို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Chinaဝမ်ဒမင်၊ ကို့ယုလင်နဲ့ လီဟိုင်ဝေတို့ ၃ ဦးဟာ ဟေလောင်ကျန်းပြည်နယ် ဟာဘင်မြို့နားက ယန်ရှုမြို့နယ် အကျဉ်းစခန်းကနေ ရဲဝတ်စုံတွေ ဝတ်ဆင်ပြီး စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနမှာ ဖော်ပြခဲ့တာပါ။

သူတို့ထဲက တဦးက သေဒဏ်စီရင်ခံထားရပြီး ၂ ဦးကတော့ တမင်သက်သက် ထိခိုက်နာကျင်စေမှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခံရလို့ တရားစီရင်မှုကို စောင့်နေရသူတွေပါ။

ရဲအယောက် ၁ ထောင်ကျော်က လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ရဲဘက်ပြေးတွေကို ရှာဖွေ ဖမ်းဆီးခဲ့ရတယ်လို့ ဆင်ဟွာက ပြောပါတယ်။

ဖမ်းမိထားတဲ့ ရဲဘက်ပြေး ၂ ဦးကိုတော့ သူတို့ လွတ်ထွက်လာတဲ့ အချုပ်ခန်းကို ပြန်ပို့ပြီးပြီလို့ စီစီတီဗွီရုပ်သံက ပြောပါတယ်။

သေဒဏ်ကျပြီးသား တတိယမြောက် ရဲဘက်ပြေး ကို့ယုလင်ကိုတော့ ဆက်ပြီး ရှာဖွေ နေဆဲဖြစ်ပြီး သူ့အမှုကို တရားရုံးချုပ်က ပြန်လည်သုံးသပ်နေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

 ဒီဗွီဘီ
တရုတ်ရဲတွေက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အကျဉ်းထောင် ကနေ ထောင်ဝန်ထမ်း အစောင့်တဦးကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၃ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိပြီလို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းမိထားသည့် IS စစ်သွေးကြွက တရုတ်နိုင်ငံသားဟု ပြောကြား

Photo: ဖမ်းမိထားသည့် IS စစ်သွေးကြွက တရုတ်နိုင်ငံသားဟု ပြောကြား
Thursday, Setember 4, 2014

ဖမ်းမိထားသည့် IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးက မိမိသည် တရုတ်နိုင်ငံသားဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်ဟု အီရတ် ကာကွယ်ရေးဝန်ကြီးဌာန၏ အာရပ်ဘာသာဖြင့် ရေးသားထားသော ဖေ့စ်ဘွတ်ပေါ် တွင် စက်တင်ဘာ ၂ ရက်က ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ပုံအရ အဆိုပါ IS အဖွဲ့ဝင်သည် တရုတ်နိုင်ငံသားဖြစ် ကြောင်း အတည်ပြုနိုင်ပါက ယင်းအဖွဲ့တွင် တရုတ်နိုင်ငံသားတစ်ဦး ပထမ ဆုံးပေါ်ထွက်လာခြင်း ဖြစ်သည်။

ဖမ်းမိထားသူ၏ ဘယ်ဘက်လက်မောင်းတွင်လည်း IS အဖွဲ့အမှတ်အသား ဆေးမင်ကြောင်ကိုလည်း ရေးထိုးထားသည်။

ယင်းသတင်းနှင့်ပတ်သက်၍ အီရတ်ရှိ တရုတ်သံရုံးက ငြင်းဆိုထားပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ South China Morning Post သတင်းစာ က တွေ့ဆုံမေးမြန်းခန်းတစ်ခုကို ပြုလုပ်ရန် တရုတ်နှင့် အီရတ်အစိုးရများထံ ဆက်သွယ်ထားသော်လည်း အကြောင်းမပြန်သေးကြောင်း သိရ သည်။

Like လုပ်ထားသူ ၉၄၀၀၀ ကျော်ရှိသော အဆိုပါ ဖေ့စ်ဘွတ်သည် ကာကွယ်ရေးဝန်ကြီးဌာ၏ တရားဝင်ဖေ့စ်ဘွတ်ဟုတ်၊မဟုတ်ကို ရှင်းလင်းစွာ သိရှိရန် လိုအပ်နေသေးသည်။ အဆိုပါဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်နှင့် ချိတ်ဆက်ထားသည့် အခြားဖေ့စ်ဘွတ်စာမျက်နှာတစ်ခုတွင် မူ စစ်သွေးကြွ ပုံများကို ဖော်ပြမထားပေ။

အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ တရုတ်သံတမန် ၀ူဆီကေးက နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသမှ မွတ်စလင်အစွန်းရောက်များသည် အရှေ့ အလယ်ပိုင်းဒေသသို့ သွားရောက်ရာ သင်တန်းတက်နေကြ ပြီး အချို့သည် တိုက်ခိုက်ရေးအတွက် အီရတ်နိုင်ငံအတွင်း ၀င်ရောက် သွားကြကြောင်း သြဂုတ်လအ တွင်းက ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် အခြားနိုင်ငံများမှ အစွန်းရောက်များအတွက် လေ့ကျင့်ရေးကွင်းတစ်ခုဖြစ်နေကြောင်း ၀ူဆီကေးက ပြောကြားခဲ့သည်။

“အစွန်းရောက်သမားတွေဟာ အစ္စလာမ္မစ်နိုင်ငံတွေ၊ ဥရောပ၊ မြောက်အမေရိကနဲ့ တရုတ်နိုင်ငံတို့က လာတာပါ။ သူတို့ခေါင်းထဲကို အစွန်းရောက် အတွေးအခေါ်တွေ ထပ်ထည့်ခံရပြီး သက်ဆိုင်ရာနိုင်ငံ အသီးသီးကို ပြန်ရောက်တဲ့အခါ အဲဒီနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုများ၊ သင်တန်းတက်မှုများ လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသားအရေအတွက်ကို ၎င်းက မဖော်ပြ ခဲ့သော်လည်း မီဒီယာသတင်းများတွင် ရေးသား ထားမှုများအရ ၁၀၀ ခန့်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP
mizzimaburmese
ဖမ်းမိထားသည့် IS စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးက မိမိသည် တရုတ်နိုင်ငံသားဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည် ဟု အီရတ် ကာကွယ်ရေးဝန်ကြီးဌာန၏ အာရပ်ဘာသာဖြင့် ရေးသားထားသော ဖေ့စ်ဘွတ်ပေါ်တွင် စက်တင်ဘာ ၂ ရက်က ထွက်ပေါ်လာခဲ့သည်။

ဝေဖန်ခံနေရသည့် စည်ပင်နည်းဥပဒေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များအား လူထုရွေးကောက်ပွဲ ပြုလုပ်တင်မြှောက်မည်

Photo: ဝေဖန်ခံနေရသည့် စည်ပင်နည်းဥပဒေဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင်များအား လူထုရွေးကောက်ပွဲ ပြုလုပ်တင်မြှောက်မည်
Thursday, September 4, 2014

နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ကော်မတီဝင်များ လူထု ရွေးချယ် တင်မြှောက်ပွဲကို ယခုစက် တင်ဘာလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

''ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီရဲ့ မြို့နယ်အဆင့်လိုက် ခရိုင် အဆင့်လိုက် ကော်မတီဝင်တွေ ရဲ့ ရွေးကောက်တင်မြှောက်ပွဲကို ဒီလ ထဲမှာ ကျင်းပဖို့ရှိပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီစီမံရေးရာဌာနမှ ဌာနမှူး ဦးတင်ကိုကိုက ''လောလောဆယ် တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောလို့ မရသေးပါဘူး။ မကြာခင် အသေးစိတ် ထုတ်ပြန်ပေးပါမယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အချက်အချာကျ ဆုံး မြို့ကြီးနှစ်မြို့ဖြစ်သည့် ရန်ကုန် နှင့် မန္တလေးမြို့ကြီးများတွင် လွန်ခဲ့သည့် မဆလခေတ် ၁၉၆ဝ ပြည့်နှစ် ဝန်းကျင် က မြို့တော်ဝန်ရွေးကောက်ပွဲများကို စမ်းသပ်ကျင်းပခဲ့ဖူးပြီး ကျန်ပြည်နယ် နှင့်တိုင်းများတွင် ဗဟိုမှ တိုက်ရိုက် ခန့်အပ်သည့်ပုံစံကို ဆက်လက်ကျင့် သုံးခဲ့သည်။ ထိုအချိန်က ရွေးကောက် ပွဲများကို လက်လှမ်းမီခဲ့သည့် ဒီမိုက ရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေ ကပြောသည်။

''အများအားဖြင့်တော့ နာမည် ကြီးတဲ့သူတွေကိုပဲ ရွေးတာပဲ။ အတိုက် အခံတွေလဲပါတယ်။ ဖဆပလပြိုကွဲပြီး တဲ့နောက်ပိုင်း မြို့တော်ဝန်ရွေးကောက် ပွဲတွေလဲ ဒီနေ့အချိန်အထိ မရှိတော့ ဘူး'' ဟု၎င်းကပြောသည်။

ယခုလအတွင်း ကျင်းပမည့် ရန် ကုန်စည်ပင်သာယာရေး ကော်မတီ ဝင်အဆင့်ဆင့် ရွေးချယ်တင်မြှောက် ပွဲတွင် ၂ဝ၁၃ခုနှစ် စည်ပင်သာယာ ရေးဥပဒေ၊ နည်းဥပဒေများအရ အဖွဲ့ ဝင်ကိုးဦးပါဝင်သည့် ၄င်းကော်မတီ တွင် မြို့တော်ဝန် (ကော်မတီဥက္ကဋ္ဌ)ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ် ၍လည်းကောင်း၊ အဖွဲ့ဝင်လေးဦးကို အစိုးရအဖွဲ့မှ တိုက်ရိုက်ခန့်အပ်၍လည်း ကောင်း၊ ကျန်အဖွဲ့ဝင်လေးဦးကို မြို့ တော်နယ်နိမိတ်အတွင်းရှိ ခရိုင်လေး ခုမှ ပြည်သူများက ရွေးချယ်တင်မြှောက် ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်ပင်နည်းဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်ထားခြင်းကြောင့် ပယ်ဖျက် ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ က တင်ပြခဲ့သော်လည်း တိုင်းဒေသ ကြီးလွှတ်တော်က နဂိုမူလအတိုင်း အ တည်ပြုခဲ့သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ခံနေ သည့် နည်းဥပဒေတစ်ရပ်ဖြစ်ကြောင်း သိရသည်။

TheYangonTimes
Yangon Media Group
နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် ကော်မတီဝင်များ လူထုရွေးချယ်တင်မြှောက်ပွဲကို ယခုစက်တင်ဘာလအတွင်း ကျင်းပသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က ပြောသည်။