Friday 5 September 2014

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့တွင် ဂျီဟတ်လှုပ်ရှားမှုများ ပြုလုပ်မည်ဟု အယ်လ်ကိုင်ဒါခေါင်းဆောင် ကြေညာ

ဝါရှင်တန် − အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်  အေမန်အယ်လ် ဇာဝါဟီရီက အိန္ဒိယနိုင်ငံတွင် အဖွဲ့ခွဲတစ်ခု ဖွဲ့စည်းတည်ထောင်မည့် အစီအစဉ်ကိုကြေညာပြီး အယ်လ်ကိုင်ဒါ တပ်ဖွဲ့များသည် အာရှတောင်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင်ပါ ဂျီဟတ်ဝါဒ အောင်လံများလွှင့်ထူ သွား မည် ဟု ပြောကြားသွားသည်။
ဂျီဟတ်ဝါဒီများ၏  အင် တာနက်ဖိုရမ်များတွင် ဇာဝါဟီရီ ၏ မိန့်ခွန်းပြောဆိုမှု ဗီဒီယိုဖိုင်တစ်ခုကို စက်တင် ဘာ ၃ ရက်က စတင်လွှင့်တင်ခဲ့ပြီး ယင်းဗီဒီယို တွင် အိန္ဒိယတိုက်ငယ်၌ မိမိတို့ ၏ အားသစ် တစ်ရပ် ပေါ်ထွန်း လာမည်ဟု အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်က ကြွေးကြော်ထား သည်။ အယ်လ်ကိုင်ဒါ တို့သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် တို့တွင် တက်ကြွစွာလှုပ်ရှားနေပြီး အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင်ပါ ဂျီဟတ်ဝါဒ အတွက် တိုက်ခိုက်သွားမည်ဟု ဇာဝါဟီရီက ပြောကြားသည်။

 အိုစမာ ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့များက လုပ်ကြံ သတ်ဖြတ်ခဲ့ပြီးနောက် လတ်တလောတွင် အသက်ရှင် နေဆဲဖြစ်သည့် အယ်လ်ကိုင်ဒါ အဖွဲ့ခေါင်းဆောင်များမှာ ခြေရာ ဖျောက် ပုန်းခိုနေရ သည်။ သို့သော် လည်း တစ်ချိန်ချိန်တွင်မူ ၎င်းတို့ သည် အိန္ဒိယတိုက်ငယ်သို့ ဖြန့် ကြက်မည့် စစ်ပွဲအတွက် ပြန် လည် ထွက်ပေါ် လာနိုင်ကြောင်း ဇာဝါ ဟီရီက ဆိုသည်။

‘‘ဒီအစီအမံဟာ အခုချိန် ထိတော့ အပြီးသတ်ရုပ်လုံးမပေါ် သေးဘူး။ ဒါပေမဲ့ ၂ နှစ်တာလုံးလုံး အိန္ဒိယ တိုက် ငယ် က မူဂျာဟစ် ဒင်တွေကို ကြိုးကြိုးစားစား လိုက်ပြီး စုရုံးထားတဲ့ အားထုတ်မှု အတွက် ကောင်း ချီးပေးခံရတဲ့ အသီးအပွင့်တစ်ခုလို့ပြောနိုင်ပါတယ်’’ဟု ၎င်းက ပြောကြားထားသည်။

အယ်လ်ကိုင်ဒါတို့သည် အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်လှုပ်ရှားမှုများတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအဖွဲ့အစည်း တစ်ရပ်အဖြစ်ရပ်တည်ခဲ့ သော်လည်း ယခုအခါ အစ္စလာမ် မစ်နိုင်ငံတော် (IS)စစ်သွေးကြွတို့ ၏ အားပြိုင်မှုနှင့် ကြုံနေရသည်။

တစ်ကမ္ဘာလုံးက IS တို့၏ လှုပ်ရှားမှုများအပေါ် စိတ်ဝင် တစားစောင့်ကြည့်နေချိန်တွင် အယ်လ်ကိုင်ဒါတို့က ၎င်းတို့အပေါ် ပြန်လည်အာရုံစိုက်လာရန် ယခုကဲ့သို့ ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်သည်။ ကက်ရှ်မီးယားဒေ သနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှု အချို့ ကို အကြောင်းပြုပြီး အယ်လ်ဇာဝါဟီရီ အနေဖြင့် အိန္ဒိယ တိုက်ငယ် တွင် ဂျီဟတ်လှုပ်ရှားမှု စတင်ရန် ကြေညာလာခြင်းဖြစ်သည်။

မွတ်စလင် နိုင်ငံသားများအနေဖြင့် ရန်သူတော်များအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန်၊ ၎င်းတို့၏ ဒေသများကို လွတ်မြောက်ရေးရရှိလာအောင် ကြိုးစားရန်၊ အဆိုပါ ဒေသများ၏ အချုပ်အခြာအာဏာကိုရယူပြီး ကိုယ် ပိုင်ခေါင်းဆောင်များ ထားရှိနိုင်ရေး အားထုတ်ကြရန်လည်း ၎င်းက ဆော်ဩတိုက်တွန်းသည်။

အကြမ်းဖက်မှု တိုက်ဖျက် ရေးကျွမ်းကျင်သူများက အယ်လ် ကိုင်ဒါတို့၏ အတန်ငယ်ခေတ် နောက် ကျနေသော ဦးဆောင်မှု ပုံစံသည် အစွန်းရောက် စစ်သွေး ကြွလူငယ်များကို စုစည်းသိမ်း သွင်းရာတွင် IS အဖွဲ့ ထက် အား နည်းမှုများ ရှိနေသည့်အတွက် ၎င်းတို့၏ဩဇာကို ပြန်လည်မြှင့်တင်ရန် ကြိုး ပမ်းနေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

IS အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားတို့တွင် နယ်မြေအများ အပြားသိမ်းယူပြီး အစ္စလာမ်မစ် နိုင်ငံတော် ထူထောင် ကာ အဖွဲ့ ခေါင်းဆောင် အဘူ အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီကလည်း မိမိကိုယ်ကိုယ် အဆိုပါနိုင်ငံ ၏ အကြီးအကဲအဖြစ် ကြေညာထားသည်။

၂၀၁၃ ခုနှစ်အတွင်း ဆီးရီး ယား၌ IS အဖွဲ့ ဩဇာကျယ်ပြန့် လာသည့်နောက်ပိုင်းတွင် အယ်လ် ကိုင်ဒါ တို့နှင့် ဆက်ဆံရေး စတင် ဆုတ်ယုတ်ကျဆင်းလာသည်။

ကိုးကား− (ဘီဘီစီ၊ အယ်ဂျာဇီးရား)

7Day DAILY

No comments:

Post a Comment