Friday 5 September 2014

လုပ်ကိုင်မည့်သူမရှိ၍ နေပြည်တော် မွေးမြူရေးဇုန်အတွက် လုပ်ငန်းရှင်များ ထပ်ခေါ်

နေပြည်တော်တွင် မွေး မြူရေးဇုန်များ တည်ဆောက်ထား သော်လည်း လုပ်ငန်းရှင်များ လုပ် ကိုင်မှု မရှိ သဖြင့် ထပ်မံ ဖိတ်ခေါ် ထားကြောင်း သတင်းရရှိသည်။
နေပြည်တော် ကောင်စီနယ် မြေအတွင်း မွေးမြူရေးဇုန်များ ပြန်လည်ဖော်ထုတ်ရန် မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ မွေး မြူရေးနှင့် ကုသရေးဦးစီးဌာနကတိုင်းရင်းသား လုပ်ငန်းရှင်အသစ် များကို စက်တင်ဘာ ၄ ရက်တွင် ၀န်ကြီးဌာန ၀က်ဘ်ဆိုက်မှ တစ် ဆင့်ဖိတ်ခေါ်ထားသည်။

‘‘အရင်က လုပ်ငန်းရှင်တွေကို ချထားပေးထားပြီးသားနေ ရာတွေပဲ။ လုပ်ငန်းရှင်တွေက သွားပြီး အလုပ်လုပ် မယ်လည်း ဆိုရော လမ်းမရှိ၊ မီးမရှိ၊ ရေမရှိ နဲ့ အလုပ်လုပ်လို့ မရတော့ မလုပ် ကြတော့ဘူး။ မလုပ်တော့ ဌာန က ပြန်သိမ်းတယ်။ အခု လုပ်ချင် တဲ့သူကို ထပ်ချပေးမယ်ဆိုပြန် တော့လည်း နွေရော၊ မိုးရော သွားလို့ ရတဲ့ လမ်းမရှိရင်၊ မီးမရှိ ရင် ဘာမွေးမြူရေးမှ လုပ်လို့ရမှာ မဟုတ်ဘူး’’ဟု သွားရောက်လေ့ လာခဲ့ဖူး သည့် မွေးမြူရေးလုပ် ငန်းရှင် တစ်ဦးက ပြောသည်။

နိုင်ငံတကာတွင် စက်မှုဇုန်၊ မွေးမြူရေးဇုန်များ တည်ထောင် ပါက နိုင်ငံတော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာန များက လိုအပ်သောအခြေခံ အဆောက်အအုံများ တည်ဆောက်ပေးလေ့ရှိကြောင်း နိုင်ငံတကာသို့ သွားရောက်လေ့လာခဲ့သော မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တစ်နိုင်ငံလုံး၌ မွေးမြူရေး ဇုန် ၂၇ ဇုန် ဖွင့်လှစ်ထားရာ နေပြည်တော်တွင် ၂၀၀၇ ခုနှစ်မှ စတင် ကာ မွေးမြူရေးဇုန်ခုနစ်ဇုန် တည်ထောင်ခဲ့သည်။ တပ်ကုန်း မြို့နယ်တွင် မွေးမြူရေးဇုန် နှစ် ဇုန်၊ လယ်ဝေးမြို့နယ် တွင် မွေး မြူရေးဇုန် နှစ်ဇုန်၊ ရမည်းသင်း မြို့နယ်တွင် မွေးမြူရေးဇုန် သုံး ဇုန်ကို အကောင် အထည်ဖော်ခဲ့ သည်။ ထိုအချိန်က မွေးမြူရေး သမား ၈၀ ခန့်ကို အဆိုပါ ဇုန်တွင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် ခွင့်ပေးခဲ့သော်လည်း လုပ်ငန်းရှင် ၁၅ ဦးခန့်သာ လုပ်ကိုင်ခဲ့သည်။

နေပြည်တော် တပ်ကုန်းမြို့ နယ်ရှိ ကန်ကြီးကုန်းဇုန်နှင့် ရွှေ မြို့ဇုန်တွင် နို့စားနွား၊ သိုး၊ ဆိတ်၊ ကြက်၊ လယ်ဝေးမြိ့နယ်ရှိ ပြောင် ခေါင်းကြီးဇုန်တွင် ကြက် ၊ ၀က်၊ ဆိတ်၊ မင်းပြင်ဇုန်တွင် နို့စားနွား၊ ရမည်းသင်းမြို့ နယ်ရှိ နဘူးကျင်း ဇုန်တွင် ဆိတ်၊ ထီးလှိုင်ဇုန်တွင် ဆိတ်နှင့် နို့ထွက်ပစ္စည်း စက်ရုံ၊ ရေဦးဇုန် တွင် နို့စားနွားမွေးမြူ ရေးတို့ကို ကုသရေးဦးစီးဌာနက လုပ်ငန်းရှင်များအား၂၀၀၇ ခုနှစ် တွင် နေရာ ချ ထားပေးခဲ့ သည်။

နေပြည်တော်၊ တပ်ကုန်းမြို့ နယ်အတွင်းရှိ မြစိမ်းရောင်ရွာ တွင်လည်း မွေးမြူရေးဇုန်တစ်ခု  အကောင်အ ထည်ဖော် ထားသည်။

7Day DAILY

No comments:

Post a Comment