Monday, 21 July 2014

ကမ္ဘာ့ သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် ဒေါ်စု မပါဝင်တော့သော် လည်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ထပ်မံရွေးချယ်ခံရ

Photo: ကမ္ဘာ့ သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် ဒေါ်စု မပါဝင်တော့သော် လည်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ထပ်မံရွေးချယ်ခံရ
Monday, July 21, 2014

Time မဂ္ဂဇင်းမှ နှစ်စဉ်နှစ်တိုင်းကြေညာပေးသော ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀)တွင် ယမန်နှစ်က မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်ခဲ့သည်။သို့သော် နောက်ဆုံးစာရင်းပိတ်မဲစာရင်းများ အရ ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝပါဝင်ခြင်းမရှိတော့ ဘဲ ထုတ်ပယ်ခံလိုက်ရကြောင်း တွေ့ရှိရသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့ ယခုအချိန်ထိ ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀) ထဲတွင် ဆက်လက်တည်ရှိနေပါသည်။

The World's 100 Most Influential People
Full List

TIME 100: The List
Jeremy Lin
Christian Marclay
Viola Davis
Salman Khan
Tim Tebow
E.L. James
Louis CK
Rihanna
Marco Rubio
Ali Ferzat
René Redzepi
Kristen Wiig
Anthony Kennedy
Novak Djokovic
Ben Rattray
Jessica Chastain
Yani Tseng
Raphael Saadiq
Elinor Ostrom
Samira Ibrahim
José Andrés
Ann Patchett
Dulce Matuz
Henrik Schärfe
Freeman Hrabowski
Maryam Durani
Manal al-Sharif
Anjali Gopalan
Rached Ghannouchi
Barbara Van Dahlen
Ron Fouchier
Donald Sadoway
Hans Rosling
Asghar Farhadi
Sarah Burton
Anonymous
Pete Cashmore
Cami Anderson
Ali Babacan and Ahmet Davutoglu
Ai-jen Poo
Marc Andreessen
Preet Bharara
Robert Grant
Andrew Lo
Sharmeen Obaid-Chinoy
Alexei Navalny
Ray Dalio
Hamad bin Jassim bin Jaber al-Thani
Chelsea Handler
Harvey Weinstein
Chen Lihua
Warren Buffett
Alice Walton
Harold Hamm
Sheryl Sandberg
Sara Blakely
Tim Cook
Eike Batista
Daniel Ek
Virginia Rometty
Barack Obama
Goodluck Jonathan
Xi Jinping
Fatou Bensouda
Christine Lagarde
Mario Draghi

U Thein Sein

Ayatullah Ali Khamenei
Mitt Romney
Juan Manuel Santos
Timothy Dolan
Portia Simpson Miller
Mario Monti
Wang Yang
Maria das Graças Silva Foster
Andrew Cuomo
Iftikhar Chaudhry
Mamata Banerjee
Walter Isaacson
Ron Paul
Benjamin Netanyahu
Dilma Rousseff
Erik Martin
Cecile Richards
Angela Merkel
Lionel Messi
Tilda Swinton
Hillary Clinton
Catherine, Duchess of Cambridge, and Pippa Middleton
Adele
Matt Lauer by Howard Stern
Oscar Pistorius
Claire Danes
Stephen Colbert
Rogues
Kim Jong Un
Mullah Mohammed Omar and Sheik Moktar Ali Zubeyr
Bashar Assad
Joel Stein Essay
From 100 to Eternity
The All-Time TIME 100 of All Time
Editor's Letter

လင်းနိုင် ဇင်
Time မဂ္ဂဇင်းမှ နှစ်စဉ်နှစ်တိုင်းကြေညာပေးသော ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀)တွင် ယမန်နှစ် က မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ပါဝင်ခဲ့သည်။သို့သော် နောက်ဆုံးစာရင်းပိတ်မဲစာရင်းများ အရ ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝ ပါဝင်ခြင်း မရှိတော့ ဘဲ ထုတ်ပယ်ခံလိုက်ရကြောင်း တွေ့ရှိရသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့ ယခုအချိန်ထိ ကမ္ဘာ့သြဇာ အရှိဆုံး အယောက် (၁၀၀) ထဲတွင် ဆက်လက်တည်ရှိနေပါသည်။

မြန်မာက ရုရှား၊ သီရိလင်္ကာ၊ နီပေါတို့နှင့် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မည်

တရုတ်နိုင်ငံမကာအိုတွင် ဇူလိုင် ၁၅ ရက်မှ ၁၈ ရက် အထိ ပြုလုပ်ခဲ့သော (၁၇) ကြိမ် မြောက်အာရှ-ပစိဖိတ်ငွေကြေး ခ၀ါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) ၏ အစည်းအဝေး၌ မြန်မာနိုင်ငံကရုရှား၊ သိရီလင်္ကာ၊ နီပေါနိုင်ငံတို့နှင့် ငွေကြေးခ၀ါချမှုစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ချင်းပူးပေါင်းလုပ်ဆောင်ရန် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ ညို့အား အပြင်းဆုံး အိုင်တီ စွန့်ဦးတီထွင်သူ ဖြစ်လာတဲ့ Lucy

Photo: ကမ္ဘာ့ ညို့အား အပြင်းဆုံး အိုင်တီ စွန့်ဦးတီထွင်သူ ဖြစ်လာတဲ့ Lucy
Monday, July 21, 2014 

Lucy Harrold လို့ အမည်ရတဲ့ အသက် ၂၅ နှစ် အရွယ် အင်္ဂလန်က မော်ဒယ် မလေး တစ်ဦး ဖြစ်ပါတယ်။ သူဟာ BirminghamLove.co.uk လို့ အမည်ရတဲ့ Dating ဝဘ်ဆိုဒ်ကို ပူးတွဲ တည်ထောင်သူ (Co-founder) ဖြစ်ပါတယ်။

သူမမှာ ချစ်သူ မရှိသေး ပါဘူး။ ယခင်က Rugby ဘောလုံး အားကစား သမား Danny Care နဲ့ ချစ်သူ ဖြစ်ခဲ့ဖူး ပေမယ့် နားလည်မှု မရှိလို့ လမ်းခွဲ ခဲ့ပြီး ဖြစ်ကြောင်း ဆိုပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မှာ နေထိုင်တဲ့ နာမည်ကျော် မော်ဒယ်မလေး တစ်ဦး ဖြစ်ပါတယ်။ အမျိုးသားများအတွက် သီးသန့် ထုတ် မဂ္ဂဇင်း တွေမှာ ပါဝင်တဲ့ မော်ဒယ်ပါ။ သူမဟာ Single ဖြစ်ကြောင်း၊ ချစ်သူ မရှိကြောင်း လို့ ပြောရင်တောင် ယုံတဲ့သူ နည်းပါတယ်။ သိုပေမယ့် ဒါဟာ အမှန် ဖြစ်ကြောင်း သူမက ဆိုပါတယ်။ ဒါကြောင့်မို့ သူကိုယ်တိုင်လည်း ချစ်သူ ရှာဖို့ အတွက် သူမ လိုပဲ ချစ်သူ မရှိသေးတဲ့ သူတွေ ရှာဖို့ အတွက် ဆိုပြီးတော့ Dating ဝဘ်ဆိုဒ် တစ်ခု ကို ထောင်ဖို့ စိတ်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမရဲ့ သူငယ်ချင်း တစ်ဦးနဲ့ BirminghamLove.co.uk အမည်ရ ဝဘ်ဆိုဒ်ကို တည်ထောင်ခဲ့ ပါတယ်။

လောလောဆယ် ကတော့ ဘာမင်ဂန်က အပျို၊ လူပျို များအတွက်သာ ဝန်ဆောင်မှု ပေးသေး သတဲ့။ နောက်ဆိုရင် ဗြိတိန် တစ်နိုင်ငံ လုံး ကနေ ကမ္ဘာအထိ ချဲ့ထွင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့်မို့ Lucy ကို ညို့အားအပြင်းဆုံး Entrepreneur အဖြစ် ပြောစမှတ်ပြုလာခြင်း ဖြစ်ပါတယ်။ သူမရဲ့ ဓာတ်ပုံ များကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.dailymail.co.uk/femail/article-2699043/People-dont-believe-I-tell-I-date-Unlucky-love-glamour-model-sets-dating-website-hope-finding-man-dreams.html

အောင်ခမ်း (ရိုးရာလေး)
Lucy Harrold လို့ အမည်ရတဲ့ အသက် ၂၅ နှစ် အရွယ် အင်္ဂလန်က မော်ဒယ် မလေး တစ်ဦး ဖြစ်ပါတယ်။ သူဟာ BirminghamLove.co.uk လို့ အမည်ရတဲ့ Dating ဝဘ်ဆိုဒ်ကို ပူးတွဲ တည်ထောင်သူ (Co-founder) ဖြစ်ပါတယ်။

ရေဓာတ်ခန်းခြောက်သွားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဒီလိုသိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်လာ

Photo: ရေဓာတ်ခန်းခြောက်သွားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဒီလိုသိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်လာ
Monday, July 21, 2014

အသားအရေခမ်းခြောက်နေမှ ရေဓါတ်လိုအပ်နေပြီဆိုပြီးတော့ အကဲဖြတ်ပေးတဲ့သူတွေအများကြီးပါ။ တချို့နေရာမှာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမယ့် ရေဓါတ်ခမ်းခြောက်လို့ သိသိသာသာပြောင်းလဲလာတဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာလဲဆိုတာကို စုစည်းပေးထားပါတယ်။

သင်ခေါင်းကိုက်နေမှာဖြစ်ပါတယ်။
သင့်ခန္ဓာကိုယ်ရေဆုံးရှုံးမှုများလေ သွေးဓါတ်ပြုမှုပြောင်းလဲလေ ဖြစ်လာပြီး သင့်ဦးနှောက်သို့အောက်ဂျီဂျင်စီးဆင်းနှုန်း နည်းလာမှာဖြစ်ပါတယ်။ သွေးကြောပိုကျယ်ပြန့်လာစေတဲ့အတွက် ခေါင်းပိုကိုက်လာစေပါတယ်။ သင်ရေဓါတ်ခမ်းခြောက်လေ ခေါင်းကိုက်ဝေဒနာပိုခံစားရလေဖြစ်နိုင်ပါတယ်။

ဆီးအရောင် ပိုပြီးဝါမှာဖြစ်ပါတယ်။
သင့်ဆီးဟာ ခန္ဓာကိုယ်အညစ်အကြေးတွေနဲ့ လွန်ကဲစွာအရည်ပျော်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အရည်လုံလုံလောက်လောက်မရှိဘူးဆိုရင်တော့ အညစ်အကြေးတွေဟာ လွယ်လွယ်နဲ့ထွက်လာနိုင်မှာ မဟုတ်တဲ့အတွက် သင့်အထဲမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။

ဝမ်းချုပ်နေမှာဖြစ်ပါတယ်။
သင့်စအိုကနေ အပြင်ကို အညစ်အကြေးတွေထုတ်ပေးဖို့ ရေကပဲ ကူညီပေးတာဖြစ်ပါတယ်။ အစပျိုးဖို့ ရေမရှိတော့ဘူးဆိုရင်တော့ စားထားတဲ့ အညစ်အကြေးတွေဟာ ဘယ်လိုထွက်နိုင်တော့မှာလဲ။

Ref:womenshealthmag.com
Trend Myanmar
အသားအရေခမ်းခြောက်နေမှ ရေဓါတ်လိုအပ်နေပြီဆိုပြီးတော့ အကဲဖြတ်ပေးတဲ့သူတွေအများကြီးပါ။ တချို့နေရာမှာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမယ့် ရေဓါတ်ခမ်းခြောက်လို့ သိသိသာသာပြောင်းလဲလာတဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာလဲဆိုတာကို စုစည်းပေးထားပါတယ်။

မုတ္တမပင်လယ်ကွေ့ကို ထိန်းသိမ်းရန် မြေဧရိယာသတ်မှတ်ခြင်းအပေါ် ဒေသခံတချို့စိုးရိမ်မှုဖြစ်ပေါ်၊ မြေယာသိမ်းဆည်းခြင်း မဟုတ်ဟုဆို

မုတ္တမပင်လယ် ကွေ့အားထိန်းသိမ်းရန် မြေဧရိယာ သတ်မှတ်ခြင်းအား မြေယာသိမ်းဆည်းသည်ဟု ထင် ကာ ဒေ သ ခံ တချို့စိုးရိမ် နေကြကြောင်း သိရသည်။

ခေါင်းဖြတ်လူသတ်မှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရသူသုံးဦး တရားလွှတ်တော်ရုံးချုပ်သို့ အယူခံဝင်

တွံတေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူ သတ်မှုတွင် ပြစ်မှုကျူးလွန်သူသုံး ဦးကို တောင်ပိုင်း ခရိုင် တရားရုံးက သေဒဏ်ချမှတ်ခဲ့၍ နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးသို့  အယူခံဝင် ထားကြောင်းတောင်ပိုင်း ခရိုင်တရားရုံးမှ ဒုခရိုင်တရားသူကြီးတစ်ဦးက ပြောသည်။

ရှမ်းမြောက်တွင် အစိုးရတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှုများပြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မန်ပူးကျေးရွာအနီးတွင် ဇူလိုင် ၂၀ ရက် နံနက် ၅ နာရီခွဲခန့်၌ အစိုရတပ်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ TNLA ဘက်မှ ထိခိုက်ကျဆုံးမှုများပြားကြောင်း အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောသည်။

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ရွေးရန် ငပလီတွင် ညီလာခံ ကျင်းပမည်

ရခိုင်အင်အားကြီး နိုင်ငံရေးပါတီ နှစ်ခုကို ပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင် ရွေးချယ်ရန် ညီလာခံကို စက်တင်ဘာလတွင် ငပလီကမ်းခြေတွင် ကျင်းပမည် ဖြစ်ကြောင်း ANP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။

မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ဟုဆို

Photo: မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ဟုဆို
Monday, July 21, 2014

မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ခဲ့ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။

“ပျဉ်းမနားရဲစခန်းက စစ်ဆေးမှုပြုလုပ်ပြီးတော့ စသုံးလုံး၊ စီအိုင်ဒီတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးခရိုင်အနေနဲ့ကတော့ ဖြစ်စဉ်အတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးပါတယ်။ ဖမ်းဆီး အရေးယူမှု ချက်ချင်း မလုပ်ဆောင်တာက နှစ်ဖက်ဖြစ်တယ်။ တစ်ဖက်ကလည်း ဗုဒ္ဓဘာသာဖြစ်တယ်။ တစ်ဖက်ကလည်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒါကနေ လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းရင်းထိန်းရင်းကနေ လူစုလူဝေး ဖြစ်သွားတာပါ။ အခုဖြစ်စဉ်မှာ လိမ်လည်တိုင်တန်းတယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်” ဟု မန္တလေးခရိုင်ဒုတိယ ရဲမှူးကြီးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လိမ်လည်တိုင်ကြားခဲ့သူ ဖြူဖြူမင်း(ခ) ကတုံးမက ဇူလိုင် ၉ရက်တွင် ပျဉ်းမနားမြို့နယ် တရားရုံး၌ အမှုဖြစ်စဉ်ကို ဖြောင့်ချက်ပေးခဲ့သည်ဟုဆိုသည်။

ထို့ပြင် ပျဉ်းမနားနှင့် ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ် ပြုကျင့်မှုများမှာ ဟေမာကျော်၏ ဦးလေးတော်စပ်သူ ခင်မောင်ဌေး(ခ)ကိုထွေးနှင့် ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့် ဖိုးခွား(ခ) ပြားကြီး(ခ)တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လိမ်လည်တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ကြိုတင်ထွက်ဆိုချက်များပေးခဲ့သည်ဟု ဆိုသည်။

“လိမ်လည်တိုင်တန်းတဲ့ ကိစ္စတစ်ခုက ဒီလောက်အထိဖြစ်သွားတာတော့ မကောင်းဘူး။ ဥပဒေဘက်တော်သားတွေလည်း လျင်လျင်မြန်မြန်လုပ်ဖို့ လိုတယ်။ ဖြစ်စဉ်မှာ ဘေးတီးတဲ့သူတွေကို ဖော်ထုတ်ဖို့လည်း လိုတယ်။ မန္တလေးမြို့ လက်ရှိအနေအထားကလည်း ငြိမ်းချမ်းတဲ့အဆင့်တော့ မရောက်သေးပါဘူး။ တည်ငြိမ်တဲ့ အဆင့်ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ညမထွက်ရ အမိန့်ရှိတဲ့အတွက်ပါ။ ညမထွက်ရအမိန့် ရုပ်သိမ်းပြီး စောင့်ကြည့်ဖို့လိုပါသေးတယ်”မန္တလေး မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စ ကိုနေ ကဖေးနှင့် ဆန်း ကဖေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ ဖြူဖြူမင်း(ခ)ကတုံးမ လိမ်လည်တိုင်ကြား ခဲ့ခြင်းအပေါ် ပျဉ်းမနားမြို့မ ရဲစခန်း က(ပ)၂၉၃/၂၀၁၄ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကို ဇူလိုင်လ ၁၇ ရက်တွင် ပိတ်သိမ်းခဲ့သည်ဟုဆိုသည်။ လိမ်လည် တိုင်တန်းသူ ဖြူဖြူမင်းနှင့် ညွှန်ကြားစီစဉ်သူ မနုနုမြတ်တို့ကို ဖမ်းဆီးထားပြီး ရဲထွဋ် (ခ) သူရရဲထွဋ်မှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

7Day DAILY
မန္တလေးပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် အဓမ္မပြုကျင့်မှုကို စသုံးလုံးနှင့် စီအိုင်ဒီတို့ ပူးပေါင်းဖော်ထုတ်ခဲ့ ကြကြောင်း မန္တလေးခရိုင်ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။

ကင်ဆာရောဂါကြောင့် သေဆုံးသူ၏ ဇနီးအား ဒေါ်လာ ၂၃ ဘီလီယံကျော် ကုမ္ပဏီလျော်ကြေးပေးရန် တရားရုံးဆုံးဖြတ်

Photo: ကင်ဆာရောဂါကြောင့် သေဆုံးသူ၏ ဇနီးအား ဒေါ်လာ ၂၃ ဘီလီယံကျော် ကုမ္ပဏီလျော်ကြေးပေးရန် တရားရုံးဆုံးဖြတ်
Monday, July 21, 2014

အော်လန်ဒို−အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီ RJ Rey-nolds အနေဖြင့် အဆုတ်ကင် ဆာရောဂါဖြင့် သေဆုံးသွားခဲ့ သော ဆေးလိပ်သောက်သူတစ် ဦး၏ ဇနီးသည်အား ကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ ပေးရမည် ဟု ဖလော်ရီဒါ တရားရုံးက အမိန့် ချမှတ်လိုက်သည်။

စင်သီယာ ရော်ဘင်ဆန် သည် ၂၀၀၈ ခုနှစ်တွင် RJ Rey-nolds ကုမ္ပဏီအပေါ် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

စင်သီယာရော်ဘင်ဆန်က ၎င်း၏ ခင်ပွန်းဖြစ်သူသည် ၁၉၉၆ ခုနှစ်က အသက် (၃၆) နှစ်အရွယ် တွင် အဆုတ်ကင်ဆာဖြင့် ကွယ် လွန်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ သည် အသက် (၁၃) နှစ်အရွယ် မှစ၍ နှစ် ၂၀ ကျော်ကြာအောင် တစ်နေ့လျှင် ဆေးလိပ်တစ်ဘူးမှ သုံးဘူးအထိ သောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ၎င်းကုန်ပစ္စည်း ၏ စွဲစေတတ်သော သဘာဝနှင့် ကျန်းမာရေး အန္တရာယ်များကို မှန်မှန်ကန်ကန် ထုတ်ဖော်ပြော ကြားခြင်း မရှိဘဲ ဖုံးကွယ်ထား သည်ဟု မစ္စစ်ရော် ဘင်ဆန်၏ ရှေ့နေများက ပြောကြားခဲ့သည်။

မစ္စစ်ရော်ဘင်ဆန်၏ ခင် ပွန်းဖြစ်သူသည် ဆေးလိပ်ဖြတ် ၍ မရဘဲ သေဆုံးသည့်နေ့အထိ ဆေးလိပ်သောက်နေခဲ့သည်ဟု တရားလို ရှေ့နေများက ပြော သည်။

ယင်းကုမ္ပဏီသည် တရားရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံဝင် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဂျက်ဖရီရာဘွန်းက ပြောသည်။

မစ္စစ်ရော်ဘင်ဆန်အား ပေး ရန် ဆုံးဖြတ်လိုက်သည့် ဒဏ်ငွေ ပမာဏသည် ဖလော်ရီဒါ ပြည် နယ်သမိုင်းတွင် အများဆုံးဖြစ် သည်။

Ref: BBC
7Day News Journal
အော်လန်ဒို−အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီ RJ Rey-nolds အနေဖြင့် အဆုတ်ကင် ဆာရောဂါဖြင့် သေဆုံးသွားခဲ့ သော ဆေးလိပ်သောက်သူတစ် ဦး၏ ဇနီးသည်အား ကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ ပေးရမည် ဟု ဖလော်ရီဒါ တရားရုံးက အမိန့် ချမှတ်လိုက်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက် ပြန်ပြင်ဆင်ရန် စဉ်းစားမည်ဟု ကော်မရှင်ဆို

နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို ထည့်သွင်း ဖြည့်စွက်ခြင်း မရှိဘဲ အတည်ပြု ထုတ်ပြန်ထားသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွန်ကြားလွှာကို နိုင်ငံရေး ပါတီများက ကန့်ကွက်နေသောကြောင့် ပြန်လည်ပြင်ဆင်ပေးရန် စဉ်းစားသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် မြန်မာမိခင်နှင့် မွေးကင်းစသားငယ်တို့ မီးခိုးမွန်း၍ သေဆုံး

ပရာချွပ်စီရီခန်ဒေသ၊ မူအန် ခရိုင်တွင် အိပ်နေကြစဉ် မြန်မာအမျိုး သမီးတစ်ဦးနှင့် သူမ၏ မွေးကင်းစ သားငယ်တို့ သေဆုံးပြီး တခြားသူ သုံးဦးတို့မှာ ပြင်းပြင်းထန်ထန်ဝေဒနာ ခံစားရကြောင်း ထိုအဖြစ် အပျက်မှာ ဇူလိုင် ၂ဝ ရက် နံနက်ပိုင်း၌ဖြစ် ပွားခဲ့ကြောင်း ထိုင်းရတ်သ်အွန်လိုင်း က ဖော်ပြသည်။

ဗီယက်နမ်ခရီးသွားလေးဦးပုဂံတွင် လုယက်ခံရ

Photo: ဗီယက်နမ်ခရီးသွားလေးဦးပုဂံတွင် လုယက်ခံရ
Monday, July 21, 2014

ပုဂံရွာဟောင်းကြီးဘုရားအ နီးလှည့်လည်နေသော ဗီယက်နမ် နိုင်ငံသူလေးဦးပစ္စည်းလုယက်ခံရ ကြောင်းသတင်းရရှိသည်။

ဇူလိုင်လ ၁၉ရက် မွန်းလွဲ ၂ နာရီတွင် ဆိုင်ကယ်စီးသူတစ်ဦးက စက်ဘီးဖြင့်လှည်လည် နေသော ဗီယက်နမ်နိုင်ငံသူလေးဦးထံမှ ပစ္စည်းများ လုယူသွားခြင်းဖြစ်သည်။

ယခုအကြိမ်လုယက်ခံရခြင်းသည် ၂၀၁၄ခုနှစ်အတွင်း ဒု တိယအကြိမ်လုယူခံရခြင်းဖြစ် သည်။ ၂၀၁၃ခုနှစ်အတွင်းက ကမ္ဘာလှည့်ခရီးသွားများကိုးကြိမ် တိတိလုယူခံခဲ့ရသည်။

ဗီယက်နမ်နိုင်ငံသူလေးဦးထံမှ Samsung Latop တစ်လုံး၊ Canonကင်မရာတစ်လုံး၊ Note Bookတစ်ခုစသည်တို့လုယူခံရကြောင်း ပစ္စည်းလုယူခံရသည့် ဗီယက်နမ်နိုင်ငံသူ မစ္စလီသီသူဟက 7Day Dailyအား ပြောသည်။

7Day DAILY
ပုဂံရွာဟောင်းကြီးဘုရားအ နီးလှည့်လည်နေသော ဗီယက်နမ် နိုင်ငံသူလေးဦးပစ္စည်းလုယက်ခံရ ကြောင်း သတင်း ရရှိသည်။

အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်ပြုခြင်းဖြစ်သလို ခေါင်းဆောင်ကြီးများချမှတ်ခဲ့သည့် မူဝါဒ လမ်းစဉ် များကို ဆက်လက် အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပြောကြား

Photo: အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်ပြုခြင်းဖြစ်သလို ခေါင်းဆောင်ကြီး များချမှတ်ခဲ့သည့်မူဝါဒလမ်းစဉ်များကို
ဆက်လက်အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းပြောကြား
Monday, July 21, 2014

(၆၇)နှစ်မြောက်အာဇာနည်နေ့၌ ခေါင်းဆောင်ကြီးများကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပရခြင်း သည် အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ကုသိုလ်ပြုခြင်းဖြစ် သလို ခေါင်းဆောင်ကြီးများချမှတ် ခဲ့သည့်မူဝါဒလမ်းစဉ်များကို ဆက် လက်အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းလည်းဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။
(၆၇)နှစ်မြောက်အာဇာနည်နေ့ တွင် အာဇာနည်ခေါင်းဆောင်ကြီး များကိုရည်စူး၍ ရန်ကုန်မြို့ရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်၌ ဆွမ်းဆက်ကပ်လှူ ဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို မီဒီယာကမေးမြန်းရာတွင် ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

''အဓိကရည်ရွယ်ချက်ကတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မူဝါဒတွေ၊ လမ်းစဉ်တွေ ချမှတ်ခဲ့ တယ်။ ပြောဆိုခဲ့တဲ့စကားတွေရှိ တယ်။ အဲဒီမူဝါဒလမ်းစဉ်၊ ပြောဆို တဲ့စကားတွေအရ မိမိတို့နိုင်ငံကောင်း အောင်၊ မိမိတို့ပြည်ထောင်စုကြီး ကောင်းအောင် ဆက်လက်လုပ် ဆောင်ဖို့တာဝန်ရှိတယ်၊ အဲဒီလို တာဝန်ရှိတာနဲ့အညီ မိမိတို့နဲ့အတူ ပြည်သူတွေ ပူးပေါင်းပြီးမှ မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများနဲ့ ပါဝင် ဆောင်ရွက်နိုင်ဖို့အတွက် ပိုမိုပြီး သတိရစေဖို့ ဒီလိုပွဲကြီးကို ကျင်းပ တာဖြစ်တယ်၊ အဲဒီလိုကျင်းပတဲ့ နေရာမှာ ကျဆုံးလေပြီးတဲ့အာဇာနည် ခေါင်းဆောင်ကြီးများအတွက် ကုသိုလ်တွေရတဲ့အပြင် အလှူပြုတဲ့ မိမိတို့တွေလဲ ကုသိုလ်ရသလို မိမိ တို့နိုင်ငံကို ထူထောင်တဲ့နေရာမှာ ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့တဲ့ မူဝါဒ၊ လမ်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်နိုင်ဖို့အတွက် အားသစ်လောင်းတဲ့အခမ်းအနားလဲ ဖြစ်တယ်။ အလှူဒါနလဲ ဖြစ်ပါ တယ်''ဟုပြည်ထောင်စု လွှတ် တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့်တရားစီရင်ရေး မဏ္ဍိုင်မှ အကြီးအကဲများ တက် ရောက်ဂါရဝပြုခဲ့ကြသည်။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၌ အာဇာနည်ခေါင်းဆောင် ကြီးများအားရည်စူး၍ နှစ်စဉ်နှစ် တိုင်းဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

The Union Daily
(၆၇)နှစ်မြောက်အာဇာနည်နေ့၌ ခေါင်းဆောင်ကြီးများကိုရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပရခြင်း သည် အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ကုသိုလ်ပြုခြင်းဖြစ် သလို ခေါင်းဆောင်ကြီးများချမှတ် ခဲ့သည့်မူဝါဒလမ်းစဉ်များကို ဆက် လက်အကောင်အထည်ဖော်ရန် အားသစ်လောင်းခြင်းလည်းဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။

မန္တလေးပဋိပက္ခဖြစ်ပွားခဲ့သည့်ကိစ္စနောက်ကွယ်မှ အမှုဖွင့် လီဆယ်တိုင်ကြားသူ ငါးဦးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်း ဥပဒေပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆိုသွားရန် စီစဉ်ဆောင်ရွက်နေဟုဆို

ရန်ကုန်၊ ဇူလိုင် ၂ဝ-မန္တလေး ပဋိပက္ခဖြစ်ပွားခဲ့သည့်ကိစ္စ နောက်ကွယ် မှ အမှုဖွင့်လီဆယ်တိုင်ကြားသူ ငါး ဦးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြား ရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ် ခြင်းဥပဒေပုဒ်မဖြင့် အမှုဖွင့်ကာ တရားစွဲဆိုသွားရန် စီစဉ်ဆောင် ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦး က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။

ကြက်ဟင်းခါး သီး၏ ကျန်းမာရေး စွမ်းပကား

Photo: ကြက်ဟင်းခါး သီး၏ ကျန်းမာရေး စွမ်းပကား
Monday,July 21, 2014  

ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေ မှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

အာဟာရတန်ဖိုး

ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရိုတင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးပြဿနာများ ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကာလဝမ်းးရောဂါ ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

(၃) ဆီးးချိုရောဂါ ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူ လင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄) စွမ်းအင် ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက် လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၅) မျက်စိပြဿနာများ ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်း မွန်စေပါတယ်။

(၆) အရက်နာကျခြင်း ကြက်ဟင်းခါးသီးအရည်ဟာ အ ရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်း ကို ကောင်းမွန်စေ ပါတယ်။

(၈) လိပ်ခေါင်း ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွား ပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

(၉) ဆိုးရီးယေးစစ်အရေပြားအနာ ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။

(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

Good Health

ကြက်ဟင်းခါးသီး၏ စွမ်းပကား ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေ မှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

မန္တလေးကျုံးဘေး လမ်းတစ်လျှောက်ရှိ အဆောက်အအုံများ ၄၆ ပေ အမြင့်ထိသာ ဆောက်လုပ် ခွင့် ပြုမည်

Photo: မန္တလေးကျုံးဘေး လမ်းတစ်လျှောက်ရှိ အဆောက်အအုံများ ၄၆ ပေ အမြင့်ထိသာ ဆောက်လုပ် ခွင့် ပြုမည်
Monday,July 21, 2014 

မန္တလေးမြို့ ကျုံးဘေးလမ်း တစ်လျှောက် ရှိ အဆောက်အအုံများ အမြင့်ဆုံး ထားရှိနိုင်မည့် အမြင့်ကို သတ်မှတ်နိုင်ရန် အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ဇူလိုင် တတိယပတ် အတွင်းက ဆွေးနွေး ညှိနှိုင်းခဲ့ရာ ကျုံးမြို့ရိုးဘေးရှိ မြေပြင်အမြင့် BM (ညွှန်းကိန်း)ကို ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် (MSL) ၂၅၂ ပေရှိသည့် အရပ်များမှ ၁၄ ဒီဂရီ တိုင်းတာ သတ်မှတ်ခဲ့သည်။

ထိုသို့ သတ်မှတ်သဖြင့် ကျုံးရှေ့ လမ်းဘေးကပ်လျက် အဆောက်အအုံများသည် ၄၆ ပေ အမြင့်အထိ ဆောက်လုပ်နိုင်မည် ဖြစ်ပြီး ၎င်းနောက်ပိုင်းရှိ အဆောက်အအုံများသည် အချိုးကျ မြင့်တက် ဆောက်လုပ်နိုင်မည် ဖြစ်သည်။ ထိုသို့ တွက်ချက်မှုများသည် ပညာရှင်များ ပါဝင်သော အဖွဲ့၏ လေ့လာ သုံးသပ်ချက်များအပေါ် အခြေခံ သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မန္တလေးမြို့ ကျုံးဘေးလမ်း တစ်လျှောက် ရှိ အဆောက်အအုံများ အမြင့်ဆုံး ထားရှိနိုင်မည့် အမြင့်ကို သတ်မှ တ်နိုင်ရန် အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ဇူလိုင် တတိယပတ် အတွင်းက ဆွေးနွေး ညှိနှိုင်းခဲ့ရာ ကျုံးမြို့ရိုးဘေးရှိ မြေပြင်အမြင့် BM (ညွှန်းကိန်း)ကို ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ အမြင့် (MSL) ၂၅၂ ပေရှိသည့် အရပ်များမှ ၁၄ ဒီဂရီ တိုင်းတာ သတ်မှတ်ခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာရွှေ့ပြောင်း လုပ်သားများ သတင်းပို့ ကောင်တာ ဖွင့်လှစ်

Photo: ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာရွှေ့ပြောင်း လုပ်သားများ သတင်းပို့ ကောင်တာ ဖွင့်လှစ်
Monday,July 21, 2014  

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ Lobby ပြည်ပထွက်ခွာခန်းမ (Departure)နှင့် ပြည်ပဆိုက် ရောက်ခန်း မArrival Lobby) တို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတင်းပို့ကောင်တာ(Myanmar Migrant Workers' Reporting Counter) တစ်ခုစီအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဖွင့်လှစ်ခဲ့သည်။

''မြန်မာရွှေ့ပြောင်း လုပ်သားတွေ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်မှု လျော့နည်း ပပျောက်စေဖို့နဲ့ ရွှေ့ပြောင်းလုပ်သား များရဲ့ အခွင့်အရေးအပြည့် အဝရရှိဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်စောင့်ရှောက်မှုကို တိုးမြှင့်ပေးနိုင်ရေးနဲ့ ပြည်ပထွက်ခွာနဲ့ ဆိုက်ရောက် တွေမှာနေ့စဉ် ဝင်ထွက်သွားလာ နေတဲ့လုပ်သား ကျား/မစာရင်းကို အတိအကျဖို့နဲ့ အခြား သတင်း အချက်အလက်တွေကို စုဆောင်းနိုင်ဖို့ ဖြစ်ပါတယ်''ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦး ကပြော ကြားသည်။

အဆိုပါ သတင်းပို့ကောင်တာတွင် အလုပ် သမားများသိသင့်သည့် အချက်အလက်များ အား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ရွှေ့ပြောင်း လုပ်သားများ၏ အလုပ်အကိုင်နှင့် ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံများ၊ သက်ဆိုင်ရာ နိုင်ငံများ၏ ခေါ်စာနှင့်ဆက်သွယ်ရ မည့်လိပ်စာ များအား အချက်အလက်ပြည့်စုံစွာ သတင်းပို့ခြင်းနှင့် ဖောင်ပုံစံများအား ဖြည့်စွက် ရမည် ဖြစ်သည်။ ထို့ပြင် ကောင်တာမှ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး ဖုန်းနံပါတ်များ၊ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဥပဒေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် ထွက်ခွာမည့်ရွှေ့ပြောင်း လုပ်သားများ၏ သက်ဆိုင်ရာ အလုပ်သမား သံအရာရှိ ဖုန်းနံပါတ်များနှင့် သတိပေးလက် ကမ်းစာစောင်များကို ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး၊ ပြည်ပ အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီဝင်များ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ILO, IOM World Visionတို့မှ ကိုယ်စားလှယ်များနှင် HRD Korea မှ ဌာနေ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထိုဖွင့်ပွဲနှင့်အတူ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ကိုရီးယား သမ္မတနိုင်ငံသို့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၉ ဦးအား စေလွှတ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်းသိရသည်။

မောင်မျိုး(ဧရာဝတီ)
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ Lobby ပြည်ပထွက်ခွာခန်းမ (Departure)နှင့် ပြည်ပဆိုက်ရောက်ခန်းမ Arrival Lobby) တို့တွင် မြန် မာရွှေ့ပြောင်း လုပ်သားများ သတင်းပို့ကောင်တာ(Myanmar Migrant Workers' Reporting Counter) တစ်ခုစီအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဖွင့်လှစ်ခဲ့သည်။

ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည်ဆိုသဖြင့် တရားရုံး စစ်ဆေးမှု ရပ်ဆိုင်း တောင်းဆို

Photo: ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည်ဆိုသဖြင့် တရားရုံး စစ်ဆေးမှု ရပ်ဆိုင်း တောင်းဆို
Monday,July 21, 2014 

ပိုင်ဆိုင်မှု အငြင်းပွားနေသော သန္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သတ်ပြီး ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည် ဆိုသဖြင့် တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် အကျိုးဆောင်ရှေ့နေက တောင်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

တာမွေမြို့နယ် တရားရုံးတွင် ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်သော ပဉ္စမအကြိမ် ရုံးချိန်းတွင် ပီနန်ဆရာတော်၏ လက်မှတ်ပါ သက်သေခံ တင်သွင်းသည့် စာကို စာအဖြစ် လက်ခံသော်လည်း မိတ္တူများ ဖြစ်နေသည့်အတွက် ပီနန်ဆရာတော် ကိုယ်တိုင် လာရောက်တင်သွင်းမှ လက်ခံရန် တရားလို အကျိုးဆောင်ရှေ့နေက ကန့်ကွက်ခဲ့ပြီး တရားရုံးက မိတ္တူဖြစ်သည့်အတွက် ပယ်ချသဖြင့် တရားစွဲဆိုခံ ဆရာတော်များ၏ ဥပဒေ အကျိုးဆောင်ရှေ့နေ ဦးသန်းထွန်းအောင်က တရားမမျှ၍ တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့၍ တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းခဲ့ပြီး သြဂုတ် ၁ ရက်နေ့ကို ချိန်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယင်းကဲ့သို့ အချေအတင် ဖြစ်ခဲ့သော သက်သေခံစာများကို ခရိုင်တရားရုံးသို့ တင်ပြပြီး ပြန်လည်စစ်ဆေး ညွန်ကြားလျှင် ပြန်လည် စစ်ဆေးရမည် ဖြစ်သဖြင့် သြဂုတ်လ ၁ ရက်ကို တရားရုံးချိန်း သက်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံ ဆရာတော်များ၏ ဥပဒေအကျိုးဆောင် ဦးသန်းထွန်းအောင်က ပြောကြားသည်။

“ပီနန်ဆရာတော်ဘုရားကြီး လက်မှတ်ထိုးထားတာကို သက်သေခံ တင်တယ်။ သက်သေခံ တင်တဲ့အတွက် တရားသူကြီးရဲ့ ပမာဒလေခကြောင့် လက်မှတ်ထိုးတာကို သတိမမူမိဘဲနဲ့ ငြင်းလိုက်တယ်။ သက်သေခံ မဝင်ဘူး။ အဲဒီအတွက် မကျေနပ်ဘူး။ ဆက်စပ် သံဃာတော် တရားခံတွေကိုပါ နစ်နာတဲ့အတွက် တရားစီရင်ရေးကို ရပ်ပေးပါ။ အထက်ရုံးကို တက်မယ်လို့ ပြောတဲ့အတွက် တရားစီရင်ရေး ရပ်ဆိုင်းလိုက်ပါတယ်။ သြဂုတ် ၁ ရက်ကို ချိန်းလိုက်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သန္တိသုခကျောင်းတိုက်သည် ယခင်ကတည်းက သံဃိကပစ္စည်း ဖြစ်ပြီး မဟန ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဖြစ်သည်ဟု သာသနာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းညွန့်က ဆိုသည်။

“မဟန ဆရာတော်တွေကို သက်သေအဖြစ် တင်မယ်လို့တော့ မကြားမိသေးပါဘူး။ ကိုယ်တို့ဘက်ကတော့ တင်ဖို့ မရှိပါဘူး။ မဟန ဆရာတော်တွေက ဝိနစ္စခုံရုံး မဟုတ်တဲ့အတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်တွေနဲ့ မပတ်သက်ပါဘူး ညီလေးရယ်။ အရပ်ဘက် တရားရုံးမှာလည်း စွဲဆိုလို့ မရပါဘူး” ဟု ၎င်းက ပြောကြားသည်။

သက်သေခံများကို စစ်ဆေးရာတွင် နိုင်ငံတော် သံဃမဟာနာယကမှ အမိန့်ချ ဆရာတော်များ၊ တွဲဖက်အကျိုးတော်ဆောင်နှင့် တိုင်းဥက္ကဋ္ဌ ဆရာတော်များ မပါဝင်ဘဲ ပီနန်ဆရာတော်ကြီး ကိုယ်တိုင် လာရောက် သက်သေခံ တင်ပြမှ လက်ခံမည် ဆိုလျှင် နစ်နာကြောင်း လန်ဒန်ဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကက ပီနန်ဆရာတော်ထံ သန္တိသုခကျောင်းတိုက်မှ ထွက်ခွာပေးရန် မတ်လကုန်တွင် စာပို့ အကြောင်းကြားခဲ့သဖြင့် ပီနန်ဆရာတော်က ကျောင်းကို မိမိပိုင်ဆိုင်သဖြင့် ထွက်မသွားနိုင်ကြောင်း ပြန်လည် အကြောင်းကြားသည့် စာကို တရားစွဲဆိုခံ ဆရာတော် ဦးတေဇိန္ဒက ဇူလိုင် ၁၈ ရက် ရုံးချိန်းတွင် သက်သေခံစာအဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော် ဦးဥတ္တရ တိုင်းသံဃဥက္ကဋ္ဌ အပါအဝင် သံဃာအပါး ၂၀ ကို မတရား ဖမ်းဆီးချုပ်နှောင်မှုဖြင့် ပြန်လည်တရားစွဲဆိုရန် ဗဟန်းတရားရုံးသို့ အမှုဖွင့်ခဲ့သော်လည်း ဗဟန်းတရားရုံးက လက်မခံကြောင်း သိရသည်။

သန္တိသုခကျောင်းတိုက်ကို နိုင်ငံတော် သံဃမဟာနာယကက ပိုင်ဆိုင်သည် ဆိုကာ ပီနန်ဆရာတော် ပြည်ပခရီးစဉ် ကြွနေချိန် ဇွန်လ ၁၀ ရက် ညလယ်ချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သံဃာတော်များ ပူးပေါင်းကာ ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့ပြီး လန်ဒန်ဆရာတော် ဦးဥတ္တရ၊ ဦးတေဇိန္ဒ၊ ဦးသုန္ဒရ၊ ဦးနန္ဒိယနှင့် ဦးပညာဝရတို့ကို ၂၀/၉၀ နှင့် ပုဒ်မ ၂၉၅ (က) ဖြင့် ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်က တရားလိုအဖြစ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

The Vocie Weekly
ပိုင်ဆိုင်မှု အငြင်းပွားနေသော သန္တိသုခကျောင်းတိုက် ကိစ္စနှင့် ပတ်သတ်ပြီး ပီနန်ဆရာတော်ကြီး ကိုယ်တိုင် သက်သေခံစာ တင်သွင်းမှ လက်ခံမည် ဆိုသဖြင့် တရားရုံး စစ်ဆေးမှုကို ရပ်ဆိုင်းရန် အကျိုးဆော င်ရှေ့နေ က တောင်းဆိုခဲ့ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

အာဇာနည်နေ့တွင် စက်ရုံမပိတ်ဘဲ အချိန်ပိုဆင်းခိုင်းသော စက်ရုံနှစ်ရုံကို တရားစွဲ

အာဇာနည်နေ့တွင် စက်ရုံမပိတ်ဘဲ အချိန်ပိုဆင်းခိုင်း သော စက်ရုံရှစ်ရုံစစ်ဆေးတွေ့ရှိ ၍ အထည်ချုပ်စက်ရုံနှစ်ရုံကို တရားစွဲဆိုထားကြောင်း အလုပ် ရုံနှင့် အလုပ်သမားဥပဒေစိစစ် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းရှိန်ကပြောသည်။