Sunday, 8 June 2014

မြန်မာနိုင်ငံအတွက် စီးပွားရေးလမ်းပြမြေပုံ

အမေရိကန်နိုင်ငံက ကမ္ဘာမှာစစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ပြီး သူ့ရှေ့မှာ ဂရိတ်ဗြိတိန်၊ စပိန်နဲ့ နယ်သာလန်နိုင်ငံတွေက ဦးဆောင်ခဲ့ကြပြီး သူ့ထက်စောတာက ရောမအင်ပါယာ ဖြစ်ခဲ့တယ်။ ခေတ်ရေစီးကြောင်း သမိုင်းကို လေ့လာကြည့်ရင် အရာရာတိုင်းက နံပါတ် ၁ တစ်နေရာမှာ အမြဲထာဝရ တည်တံ့နိုင်မှု မရှိတာကို မြင်တွေ့ကြရမှာ ဖြစ်တယ်။

ဆေးလိပ်ဖြတ်ဖို့ အလွယ်ဆုံးနည်း ခုနှစ်သွယ်

ဆေးလိပ်ဖြတ်ဖို့ ဆိုတာ ဆေးလိပ်သမားတွေအတွက် အခက်ခဲဆုံးအရာပါ။ 
ဒါပေမယ့် ကျွန်တော်တို့ တော်တော် များများကတော့ ဖြတ်ချင်ကျပါတယ်။
ဆေးလိပ်ဖြတ်ဖို့ အတွက် ငွေကုန်ကြေးကျများတဲ့ နည်းတွေတော့ ရှိပါတယ်။ နီကိုတင်းဓာတ်ပါတဲ့ပီကေ၊ အီလက်ထရောနစ်စီးကရက် တို့ ဆေးလိပ်တု တို့ နဲ့ တဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကနေ နီကိုတင်းဓာတ် လိုအပ်မှုကို ဖြတ်သွားလို့ လည်းရပါတယ်။ ဒါပေမယ့် ဒါတွေက ဈေးနှုန်းမြင့်မားတဲ့ အရာတွေပါ။

အာဖဂန်နစ္စတန်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး ပျက်စီး၊ လူ ၆၀ နီးပါး သေဆုံး

Photo: အာဖဂန်နစ္စတန်တွင် ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး ပျက်စီး၊ လူ ၆၀ နီးပါး သေဆုံး
Sunday, June 8, 2014 

အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ ရုတ်တရက် ရေကြီးမှုကြောင့် အ နည်းဆုံး လူ ၅၈ယောက်သေဆုံးပြီး  အများအပြား ပျောက်ဆုံးနေတယ်လို့ သမ္မတ ဟာမစ်ကာဇိုင်းရဲ့ ရုံးက ဇွန်လ ၇ ရက်နေ့က ပြောပါတယ်။ 

ဘာဂလန်ခရိုင်မြောက်ပိုင်း မှာ ညလုံးပေါက် မိုးသည်းထန်ခဲ့လို့ ရေလွှမ်းမိုးခဲ့တာပါ ရေလွှမ်းမိုးခံ ရတဲ့ ဒေသခံတွေကတော့ လူတွေအများကြီး အိုးအိမ်တွေ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

ရေကြီးမှုကြောင့် အိမ်ခြေငါးရာလောက် ပျက်စီးပြီး လူ ၆၀ နီးပါး သေတယ် ရာနဲ့ချီတဲ့လူတွေ ဒဏ်ရာရတယ်လို့ ဒေသခံ အိုင်မန် နာဇာကပြောပါတယ်။

ဘာလန်ဒေသအတွက် ကပ်ဘေးတုန့်ပြန်ရေးခေါင်းဆောင် အာမက် နတ်ဆား ကိုဇက် ကတော့ မိသားစု ၈၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူသေအလောင်းတွေ မြစ်ထဲ မျောပါနေတာ မြင်နိုင်တယ်လို့ ဆိုပါတယ်။ သမ္မတ ကာဇိုင်းက ခရိုင်တွင်း ရေဘေးသင့်မိသားစုတွေကို အရေးပေါ် အကူအညီပေးဖို့ အမိန့် ထုတ်ပြီးပြီလို့ သမ္မတရုံးက ကြေညာချက်ထဲမှာ ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးခေါင်ခြောက်သွေ့တဲ့ ရာသီဥတု ရှိပေမယ့် နွေရာသီမှာတော့ မိုးကြီးနိုင်ပါတယ်။ ဧပြီလက အာဖဂန် မြောက်ပိုင်းနဲ့အနောက်ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် လူအယောက် တရာကျော် သေဆုံးခဲ့ပါသေးတယ်။

DVB (မြန်မာပိုင်း)
အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ ရုတ်တရက် ရေကြီးမှုကြောင့် အ နည်းဆုံး လူ ၅၈ယောက်သေဆုံးပြီး  အများအပြား ပျောက်ဆုံးနေတယ်လို့ သမ္မတ ဟာမစ်ကာဇိုင်းရဲ့ ရုံးက ဇွန်လ ၇ ရက်နေ့က ပြောပါတယ်။ 

မောင်တောနယ်စပ် တိုက်ပွဲများဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့် တင်းကျပ်

မေ ၁၃ရက်မှ ၂၉ရက်အထိ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် မိုင်တိုင် တစ်လျှောက် တွင်  RSO လက်နက် ကိုင်သောင်း ကျန်း သူများနှင့် မြန်မာ နယ်စပ် လုံ ခြုံရေးတပ်ဖွဲ့ ဝင်များ တိုက်ပွဲဖြစ်ပွား မှုကြောင့် မောင်တော နယ်စပ်တွင် ညမထွက်ရ အမိန့်ကို တင်းကျပ် ထား ကြောင်း သိရသည်။

မီးရှူးလုံးတွင် စနက်တံထည့်ရန် အပေါက်ဖောက်ရာက ပေါက်ကွဲမှုဖြစ်၍သေဆုံး

၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ပင်လုံမြို့၊ ရပ်ကွက်(၂)နေ ခွန်သျှမ်းအောင်(၄၃)နှစ်သည် မီးရှူးပွဲတွင်လွှတ်တင်ရန်အတွက် မီးရှူးလုံးပြုလုပ်နေစဉ် လုံးပတ်(၂)လက်မ၊ အရှည်(၁)ပေခန့်ရှိ သံပိုက်လုံးအတွင်း ယမ်းများသိပ်ထားပြီး မီးရှူးလုံးအလယ်၌ စနက်တံထည့်ရန် အရှည်(၁)ပေခွဲ၊ လုံးပတ်(၅)စင်တီမီတာခန့်ရှိ အပေါက်ဖောက်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မိုင်းတုံ- မိုင်းဆတ်ကားလမ်းမှာ ယာဉ်ပြုတ်ကျတိမ်းမှောက်၍ ၂ ဦးသေ၊ ၂၀ ဦးဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုင်းတုံ- မိုင်းဆတ်ကားလမ်း၊ လမ်းဘေးဝဲ/ယာရှိ ကျွန်းစိုက်ခင်းများတွင် ကျွန်းပင်ပေါက်များ စိုက်ပျိုးရန် မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ နေဇာအောင်(ခ)ကုလား(၂၃)နှစ်မောင်းနှင်ပြီး အလုပ်သမား ကျား ၅ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း(၂၂)ဦးတို့လိုက်ပါလာသည့် ၉ဌ/xxxxလီဖန်း လေးလုံးထိုးယာဉ်သည် (၉)မိုင်ကျွန်း စိုက်ခင်းသို့မောင်းနှင်လာစဉ် လမ်းယာဘက်ရှိ ချောင်းအတွင်းသို့ပြုတ်ကျ တိမ်းမှောက်ခဲ့သည်။

ဟိုတယ်ခ ဈေးမြင့်သည်ဟု ဆိုကာ နိုင်ငံခြားသားတစ်ဦး ကလေးတွင် ဆန္ဒပြ


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဇွန်လ ၆ ရက်နေ့က ဟိုတယ် အခန်းခများ ဈေးနှုန်း မြင့်မားသောကြောင့် တည်းခိုနိုင်ခြင်း မရှိဟုဆိုကာ ပြင်သစ်နိုင်ငံသားတစ်ဦး ဆန္ဒပြမှု ဖြစ်ခဲ့ကြောင်း အောင်ရတနာ ဟိုတယ်လုပ်ငန်းရှင် ဦးအေးဖေက ပြောကြားသည်။

အဆိုတော်ရှင်ဖုန်း You are the one စတုတ္ထမြောက် အယ်ဘမ် ဒီဇင်ဘာတွင် ထွက်မည်

အဆိုတော်ရှင်ဖုန်း၏ စတုတ္ထမြောက် တစ်ကိုယ်တော် အယ်ဘမ်ဖြစ်သည့် You are the one အယ်ဘမ်သည် ဒီဇင်ဘာလတွင် ထွက်ရှိမည်ဖြစ်သည်။ ယင်းအယ်ဘမ် ထွက်ရှိရန်အတွက် ၎င်းအနေဖြင့် နှစ်နှစ်ကျော်ကြာ ပြင်ဆင်ခဲ့ရသည် ဟု အဆိုတော်ရှင်ဖုန်းက မဇ္စျိမကိုပြောသည်။

Miss Golden Land Myanmar 2014 အတွက် ဆန်ခါတင် အလှမယ်၂၆ ဦး မီဒီယာများရှေ့တွင် လက်မှတ်ရေးထိုး

Miss Golden Land Myanmar 2014 ပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲ အတွက် ဆန်ခါတင် ၂၆ဦးကို ရွေးချယ်ခဲ့ပြီး ၎င်း ရွေးချယ်ခံရသည့် ဆန်ခါတင် ၂၆ဦးသည် Miss Golden Land Myanmar Organization မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ပက်သက်ပြီး မီဒီယာများရှေ့တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသည်။

လုပ်ကြံခံခဲ့ရသည့် ကျဆုံးတောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ပြုလုပ်ခဲ့သည့် အထိမ်းအမှတ်ကျောက်တိုင်

Photo: လုပ်ကြံခံခဲ့ရသည့် ကျဆုံးတောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ပြုလုပ်ခဲ့သည့် အထိမ်းအမှတ်ကျောက်တိုင်
Sunday, June 8, 2014

ပြီးခဲ့တဲ့ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို လာရောက်စဉ်မှာ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် အောက်မေ့ဖွယ်
အထိမ်းအမှတ်ကျောက်တိုင်ကို ဇွန်လ(၆) ရက်နေ့က အာဇာနည်ကုန်းအနီးမှာ စိုက်ထူဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေးလာရောက်တဲ့ တောင်ကိုရီးယားသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ခရီးစဉ်မှာ အာဇာနည်ဗိမ္မာန်ကို ဂါရ၀ပြုစဉ် လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုကျောက်တိုင်ကို လုပ်ကြံခံခဲ့ရအပြီး (၃၁)နှစ် အကြာမှာ  စိုက်ထူခဲ့တာဖြစ်ပါတယ်။
 
ဒီအထိမ်းအမှတ်ကျောက်တိုင်ကို အရင်က အာဇာနည်ဗိမ္မာန်အတွင်းမှာ စိုက်ထူနိုင်ဖို့အတွက် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေက ကြိုးပမ်းမှုတွေရှိနေခဲ့ပေမယ့်လည်း ကန့်ကွက်မှုတွေရှိခဲ့တဲ့အတွက် အာဇာနည်ဗိမ္မာန်တည်ရှိရာ ခြံဝင်းအနီးမှာ သီးသန့်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
ဒီကျောက်တိုင်ဖွင့်ပွဲကို တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး “ယူဗြောင်စီ”နဲ့ တောင်ကိုရီးယား နိုင်ငံအတွင်းက အခြားတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ကျောက်တိုင်မဖွင့်မီ အာဏာနည်ဗိမ္မာန်ကို သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးခဲ့တဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမ္မာန်မှာ လွမ်းသူ့ပန်းခွေချခြင်း၊ ငြိမ်သက်အလေးပြုခြင်းတို့ပြုလုပ်ခဲ့ပြီး ကျောက်တိုင်ဖွင့်ပွဲကိုတော့ မနက် (၁၀)နာရီခန့်မှာ ပြုလုပ်ခဲ့ပါတယ်။
 
(၁၉၈၃)ခုနှစ်က ဗုံးခွဲတိုက်ခိုက်မှုဟာ တောင်ကိုရီးယားသမ္မတကို ရည်ရွယ် ပေမယ့် သမ္မတ ကတော့ လွတ်မြောက်သွားခဲ့ပြီး အခြားတောင်ကိုရီးယား အစိုးရ အဖွဲ့ဝင်(၁၇)ဦးနဲ့ မြန်မာနိုင်ငံသား ဓာတ်ပုံသတင်းထောက်တို့ သေဆုံးသွားခဲ့ပြီး တောင်ကိုရီးယားအစိုးရကတော့ ဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့တာလို့သတ်မှတ်ခဲ့ပါတယ်။

MRTV-4
ပြီးခဲ့တဲ့ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို လာရောက်စဉ်မှာ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့တဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့ဝင်တွေအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်ကျောက်တိုင်ကို ဇွန်လ(၆) ရက်နေ့က အာ ဇာနည် ကုန်းအနီးမှာ စိုက်ထူဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ (၁၉၈၃)ခုနှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေး လာရောက်တဲ့ တောင်ကိုရီးယားသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ခရီးစဉ်မှာ အာဇာနည်ဗိမ္မာန်ကို ဂါရ၀ပြုစဉ် လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့တဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် ဂုဏ်ပြုကျောက်တိုင်ကို လုပ်ကြံ ခံခဲ့ရ အပြီး (၃၁)နှစ် အကြာမှာ  စိုက်ထူခဲ့တာဖြစ်ပါတယ်။

ညစ်ညမ်းဝက်ဘ်ဆိုက်များကို ကြည့်ရှုမှုတွင် iPhoneနှင့် iPad ကိုင်ဆောင်သူ အများဆုံးဖြစ်

အင်တာနက်မှ ညစ်ညမ်းဝက်ဘ်ဆိုက်များကို စမတ်ဖုန်းများဖြင့် ကြည့်ရှုမှုတွင် Apple ကုမ္ပဏီထုတ် iPhone နှင့် iPad ကိုင်ဆောင်သူများက အရေအတွက် အများဆုံးဟု သိရှိရသည်။ နာမည်ကြီး Pornhub ဝက်ဘ်ဆိုက် က ညစ်ညမ်းရုပ်ရှင်များကို ဝင်ရောက်ကြည့်ရှုသူ အရေအတွက်သည် နေ့စဉ် (၃၈)သန်းမျှ ရှိနေ ကြောင်း ကြေညာခဲ့သည်။ ယင်းတို့အနက် ထက်ဝက်မျှသည် စမတ်ဖုန်းများ၊ Tabletများဖြင့် ကြည့်ရှုသူ များဟု လည်း ဆိုသည်။

တားမြစ်ဆေးသုံးစွဲခဲ့သည့် ဆီးဂိမ်းကစားသမားစာရင်း ထုတ်ပြန်မည်

၂၀၁၃ ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမားများကို တားမြစ်ဆေး စစ်ဆေးရာတွင် ဆေးကျခဲ့သည့် ကစားသမားများ၏စာရင်းကို ဇွန်လတတိယပတ်တွင် ထုတ်ပြန်ပေး သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရဟတ်ယာဉ် အကူအညီဖြင့် ထောင်ဖောက်ပြေးသော အကျဉ်းသားသုံးဦးကို ကနေဒါရဲတပ်ဖွဲ့ ရှာဖွေနေ

ကွီဘက်ခ်- ကနေဒါရဲတပ်ဖွဲ့သည် ရဟတ်ယာဉ်တစ်စီး၏ အကူအညီဖြင့် ကွီဘက်ခ်မြို့  အကျဉ်းထောင် တစ်ခုမှ ထွက်ပြေး လွတ်မြောက်သွားခဲ့သော အကျဉ်းသား သုံးဦးကို ရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ဇွန်လ ၇ ရက် ညတွင် ပြောသည်။

တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်းများထက် ၁၀ ဆခန့် ပိုမြန်မည်

Photo: တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်းများထက် ၁၀ ဆခန့် ပိုမြန်မည်
Sunday, June 8, 2014 

တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G  မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  ရောင်းချ ပေးထားသည့် မိုဘိုင်းလ် ဖုန်းများတွင် ရှိသည့် အင်တာနက် စနစ်ထက် ၁၀ ဆခန့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

“3G အင်တာနက် စနစ်နဲ့ သုံးမယ်ဆိုရင် သုံးတဲ့သူတွေ အရမ်းကျပ်နေရင်တောင် 1Mbps လောက်ရမယ်။ သုံးတဲ့သူ နည်းတဲ့ အချိန်ဆိုရင် 4Mbps မှ 6Mbps လောက်အထိ ရမယ်” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြောကြားသည်။

တယ်လီနော SIM Card ဝယ်ယူသူများ အနေနှင့် ကုန်ကျစရိတ် ပိုမိုသက်သာသည့် 2G အင်တာနက် စနစ်ဖြင့် သုံးစွဲပါက အသုံးပြုသူ များသော အချိန်တွင် 100 Kbps မှ 150 Kbps ထိ ရရှိနိုင်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို 512 Kbps အမြန်နှုန်းဖြင့် အင်တာနက် သုံးစွဲနေရသည်ကို အတိအကျ သိရှိရခြင်း မရှိဘဲ တစ်ခါတစ်ရံ 1Kbps (Kilo Byte per Second) အောက်အထိ ကျဆင်းမှုများ ရှိနေကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။

ထို့အပြင် တယ်လီနော အနေနှင့် မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေပေါ် မူတည်၍ မကြာမီ ကာလများတွင် 46 LTE ဆက်သွယ်ရေးစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့ ဝန်ဆောင်မှု ပေးသွားရန် စီစဉ်နေကြောင်းလည်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲစေမည် ဆိုပါက သုံးစွဲသူ အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်အချင်းချင်း ဆက်သွယ်ရန် Fiber Cable များကို အမြန်ဆုံး ပြီးစီးစေရန် တပ်ဆင်သွားမည် ဖြစ်ပြီး Fiber Cable ဖြင့် ချိတ်ဆက် သုံးစွဲပါက ဆက်သွယ်မှု လိုင်းကောင်းမွန်မှု ပြဿနာကို စိတ်ပူရန် မလိုအပ်ကြောင်း တယ်လီနောမြန်မာထံမှ သိရှိရသည်။

“2G စနစ်နဲ့ သုံးရင် Gmail တို့ Facebook တို့ Youtube တို့ကို စိတ်ကြိုက် သုံးလို့ရမယ်။ 3G စနစ်နဲ့ သုံးရင်တော့ ပိုကောင်းတဲ့ ပိုမြန်တဲ့ အင်တာနက် အမြန်နှုန်း လိုအပ်တဲ့ Website တွေ နောက် Download ချတာတွေကို သုံးစွဲနိုင်မှာပေါ့။ နောက်ပြီး ကတိပေးနိုင်တာက အင်တာနက်သုံးလို့ ကုန်ကျစရိတ် ပိုများမှာကို စိုးရိမ်နေစရာ မလိုပါဘူး။ သက်သာတဲ့ ဈေးနှုန်းပဲ ဖြစ်စေရမယ်” ဟု Petter Furberg က ဆိုသည်။

မိုဘိုင်းလ် အင်တာနက်စနစ် ပိုမိုကောင်းမွန်စေရန် မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေနှင့် ကိုယ်ပိုင် အင်တာနက်လိုင်းများ ချိတ်ဆက်သွယ်တန်း လုပ်ကိုင်လိုပါက လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ ဒါပေမဲ့ အားလုံး အပြိုင်အဆိုင် လုပ်ကြမှာ ဖြစ်တဲ့အတွက် သူတို့ချည်းပဲ ကောင်းလာမှာ မဟုတ်ပါဘူး။ အားလုံး ကောင်းလာမှာပါ။ ပိုကောင်းတဲ့ SIM Card ကိုတော့ ရွေးချယ် သုံးရမှာပေါ့” ဟု ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သူ ဦးရဲဝင့်အောင်က ဆိုသည်။

The Voice Weekly
တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G  မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  ရောင်းချ ပေးထား
သည့် မိုဘိုင်းလ် ဖုန်းများတွင် ရှိသည့် အင်တာနက် စနစ်ထက် ၁၀ ဆခန့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

တရုတ်နိုင်ငံတွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၂ ယောက် သေဆုံး

Photo: တရုတ်နိုင်ငံတွင် အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၂ ယောက် သေဆုံး
Sunday, June 8, 2014 

အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှု တရပ်ကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြား ၆ ယောက် နေမကောင်းဖြစ်မှုတရပ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ခရိုင်က နီကယ်သတ္ထုတွင်း တခုမှာ ဇွန်လ ၇ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံ ဘေးကင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

ခရိုင်တွင်း ဖင်အန်းချင်းဟိုင် သယံဇာတ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင် ယွမ်ရှိရှန်း နီကယ်စက်ရုံမှာ ညသန်းခေါင်ကျော် မနက် တနာရီလောက်မှာ ဆိုင်ယာနိုဂျင် ဆာလဖိုဒ် ဓာတ်ငွေ့ယိုစိမ့်မှုကို ထောက်လှမ်း တွေ့ရှိခဲ့တာလို့ ခရိုင်ဘေးကင်းမှု စီမံရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
မတော်တဆမှု ဖြစ်ဖြစ်ချင်း ကယ်နိုင်ပြီး အဆိပ်ငွေ့ရှူမိသူ ၈ ယောက်ကို ဆေးရုံ တင်ပို့နိုင်ခဲ့ပေမယ့် ၂ ယောက်ကတော့ လမ်းမှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။ ဓာတ်ငွေ့ ယိုစိမ့်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းနေဆဲလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စက်ရုံက တောင်ထူတဲ့ဒေသထဲမှာ ရှိပြီး အနီးဆုံး ရွာနဲ့ ငါးကီလိုမီတာ ဝေးပါတယ်။ စက်ရုံလုပ်သားအားလုံးကို နေရာက ဖယ်ထုတ်ပြီးပါပြီ ဒေသခံတွေဘေး ကင်းပြီး နေရာရွှေ့စရာ မလိုဘူးလို့ သိရပါတယ်။

ဒေသခံ သဘာဝပတ်ဝန်းကျင်ဌာနက စစ်ဆေးသူတွေကတော့ စက်ရုံတွင်းလေထုကို စစ်ဆေးခဲ့ပြီး ရလဒ်တွေကို ထုတ်ပြန်မှာဖြစ်ပါတယ်။ ဆိုင်ယာနိုဂျင်ဓာတ်ငွေ့ဟာ အရောင်မရှိဘဲ အနံ့စူးရှပါတယ်။ ရှူရှိုက်မိရင် ခေါင်းကိုက်တာ မူးဝေအော့အန်တာ သတိလစ်တာ အကြော ဆွဲတာနဲ့ အသက်သေဆုံးတာထိ ဖြစ်စေနိုင်ပါတယ်။

ဒီဗွီဘီ
အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်မှု တရပ်ကြောင့် လူ ၂ ယောက် သေဆုံးပြီး တခြား ၆ ယောက် နေမကောင်းဖြစ်မှု တရပ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ခရိုင်က နီကယ်သတ္ထုတွင်း တခုမှာ ဇွန်လ ၇ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံ ဘေးကင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကျ၍ မောင်တောတွင် ကျောင်းသူတစ်ဦး ဆေးသောက် သေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျောင်းသူတစ်ဦးသည် ဂုဏ်ထူးပါမည်ဟု မှန်းထားသော်လည်း စာမေးပွဲ ကျဆုံးသဖြင့် သွေးကျဆေး ၂၂ လုံး သောက်ပြီး သေဆုံးသွားကြောင်း အဆိုပါကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေး ဆွေးနွေးပွဲ ဇွန် ၁၀ ရက်တွင် ပြုလုပ်မည်

ညွှန်ကြားရေးမှူးချုပ် အ ဆင့်တာဝန်ရှိသူများ တက်ရောက် မည်ဖြစ်သော မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် အရေး ဆွေးနွေးပွဲ ကိုဇွန်လ ၁၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားဘဏ်များ လုပ်ငန်းလိုင်စင် ထုတ်ပေးပြီး တစ်နှစ်အကြာမှ စတင်လည်ပတ်ရမည်

ပြည်တွင်းတွင် ဘဏ်ခွဲဖွင့်လှစ် လုပ်ကိုင်မည့် နိုင်ငံခြားဘဏ်များ လုပ်ငန်းလိုင်စင် ထုတ်ပေးပြီး တစ်နှစ် အကြာမှ လုပ်ငန်း စတင် လည်ပတ်ရမည် ဖြစ်ကြောင်း နိုင်ငံခြားဘဏ် ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်မေတိုးဝင်းက ပြောကြားသည်။ 

ရတနာပုံအသင်း ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး လက်ရှိချန်ပီယံ ရန်ကုန်နှင့် မကွေးအသင်းတို့ နိုင်ပွဲများရရှိ

၂၀၁၄ MNL အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၁၁) ပထမနေ့ ပွဲစဉ်များကို ဇွန် ၇ ရက်က ဆက်လက်ကျင်းပရာ ရတနာပုံ၊ လက်ရှိချန်ပီယံ ရန်ကုန်နှင့် မကွေးအသင်းတို့ နိုင်ပွဲများ ရရှိခဲ့ကြောင်း သိရသည်။ အိမ်ကွင်း၌ နိုင်ပွဲရရှိခဲ့သော ရတနာပုံအသင်းမှာ ရမှတ် ၂၇ မှတ်ဖြင့် ရာသီ ၀က် ချန်ပီယံဖြစ်ခဲ့ကြောင်း သိရသည်။ 

ရွှေစက်တော်ဘုရား အောက်ခြေတော်ရာအား ဖန်အုပ်ဆောင်းဖြင့် အသစ်လဲရန်ပြင်ဆင်ရာမှ မူလခြေတော်ရာဟု ယူဆရသည့် အစိတ်အပိုင်းတွေ့ရှိခဲ့ကြောင်း သတင်းထွက်ပေါ်

 မူလခြေတော်ရာအစိတ်အပိုင်းဟု ယူဆရသည်မျာကို ဖူးတွေ့ရစဉ်
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ  ရွှေစက်တော်ဘုရား  အောက်ခြေတော်ရာ အား ဖန်အုပ်ဆောင်းဖြင့် အသစ်လဲရန် ပြင်ဆင်ရာမှ  ဇွန် ၅ ရက် နံနက်ပိုင်းက မူလခြေတော် ရာ၏ အစိတ်အပိုင်းဟု ယူဆရသည့် ကျောက်သားနှင့် ထွင်းထုထားသော နဂါးအမြီးပိုင်းသဏ္ဌာန်နှစ်ခု တွေ့ရှိခဲ့ ကြောင်း လုပ်ငန်းခွင်အတွင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်များထံမှ သိရသည်။