ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင်ဆွေး နွေးခဲ့သည့်တစ်နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေးမူကြမ်းပါ၁၂၂ချက် ကိုလူထုအားချပြရန်လိုအပ်ကြောင်း၊ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုဂျင်မီ က ပြော သည်။
Monday, 12 May 2014
ကေဘယ်ကြိုး ဖြတ်သန်းရာတစ်လျှောက် နစ်နာကြေးမပေး
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စေရန် မြေအောက်ကေဘယ်ကြိုးများ ဆွဲရာတွင် ငွေဆောင်နှင့်မူဆယ်မြို့အတွက် MFCOM ကုမ္ပဏီက ကန်ထရိုက်ယူကာ တရုတ်ပညာရှင် များနှင့်ဆောင် ရွက်လျက်ရှိရာ မြေအောက် ကေဘယ်ကြိုး ဖြတ်သန်းရာ နေရာရှိဒေသခံများ ပိုင်ဆိုင်သော လယ်ယာမြေများအတွက် နစ်နာကြေးမပေးသည့်အပြင် ညှိနှိုင်းမှုများမလုပ်ဘဲ ဆက်လက်လုပ် ကိုင်နေကြောင်း ဒေသ ခံ များက ဆိုသည်။
မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ရန် ဝင်ငွေခွန် ၅ ရာခိုင်နှုန်းကို စည်ပင်သို့ပေးအပ်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံရရှိသော အခွန်ငွေများ ထဲမှ ငါးရာခိုင်နှုန်းကို မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနသို့ ပေးအပ်ခဲ့ကြောင်း ရှမ်းပြည်နယ် အခွန်ဦးစီးဌာနမှူး သူရဦးထင်ကျော်မိုးက ပြော ကြားသည်။
ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် သိကြားမင်းခရု သင်းရေ သွန်းလောင်း ပွဲ ကဆုန်လပြည့်နေ့တိုင်း ကျင်းပ
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရှိသည့် နေ့ ထူးနေ့မြ တ်ဖြစ်ပေ သည်။ ''ဖွား ပွင့် နိဗ္ဗာန် ဗျာဒိတ်ခံ၊ မှတ်ရန် ကဆုန် လပြည့်ကြုံ''ဟူ၍ အမှတ် အသားပြုကြ သည်။ ကဆုန်လပြည့် နေ့တွင် ဂေါတမဘုရားရှင်၏ အလောင်းအလျာ သုမေဓာရှင်ရသေ့ သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ နိယတဗျာဒိတ် ခံယူတော်မူခဲ့ သည်။ ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော် မူခဲ့သည်။ ကဆုန် လပြည့်နေ့မှာပင် ညောင်ဗုဒ္ဓဟေ ဗောဓိပင်အောက်တွင် သဗ္ဗညုတ ရွှေÓဏ်တော်ကို ရရှိတော်မူကာ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက် ရှိတော်မူသည်။ ထိုကဆုန်လပြည့် နေ့မှာပင် ကုသိ နာရုံပြည်မလ္လာမင်း တို့၏အင်ကြင်းတောတွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ ကဆုန် လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်နှင့် များစွာဆက်စပ်နေသဖြင့် ကဆုန် လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု အမည် တွင်ခဲ့ပေသည်။
အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အစိုးရတစ်ခုတည်း၊ လွှတ်တော် တစ်ခု တည်းဖြင့် လုပ်၍မရဟု သမ္မတအကြံပေး ဒုဝန်ကြီး ဦးရဲထွဋ်ပြော
အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုး ရတစ်ခုတည်း၊ လွှတ်တော်တစ်ခုတည်းနှင့် လုပ်၍ မရဘူးဟု နိုင်ငံတော်သမ္မတအ ကြံပေး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ် က ပြောသည်။
လိုင်စင်ရှိ သစ်စက်ကို ဝင်ဖမ်းသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့် သစ်တော ဝန်ထမ်းများကို အမှုဖွင့်

ပေါင်မြို့နယ် မုတ္တမကျေးရွာရှိ မှောင်ခိုသစ်စက်များကို ဝင်ရောက် ဖမ်းဆီးမှု ပြုလုပ်ခဲ့ရာတွင် လိုင်စင်ရှိ သစ်စက်ကိုပါ ဖမ်းဆီးခဲ့ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အပါအဝင် မှောင်ခို သစ်ဖမ်းဆီးရေး အဖွဲ့ဝင်ကိုးဦးကို အမှုဖွင့် အရေးယူပေးရန် သစ်စက်ပိုင်ရှင် ဦးအောင်ဆန်းဦးက တိုင်ကြားထားကြောင်း မုတ္တမရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
မယူကမ်းမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရန် အစိုးရမှ အမြန်ဆုံး စီစဉ်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေပြော

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကိုသာ အာရုံစူးစိုက်ပြီး ကာကွယ်ရေး အစီအမံများ လုပ်ဆောင်ေ နသော ပြည်ထောင်စု အစိုးရအနေဖြင့် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း မယူကမ်းဒေသမှ ဗုဒ္ဓ ဘာသာကျေး ရွာများ မပြိုပျက်ရေးအတွက်ကိုလည်း အစီအစဉ်များ စနစ်တကျ ချမှတ်ကာ လုပ်ကိုင် ဆောင် ရွက်ရန် လိုအပ်နေကြောင်း ယင်းဒေသသို့ များမကြာမီက သွားရောက်ခဲ့သူ ရသေ့တောင်မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
မြန်မာလုပ်သားများကို မတရားနှိပ်စက်၊ ငွေတောင်းခံနေမှု အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေးကို ပြင်းပြင်းထန်ထန် သတိပေးထား

မြန်မာလုပ်သားများကို ထိုင်းရဲများက အကြောင်းမဲ့ မတရား နှိပ်စက်၊ ငွေညှစ်တောင်းခံနေခြင်းကို အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနအား ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း အလုပ် သမား ဒုတိယ ၀န်ကြီး ဦးထင်အောင် က ပြောသည်။ ယမန်နေ့က ရန်ကင်း အလုပ်သမား သင် တန်းကျောင်း တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အလုပ်သမား အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး က အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ကြံတိုင်းအောင်ခရီးသည်တင်ကား ရခိုင်တွင် တိမ်းမှောက်၍ ၁၅ ဦး ဒဏ်ရာရ

စစ်တွေမှ ရန်ကုန်သို့ အသွား ကြံတိုင်းအောင် ခရီးသည်တင် ဘတ်စ်ကား မင်းပြား အနီး တိမ်းမှောက်ရာမှ ခရီးသည် ၁၅ ဦးခန့် ဒဏ်ရာရရှိ သွားခဲ့ကြောင်း သတင်း ရရှိသည်။
အာဆီယံတွင် မြန်မာ့ကာကွယ်ရေး ဘတ်ဂျက် ရာခိုင်နှုန်း အများဆုံး

မြန်မာနိုင်ငံသားတွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ အနည်းဆုံး ရာခိုင်နှုန်း အသုံးပြုချင်ပေ မယ့် တကယ့်လက်တွေ့ အများဆုံး အသုံးပြုနေသလို အာဆီယံ နိုင်ငံတွေထဲမှာလည်း ရာခိုင်နှုန်း အများဆုံးဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးပညာရှင် Mr.Bard Robertson က ပြောပါတယ်။
မြန်မာအလုပ်သမားများ ထိုင်း၊ မလေးရှား နိုင်ငံသားများနည်းတူ အခွင့်အရေးရမည်

မဟာချိုင်ဒေသ ပင်လယ်ငါးဖန်းလုပ်ငန်းခွင်တခု တွင် တွေ့ရသည့် မြန်မာအလုပ်သမားအချို့ (ဓာတ်ပုံ - ရိုက်တာ)
ထိုင်းနိုင်ငံနဲ့
မလေးရှားနိုင်ငံမှာ သွား အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့
သက်ဆိုင် ရာ နိုင်ငံ သားများနဲ့ တန်းတူ အခွင့်အရေးပေးမယ်ဆိုတဲ့ ကတိ
ရခဲ့ကြောင်း အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။
နိုင်ဂျီးရီးယား ကျောင်းသူလေးများ ပြန်ပေးဆွဲခံရခြင်းကို ရှုံ့ချလိုက်သည့် အမေရိကန် သမ္မတကတော်

အမေရိကန် သမ္မတကတော် " မစ်ရှဲအိုဘားမား " ဟာ နိုင်ဂျီးရီးယားကျောင်းသူလေး များ ပြန်ပေးဆွဲ ခံရမှုကို ပြစ်တင်ရှုတ်ချလိုက်တယ်လို့ သိရပါတယ်။
ကျောင်းသူပျောက် ခြေရာခံမိပြီဆို

ပျောက်ဆုံးနေတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ တွေ ဘယ်ရောက် နေတယ် ဆိုတာ သတင်း ရထားပြီ လို့ သူတို့ ပြန်ပေး ဆွဲခံခဲ့ရတဲ့ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ် အုပ်ချုပ်ရေးမှူး က ဘီဘီစီကို ပြောကြား လိုက်ပါတယ်။
သန်လျင်ရှိ မြေ ၂၇ ဧကကျော်တွင် လူနေအိမ်ရာများ တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ မြေ ၂၇ ဒသမ ၉၈၄ ဧကတွင် အဆင့်မြင့် လူနေအိမ်ရာအဆောက်အအုံများ တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မှ မေ လ ၈ ရက်တွင် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက်ကတော့ မကွေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား၊ စစ် ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပါမယ်။
ဧရာဝတီမြစ်မြင့်တက်လာမှုအခြေအနေ သတိပေးနှိုးဆော်

၂၀၁၄ခုနှစ်၊ မေလ ၁ဝ ရက်နေ့ မြန်မာစံတော်ချိန် (၀၉း၃၀) အချိန် တိုင်းထွာချက်အရ ထူးခြားမြစ်ရေ အခြေ
ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းမှာ ကျင်းပခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲ

ယူကရိန်းနိုင်ငံအရှေ့ဘက်ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေဟာ တနင်္ဂနွေနေ့ မှာ ပြည် သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ရာသီဥတု ပူပြင်းမှုနှင့်အတူ ထားဝယ်တွင် သက်ကြီးသေဆုံးမှု များပြား
တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်မြို့တွင် ယခုနှစ် နွေရာသီ၌ ရာသီဥတု ပူပြင်းမှုနှင့်အတူ သက်ကြီး
သေ ဆုံး မှု ပိုမိုများပြားလာေ ကြာင်း ထားဝယ်မြို့ နာရေးကူညီမှု
အသိုင်းအဝိုင်းက ပြောကြားသည်။
အာဏာအလွဲသုံး မြေသိမ်းမှုများအား စစ်ဆေးတွေ့ရှိ၍ လွှတ်တော် တင်ပြမည်ဟု လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပြော
ရန်ကုန်တိုင်းဒေသကြီး အတွင်း အစိုးရမှခွင့်ပြုထားသည့် စီမံကိန်း များမဟုတ်ဘဲ တောင်သူလယ်သမားများ ထံမှ အာဏာအလွဲသုံးပြီး အကြောင်းပြချက် မရှိဘဲ မြေသိမ်းမှုများအား စစ်ဆေးတွေ့ ရှိရသဖြင့် လယ် ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လာမည့် ပြည်ထောင်စုလွှတ် တော်မှတစ်ဆင့် အစိုးရထံသို့ တင်ပြ သွား မည်ဟု ယင်းကော်မရှင်မှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးထက် နိုင်ငံရေးကိစ္စများကို ဦးစားပေး ဖြေရှင်းရန် ကေအန်ယူဒုတိယဥက္ကဋ္ဌအားတိုက်တွန်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်တွင် လာရောက်တွေ့ဆုံသည့် ကေ အင်န်ယူ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်အား ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ ဖြေရှင်းရမည့် ကိစ္စရပ် များ ရှိနေချိန်တွင် စီး ပွားရေးကို အချိန်မပေးရန် တိုက်တွန်းပြော ကြားလိုက်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)