Monday, 5 May 2014

ကိုဥက္ကာကျော်ကို လူလွတ်တစ်ယောက်ဖြစ်ကြောင်း လက်ခံနိုင်လောက်တဲ့ သက်သေနဲ့ယုံကြည်အောင်ရှင်းပြထားနိုင်လို့ စေ့စပ်ခဲ့တာပါဟု ဆုပန်ထွာ ရှင်းလင်း

ယခုတစ်ပတ်အတွင်း ပရိသတ်စိတ် ဝင်စားလျက်ရှိသော ထိပ်တန်းကိစ္စရပ်များထဲတွင် သရုပ် ဆောင် မင်း သမီး ဆုပန်ထွာ၏ အိမ်ထောင်ရေးကိစ္စလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

တရုတ် နိုင်ငံသည် အမေရိကန်ကို ကျော်လွန်၍ စီးပွားရေး ထိပ်တန်း နိုင်ငံ ဖြစ်လာနိုင်

Photo: တရုတ် နိုင်ငံသည် အမေရိကန်ကို ကျော်လွန်၍ စီးပွားရေး ထိပ်တန်း နိုင်ငံ ဖြစ်လာနိုင်
Monday, May 5, 2014

တရုတ် နိုင်ငံသည် ယခင်က မျှော်မှန်းထားသည့် အချိန်ကာလထက် စော၍ အမေရိကန် ပြည်ထောင်စုကို ကျော်ဖြတ်ပြီး ကမ္ဘာ့စီးပွားရေးတွင် ထိပ်တန်းနိုင်ငံ၏ နေရာ ကို လွှဲပြောင်းယူသွားနိုင်ဖွယ် ရှိကြောင်း စာရင်း ဇယားများ အရ သိရသည်။

၂ဝ၁၁ ခုနှစ်တွင် ကောက်ယူရရှိ ထားသော စာရင်းဇယား များအရ ၂ဝ၁၁ ခုနှစ်အတွက် အမေရိကန် ပြည်ထောင်စု၏ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး GDPသည် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၃၃ ထရီလီယံရှိပြီး တရုတ်နိုင်ငံ၏ GDP မှာမူ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၂၁ ထရီလီယံ ရှိခြင်းကြောင့် အမေရိကန်ပြည် ထောင်စု၏ ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးသည် တရုတ်နိုင်ငံထက် နှစ်ဆကျော် ခန့်ပိုမိုများပြား နေသည်ဟု သိရသည်။

သို့ရာတွင် နှစ်နိုင်ငံ၏ ဝယ်လိုအားများကို သုံးသပ်ညှိနှိုင်း ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားမှာ အမေရိကန် ဒေါ်လာ ၁၃ဒသမ ၄၉၆ ထရီလီယံသာ မြင့် တက် ခဲ့ခြင်းကြောင့် အာရှ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်သော တရုတ်နိုင်ငံသည် ယခုနှစ် အတွင်း၌ပင် အမေရိကန် ပြည်ထောင်စု၏ နေရာကို လွှဲပြောင်း ယူနိုင် ဖွယ် ရှိသည်ဟု ပညာရှင်များက ပြောကြားထားကြောင်း သိရသည်။

မြ၀တီ
တရုတ် နိုင်ငံသည် ယခင်က မျှော်မှန်းထားသည့် အချိန်ကာလထက် စော၍ အမေရိကန် ပြည်ထောင်စု ကို ကျော်ဖြတ်ပြီး ကမ္ဘာ့စီးပွားရေးတွင် ထိပ်တန်းနိုင်ငံ၏ နေရာ ကို လွှဲပြောင်းယူသွားနိုင်ဖွယ် ရှိကြောင်း စာရင်း ဇယားများ အရ သိရသည်။

မြန်မာနိုင်ငံသို့ တင်သွင်းမည့် လိင်စိတ်ကြွဆေး ၁ သန်းနီးပါး ဖမ်းဆီးရမိ

557000005117102 copy
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် သောင်ရင်းမြစ်ကူးတို့ဆိပ်မှာ မြန်မာနိုင်ငံထဲကိုတင်သွင်းမယ့် လိင်စိတ် ကြွဆေးပြား အလုံးရေ ၁ သန်းနီးပါး ဖမ်းဆီးရမိတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ကယားပြည်နယ်အား ရွေးချယ်ထားပြီး ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ကြာ စီမံကိန်းဖြင့် လုပ်ဆောင်မည်

Photo: အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ကယားပြည်နယ်အား ရွေးချယ်ထားပြီး ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ကြာ စီမံကိန်းဖြင့် လုပ်ဆောင်မည်
Monday, May 5, 2014

အမျိုးသားပို့ကုန် မဟာဗျူ ဟာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ကယားပြည်နယ်အား ကနဦး စီမံကိန်းအဖြစ် ရွေးချယ်ထားပြီး ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ကြာ စီမံကိန်းချ လုပ်ဆောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရသည်။

အမျိုးသားပို့ကုန် မဟာဗျူ ဟာတွင် ပါဝင်သော ခရီးသွားလုပ်ငန်း ကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများ လေ့လာမှုများ ပြုလုပ်ရန် နိုင်ငံတကာ ကုန်သွယ်မှုစင်တာမှ Program Manager Mr.Matthias Knappe ဦးဆောင်သော အဖွဲ့သည် မြန်မာ့ခရီးသွားကဏ္ဍအား ဘဏ္ဍာငွေ အထောက်အပံ့ပေးမည့် နယ်သာလန်နိုင်ငံရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်များ တိုးမြင့်ရေး ဗဟိုဌာန (Center for Promo-tion of Imports from developing countries-CBI) မှ ကျွမ်းကျင်ပညာရှင် နှစ်ဦးအား ခေါ်ဆောင်၍ မြန်မာနိုင်ငံသို့ ဧပြီလအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတကာ ကုန်သွယ်မှုစင်တာနှင့် CBI မှ ကျွမ်းကျင်ပညာရှင်လေးဦး နေပြည်တော်သို့ လာရောက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးတို့အား လာရောက်တွေ့ဆုံကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လေ့လာတွေ့ရှိချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် သမ၀ါယမ ၀န်ကြီးဌာန၊ အသေးစား အလတ်စား စက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော လက်မှုအနုပညာပစ္စည်းများ ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာ ကုန်သွယ်မှုစင်တာမှ ၀န်ဆောင်မှုလုပ်ငန်း ကျွမ်းကျင်သူ Ms.MarieClaude နှင့် CBI မှ ကျွမ်းကျင်ပညာရှင်တို့သည် ရှမ်းပြည်နယ် အင်းလေးကန်ပတ်ဝန်းကျင်၊ ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုးမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်ကာ ကယားပြည်နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အလားအလာများ၊ ကျေးရွာထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ တိုးတက်ရေးအတွက် ပြည်နယ်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ၀န်ဆောင်မှုဆိုင်ရာ ပို့ကုန်များတွင် အလားအလာအကောင်းဆုံး ကဏ္ဍဖြစ်ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၀င်ရောက်မှုသည် ၂၀၁၂ ခုနှစ်တွင် ၁ ဒသမ ၀၅ သန်းမှ ၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၀၄ သန်းသို့ တိုးတက်လာခဲ့ကြောင်း သိရသည်။

Eleven Media Group 

ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာသည့် ကယားပြည်နယ်လွိုင်ကော်ရှိ ကျတ်ဂူအား တွေ့ရစဉ်
ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာသည့် ကယားပြည်နယ်လွိုင်ကော်ရှိ ကျတ်ဂူအား တွေ့ရစဉ်
အမျိုးသားပို့ကုန် မဟာဗျူ ဟာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ကယားပြည်နယ်အား ကနဦး စီမံကိန်း အဖြစ် ရွေးချယ်ထားပြီး ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ကြာ စီမံကိန်းချ လုပ်ဆောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရသည်။

ကျောက်ထွက်နိုင်တဲ့မြေအဖြစ် သတ်မှတ်ထား၍ အစုအဖွဲ့ သစ်တောတိုးချဲ့ စိုက်ပျိုးရန် ခက်ခဲနေ

ကချင်ပြည်နယ် မိုးညုင်းခရိုင် ပင်းဟဲကျေးရွာရှိ အစုအဖွဲ့သစ်တောများကို တိုးချဲ့စိုက်ပျိုးလိုသော်လည်း တချို့မြေများမှာ ကျောက်ထွက်ရန်အလားအလာရှိသည့်မြေအဖြစ် သတ်မှတ်ထားကြသောကြောင့် တိုးချဲ့ စိုက်ပျိုးရန် အခက်အခဲရှိနေကြောင်း သိရသည်။

အာဆီယံ ခေါင်းဆောင်များစီးရန် ဘီအမ်ဒဗလျူ ကားအစီး ၇၀ ပံ့ပိုး

Photo: အာဆီယံ ခေါင်းဆောင်များစီးရန် ဘီအမ်ဒဗလျူ ကားအစီး ၇၀ ပံ့ပိုး
Monday, May 5, 2014

မြန်မာနိုင်ငံထဲမှာ BMW ကားတွေ ဖြန့်ချီ ရောင်းချဖို့ တဦးတည်း ကိုယ်စားလှယ် ရထားတဲ့ Prestige အော်တို မိုဘိုင်းကုမ္ပဏီဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ တခြား အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံခေါင်းဆောင်တွေ စီးဖို့ BMW ကားအစီး ၇၀ ပံ့ပိုးပေးခဲ့ပါတယ်။

bmwဒီကားတွေကို မေ ၄ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန မှာ ကျင်းပတဲ့ BMW ကားအစီး ၇၀ လွှဲပြောင်းတဲ့ အခမ်းအနားမှာ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီအတွင်းရေးမှူး ညွှန်ချုပ် ဦးတင်ထူးက လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

ပံ့ပိုးပေးတဲ့ ကားတွေထဲမှာ BMW 7 Series, 5 series Sedan နဲ့ BMW X5 Sports Activity Vehicle အမျိုးအစားကားတွေ ပါဝင်တယ်လို့ သိရပါတယ်။

BMW ကုမ္ပဏီဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေအတွင်း ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဆန်းမစ်အစည်းအဝေးပွဲတွေတုန်းကလည်း ခုလိုပဲ ကားတွေ ကူညီထောက်ပံ့ပေးခဲ့ဖူးပါတယ်။

ဒီဗွီဘီ
မြန်မာနိုင်ငံထဲမှာ BMW ကားတွေ ဖြန့်ချီ ရောင်းချဖို့ တဦးတည်း ကိုယ်စားလှယ် ရထားတဲ့ Prestige အော် တို မိုဘိုင်းကုမ္ပဏီဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ တခြား အာဆီယံ အစည်းအဝေးတွေမှာ နိုင်ငံခေါင်းဆောင်တွေ စီးဖို့ BMW ကားအစီး ၇၀ ပံ့ပိုးပေးခဲ့ပါတယ်။

မုတ်သုံမိုး လျော့နည်းနိုင်၍ စိုက်ပျိုးရေနှင့် သောက်သုံးရေ ခက်ခဲမည်ဟုဆို

Photo: မုတ်သုံမိုး လျော့နည်းနိုင်၍ စိုက်ပျိုးရေနှင့် သောက်သုံးရေ ခက်ခဲမည်ဟုဆို

ရန်ကုန်၊ မေ ၎

နေ့အပူချိန်များ ဆက်လက် မြင့်တက်နေသည့် မြန်မာနိုင်ငံသည် ဇွန်လမှ စတင်၍ အယ်နီညို ရာသီဥတု ဖြစ်စဉ်သို့ ရောက်ရှိမည် ဖြစ်ပြီး မုတ်သုံမိုး ရရှိမှုမှာလည်း လျော့နည်းနိုင်သည့် အတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရန် ခက်ခဲမည့် နှစ်တစ်နှစ် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ပူပြင်းခြောက်သွေ့သည့် အယ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် နေ့အပူချိန်သည် ပုံမှန်ထက် ပို၍ ပူပြင်းနေမည် ဖြစ်ပြီး မုတ်သုံမိုး ရရှိမှုမှာလည်း ၁၀ ရာခိုင်နှုန်းခန့် လျော့နည်းနိုင်သည့် အတွက် နိုင်ငံတစ်ဝန်း သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှု အခက်အခဲ ဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။
“အယ်နီညိုဖြစ်ရင် သောက်သုံးရေ ရှားမယ်၊ စိုက်ပျိုးရေ ရှားမယ်။ စိုက်ပျိုးရေးကို ထိခိုက်မယ်” ဟု ဦးထွန်းလွင်က သတိပေး ပြောဆိုသည်။

လက်ရှိ မိုးကြိုကာလအတွင်း နေ့အပူချိန်များနှင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ အန္တရာယ်ရှိ အဆင့်ထက် ကျော်လွန်နေပြီး မိုးခေါင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် အပူဒဏ် အန္တရာယ်တို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လူသေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း နိုင်ငံပိုင် သတင်းစာများနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအရ သိရသည်။

ရာသီဥတု အခြေအနေကြောင့် လက်ရှိ အချိန်အထိ မိုးရွာသွန်းခြင်း မရှိသေးရာ စိုက်ပျိုးရေး လုပ်ငန်းအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်မှ စိမ်းလန်းတောင်သူ လယ်သမားများသမဂ္ဂမှ နာယကဖြစ်သူ ဦးထွန်းစံက သုံးသပ် ပြောဆိုသည်။
နေ့အပူချိန်များ ဆက်လက်မြင့်တက်နေသည့် မြန်မာနိုင်ငံသည် ဇွန်လမှ စတင်၍ အယ်နီညို ရာသီဥတု ဖြစ် စဉ်သို့ ရောက်ရှိမည်ဖြစ်ပြီး မုတ်သုံမိုးရရှိမှုမှာလည်း လျော့နည်းနိုင်သည့်အတွက် စိုက်ပျိုးရေနှင့် သောက် သုံးရေရရှိရန် ခက်ခဲမည့် နှစ်တစ်နှစ် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြား သည်။

ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒီမိုကရေစီ တူဒေး၏ မေးမြန်းချက်များကို တပ်မတော်က ပြန်လည်ဖြေကြားခြင်း

Photo: ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒီမိုကရေစီ တူဒေး၏ မေးမြန်းချက်များကို တပ်မတော်က ပြန်လည်ဖြေကြားခြင်း
Monday, May 5, 2014

ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ခပ်စိပ်စပ်ဖြစ်ပေါ်လာမှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်ပူပန် မှုတွေ ပေါ်ပေါက်ခဲ့ရ ပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည် ဖြစ်ပွား ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေအထား တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကို ဧပြီလ နောက်ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

သို့

ဦးကိုကို (ကိုကို စက်မှုတက္ကသိုလ်)

၁။ ဦးကိုကို၏စာကို လက်ခံရရှိပါတယ်။ စာပါ အကြောင်းအရာများကို ကြည့်လိုက်တော့ အောက်ပါအတိုင်း တွေ့ရပါတယ်-

(က) တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်စဉ်အခြေအနေ

(ခ) အခြားတိုင်းရင်းသား အဖွဲ့အစည်းများဖြစ်တဲ့ SSA၊ RCSS၊ “ဝ” တို့နှင့် အခြေအနေ

(ဂ) အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အခြေအနေ

(ဃ) အပစ်အခတ်ရပ်စဲရေး အပေါ် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ရပ်တည်ချက်

(င) တပ်မတော်၏ ရပ်တည်ချက်

၂။ ဦးကိုကိုရဲ့ စာအရ မေးခွန်းတွေကို ကြည့်ရင် ဦးကိုကိုတို့အပါအဝင် စာနယ်ဇင်း သမားတွေအနေနဲ့ တစ်ဘက်မှ KIAနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ လေထဲက စကား တွေကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အမှန်လို့ ထင်မြင်နေတဲ့အပြင် တပ်မတော် အပေါ် မှာလည်း နဂိုကတည်းက အမြင်မရှင်းချင်တာကြောင့် တပ်မတော်အပေါ် အကောင်း မမြင်တာ သဘာဝကျပါတယ်။ တပ်မတော်အနေနဲ့ကလည်း အထက်မှ ပေးတဲ့အမိန့်နှင့် တာဝန်အတိုင်း စည်းကမ်းနှင့်အညီ လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့၊ တာဝန်မရှိရင်၊ တာဝန်ပေးမခံရရင် ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လမ်းကိုယ် လျှောက်တာပဲဆိုတဲ့အသိနဲ့ Media မှာပါတာတွေ၊ ရေးတာတွေ အပေါ်မှာလည်း သိပ်ပြီး မတုံပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း တချို့ဖြစ်စဉ်၊ ဖြစ်ရပ်တွေဟာ အရင်ပြောတဲ့သူက အမှန်လိုဖြစ်နေပြီး တပ်မတော်ဘက်က ရေးမယ့်၊ ပြောမယ့်သူလည်း မရှိပါဘူး။ အခုလည်း ဦးကိုကိုအနေနဲ့ တပ်မတော်ဘက်က အခြေအနေမှန် သိချင်တာကြောင့် မေးတယ်လို့ပဲ ယူဆပြီး ရှင်းပြရတာဖြစ်ပါတယ်။

၃။ ဧပြီလအတွင်း တပ်မတော်နဲ့ KIA တို့အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး (၂၀-၄-၂၀၁၄)ရက်နေ့ထုတ် သတင်းစာမှာ ပါတာတွေဟာ အမှန်တရားတွေပါပဲ။ လုံးဝ လိမ်ညာရေးထားတာ မပါဘူး။ ကွဲလွဲချက်ဘာကြောင့် ရှိရလဲဆိုရင် KIA အနေနဲ့ အစကတည်းက တိုက်ပွဲဖြစ်စဉ်တွေအပေါ်မှာ အမှန်မပြောခဲ့၊ မရေးခဲ့တာကြောင့် ဖြစ်ပါ တယ်။ KIA ဘက်က ရေးတဲ့ Media တွေ အနေနဲ့လည်း ထင်ရာမြင်ရာ ရေးတဲ့အပြင် တပ်မတော်ကလည်း သတင်းမထုတ်တဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး တစ်ဆိတ်ကို တစ်အိတ် လုပ်ရေးတော့တာပါပဲ။ ပြီးခဲ့တဲ့တိုက်ပွဲတွေမှာ တပ်မတော်ဘက်မှ ၅၀၀၀၀ လောက်ကျတယ်လို့ ရေးတဲ့သူက ရေးသလို ယုံချင်တဲ့သူကလည်း ယုံတတ်ကြပါတယ်။ KIA နဲ့ ဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ရခဲ့တဲ့ အလောင်းလက်နက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းဓာတ်ပုံတွေ အများကြီးရှိပါတယ်။ သူတို့ဆီက ထုတ်ပြန်ရေးသလို ရေးလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အနေနဲ့ စည်းကမ်းရှိပါတယ်။ တပ်မတော် က တိုက်တယ်ဆိုတာ လူမျိုးကို တိုက်တာ မဟုတ်ပါဘူး။ လူမျိုးရေးအသွင်သဏ္ဍာန် ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် မဖြစ်သွားအောင် ထိန်းရ ပါတယ်။ သူတို့ဘက်က ကျတော့ ဘာမှ မထိန်းပါဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိ ခေါင်းဖြတ် အသတ်ခံရတဲ့ဖြစ်စဉ်မျိုးကို သူတို့ဘက်ကကျတော့ ဝန်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ်တာ အားလုံးအသိပါပဲ။

၎။ မန်ဝိန်းကြီးဘက်မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေ သတင်းစာမှာ ပါပြီးပါပြီ။ ဒါပေမဲ့ ထပ်ရှင်းပြ ချင်တယ်။ မန်ဝိန်းဒေသဟာ တကယ်တော့ ရှမ်းလူမျိုးစုတွေ အများစုနေထိုင်တဲ့နေရာ ဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားခဲ့တော့ ရဲစခန်းရော၊ တပ်မတော် စခန်းရော၊ အကောက်ခွန်စခန်းတွေရော ရှိတယ်။ ၂၀၁၁ခုနှစ် ဇွန်လမှာ KIA က လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ပစ်ခဲ့ရတယ်။ အဲဒီနောက်တော့ KIA တွေဝင်ပြီးနေတယ်။ ဒေသခံတွေကို နှိပ်စက် တယ်။ လူတွေကို အဓမ္မ ဖမ်းဆီးပြီး KIA စစ်သားလုပ်ခိုင်းတယ်။ ဆက်ကြေးတွေ ကောက်တယ်။ ဥပဒေမဲ့ သတ်ဖြတ်တယ်။ နိုင်ငံရဲ့ သယံဇာတတွေကို ခိုးထုတ်တယ်။ ဒါကြောင့် ဒေသခံတွေက သူတို့နယ်မြေကို ကာကွယ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ တယ်။

၅။ တစ်ခါ ဧပြီ ၃ရက်မှာ မန်ဝိန်းကြီးနဲ့ ကောင်းမုယန်လမ်းပေါ်မှာ ပုံမှန်တပ်လဲလှယ်ဖို့ တာဝန်နဲ့ သွားနေတဲ့ကားကို KIAက ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်က ဗိုလ်မှူး တစ်ယောက် ကျဆုံးခဲ့ရတယ်။ ဧပြီ ၁၁ရက်မှာ မိုးမောက်မြို့နယ် ကျောက်စခန်းအနီး ပုံမှန်စစ်ဆင်ရေး တာဝန်လဲလှယ်ဖို့ သွားနေတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်ခဲ့လို့ စစ်သည်နှစ်ဦး ကျဆုံးပြီး စစ်သည်ကိုးဦး ဒဏ်ရာရခဲ့သလို ယာဉ်ပေါ်ပါတဲ့ လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်သွယ်ရေးစက်တွေ၊ ခဲယမ်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးကို ဗန်းပြပြီး ဥပဒေမဲ့လုပ်ရပ်မျိုးနဲ့ လုပ်နေတဲ့ KIAရဲ့ လုပ်ရပ်တွေထဲက တချို့ ဖြစ်တယ်။ ဒီတော့ ဒေသခံပြည်သူလူထုရဲ့ တောင်းဆိုမှုတွေ တပ်မတော်က လျစ်လျူရှု ထားလို့ မရသလို တရားဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေးတာဝန်တွေအရ တပ်မတော်က အကန့်အသတ်နဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီလို ရှင်းလင်းတဲ့ အခါမှာ လည်း KIA ဘက်က စတင်ပစ်ခတ် တိုက်ခိုက်မှ မိမိဘက်က အတတ်နိုင်ဆုံး ထိန်းသိမ်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်မြေဒေသအတွင်းမှာ ပြည်သူလူထုတွေ တစ်စုံ တစ်ရာ ထိခိုက်နစ်နာမှုမရှိခဲ့ဘူး ဆိုတာ သက်သေအဖြစ်နဲ့ တည်ရှိနေပါတယ်လို့ ပြောချင် ပါတယ်။ KIA ဘက်က ထုတ်ပြန်တာကို ယုံတယ် ဆိုရင်တော့ မတတ်နိုင်ပါ။ အကယ်၍ ငြိမ်းချမ်းသွားရင် ဖြစ်ရပ်မှန်ဟာ ဖုံးကွယ်ထားလို့မရဘဲ ဘူးပေါ်သလို ပေါ်လာမှာပါ။ ဒါကြောင့် အချိန်ကိုပဲ စောင့်ပါလို့ ပြောချင်ပါတယ်။

၆။ တစ်ဆက်တည်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပလောင်ဒေသ အပါအဝင် ရှမ်း(မြောက်) မှာဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို တပ်မတော်က စစ်အင်အား တိုးချဲ့လို့လား၊ KIA ကမြှောက်ပေးလို့ လုပ်ရတဲ့ TNLA အပါအဝင် SSA နဲ့ TNLA တပ်ဖွဲ့တွေရဲ့ နယ်မြေ ချဲ့ထွင်မှုကြောင့် ဖြစ်တာလား စဉ်းစားသုံးသပ်နိုင်ပါတယ်။ ဥပမာ-မိုးကုတ်၊ မိုးမိတ်နယ်မြေ ဆိုတာ KIA လည်း မရှိသလို ရှမ်းအဖွဲ့အစည်းလည်း မရှိပါ။ သို့သော်လည်း မိမိနယ်မြေ မဟုတ်တဲ့ နယ်မြေမှာ ဝင်လာတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို၊ နေရာ သတ်မှတ်ချက်မရှိဘဲ ဝင်လာတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို နယ်မြေ ထိန်းသိမ်း ရေး နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့တွေ အနေနဲ့ တားမရရင် ပစ်ခတ်ထိန်းသိမ်းရတာ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်တဲ့ အပေါ်မှာ တပ်မတော်ဟာ နယ်မြေချဲ့ထွင်လို့ မဟုတ်ပါ။ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကတိမတည်လို့ ဖြစ်ပါတယ်။ နယ်မြေချဲ့ထွင် လို့ဖြစ်ပါတယ်။ အထူးသဖြင့် KIA နဲ့ TNLA နှစ်ဖွဲ့စလုံးဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး ထားတဲ့အပြင် စည်းကမ်းလည်းမရှိ၊ ကတိလည်း မတည်။ နယ်မြေလည်း ချဲ့ဆိုတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မလွှဲမရှောင်သာ ဖြစ်ရတာ ဖြစ်ပါတယ်။

၇။ ဒီနေရာမှာ TNLA နဲ့ ပတ်သက်ပြီးတော့ ရှင်းပြချင်ပါတယ်။ ဦးကိုကိုတို့ သိပြီးသားပါ။ TNLA ဆိုတာ ဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေးယူပြီးကတည်းက လုံးဝမရှိတော့ပါဘူး။ တချို့ ခွဲထွက်ပြီး ကျန်ရစ်တဲ့ အနည်းစုက မထင်မရှား ဆက်ကြေးကောက်၊ ဓားပြတိုက်တဲ့ အဆင့် ပဲ ရှိပါတယ်။ ဒါပေမယ့် NCCT က UNFC ထဲမှာ အဖွဲ့ဝင်အနေနဲ့ပါလို့ဆိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို ဆွဲသွင်းလာခဲ့တဲ့အတွက် လူသိသူသိဖြစ်လာတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းအနေနဲ့ ပေါ်လာတာဖြစ်ပါတယ်။ ပလောင်နယ်မြေအတွင်းမှာ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၊ နှိပ်စက်မှုတွေကြောင့် နယ်မြေခံတပ်များနဲ့ ထိန်းချုပ် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့တွေကျတော့ အပစ် အခတ် ရပ်စဲမှု လက်မှတ် ထိုးထားပါလျက် ဘာကြောင့်ဖြစ်ရလဲဆိုတော့ သူတို့လည်း အလားတူပါပဲ။ သူတို့ကို သတ်မှတ်ပေးထားတဲ့ နယ်မြေမှာမဖြစ်ဘဲ၊ ဝမ်ဟိုင်းလိုနေရာမျိုးမှာ မဖြစ်ဘဲ၊ သူတို့မရှိမယ့်နေရာ၊ သတ်မှတ်မထားတဲ့နေရာမှာ ဖြစ်တာကို သိသာထင်ရှားလှ ပါတယ်။

၈။ အပစ်ရပ်အဖွဲ့တွေနဲ့ အပစ်ရပ်စဉ်က နေရာသတ်မှတ်ချက် မဆွေးနွေးခဲ့လို့ တိုက်ပွဲ ဖြစ်ရတာ မဟုတ်ပါ။ အပစ်ရပ်စဉ်မှာ သတ်မှတ်ထားတဲ့နေရာကို သဘောတူပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးတဲ့ KIA အဖွဲ့သာ နယ်မြေ သတ်မှတ်ချက် မဆွေးနွေးတာ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ တိုက်ပွဲဖြစ်ပွားမှုကို ကြည့်ရင် ကချင်နဲ့ ရှမ်းလို မြန်မာနိုင်ငံအထက်ပိုင်းက အဖွဲ့တွေနဲ့ပဲ ပြန်ဖြစ်နေပြီး ကေအင်န်ယူအပါအဝင် တောင်ပိုင်းဒေသတွေမှာ မဖြစ်တာ၊ တပ်မတော်က ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိတာဟာ ခွဲခြားဆက်ဆံတာမျိုးလည်း မဟုတ်ပါ။ တောင်ပိုင်းကို နည်းလည် မှုရအောင် ယူပြီး အထက်ဘက်ကို ဖိတိုက်၊ ထိုးစစ်ဆင်တယ်ဆိုတဲ့ နည်းဗျူဟာမျိုးလည်း မဟုတ်ပါ။ တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစအချိန်ကလို ရှိတဲ့ တပ်ရင်း (၄/၅) ရင်းနဲ့ တိုက်နေရတဲ့ခေတ်မဟုတ်တော့ပါ။ ခြေလျင်၊ အကူလက်ရုံးတပ်ဖွဲ့၊ ဝန်ထမ်းတပ်ဖွဲ့တွေ အပြင် တပ်မတော်(လေ)၊ တပ်မတော်(ရေ) နဲ့ ခေတ်မီတဲ့ အင်အားရှိတဲ့ စွမ်းရည်ရှိတဲ့ မျိုးချစ်တပ်မတော်၊ အရှေ့တောင်အာရှနိုင်ငံတွေက လေးစားရတဲ့ တပ်မတော်၊ Modernized Army၊ Standard Army၊ Mechanized Army အဖြစ်ကို တည်ဆောက်နေတဲ့ တပ်မတော်ဖြစ်ပါတယ်။

၉။ တစ်နိုင်ငံလုံးကို အကာအကွယ်ပေးနိုင်သလို ဘယ်ရန်သူကိုမဆိုလည်း ချေမှုန်းနိုင် ပါတယ်။ အင်အားရှိလို့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ အပေါ်မှာ အနိုင်ကျင့် ပြီး တိုက်နေတာမျိုးလည်း မဟုတ်ပါ။ KNU နဲ့ ဘာကြောင့်မဖြစ်လဲ၊ KNU က ကတိတည်ပြီး စည်းကမ်းနဲ့အညီ နေထိုင်လို့ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်လို့ တပ်တွေမထားတာ၊ မရှိတာလည်း မဟုတ်ပါ။ ယခင်အတိုင်း သတ်မှတ်တဲ့ နေရာမှာ တပ်မတပ်တွေ၊ တိုင်းတပ်တွေ၊ နယ်မြေထိန်း၊ နယ်မြေလှုပ်ရှားတပ်တွေဟာ အရင်အတိုင်း ပါပဲ။ အောက်ပိုင်းမှာ တိုက်ပွဲတွေမရှိလို့ ထုတ်ပြီးအပေါ်ပိုင်းကို ပို့တာလည်း မဟုတ်ပါ။ အပေါ်ပိုင်းမှာရှိတဲ့တပ်တွေက သူ့တာဝန်နဲ့ သူထမ်းဆောင်ရင်း သူ့လုံခြုံရေး တာဝန်ယူရင်း စည်းကမ်း မလိုက်နာတဲ့ ကတိမတည်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရတာပါ။ ဒေသခံ ပြည်သူလူထုအတွက် အကာအကွယ်ပြုရင်း ဖြစ်ရတာပါ။ လက်နက်ကိုင်ပြီး ဆက်ကြေးကောက်တာ၊ အတင်းအဓမ္မလူသစ်စုတာ၊ လူသစ် ခေါ်တာတွေကို ဒေသခံ ပြည်သူလူထုက လက်မခံသလို တပ်မတော်ကလည်း လက်မခံပါ။ လက်နက်အားကိုးနဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်တာ၊ နှိပ်စက်တာကတော့ ပြည်သူကို အလုပ်အကျွေး ပြုရတဲ့ ကာကွယ်စောင့်ရှောက်ရတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါ။ မျက်နှာလွှဲနေလို့ မဖြစ်ပါ။ ငြိမ်းချမ်းရေးရအောင်ဆိုပြီး မြွေမသေ၊ တုတ်မကျိုးနဲ့ အလိုက် သင့်ပြီးပြီးရော နေလို့မရပါ။ အခုရှုပ်မှနောင်ရှင်း၊ ရှင်းလင်းရင်းနဲ့ တိုက်ပွဲဖြစ်ရတာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးရယူပြီး လက်မှတ်ရေးထိုးပြီး ကတိမတည်ရင်တော့ တိုက်ပွဲထပ်ဖြစ် ဦးမှာ ဖြစ်ပါတယ်။ တပ်မတော်က ကတိမတည်တာ မဟုတ်ပါ။ လက်နက်ကိုင်အဖွဲ့တချို့က ကတိမတည်တာ၊ စည်းမစောင့်တာ ဖြစ်ပါတယ်။ ဒါကို တာဝန်ရှိသူတစ်ဦး အနေနဲ့ ဘယ်လိုမှတ်ချက်ပြုရမလဲ။ ကတိတည်ပါလို့ပဲ ပြောချင်ပါတယ်။

၁၀။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲရာမှာ ပြည်ထောင်စု တပ်မတော်ကိစ္စကို အကြိတ်အနယ် ဆွေးနွေးမယ်ဆိုတာ ဘာကို ဆွေးနွေးမှာလဲ၊ လက်ရှိ တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဖြစ်ပါတယ်။ လက်ရှိ တပ်မတော်ကို ဖျက်ပြီး တိုင်းရင်းသားအသီးသီးက အင်အားတွေ ပေါင်းထည့်ပြီး ပြည်ထောင်စုတပ်မတော် ဖြစ်ချင် လို့မရပါ။ ကမ္ဘာမှာ ဘယ်တပ်မတော်မဆို စစ်မှုထမ်း စည်းမျဉ်းဆိုတာ ရှိပါတယ်။ စစ်မှုထမ်း စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ မတည်ဆောက်၍ မရပါ။ ဖြစ်ချင်တာကို ဦးစားပေးမလား။ ဖြစ်သင့်တာကို လက်ခံမလား၊ လက်ရှိအစိုးရဟာ အစိုးရပါပဲ။ လက်ရှိအစိုးရကိုကျော်ပြီး အစိုးရလုပ်ချင်၍ မရသလို လက်ရှိတပ်မတော်ကို ကျော်ပြီး တပ်မတော် တည်ဆောက်ချင် ၍တော့ မရပါ။ ဥပဒေနဲ့အညီ၊ စည်းမျဉ်း၊ စည်းကမ်နဲ့အညီပဲ ပြောနိုင်၊ လက်ခံနိုင်မှာပဲ ဖြစ်ပါတယ်။

၁၁။ မေလဆွေးနွေးပွဲ အခြေအနေဘယ်လို ရှိနိုင်မလဲဆိုတာတော့ ကြိုတင် ခန့်မှန်း ပြောဆိုရခက်ပါတယ်။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ မတ်လဆွေးနွေးပွဲက သဘောတူ ထားတဲ့ Single Text မူကြမ်းကို ဆက်ပြီး ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။ မတ်လ ဆွေးနွေးပွဲမှာ ရခဲ့တဲ့ သဘောတူညီချက်တွေအပြင် နိုင်ငံတော်ဘက်က အဆိုပြုတဲ့ အချက်တွေ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့အချက်တွေ ဒါတွေကို အကျေအလည် ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုတွေရအောင် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အခန်း (၇) ခန်းစလုံး နှစ်ဘက်သဘောတူညီပြီ ဆိုလျှင်တော့ လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပြီး မေလ ဆွေးနွေးတဲ့အခါ သဘောတူညီမှု အကုန်မရသေးရင် အကုန်လုံး သဘောတူညီမှုရသည် အထိ ဆွေးနွေးရဦးမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်း သြဂုတ်လ ၁ ရက်မတိုင်မီတော့ သဘောတူညီမှုရမယ် ထင်ပါတယ်။ အရေးအကြီးဆုံးကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လက်ခံ ယုံကြည် လိုက်နာ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။

၁၂။ ဒီနေရာမှာ တစ်ဆက်တည်းပြောလိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့မူဝါဒခြောက်ရပ်ဖြစ်တဲ့-

(က) ထာဝရငြိမ်းချမ်းရေးရယူရန်၊ အမှန်တကယ်ဆန္ဒရှိရန်၊

(ခ) သဘောတူစာချုပ်အတိုင်း ကတိတည်ရန်၊

(ဂ) ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊

(ဃ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်၊

(င) နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်၊

(စ) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါ ဆောင်ရွက်ရန်။

၁၃။ ဒီအချက်ခြောက်ချက်ဟာ မူကြမ်းရေးဆွဲရာမှာ ပါဖို့၊ မပါဖို့ထက် လိုက်နာဆောင်ရွက် ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ထာဝရငြိမ်းချမ်းရေးရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်တွေကို လိုက်နာတဲ့အဖွဲ့တွေ အနေနဲ့ ၎င်းတို့အကျိုးစီးပွား ဆုတ်ယုတ်မသွားသလို လက်မခံနိုင်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကလည်း သူတို့ကို အကျပ်ကိုင်တာ မဟုတ်သလို တပ်မတော်က လက်တွေ့ကိုယ်တိုင် လိုက်နာ ဆောင်ရွက် နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စိတ်သဘောထား မှန်ကန်ပြီး တည်ကြည် ဖြောင့်မတ် တဲ့ KNU လို အဖွဲ့မျိုးဆိုရင်တော့ အားလုံးလက်ခံဆောင်ရွက်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စောဒက တက်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။

၁၄။ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရာမှာ နိုင်ငံတကာ အစိုးရက ပါဝင်ရလောက်အောင် တိုင်းရင်းသားတွေဘက် တောင်းဆိုနေတယ်ဆိုတာ KIA တစ်ဖွဲ့ တည်းကိုကြည့်ပြီး ပြောတာလား။ ကျန်တဲ့ အဖွဲ့အစည်းတွေကိုရော ထည့်မစဉ်းစား တော့ဘူးလား။ အရေးကြီးဆုံးက သဘောတူညီမှုပါ။ ကိုယ့်ပြည်တွင်းရေးကိစ္စကို ကိုယ့် ဘာသာ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်ဘယ်သူတွေ ဘယ်လို စိုးရိမ် တယ် ဆိုတာထက် လက်မှတ်ရေးထိုးချင်သလား။ မထိုးချင်ဘူးလားက ပိုအရေးကြီး ပါတယ်။ နိုင်ငံတော်တစ်ခုလုံးရဲ့ နိုင်ငံသားအားလုံး တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွား နဲ့ယှဉ်ပြီး စဉ်းစားဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ အမျိုးသားရေးတာဝန်ကို ဘယ်တော့မှ သစ္စာမဖောက် ဆိုသလိုပါပဲ၊ အမျိုးသားရေး ပြည်ထောင်စုသား အားလုံးရဲ့ အရေး၊ တိုင်းရင်းသား အားလုံးရဲ့ အရေးဟာ ဒို့တာဝန်အရေးသုံးပါးပါပဲ။ ကိုယ့်အရေးကို သူများအားကိုးလို့ မရသလို ကိုယ့်ဘာသာယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုရှိရင် စိုးရိမ်ပူပန်မှုလည်း ပျောက်သွားမှာပါ။

၁၅။ တိုင်းရင်းသားတွေက နိုင်ငံရေးအရ အာမခံချက်ရှိမှာ အပစ်ရပ်ရေး လက်မှတ်ရေးထိုး လိုကြတယ်ဆိုတာ လက်တွေ့ကျ၊ မကျဆိုတာထက် ဖြစ်သင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်လို့ လက်ခံပါတယ်။ နိုင်ငံရေးအာမခံချက် ရှိ၊ မရှိဆိုတာလည်း နိုင်ငံရေးအရ ဆွေးနွေးဖို့ Political Dialogue သွားဖို့၊ Frame work တည်ဆောက်ဖို့ လက်ခံထားပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးပြီးတာနဲ့ ဆက်သွားမယ့် လမ်းကြောင်းနဲ့ Time Frame ကို ချပြီးလည်း ဖြစ်ပါတယ်။ လက်ခံဆောင်ရွက်မယ့် အဖွဲ့အစည်းတွေဟာ အများစုဖြစ်ပြီး ကျန်တဲ့ KIA နဲ့ TNLA ကလည်း ဒါကို လက်ခံမယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်မှတ်မရေးထိုးနိုင်စရာ မရှိပါ။ နိုင်ငံတော်အနေဖြင့်လည်း အတင်း အကျပ် လက်မှတ်ရေးထိုးဖို့လည်း ခိုင်းစရာ အကြောင်းမရှိပါ။ ဖြစ်နေတဲ့ ပကတိ အခြေအနေ ပေါ်မှာ မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး နားလည်မှု ပေးဖို့ပဲ လိုပါတယ်။

၁၆။ တစ်ဖက်မှာလည်း တိုက်ပွဲတွေကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိုနိုင်မှာ ပူပန်နေတယ်။ သူတို့ ပူပန်နေသလို ပျက်သွားနိုင်လားဆိုတာ ခွဲခြားပြီး ပြောဆိုလိုပါတယ်။ ယခု ဖြစ်နေတဲ့ အခြေအနေကို ကြည့်ပါ၊ အဓိက ဘယ်သူနဲ့ ဖြစ်နေတာလဲ၊ ဘယ်သူတွေက မလိုက်နာတာလဲ၊ ဘယ်သူတွေက လက်မှတ်မထိုးချင်တာလဲ၊ ဘယ်သူတွေက စိတ်ပူ နေတာလဲ၊ ဘက်နှစ်ဘက်ရှိပါတယ်။ တစ်ဘက်တည်းမဟုတ်တာတော့ နားလည်ဖို့ လိုပါတယ်။ တပ်မတော်ကတော့ အမှန်တရားပေါ် ရပ်တည်ပါတယ်။ သစ္စာ တရားနဲ့ အလုပ်လုပ်ပါတယ်။ ပြောတဲ့အတိုင်းလုပ်သလို လုပ်တဲ့အတိုင်းလည်း ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် တပ်မတော်က တံခါးဖွင့်ထားသလို လက်ကမ်းပြီး ကြိုနေပါတယ်။ မလာချင်တဲ့သူက ဘယ်သူလဲ။ ရွှေလက်နဲ့ ခေါ်ပေမယ့် ကမ်းသောလက်ကိုမကြိုဘဲ လက်တွဲ ဖြုတ်ချင်ရင်တော့ ဘယ်သူ့ အပြစ်လဲ။ တွဲချင်တဲ့သူကို လက်တွဲခေါ်ပြီး လက်မတွဲ ချင်တဲ့သူကိုတော့ ထားခဲ့ရမှာပါပဲ။

၁၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတတို့ရဲ့ နိုင်ငံရေးအရ ရပ်တည်မှုတွေက နီးစပ်တယ်ဆိုတာထက် တစ်ထပ်တည်း ကျတယ်ဆိုရင် ပိုမှန်ပါတယ်။ နိုင်ငံတော် သမ္မတ ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာ ရရှိသည် လို့ ဆိုထားပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နိုင်ငံရေးအရ ရပ်တည်မှုဟာ နိုင်ငံတော်သမ္မတရဲ့ သဘောအတိုင်း ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကို (၆၉) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ကြည့်ရင် သိနိုင်ပါတယ်။ ၂၀၁၅ အလွန် တပ်မတော်ရဲ့ နိုင်ငံရေးဦးတည်ချက် ကလည်း ပြောင်းလဲစရာ မရှိပါဘူး။

၁၈။ ယခုရှင်းလင်း တင်ပြတာတွေဟာ အမှန်တရားတွေပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်အတွက် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ဖြစ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာ တစ်ပြေးညီ၊ တစ်သဘောတည်း ဆက်ဆံပါတယ်။ ဒို့တာဝန် အရေးသုံးပါးဟာ တပ်မတော်ရဲ့ တာဝန်၊ တပ်မတော်ရဲ့ နိုင်ငံရေးလမ်းစဉ်လည်း ဖြစ်ပါ တယ်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကာကွယ်စောင့်ရှောက်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတဲ့ တပ်မတော် အနေဖြင့် နိုင်ငံတော်အကျိုး၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို အမြဲ ဦးထိပ်ပန်ဆင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါတယ်ဆိုတာ ခြွင်းချက် မရှိ အပြည့်အဝ လက်ခံယုံကြည်ပါလို့ ပြောကြားလိုပါတယ်။

ချစ်ကြည်စွာဖြင့်

မောင်မွှေး

မေလ ၅ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာ အတွဲ(၁) အမှတ်(၅၇) မှ ကူးယူ ဖော်ပြသည်
ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ခပ်စိပ်စပ်ဖြစ်ပေါ် လာ မှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် စိုးရိမ်ပူပန် မှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည် ဖြစ်ပွားခဲ့တယ်။ ပြည် တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော် ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေ အထား တွေ နဲ့ ပတ် သက်လို့ ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦး ကို ဧပြီလ နောက် ဆုံး ပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်ပြီး KIA ကြိုးဆွဲရာ ကနေရသော ရုပ်သေး ရုပ်သာဖြစ်ကြောင်း နှင့် ငြိမ်းချမ်းရေး မလိုလားသော အဖွဲ့မှာ KIA သာဖြစ်ေ ကြာင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောဆို

Photo: TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်ပြီး KIA ကြိုးဆွဲရာ ကနေရသော ရုပ်သေး ရုပ်သာဖြစ်ကြောင်း နှင့် ငြိမ်းချမ်းရေး မလိုလားသော အဖွဲ့မှာ KIA သာဖြစ်ေ ကြာင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောဆို
Monday, May 5, 2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၄) ဖွဲ့ လက်မှတ်ရေးထိုးပြီး သော်လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော (၂) ဖွဲ့မှာ KIA နှင့် TNLA အဖွဲ့များ ဖြစ်ကြောင်း ငြိမ်းချမ်းေ ရး ဆွေးနွေးပွဲများ၌ သတ်မှတ်ထားသော်လည်း TNLA အဖွဲ့ဆိုတာ အမည်ခံ သာဖြစ်၍ KIA တစ်ဖွဲ့ တည်းသာ ကျန်ရှိသည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်သည်။

TNLA အဖွဲ့အား KIA မှမြှောက်ပင့်ပေးပြီး လူ၊ လက်နက် သာမက နောက် ကွယ်တွင်လည်း KIA ကြိုးဆွဲသမျှ ကနေရသော ရုပ်သေးရုပ်သာဖြစ်ကြောင်း ၎င်းကဆိုသည်။

“ TNLA နဲ့ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ တကယ်တော့ TNLA တပ်ဖွဲ့ဝင်က နည်းနည်းလေးပါ၊ KIA တပ်ဖွဲ့ဝင်တွေက အများကြီးပါဝင်ပြီး အစိုးရတ ပ်တွေကို တိုက်တာပါ၊ မိုးကုတ် - မိုးမိတ်လမ်းကြောင်းပေါ်က အင်အားနည်းမှ န်း သိတဲ့တပ်စခန်းကို ၀င်တိုက်တာ TNLA မဟုတ်ပါဘူး၊ TNLA အမည်ခံထား တဲ့ KIA အဖွဲ့သာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် အမှန်တ ကယ် ငြင်းပယ်နေသော အဖွဲ့မှာ KIA အဖွဲ့သာဖြစ်ပြီး TNLA အဖွဲ့မှာ အမည် ခံဖြစ်သလို အင်အားလည်းမရှိ၊ နိုင်ငံရေးရည်မှန်းချက်လည်း ဘာမှ မရှိသောေ ကြာင့် လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်၍ မ ရကြောင်း၊ သင်းကွဲအ ဖွဲ့တစ်ခုမျှသာ ဖြစ်ကြောင်း သိရှိရသည်။

“ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တိုင်း အကွဲကြီးကွဲ အရှုံးကြီးရှုံးပြီး ခွေးပြေး ၀က်ပြေး ပြေးနေရတာ KIA အဖွဲ့ပါ၊ အဲဒီလိုဖြစ်တိုင်း KIA က အစိုးရတပ် ဘက်က ဘယ်လောက်ကျတယ်၊ ဘယ်လောက်သေတယ် ဆိုပြီး လေကြီးမိုး ကြီး ပုံကြီးချဲ့ဝါဒဖြန့်နေကြတာ၊ သူတို့ KIA ဆရာကြီးတွေ လေသံအတိုင်းပဲ၊ အသံကောင်းဟစ်နေ တာပါ၊ အမှန်တကယ် ငြိမ်းချမ်းရေး မလိုလားတဲ့အဖွဲ့ ဟာ KIA တစ်ဖွဲ့တည်းသာ ဖြစ်ပါတယ်၊ TNLA မပါပါဘူး ” ဟု ယင်းတပ်ဖွဲ့ဝင် က ဆက်လက်ပြောကြားသွားခဲ့သည်။

မိုင်းအိုက်ပီး
Myanmar Military News
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၄) ဖွဲ့ လက်မှတ်ရေး ထိုးပြီး သော်လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော (၂) ဖွဲ့မှာ KIA နှင့် TNLA အဖွဲ့များ ဖြစ်ကြောင်း ငြိမ်းချမ်းေ ရး ဆွေးနွေးပွဲများ၌ သတ်မှတ်ထားသော်လည်း TNLA အဖွဲ့ဆိုတာ အမည်ခံ သာဖြစ်၍ KIA တစ်ဖွဲ့ တည်းသာ ကျန်ရှိသည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက် သည်။

မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့အား ကမ္ဘာ့ အမျိုးသမီး ကင်းထောက်အဖွဲ့ တွဲဖက် အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြုရန် စီစဉ်

မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက်အဖွဲ့ကို ကမ္ဘာ့အမျိုးသမီး ကင်းထောက်အဖွဲ့တွင် တွဲဖက်အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံအဖြစ် အသိအမှတ် ပြုသွားရန် အစီအစဉ် ရှိနေကြောင်း မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ ယာယီကော် မတီ ဥက္ကဋ္ဌက ပြောသည်။

အမေရိကန်မိုးလေဝသသတင်းဌာနကဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်မည်ဟုခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင်ဒေါက်တာ ဦးထွန်းလွင်ကပြောကြား

အမေရိကန်မိုးလေဝသတင်း ဌာနက ဘင်္ဂလားပင်လယ်အော် တွင် ယခုလ ၇ ရက်မှ ၁၃ရက် အတွင်း မုန် တိုင်းဖြစ်ပေါ် မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာဦးထွန်းလွင် က ပြောကြား ခဲ့သည်။

ရန်ကုန်မြို့တော်ရှိ ဈေးလေးခုကို အသစ် တည်ဆောက်မည်

ရန်ကုန်မြို့တော်ရှိ အသစ် တည်ဆောက်ရန် လိုအပ်သော ဈေးလေးခုကို ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ် တွင် အသစ် တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရ သည်။

ပိုလျှံအစားအသောက်များ ဆင်းရဲ နွမ်းပါးသူများကို လှူဒါန်းနိုင် ဖို့ ဆော်ဒီနိုင်ငံသား တစ်ဦး ထူးခြားတဲ့ စိတ်ကူး

Photo: ပိုလျှံအစားအသောက်များ ဆင်းရဲ နွမ်းပါးသူများကို လှူဒါန်းနိုင် ဖို့ ဆော်ဒီနိုင်ငံသား တစ်ဦး ထူးခြားတဲ့ စိတ်ကူး
Monday, May 5, 2014

- ဆင်းရဲနွမ်းပါးသူများအား လှူဒါန်းရန်အတွက် ပိုလျှံအစားအသောက်များ ထည့်နိုင်ရန်အလို့ငှာ ဆော်ဒီနိုင်ငံသား တစ်ဦးက ၎င်း၏ အိမ်ရှေ့တွင် ရေခဲသေတ္တာတစ်လုံးကို ချထားပေးသည်ဟု သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံ ဟာအီလ်မြို့တွင် နေထိုင်သည့် လူတစ်ဦးဖြစ်ပြီး ဟာအီလ်မြို့ အုပ်ချုပ်ရေး တာဝန်ရှိသူ ရှိခ်မိုဟာမက် အလ်-အရီဖီကလည်း ထိုလုပ်ရပ်မှာ ဟုတ်မှန်ကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် အတည်ပြုခဲ့သည်။

“ဟာအီလ်မြို့က လူတွေဟာ ရက်ရောတယ်လို့ ကျွန်တော် အမြဲတမ်းပြောပါတယ်။ ပိုလျှံတဲ့ အစားသောက်တွေ ထည့်ထားဖို့အတွက် လူတစ်ယောက်က သူ့အိမ်ရှေ့မှာ ရေခဲသေတ္တာ တစ်လုံးကို ထားပေးခဲ့ပါတယ်။ လိုအပ်နေသူတွေ အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ လှူဒါန်းပေးခြင်းပါ။ အို- ဟာအီလ်ရေ.. နှစ်သက်မိပါဘိ” ဟု ရေးသားထားသည်။

အလ်-အရီဖီ၏ ထိုရေးသားမှုအား Twitter အသုံးပြုသူများက သြဘာပေးခဲ့ကြပြီး အကြိမ် ၅၀၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြသည်။ ယခုကဲ့သို့ အလှူဒါနပြုရေး ဆောင်ရွက်မှုများကို ဖော်ပြပေးသည့် အတွက် ကျေးဇူးတင်ကြောင်း၊ အခြားသော လှူဒါန်းမှုများအတွက်လည်း အတုယူစရာ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း Twitter အသုံးပြုသူများက ရေးသားခဲ့ကြသည်။ ထို့ပြင် ဟာအီလ် မြို့သားများ၏ သဒ္ဓါတရား ထက်သန်မှု အတွက် ၀မ်းမြောက်မိကြောင်းလည်း ပါဝင်ပြီး၊ ကောင်းမွန်သော ရည်ရွယ်ချက်ဖြစ်သည်ဟု ထည့်သွင်း ရေးသားခဲ့ကြသည်။

Ref: Riyadh Connect
M-Media
ဆင်းရဲနွမ်းပါးသူများအား လှူဒါန်းရန်အတွက် ပိုလျှံအစားအသောက်များ ထည့်နိုင်ရန်အလို့ငှာ ဆော်ဒီနိုင်ငံ သား တစ်ဦးက ၎င်း၏ အိမ်ရှေ့တွင် ရေခဲသေတ္တာတစ်လုံးကို ချထားပေးသည်ဟု သိရသည်။

လျှပ်စစ်ဓာတ်အားနည်းပါးသည့်အတွက် နွေရာသီကာလများတွင် ရေဖြန့်ဝေမှု ၃ ပုံ ၂ ပုံခန့်သာ ပြုလုပ်နိုင်ဟု မန်းစည်ပင်ဆို

လျှပ်စစ် ဓာတ်အားနည်းပါးသည့်အတွက် နွေရာသီကာလများတွင် စည်ပင်သာယာမှ ရေဖြန့်ဝေမှု ၃ ပုံ ၂ ပုံ ခန့် သာ ပြုလုပ်နိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းမှုဌာနမှ သိရ သည်။

ဟိုင်းလတ်ခရီးသည်တင်ယာဉ်များ ပြေးဆွဲခွင့်ပိတ်ပင်

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဟိုင်းလတ်ခရီး သည်တင်ယာဉ်များ ပြေးဆွဲခွင့်ပိတ် ပင်လိုက်ခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ရှင်းလင်းလာကြောင်း သိရသည်။

ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းကြောင့် မုန်တိုင်းငယ်တစ်ခု ဖြစ်နိုင်

ယခုနှစ် မေလအတွင်း ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခုမှ မုန်တိုင်းငယ် အဆင့် သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်း ထုတ်ပြန်ချက် များအရ သိရသည်။

၂၀၁၄ ASEAN Summit အခမ်းအနားတွင် BMW မော်တော်ယာဉ်များ ပံ့ပိုးကူညီသွားမည်

Photo: ၂၀၁၄ ASEAN Summit အခမ်းအနားတွင် BMW မော်တော်ယာဉ်များ ပံ့ပိုးကူညီသွားမည်
Monday, May 5, 2014

၂၀၁၄ ခုနှစ် မေလတွင် ကျင်းပမည့် ASEAN Summit အခမ်းအနားသို့ တက်ရောက်ကြမည့် နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အစည်းအဝေးကာလတွင် အသုံးပြုနိုင်ရန်အတွက် BMW Asia နှင့် BMW ယာဉ်များ တင်သွင်းဖြန့်ချိခွင့် မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Prestige Automobiles Company တို့မှ ပထမအသုတ်အနေဖြင့် အဆင့်မြင့် BMW မော်တော်ယာဉ်အစီး ၇၀ စီစဉ်ပံ့ပိုး ဆောင်ရွက်ပေးမည်ဖြစ်သည်။

အဆိုပါ ASEAN Summit အခမ်းအနားသို့ တက်ရောက်ကြမည့် ASEAN နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အစည်းအဝေးကာလတွင် အသုံးပြုရန် BMW 7 Series, 5 Series Executive Sedan နှင့် BMW X5 Sports Activity Vehicle တို့အား ပထမအသုတ်အနေဖြင့် မော်တော်ယာဉ် အစီး ၇၀ ပံ့ပိုးကူညီမည်ဖြစ်ပြီး လွှဲပြောင်းပေးအပ်မည့် အခမ်းအနားကို မေ ၄ ရက်တွင် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန နေပြည်တော်၌ ကျင်းပရာ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီအတွင်းရေးမှူး ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထူးက လက်ခံသည်။

BMW သည် ယခုကဲ့သို့ ထင်ရှားအရေးပါသော ASEAN Summit အခမ်းအနားနှင့် သင့်တော် လိုက်ဖက်မှု ရှိသည့် အဆင့်မြင့်မော်တော်ယာဉ်များအား ၂၀၁၂ နှင့်၂၀၁၃ ခုနှစ်များတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့၌ ကျင်းပခဲ့သည့် ASEAN Summit အခမ်းအနားတွင် ပံ့ပိုးခဲ့ပြီး သုံးနှစ်ဆက်တိုက် ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar
၂၀၁၄ ခုနှစ် မေလတွင် ကျင်းပမည့် ASEAN Summit အခမ်းအနားသို့ တက်ရောက်ကြ မည့် နိုင် ငံ့ခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အစည်းအဝေးကာလတွင် အသုံးပြုနိုင်ရန်အတွက် BMW Asia နှင့် BMW ယာဉ်များ တင်သွင်းဖြန့်ချိခွင့် မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Prestige Automobiles Company တို့မှ ပထမအသုတ်အနေဖြင့် အဆင့်မြင့် BMW မော်တော်ယာဉ်အစီး ၇၀ စီစဉ်ပံ့ပိုး ဆောင်ရွက်ပေးမည်ဖြစ်သည်။

KNU ဒုဥက္ကဋ္ဌနှင့် ရန်ကုန် ကရင်လူထု မေလ ၇ ရက်နေ့ တွေ့မည်

Photo: KNU ဒုဥက္ကဋ္ဌနှင့် ရန်ကုန် ကရင်လူထု မေလ ၇ ရက်နေ့ တွေ့မည်
Monday, May 5, 2014

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်နှင့် ရန်ကုန်မြို့နေ ကရင်လူထုများ တွေ့ဆုံပွဲကို မေလ ၇ ရက်နေ့တွင် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ပြုလုပ်မည် ဖြစ်ကြောင်း ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) မှ ဒေါ်စူစန်နာလှလှစိုးက ပြောကြားသည်။

ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပန်းတနော်၊ ပုသိမ်စသည့် ဒေသများမှ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲများ၊ ကရင်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကောင်စီ (KUPC) အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 
“ရန်ကုန်မှာ အခြားနိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဖို့ရှိတယ်။ အချိန်အတိအကျတော့ မသိရသေးပါဘူး” ဟု ဒေါ်စူစန်နာလှလှစိုးက ဆိုသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်လည်း မတ်လဆန်းပိုင်းတွင် ရန်ကုန်မြို့နေ ကရင်တိုင်းရင်းသား လူထုများနှင့် MCC ခန်းမ၌ပင် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြခဲ့ကြောင်း KNU ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ထောက်ခံသူ အများအပြား နေထိုင်ပြီး ၂၀၀၈ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသော KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာနှင့် လက်ရှိ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်တို့မှာ ပန်းတနော် ဇာတိဖြစ်ကြောင်း KNU ခေါင်းဆောင်များက ဆိုသည်။ 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ယုံကြည်မှု ကောင်းစွာ တည်ဆောက်ထားနိုင်သော KNU အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည်လည်း ဧပြီလအတွင်း “ဝ” နှင့် မိုင်းလားကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုတွင် မပါဝင်သည့် လက်နက်ကိုင် အဖွဲ့များကို သွားရောက်တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်။

The Voice Weekly
ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်နှင့် ရန်ကုန်မြို့နေ ကရင်လူထု များ တွေ့ဆုံပွဲကို မေလ ၇ ရက်နေ့တွင် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ပြုလုပ်မည် ဖြစ်ေ ကြာင်း ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) မှ ဒေါ်စူစန်နာလှလှစိုး က ပြော ကြား သည်။

ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ၁၀ ခု နီးပါး လာမည့် ပညာသင်နှစ်တွင် ပေါင်းစည်း ဖွင့်လှစ်မည်

Photo: ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ၁၀ ခု နီးပါး လာမည့် ပညာသင်နှစ်တွင် ပေါင်းစည်း ဖွင့်လှစ်မည်
Monday, May 5, 2014

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကျောင်းသားဦးရေ နည်းပါးသော ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ၁၀ ခု နီးပါးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအဆောက်အအုံ ပေါင်းစည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ယင်းတက္ကသိုလ်များကို အဆောက်အအုံ ပေါင်းပြီး လစ်လပ်သွားသော နေရာများတွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက် နည်းပညာတက္ကသိုလ် အချို့ကို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ အဖြစ် ပြောင်းလဲဖွင့်လှစ်မည် ဖြစ်သောကြောင့် ယင်းကဲ့သို့ တက္ကသိုလ် ပေါင်း၍ ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျောင်းတွေကို ဖျက်လိုက်မယ်လို့တော့ မဟုတ်ပါဘူး။ အဆောင်တစ်ခုမှာ တစ်ခြမ်းက ကွန်ပျူတာတက္ကသိုလ်၊ တစ်ခြမ်းက နည်းပညာတက္ကသိုလ် ထားမယ်ဆိုတဲ့ သဘောပါ” ဟု ၎င်းကဆိုသည်။

ထားဝယ်၊ ကျောက်ြဖူနှင့် သီလဝါတို့တွင် အကောင်အထည် ဖော်နေသော အထူးစီးပွားရေးဇုန်များ အတွင်း ဝင်ရောက်လာမည့် စက်ရုံအမျိုးအစားနှင့် လိုအပ်မည့် အလုပ်သမား အရေအတွက်ပေါ် မူတည်၍ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင် အလုပ်သမားများ မွေးထုတ်ပေးခြင်း၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ တောင်းဆိုသော အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အလုပ်အကိုင် အဆင်သင့်ဖြစ်အောင်၊ ချိတ်ဆက်မိအောင်၊ ဘယ်လို စက်ရုံတွေ ဝင်လာမလဲ၊ အလုပ်သမား ဘယ်လောက် လိုအပ်မလဲ ဆိုတာကို Data ကောက်နေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တက္ကသိုလ် နေရာများတွင် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများအဖြစ် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်ထားကြောင်း၊ သင်တန်း အမျိုးအစားအလိုက် သုံးလမှ ခြောက်လအထိ ကြာမြင့်ဖွယ်ရှိကြောင်း ၎င်းကပြောဆိုသည်။

တက္ကသိုလ်များ ပူးပေါင်းလိုက်၍ လစ်လပ်လာမည့် ကျောင်း ၁၀ ကျောင်းနှင့် အသုံးမပြုသည့် အဆောက်အအုံဟောင်း အချို့ကို ပြင်ဆင်၍ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်မည် ဖြစ်သည့် အတွက် သင်တန်းကျောင်းပေါင်း ၂၀ ကျော်အထိ အကောင်အထည်ဖော်ရန် ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပညာရှင်အဖွဲ့နဲ့ ဝန်ကြီးဌာန ထိပ်တိုက်တွေ့နေပြီ။ ပညာရှင်က ပိတ်ရမယ်။ ဝန်ကြီးဌာနကျတော့ ပြည်သူ့အသံ နားထောင်ပြီးမှ လုပ်မယ်ပြောတယ်” ဟု ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အခြေစိုက်သော အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ဦးအောင်ဝင်းက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လုပ်သား လိုအပ်ချက်အရ အင်ဂျင်နီယာ ဘွဲ့ရများထက် ကျွမ်းကျင်ပညာရှင်များကိုသာ လိုအပ်လျက် ရှိကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နည်းပညာတက္ကသိုလ် အချို့တွင် ဆရာအရေအတွက် ရှားပါးခြင်း သို့မဟုတ် ကျောင်းသားနည်းပါးခြင်းတို့ ဖြစ်ပေါ်နေသည့် အတွက် ယင်းတက္ကသိုလ်များကို ပိတ်သိမ်းသင့်ကြောင်း ၎င်းက အကြံပြုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေရချိန်တွင် အင်ဂျင်နီယာဘွဲ့ရများ များပြားနေပြီး ကျွမ်းကျင်အလုပ်သမား ရှားပါးလျက် ရှိကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် စက်မှုလက်မှု အထက်တန်းကျောင်း၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ် စုစုပေါင်း ၆၀ ကျော် ရှိကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံအတွင်း နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်နှင့် စက်မှုဇုန်များ အထူးဖွံ့ဖြိုးရေးဇုန် ၂၄ ခု ချမှတ်ပြီး တက္ကသိုလ် အများအပြား ဖွင့်လှစ်ခဲ့သည်။

ယခင်က စက်မှုအထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် နည်းပညာတက္ကသိုလ် အနည်းငယ်သာ ရှိပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်လုပ်သားများစွာ မွေးထုတ်ပေးခဲ့သည်။

ယင်းနောက် အစိုးရနည်းပညာ ကောလိပ်များကို ၁၉၉၉ ခုနှစ် ဝန်းကျင်တွင် တိုင်းနှင့်ပြည်နယ်အနှံ့ ဖွင့်လှစ်ခဲ့ပြီး ယင်းကောလိပ်များကို တက္ကသိုလ်အဖြစ် ၂၀၀၇ ခုနှစ်တွင် အဆင့်တိုးမြှင့် သတ်မှတ်ခဲ့သည်။

ယင်းကြောင့် နယ်ဒေသများရှိ နည်းပညာတက္ကသိုလ် အများစု၏ သက်တမ်းမှာ ခုနစ်နှစ် ဝန်းကျင်သာ ရှိသေးသည်။

The Voice Weekly
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကျောင်းသားဦးရေ နည်းပါးသော ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ် ၁၀ ခု နီးပါးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအဆောက်အအုံ ပေါင်းစည်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။

လိုင်စင်မရှိဘဲ ယာဉ်တိုက်မှု ဖြစ်ပါက ရာသက်ပန် လိုင်စင် ပိတ်သိမ်းမည်

မော်တော်ယာဉ် မတော်တဆမှု ဖြစ်သော ယာဉ်မောင်း အများစုမှာ တရားရုံး၌ ထွက်ဆိုရာတွင် လိုင်စင်မရှိဟုသာ ထွက်ဆိုမှု ပြုကြ၍ လိုင်စင်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်အပြင် ရာသက်ပန် လိုင်စင် ပိတ်သိမ်း အရေးယူမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။