Tuesday, 27 August 2013

အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို KIO မေးခွန်းထုတ်

Photo: အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို KIO မေးခွန်းထုတ်
Tuesday, August 27, 2013

အစိုးရ၏ တစ်ပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲကို  ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ထံ တရားဝင် အကြောင်း ကြားမှုများ မရှိကြောင်း KIO ၏ တွေ့ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

“တစ်ကယ်တော့ အစိုးရ ဘက်က တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲ ရေးကိုကြေငြာ ပေးလိုက် ယုံနဲ့ ပြီးသွားတဲ့ ကိစ္စပါ၊ ဒါပေမယ့် အရင် မလုပ်ပေး ဘဲနဲ့ တရားဝင် ထုတ်ပြန်ချက် မရှိဘဲဟိုဟာ လုပ်မယ် ဒီဟာလုပ် မယ် ပြောဆို နေတဲ့ အပေါ်မှာ ကျနော်တို့မှာ
 တွေးစရာ ဖြစ်လာ ရတယ်” ဟုဆိုပါသည်။

အစိုးရ၏ တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို လာမည့် အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပ နိုင်ရန် ကြိုပမ်းလျက် ရှိကြောင်း ဦးအောင်မင်းက မီဒီယာ များအား ထုတ်ဖော် ပြောကြား ခဲ့ပြီး ဖြစ်သည်။

ယင်းအောက်တိုဘာလ မတိုင်မီတွင် ဝန်ကြီး ဦးအောင်မင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေး အပြီးသတ် ဆွေးနွေးရန် ရှိသည်ဟု ဦးအောင်မင်းက သြဂုတ် ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

KIO အဖွဲ့ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလကုန်၌ ဝန်ကြီး ဦးအောင်မင်း တို့နှင့် မြစ်ကြီးနား၌ တွေ့ဆုံစဉ် မေးမြန်း ခဲ့ပါသည်။ ဤမေးမြန်း ချက်အပေါ် ယနေ့အထိ ဦးအောင်မင်း အနေဖြင့် ပြန်လည် ဖြေကြား ပေးခဲ့ခြင်း မရှိကြောင်း ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

ဤအချိန်မှ စ၍ ယနေ့အထိ KIA အား အကြောင်း ပြန်ကြားခြင်း မရှိခဲ့သဖြင့် ဤကဲ့သို့ ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

KIO အဖွဲ့ အနေဖြင့် မြစ်ကြီးနားမြို့ တွေ့ဆုံ ပွဲမှရရှိ ထားသည့် နှစ်ဖက် သဘော တူညီချက် (၇) ချက် ထဲမှ မည်သည့် အချက်များ ဆွေးနွေး မည်ကို အစိုးရမှဆွေးနွေး လိုသည့် အချက် အပေါ် ၌ပင် KIO ဘက်က ပြင်ဆင်မှုများ ဆက်လုပ် သွားရန် ရှိသည်ဟု ဆိုသည်။

KIO နှင့် အစိုးရ အဖွဲ့ တို့၏ နှစ်ဖက် ဆွေးနွေးပွဲ ဖြစ်မြောက်ရန် KIO Technical Team (၅) ဦး ကော်မတီက ညှိနှိုင်းရေး အတွက် ကြားဝင် ဆောင်ရွက်ပေးရသည့် အဖွဲ့ ဖြစ်ကြောင်းလည်း ဆက်ပြောကြား သွားသည်။

ကချင် ပြည်နယ် မြစ်ကြီးနား မြို့တွင် KIO Technical Team ရုံးကို ဖွင့်လှစ် နိုင်ခဲ့ သည်မှာ တစ်လခန့် ကျော်လွန် သွားသည့် တိုင်အောင် အစိုးရနှင့် KIO Technical Team တို့က နှစ်ဖက် ပြန်လည် တွေ့ဆုံ နိုင်ခဲ့ခြင်း မရှိ သေးကြောင်း KIO Technical Team မှ ပြောခွင့်ရ ဆရာ ဒေါင်ခန့်က ပြောသည်။

KIO Technical Team ကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က KIO ၏ ဗဟို ဦးဆောင် ကော်မတီ အဖွဲ့မှ အတည်ပြု ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် KIO Technical Team ရုံးကို ဖွင့်လှစ် နိုင်ခဲ့သည်။

KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ လျှော့ချရေး အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲ များသည် ယနေ့ အထိ ရှိနေ ဆဲပင် ဖြစ်ပါသည်။

KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည်
 ဖြစ်ပွားခဲ့ကြသည်။

Phophtaw News Association
အစိုးရ၏ တစ်ပြည်လုံးအတိုင်းအတာ ဆောင်သည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO ထံ တရားဝင် အကြောင်းကြားမှုများမရှိကြောင်း KIO ၏ တွေ့ ဆုံ ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဆရာ ဆွမ်လွတ်ဂမ်က ပြောသည်။

အပစ်ရပ် သဘော တူညီချက်များ အကောင်အထည် ဖော်နိုင်မှု အားနည်းဟု RCSS သုံးသပ်

Photo: အပစ်ရပ် သဘော တူညီချက်များ အကောင်အထည် ဖော်နိုင်မှု အားနည်းဟု RCSS သုံးသပ်
Tuesday, August 27, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တို့အကြား အပစ်အခတ် ရပ်စဲရေး ရရှိ ထားကြ သော်လည်း သဘော တူညီ ချက်ပါ အချက် အလက် များကို အကောင်အထည် ဖော်ရာတွင် အားနည်း နေကြောင်း ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီမှ ထောက်ပြ ပြောဆို ခဲ့ပါသည်။

“ပဏာမ အပစ်အခတ် ရပ်စဲရေးကို လုပ်ထားပြီးတော့ စာရွက် ပေါ်မှာဘဲ ရှိသေးတယ်။အပစ် အခတ် ရပ်စဲရေး လောက်ဘဲ ပြောထားတယ်။ တိုက်ပွဲတွေ ဆက်ဖြစ် နေဆဲပါ။ တကယ့် လက်တွေ့ ကျကျမှာ လုပ်ဆောင်ဖို့ အကောင်အထည် ဖော်ဖို့ အတော့်ကို အခက်အခဲ ဖြစ်နေ ပါတယ်” ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်းဆိုင်က ယနေ့တွင် ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

ထိုအပစ် အခတ် ရပ်စဲရေး သဘော တူညီချက် များထဲမှ ဆက်ဆံရေး ရုံးများ ဖွင့်လှစ် ရေးကိုသာ လွယ်ကူစွာ အကောင်အထည် ဖော်နိုင် ခဲ့ပါသည်။

အခြား ဒေသ ဖွံ့ဖြို့ရေး၊ တပ်နေရာ ချထားရေး၊ အခြေစိုက် နယ်မြေ သတ်မှတ်ရေး၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး စသည့် သဘော တူညီချက် များကိုမူ အများစု မဖော်ဆောင် နိုင်ပဲ ရှိနေကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

အဓိက နှစ်ဖက် တပ်များ ထိတွေ့ တိုက်ပွဲ ဖြစ်နေခြင်းနှင့် စပ်လျဉ်း၍ နှစ်ဖက် တပ်နေရာ ချထား ရေးနှင့် အခြေခံ နယ်မြေ သတ်မှတ်ရေး တို့မှာ အဓိက ကျသည့် အချက်များ ဖြစ်ပေသည်။

RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်မှ ပြီးခဲ့သည့် ဇွန်လဆန်းမှ စ၍ မိမိတို့ အောက်ခြေ တပ်များအား မြန်မာ့ တပ်မတော် အောက်ခြေ တပ်များနှင့် တိုက်ရိုက် ဆက်သွယ်ကာ ထိတွေ့ တိုက်ပွဲများကို လျော့ချ နိုင်ရေး ညွှန်ကြား ထားသော်လည်း တိုက်ပွဲများ ဖြစ်ပွား နေဆဲ ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

“ဒီလ ၂၂ ရက်နေ့မှာ မိုင်းပန် မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်။ ကျနော်တို့ ဘက်က ၃ ဦးကျတယ်။ ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်။ အစိုးရ ဘက်က ၁ ဦး ကျသွားတယ်။ ကျနော်တို့ ရှိတဲ့ တောကို သူတို့က စစ်ကြောင်းနဲ့ တိုးလာတော့ နှစ်ဖက် ရင်ဆိုင် မိပြီး တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ကြတယ်။ မိုင်ကိုင် အခြေစိုက်တဲ့ တပ်တွေလည်း ပါတယ်။ လင်းခေး အခြေစိုက်တဲ့ တပ်တွေလည်း ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

ထိုကိစ္စအား ပြီးခဲ့သည့် ဦးအောင်မင်းနှင့် တွေ့ဆုံ ခဲ့စဉ် ၌လည်း တင်ပြ ခဲ့ကာ ဦးအောင်မင်းမှ အောက်ခြေ စစ်တပ်များ လှုပ်လှုပ် ရှားရှား မလုပ်ကြ ရန်နှင့် နှစ်ဖက် ဒီပြသနာ များကို အထက် လူကြီး များမှ တဆင့် ထပ်မံ တွေ့ဆုံ သွားကြကာ ဖြေရှင်း သွားရန် ပြောကြားကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

တပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေး ဖြစ်လာရန်အား အစိုးရမှ ဖော်ဆောင် ပေးရန် တာဝန် ရှိသည်ဟု RCSS မှ သုံးသပ် ထားပါသည်။

သို့သော်လည်း သမ္မတ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ အစိုးရ တပ်မတော် စသည့် ကိုယ်စားလှယ်များ ရှေ့မှောက်၌ လက်မှတ် ရေးထိုး နိုင်မှသာ ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်မည် ဟုလည်း ဆိုပါသည်။

ထိုတပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး ကိစ္စအား အစိုးရ ကိုယ်စားလှယ် များနှင့် ဆွေးနွေး နိုင်ရန် အတွက် အစိုးရ ကိုယ်စားလှယ် များ၏ ဖိတ်ခေါ်ချက်ဖြင့် မိမိတို့ RCSS အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ နေခြင်း ဖြစ်ကြောင်းလည်း ဆိုပါသည်။

RCSS/SSA အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းအား ပြီးခဲ့သည့် သြဂုတ်လ (၁၂) ရက်နေ့၌ ရန်ကုန် မြို့၌ တွေ့ဆုံ ခဲ့ပြီး ဖြစ်သည်။

RCSS အဖွဲ့ အနေဖြင့် သြဂုတ်လ ကုန်သည်အထိ ရန်ကုန်၌ ရှိနေမည် ဖြစ်ကာ သြဂုတ်လ ၁၉ ရက်နေ့၌ ကရင်အမျိုးသား ပါတီ (KPP), ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) တို့အား ၄င်း၊ ၂၀ ရက်နေ့၌ ငြိမ်းဖောင်ဒေးရှင်း အဖွဲ့အား ၄င်း၊ ၂၁ ရက်နေ့၌ ကရင်လူငယ် ကွန်ရက် အဖွဲ့အား ၄င်း တွေ့ဆုံ ခဲ့ပြီး ဖြစ်သည်။

ထပ်မံ ၍လည်း ၂၃ ရက်နေ့၌ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ အား၎င်း၊ ၂၄ ရက်နေ့၌ မြန်မာ့ ငြိမ်းချမ်ရေး စင်တာ၌ ကျင်းပသည့် Peace Forum ပွဲအား လည်းကောင်း၊ ၂၅ ရက်နေ့၌ ငြိမ်းဖောင်ဒေးရှင်းမှ ပြုလုပ်သည့် Forum တစ်ခု အားလည်း တက်ရောက် ခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။

ထပ်မံ ၍လည်း လာမည့် သြဂုတ်လ (၃၁) ရက်နေ့တွင် ဒု-သမ္မတ စိုင်းမောက်ခမ်း နှင့်လည်း တွေ့ဆုံ သွားရန် ရှိကြောင်း ထုတ်ဖော် ပြောကြား ထားပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပဏာမ အပစ် အခတ် ရပ်စဲရေးအား ပြည်နယ် အဆင့်နှင့် အများစု လက်မှတ် ရေးထိုး သဘောတူ ထားကြကာ နိုင်ငံရေးနှင့် ဆက်စပ်သည့် အခြား ပြသနာများကို ဖြေရှင်း နိုင်ရန် အတွက် ပြည်ထောင်စု အဆင့် လက်မှတ် ရေးထိုး ထားကြသည်။

ပြည်နယ် အဆင့် ပဏာမ အပစ် အခတ် ရပ်စဲရေးသာ ရရှိ သေးပြီး ပြည်ထောင်စု အဆင့်ဖြင့် လက်မှတ် မရေးထိုး နိုင်သည့် အဖွဲ့မှာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP), ကရင် ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA (PC), နာဂ အဖွဲ့ တို့သာ ကျန်ရှိ နေပါသည်။

Phophtaw News Association
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး ရရှိထားကြ သော်လည်း သဘော တူညီ ချက်ပါ အချက် အလက် များကို အကောင်အထည် ဖော်ရာတွင် အားနည်း နေကြောင်း ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီမှ ထောက်ပြ ပြောဆို ခဲ့ပါသည်။

နိုင်ငံတော်သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆွေးနွေးပွဲမှ အကြံပြုချက် ၁၇ ချက်အနက် အချက်သုံးချက်ကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ချက်ချင်းဆောင်ရွက်မည်

နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း ဆွေးနွေးပွဲမှ ရရှိသည့် အရေးကြီးသော အကြံပြုချက် ၁၇ ချက်အနက် အချက်သုံးချက်ကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ချက်ချင်းဆောင်ရွက် သွားမည် ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်မှတစ်ဆင့် သတင်းစာ သုံးစောင်တွင် ဖော်ပြ ခဲ့သော မြိတ်မြို့နယ်၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦး ဖမ်းမိပြီ ဆိုခြင်းမှာ မမှန်ကန်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငြင်းဆို

Photo: မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်မှတစ်ဆင့် သတင်းစာ သုံးစောင်တွင် ဖော်ပြ ခဲ့သော မြိတ်မြို့နယ်၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦး ဖမ်းမိပြီ ဆိုခြင်းမှာ မမှန်ကန်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငြင်းဆို
Tuesday, August 27, 2013

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့နယ် အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦးကို ဖမ်းမိပြီဟု ဖော်ပြထားသည့် သတင်းမှာ မမှန်ကန်ကြောင်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ ရဲဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက The Daily Eleven သို့ ပြောပြသည်။

အဆိုပါ မြစ်မခ မီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့၌ အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးထားသည်ဟု သတင်းကို သြဂုတ် ၂၅ ရက်တွင် ဖော်ပြခဲ့ပြီးနောက် သြဂုတ် ၂၆ ရက်တွင် ထုတ်သည့် ပြည်တွင်းပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများဖြစ်သော စံတော်ချိန် နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာနှင့် ပြည်မြန်မာ နေ့စဉ်သတင်းစာတို့တွင် ရေးသား ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။

မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြန်မာနိုင်ငံ တနင်္သာရီတိုင်း ဒေသကြီး နယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှ တစ်ဆင့် အကြမ်းဖက် သမားများ ၀င်ရောက်လာမည့် သတင်းကို ကြိုတင်ရရှိခဲ့ပြီးနောက် အကြမ်းဖက် သမားဟု သံသယ ဖြစ်ဖွယ်ရှိသော လူသုံးဦးအား သြဂုတ် ၂၂ ရက်က မြိတ်ကျွန်းစုအနီး တံငါရွာတွင် ဖမ်းဆီးမိခဲ့ကြောင်း၊ မြန်မာနိုင်ငံ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအား အကြောင်းပြု၍ ပြည်ပနိုင်ငံများရှိ အကြမ်းဖက် အဖွဲ့အစည်းများမှ နိုင်ငံတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက်သမားများ စေလွှတ်ထားသည့် သတင်းများ ရရှိထားပြီး လုံခြုံရေး အထူးမြှင့်တင် ဆောင်ရွက်ထားချိန်တွင် အဆိုပါ အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် သုံးဦးအား ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

ထို့ပြင် ''သုံးယောက် ဖမ်းမိထားတယ် လို့တော့ ကြားတယ်။ ဘယ်ရွာမှာ မိလဲတော့ အတိအကျ မသိဘူးဗျ။ ကျွန်တော်တို့ တနင်္သာရီတိုင်းက ထိုင်းနိုင်ငံနဲ့ နယ်မြေဆက်စပ်နေတော့ ကုန်းကြောင်းရော၊ ရေကြောင်းကပါ ၀င်လာနိုင်တယ်။ လုံခြုံရေးကိုတော့ အရင်ကထက် တိုးပြီးချထား တာ တွေ့ရတယ်။ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ သတင်းရရချင်း သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေကို ချက်ချင်း သတင်းပို့ သင့်ပါတယ်'' ဟု ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။

အဆိုပါ သုံးဦးအနက် နှစ်ဦးမှာ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံဖွား ထိုင်းနိုင်ငံသား ဖြစ်ကြောင်း သိရသည်။ အဆိုပါ သုံးဦးစလုံးမှာ မြန်မာလူမျိုးများကဲ့သို့ မြန်မာစကားကို ကျွမ်း ကျင် စွာ ပြောဆိုနိုင်သူများ ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားသည်။

အထက်ပါကဲ့သို့ ဖော်ပြထားသည့် သတင်းတွင် သက်ဆိုင်ရာ သတင်းရင်းမြစ် လုံးဝမပါရှိဘဲ ကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်ဟု သာ ရေးသားဖော်ပြ ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

အမှန်တကယ်သာ ဖမ်းမိခဲ့တယ် ဆိုရင်တော့ ကျွန်တော့်ဆီကို တရားဝင် သတင်းရောက်ရှိလာမှာ ဖြစ်တယ်။ အခု အကြမ်းဖက်သမား သုံးယောက်ကို ဖမ်းမိတယ် ဆိုပြီးတော့ ၀က်ဘ်ဆိုက်တွေမှာရော၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ အချို့တွေမှာလည်း သတင်းအတိအကျကြီး ရေးထားတာ တွေ့ ရတော့ ကျွန်တော် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ဆက် သွယ် မေးမြန်းတဲ့ အခါမှာတော့ ဒီသတင်းက သတင်း အမှားကြီး ဖြစ် ပါတယ်...

ထိုသို့ ဖော်ပြထားကြသော သတင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ''အမှန်တကယ်သာ ဖမ်းမိခဲ့တယ် ဆိုရင်တော့ ကျွန်တော့်ဆီကို တရားဝင် သတင်းရောက်ရှိလာမှာ ဖြစ်တယ်။ အခု အကြမ်းဖက်သမား သုံးယောက်ကို ဖမ်းမိတယ် ဆိုပြီးတော့ ၀က်ဘ်ဆိုက်တွေမှာရော၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ အချို့တွေမှာလည်း သတင်းအတိအကျကြီး ရေးထား တာ တွေ့ရတော့ ကျွန်တော် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ ဒီသတင်းက သတင်း အမှားကြီး ဖြစ် ပါတယ်'' ဟု သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် သုံးသပ်ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ သတင်းဖော်ပြမှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကြည်လင်းက ''ဒီသတင်း ဖော်ပြ မှုက လုံးဝ မှားယွင်းပါတယ်။ ကောလာဟလ သတင်းပါပဲ။ အကြမ်းဖက် သမား သုံးယောက် မြိတ်မြို့ထဲကို ရောက်ရှိနေတယ် ဆိုတာလည်း မှန်ကန်မှု မရှိသေးဘူး။ ဒါပေမဲ့ တနင်္သာရီတိုင်း ဒေသကြီး အတွင်းထဲမှာတော့ လုံခြုံရေးကို အရင်ကထက် ပိုမိုချထားပြီးတော့ ရဲလုပ်ငန်းတွေ ဆောင် ရွက်နေပါတယ်'' ဟု သြဂုတ် ၂၆ ရက် ညနေပိုင်းက The Daily Eleven သို့ ပြောကြားသည်။

''ဖောက်ခွဲရေးသမား သုံးဦးမိတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီသတင်းက ဘယ်ကလာတာလဲ မသိပါဘူး။ ဖမ်းမိပြီဆိုတာနဲ့ ကျွန်တော်တို့ သတင်း ထုတ်ပြန် ပေးပါ့မယ်။ မသေချာတာရှိရင် ကျွန်တော်တို့ကို အချိန် မရွေး မေးမြန်းနိုင်ပါတယ်'' ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြား သည်။

သြဂုတ်လလယ်ပိုင်းတွင် ဖောက်ခွဲရေးသမား သုံးဦးမှာ ကော့သောင်း-ဘုတ်ပြင်း ဘက်မှ ရေလမ်းခရီးကို အသုံးပြုပြီး ၀င်ရောက် လာ နိုင်သည်ဆို သည့် သတင်းများကြောင့် မြိတ်မြို့နှင့် ပတ်ဝန်းကျင်ကျွန်း များ၊ ကျေးရွာများတွင် လူဝင်လူထွက် သေချာစွာ စစ်ဆေးခဲ့ပြီး ဧည့်သည် အ၀င် အထွက်များအတွက် ဧည့်စာရင်း စစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ဖောက်ခွဲရေးသမား သုံးဦးမိတယ်ဆိုတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လယ်ထဲမှာ လှေတစ်စင်းကို တခြားအမှုနဲ့ ဖမ်းတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ခေါ်ယူစစ်ဆေးနေတဲ့ လူတွေရှိပါတယ်။ ဒီသတင်း က ဖောက်ခွဲရေးသမား သတင်းနဲ့ မဆိုင်ပါဘူး။ တခြားအမှုပါ။ ဖောက်ခွဲရေး သမားတွေ ကို မမိသေးပါဘူး'' ဟု မြိတ်ခရိုင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြော ကြား သည်။

''ကျွန်တော်တို့ ကျွန်းစုမြို့နယ်အတွင်း မှာရှိတဲ့ ပါတီဝင်တွေကို ဆက် သွယ် မေးမြန်း ထားပြီးပါပြီ။ ကျွန်းတွေပေါ်မှာရှိတဲ့ ရွာတွေကို လက်လှမ်းမီ သမျှ အကုန်မေးထား ပြီးပါပြီ။ ဒီသတင်း မှားနေပါတယ်။ ဒေသခံတွေတောင် ဘာမှမကြားရပါဘူး။ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်တင်တင်ရီ လည်း ဒီသတင်းကို သေသေချာချာ စုံစမ်းခိုင်း ထားပါတယ်။ ဖောက်ခွဲရေး သမားတွေ မိတယ်ဆိုတာ မဟုတ်ပါဘူး'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးက ပြောကြားသည်။

မြိတ်မြို့မ ရဲစခန်းမှလည်း အဆိုပါ သတင်းမှာ မဟုတ်မမှန်ကြောင်း၊ ဖောက် ခွဲရေး သမားများ ဖမ်းမိထားခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင်သတင်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံ စုံစမ်းမေးမြန်းသော်လည်း ဖောက်ခွဲရေး သမားများကို ဖမ်းမိသည်မှာ မဟုတ်ကြောင်း၊ သတင်းမှားယွင်း နေကြောင်း အတည်ပြု ပြောကြားခဲ့ သည်။ မြိတ်မြို့ နယ် အကြမ်းဖက်သမားဟု သံသယဖြစ်ဖွယ် အမျိုးသားသုံးဦးကို ဖမ်းမိပြီဟု သတင်းဖော်ပြခဲ့သည့် မြစ်မခ အွန်လိုင်း မီဒီယာသည် သတင်းအေဂျင်စီ တစ်ခုအဖြစ် သတင်းများ ပြန် လည် ရောင်းချကြောင်း သိရသည်။

Eleven Media Group
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းအား တွေ့ရစဉ်
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းအား တွေ့ရစဉ်
မြစ်မခမီဒီယာ ၀က်ဘ်ဆိုက်တွင် မြိတ်မြို့နယ် အကြမ်းဖက် သမားဟု သံသယဖြစ်ဖွယ် အမျိုးသား သုံးဦးကို ဖမ်းမိပြီဟု ဖော်ပြထားသည့် သတင်းမှာ မမှန်ကန်ကြောင်း သြဂုတ် ၂၆ ရက်က မြန်မာနိုင်ငံ ရဲဌာနချုပ် လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက The Daily Eleven သို့ ပြောပြသည်။

သံသယဖြင့် မှားယွင်းဖမ်းဆီး ခံရသူများက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော် တင်သွင်းခွင့် ရှိလာမည့် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်း

တရားရုံး အဆင့်ဆင့်မှ မှားယွင်းစွာ စီရင်ချက် ချမှတ်မှုကြောင့် နစ်နာ သည့် နိုင်ငံသားများ၊ အာဏာပိုင် အဖွဲ့အစည်းများက သံသယဖြင့်မှားယွင်း ဖမ်းဆီးချုပ်နှောင်ခံရသည့် နိုင်ငံသားများ အနေဖြင့် ပြည်ထောင် စု တရားလွှတ်တော်ချုပ်ထံ စာချွန်တော်တင်သွင်းခွင့်ရှိလာမည့် ၂၀၀၃ ခုနှစ် စာချွန်တော်အမိန့် လျှောက် ထားမှု ဆိုင်ရာ ဥပဒေကြမ်းကို သြဂုတ် ၂၆ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြန်လည်ကြားနာ အကြံပြုပြင်ဆင်ချက် များအတိုင်း အမျိုးသားလွှတ်တော် အတည်ပြု

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ၏ ပြန်လည်ကြားနာ အကြံပြု ပြင်ဆင်ချက်များ အတိုင်း သြဂုတ် ၂၆ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းသည် အသင်းအဖွဲ့များအပေါ် အစိုးရက အလုံးစုံ ထိန်းချုပ်မည့် ဥပဒေ တစ်ခုသာဖြစ်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံ၏ အသင်းအဖွဲ့ များဆိုင်ရာ ဥပဒေကြမ်းသည် နိုင်ငံတကာ လူ့အခွင့်ရေး အဆင့်အတန်းများနှင့် ကိုက်ညီခြင်း မရှိသည့်အပြင် အသင်းအဖွဲ့ များအပေါ် အစိုးရက အလုံးစုံ ထိန်းချုပ်ရန် ကြိုးစားထားသော ဥပဒေတစ်ခုသာ ဖြစ်သောကြောင့် ဂရုတစိုက် ပြန်လည်သုံးသပ် ရေးဆွဲခြင်း သို့မဟုတ် ပယ်ချခြင်း ပြုလုပ် သင့် သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။

မန္တလေးမြို့တွင် ပထမဆုံး အကြိမ်အဖြစ် အောက်တိုဘာ၂၅ ရက်၌ မီးပုံးပျံခရီးစဉ် စတင်မည်ဖြစ်ပြီး ပုဂံ၊ အင်းလေး၊ ပင်းတယ တို့တွင်လည်း ပျံသန်းရန်စီစဉ်

8.1.1
မန္တလေးတိုင်း ဒေသကြီးတွင် ပထမအကြိမ်အဖြစ် မီးပုံးပျံ ခရီးစဉ် ကို အောက်တိုဘာလ ကုန်ပိုင်းတွင် မီးပုံးပျံ ခြောက်လုံးဖြင့် စတင်ပျံသန်း စီးနင်းနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မိုးထိမိုးမိဒေသရှိ ရွှေလုပ်သား ၂၅၀၀ ကျော်အား အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ မိုင်းမြို့သို့ အပြီးပြောင်းရွှေ့ ခိုင်းမှုအပေါ် သတ္တုတွင်း ၀န်ကြီးဌာသို့ တိုင်ကြားမည်

မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း ခရိုင်အတွင်းရှိ ရွှေလုပ်သား ၂၅၀၀ ကျော်အား သြဂုတ် ၁၀ ရက် နောက်ဆုံးထားကာ အပြီးပြောင်းရွှေ့ ခိုင်းထားမှုအပေါ် ရွှေလုပ်သားများက သတ္တုတွင်း ၀န်ကြီးဌာန သို့ စာပေးပို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

iPhone အသစ်ဘာတွေ ထူးခြားမလဲ

Photo: iPhone အသစ်ဘာတွေ ထူးခြားမလဲ
Tuesday, August 27, 2013

အသစ်ထွက်ရှိလာတော့မည့် Iphone အသစ်မှာ ဘာထူးခြားတဲ့ Function နဲ့  Feature တွေ ပါလာမလဲ ဆိုတာ အတိအကျတော့ မသိသေးပါဘူး။

ဒါပေမဲ့ နီးစပ်ရာ ဖုန်း Developer အသိုင်းအ၀ိုင်းများ စကားအရ ပါရှိနိုင်တာလေးတွေကို Twitter ကနေ တဆင့် မျှဝေခဲ့တာကတော့..။

A7 Chip ကို အသုံးပြုထားတဲ့ အတွက် ယခင်အိုင်ဖုန်းတွေထက် အသုံးပြုရတာ ၃၁ရာခိုင်နှုန်း မြန်ဆန်ပါလိမ့်မယ်။ ဖုန်းရဲ့  Graphic ပိုင်းတွေ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်ဖို့  64-bit processor ကိုလည်း စမ်းသပ် အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ ၂၀၁၄ မှာ ထွက်ရှိမဲ့ A8 Chip ကျမှ အသုံးပြုနိုင် ဖို့  ပိုများပါတယ်။

အကယ်လို့  ၃၁ရာခိုင်နှုန်း ပိုပြီးမြန်တယ် ဆိုရင်တော့ လက်ရှိ အသုံးပြုရတာ မြန်တယ်လို့  နာမည်ကြီးနေကြတဲ့ LG, Samsung နဲ့  HTC တို့ ကို သာလွန်သွားတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ Apple ချစ်သူများကတော့ ဖုန်းရဲ့  ဘထ္ထရီအားကုန် မြန်တာကိုပဲ ပိုပြီး အလေးပေး ပြုပြင်စေချင်ကြတယ်လို့  သိရပါတယ်။
---
Ref:Tech News
Freddy ( MM Social Sky)
အသစ်ထွက်ရှိလာတော့မည့် Iphone အသစ်မှာ ဘာထူးခြားတဲ့ Function နဲ့  Feature တွေ ပါလာမလဲ ဆိုတာ အတိအကျတော့ မသိသေးပါဘူး။

နှစ်(၄၀) ပြည့်ပြီဖြစ်သော မိုဘိုင်းဖုန်း

Photo: နှစ်(၄၀) ပြည့်ပြီဖြစ်သော မိုဘိုင်းဖုန်း
Tuesday, August 27, 2013

လွန်ခဲ့သော ၁၉၇၃ ခုနှစ်နယူးယောက်မြို့တွင် Martin Cooper
မှ ကမ္ဘာပထမဦးဆုံး သော မိုဘိုင်းဖုန်း ကိုအများပြည်သူ ရှေ့တွင် ထုတ်ဖော်ပြသခေါ်ဆိုခဲ့သည်။

အဆိုပါဖုန်းသည် ၂.၅ ပေါင်လေးကာ ၁၀လက်မ အရှည်ရှိပြီး (၂၀)
မိနစ်သာအသုံးပြုနိုင်သည်။

၁၉၈၂ ခုနှစ်တွင် FCC ( ပြည်ထောင်စု ဆက်သွယ်ရေး အဖွဲ့)မှ အများပြည်သူအတွက် မှန်ကန်ထိရောက်သော ကွန်ယက်တွင် စတင်အသုံးရန်ခွင့်ပြုချက်ပြုခဲ့ကြောင်းသိရသည်။

၁၉၈၃ ခုနှစ်တွင် MTOROLA မှ DYNAC 8000X ကို ၃၉၉၅ ဒေါ်လာဖြင့်
စတင်ရောင်း ချခဲ့ (ယနေ့ပေါက်ဈေး မှာ ၈၀၀၀ဒေါ်လာခန့်ရှိမည် )သည်။ မိနစ် (၃၀ ) အသုံးပြုနိုင်ပြီး ၁၀နာရီ ကြာအောင် အားပြန်သွင်းရသည်။

ထိုအချိန်မှ စ၍ မိုဘိုင်းဖုန်းများသည် အဆင့်ဆင့်တိုးတက်လာကာ ယနေ့အချိန်တွင် အသုံးပြုမူများကို အောက်ပါအတိုင်းတွေ့နိုင်သည်။

(၁) လူ (၄) ဦးတွင် (၁)ဦးသည် မိနစ် (၃၀) အတွင်း မိမိ ဖုန်းကို အစဉ်စစ်ဆေးနေသည်။

(၂) စမတ်ဖုန်းပိုင်ရှင် လူ (၅)ဦးတွင် (၄)ဦးသည် (၁၅) မိနစ်အတွင်း မိမိဖုန်းကို အစဉ်စစ်ဆေးသည်။

(၃) ယနေ့မျက်မှောက် ခေတ်တွင် သာမန်ဖုန်းပြောဆိုမူ သည် (၁၆)% နှင့် E-mail ၊ ဆိုရှယ် ဆိုက်များနှင့် စာတိုပို့ရာတွင် သုံးပြုနူန်း (၈၄)% ရှိနေပြီဖြစ်သည်။

(၄)အမေရိကန်တွင် ၂၀၁၂ ခုနှစ်တွင် (၁၅၅.၁သန်း ၊ ၄၉.၄% ) ၊ ၂၀၁၃ ခုနှစ်တွင် (၁၈၁.၄သန်း ၊ ၅၇.၃%) အထိရှိနေပြီး လာမည့် ၂၀၁၇ ခုနှစ်တွင်
( ၂၂၂.၄သန်း ၊ ၆၇.၈%) သော မိုဘိုင်းဖုန်းအသုံးပြု သူများတိုးတက်
လာနိုင်ကြောင်း သိရသည်။

ref: mashable.com
ကချင်း ( MM Social Sky )
လွန်ခဲ့သော ၁၉၇၃ ခုနှစ်နယူးယောက်မြို့တွင် Martin Cooper မှ ကမ္ဘာပထမဦးဆုံး သော မိုဘိုင်းဖုန်း ကို အများပြည်သူ ရှေ့တွင် ထုတ်ဖော်ပြသခေါ်ဆိုခဲ့သည်။

ကုလရုံး အမေရိကန်အစိုးရ ထောက်လှမ်းတာကို ကုလဝေဖန်

Photo: ကုလရုံး အမေရိကန်အစိုးရ ထောက်လှမ်းတာကို ကုလဝေဖန်
Tuesday, August 27, 2013

အမေရိကန်အစိုးရအနေနဲ့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားရှိတယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်ပြီးနောက် ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံအသီးသီးက သံတမန်တွေ အသုံးပြုတဲ့ ဌာနချုပ်အပေါ် လေးစားမှုပြုဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တဲ့ အမေရိကန်
ဗဟို ထောက်လှမ်းရေ အမှုထမ်းဟောင်း Edward Snowden
အမေရိကန် ဗဟိုထောက်လှမ်းရေး CIA အမှုထမ်းဟောင်း Edward Snowden ကနေ ဖော်ထုတ်လိုက်တဲ့ လျို့ဝှက်ချက်တွေအရ အမေရိကန်အစိုးရရဲ့ ထောက်လှမ်းမှုကို ကုလသမဂ္ဂ သိခဲ့ရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အမေရိကန်အစိုးရဌာနနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်
သွားမယ်လို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

နိုင်ငံတကာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ကို ကာကွယ်ဖို့
နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ နိုင်ငံတကာ ဥပဒေမှာ ဖော်ပြ
ခဲ့ပြီးသားဖြစ်တဲ့အတွက် နိုင်ငံတိုင်း လိုက်နာမှု ပြုသင့်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အမေရိကန်အစိုးရဟာ ကုလသမဂ္ဂဌာနချုပ်ရုံးသာမက ဥရောပသမဂ္ဂ အီးယူရဲ့ ရုံးမှာပါ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားရှိတယ်ဆိုတာကို စီအိုင်အေ အမှုထမ်းဟောင်း Edward Snowden က ဖော်ထုတ်
လိုက်ပြီးနောက် အမေရိကန်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။

ABC
အမေရိကန်အစိုးရအနေနဲ့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက် ထားရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံအသီးသီးက သံတမန်တွေ အသုံးပြု တဲ့ ဌာနချုပ်အပေါ် လေးစားမှုပြုဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံသားမဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် အာဏာရပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် အများစု မထောက်ခံသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး ထောက်ခံ၍ လွှတ်တော်၌ဆွေးနွေးမည်

Photo: နိုင်ငံသားမဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် အာဏာရပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် အများစု မထောက်ခံသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး ထောက်ခံ၍ လွှတ်တော်၌ဆွေးနွေးမည်
Tuesday, August 27, 2013

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို
ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၌ လက်ခံဆွေးနွေး
ရန် သြဂုတ် ၂၆ ရက်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာတွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် အများစု ထောက်ခံခြင်း မပြုဘဲ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အားလုံးက ထောက်ခံခဲ့ပြီး ထောက်ခံမဲ ၁၀၇ မဲ ရရှိကာ သတ်မှတ်ချက်ထက် ကျော်လွန်သဖြင့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် လွှတ်တော်၌ ဆုံးဖြတ်ခဲ့သည်။

သြဂုတ် ၂၃ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ယင်းဥပဒေကြမ်းအား ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် တစ်ဦးမှ ထောက်ခံခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အနေဖြင့် လက်ခံဆွေးနွေးရန် သင့်မသင့် သဘောထား တောင်းခံရာတွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် (၁၂) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် လွှတ်တော်၌ ကိုယ်စားလှယ် မစုံလင်သည့်အတွက် မဲခွဲမည့်ရက်အား ရွှေ့ဆိုင်းခဲ့ပြီး သြဂုတ် ၂၆ ရက်၌ ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မဲခွဲခြင်း အစီအစဉ်အား မတ်တတ်ရပ် အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ် အားလုံး၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အနည်းစုကသာ ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၁၀၇ မဲ ရရှိကာ သတ်မှတ်ချက်ထက် ကျော်လွန်သဖြင့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။

''စဉ်းစားဆွေးနွေး သင့်တယ်လို့ ယူဆတဲ့ ဥပဒေတစ်ရပ်ဖြစ်လို့ ထောက်ခံခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထောက်ခံကန့်ကွက်ရာမှာ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်း မကြည့်ဘဲ နိုင်ငံတော်အတွက် အကျိုးပြုမယ်လို့ ယူဆတဲ့ အမျိုးသား နိုင်ငံရေး အမြင်နဲ့ပဲ အမြဲကြည့်ပါတယ်။ အခုဆုံးဖြတ် တာကလည်း ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုတာ မဟုတ်သေးပါဘူး။ ဆွေးနွေးစဉ်းစားဖို့ ဆုံးဖြတ်တာပါ။ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကို နားထောင်ရပါဦးမယ်။ လိုအပ်ရင်လည်း ပါဝင်ဆွေးနွေးသင့်ရင် ဆွေးနွေးရမှာပေါ့'' ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က The Daily Eleven သို့ ပြောကြားသည်။

စဉ်းစားဆွေးနွေး သင့်တယ်လို့ ယူဆတဲ့ ဥပဒေတစ်ရပ်ဖြစ်လို့ ထောက်ခံခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထောက်ခံကန့်ကွက်ရာမှာ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်း မကြည့်ဘဲ နိုင်ငံတော်အတွက် အကျိုးပြုမယ်လို့ ယူဆတဲ့ အမျိုးသား နိုင်ငံရေး အမြင်နဲ့ပဲ အမြဲကြည့်ပါတယ်။ အခုဆုံးဖြတ် တာကလည်း ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုတာ မဟုတ်သေးပါဘူး။ ဆွေးနွေးစဉ်းစားဖို့ ဆုံးဖြတ်တာပါ။ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကို နားထောင်ရပါဦးမယ်။ လိုအပ်ရင်လည်း ပါဝင်ဆွေးနွေးသင့်ရင် ဆွေးနွေးရမှာပေါ့...


''အဲဒီဥပဒေကြမ်းက အခုတင်လာတာက တစ်ဦးချင်း (Individual Bill) ခေါ်တာပေါ့။ တစ်ဦးချင်းတင်တဲ့ Bill ခေါ်တာပေါ့။ နိုင်ငံရေးပါတီ ဥပဒေကြမ်း ဆိုတာက ကော်မရှင်ရဲ့ သဘောထားတို့ ဘာတို့ညာတို့ ရှိသေးတယ်လေ။ အဲဒီလိုဆိုတဲ့ အခါကြတော့ ရုတ်တစ်ရက် ချက်ချင်းကြီးကို ပုဂ္ဂလိက တစ်ဦးချင်း အနေနဲ့ တင်တာကို ချက်ချင်းသဘောတူလို့ မှန်တယ် မှားတယ်ဆိုတာ ဆုံးဖြတ်ဖို့ တော်တော်ခက်တယ်လေ။ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ သူကဆိုထား လို့ရှိရင်လည်း အခြေခံ ဥပဒေနဲ့ ကိုက်ညီတယ်။ မကိုက်ညီဘူး ဆိုတာကလဲ အခြေခံဥပဒေ ခုံရုံးကသာလျှင် အဆုံးအဖြတ် ပြုနိုင်မှာ ဖြစ်တယ်။ အဲဒါကြောင့် အချိန်ယူပြီးတော့ စဉ်းစားသင့်တဲ့ ပြဿနာလို့ မြင်ပြီးတော့ ထောက်ခံတုန်းက မထောက်ခံခဲ့တာ။ ဒါအချိန်ယူသင့်တယ်။ အချိန်ယူသင့်တယ် ဆိုတာက သေချာဆွေးနွေးပြီး ညှိနှိုင်းသင့်တယ်လို့ မြင်တယ်။ အဲဒီတော့ လွှတ်တော် ဥက္ကဋ္ဌကလည်း ဒါကို ဥပဒေကြမ်း လေ့လာစိစစ် တင်ပြဖို့ ပြောလိုက်တဲ့ အခါကျတော့ ဒါသေသေချာချာ ပြန်စိစစ်သွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ တစ်ဖက်က ကြည့်လို့ရှိရင် နိုင်ငံရေးပါတီ ဥပဒေဆိုတာ အရေးကြီးတယ်။ အရေးကြီးတဲ့ အတွက် ဒါကိုအလောသုံးဆယ် ပြင်ဖို့လည်း ချက်ချင်းကြီး မြန်မြန်ဆန်ဆန်ကြီး သွားပြင်ဆင်လိုက်လို့ ရှိရင်လည်း မှားသွားရင် ဒုက္ခရောက်သွား နိုင်တယ်။ အဲဒါကြောင့်မို့ ပြင်ဆင်ဖို့ တင်တဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ သို့သော်လည်း သူ့ရဲ့ တင်ပြချက်ကိုတော့ ကျွန်တော်တို့က သေချာစဉ်းစားပြီးမှ ထောက်ခံသင့်ရင် ထောက်ခံမယ်။ ကန့်ကွက်သင့်ရင် ကန့်ကွက်သွားမယ်'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။

''ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ သဘောတူ နိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ဒီဥပဒေကြမ်းက အရေးကြီးလို့ပါ။ နိုင်ငံသား တရားဝင် မဖြစ်သေးဘဲ ပါတီတည်ထောင်ခွင့်တို့၊ မဲပေးခွင့်တွေ ရှိတယ်ဆိုတာ တွေကို ပြင်ရမှာပါ။ နိုင်ငံသား မဟုတ်သေးဘဲ ဒို့တာဝန် အရေးသုံးပါး လိုက်နာမယ်လို့ ဘယ်လောက်ပြောပြော ယုံကြည်လို့ မရနိုင်ဘူး'' ဟု ဥပဒေကြမ်းအား တင်သွင်းခဲ့သူ ဒေါက်တာအေးမောင်က ပြောကြားသည်။

''နိုင်ငံသား မဖြစ်သေးသူများဟာ မွေးရာပါ နိုင်ငံသား၊ တိုင်းရင်းသားများကဲ့သို့ ဒို့တာဝန် အရေးသုံးပါးဖြစ်တဲ့ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ ဦးတည်ချက်၊ နိုင်ငံ့သစ္စာကို စောင့်သိ ရိုသေခြင်းဆိုတဲ့ အချက်တွေကို စဉ်းစားချင့်ချိန် ကြည့်ရုံနဲ့ ဘယ်လောက်ထိ အာမခံချက် ရှိနိုင်မလဲ။ နိုင်ငံသား မဖြစ်သေးတဲ့ သူတွေက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ကျေးဇူးသစ္စာကို စောင့်သိရိုသေ မလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ အဲဒါကြောင့် နိုင်ငံရေး ပါတီများ၏ အမျိုးသားမူဝါဒ ရည်မှန်းချက်များဟာ အင်မတန် အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ကျွန်တော်တို့ အမျိုးသား စီးပွားအကျိုးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် အင်မတန်ကို ဦးတည်ချက် ခိုင်ခိုင်မာမာရှိဖို့ လိုအပ်တယ် ဆိုတာကို ထပ်လောင်းတင်ပြ ချင်ပါတယ်။ ပါတီတည်ထောင် လိုသူများ၊ တည်ထောင်သူများ၊ ပါတီဝင်များဟာ ပြည်ထောင်စု အမျိုးသား သစ္စာရှိမှု အမြင့်ဆုံး အဆင့်မှာရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မွေးရာပါ နိုင်ငံသား မဟုတ်ရင်တောင်မှ ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ အနိမ့်ဆုံးဖြစ်ရန် လိုအပ်ပါတယ်'' ဟု ဥပဒေကြမ်း တင်သွင်းစဉ် ဒေါက်တာအေးမောင်က ပြောကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) တွင် ပါရှိသော ''နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း'' ဆိုသည့် စကားရပ်အစား ''နိုင်ငံသားဖြစ်ခြင်း'' ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပုဒ်မ ၅ ပုဒ်မခွဲ (ဃ) တွင် ပါရှိသော ''ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သောပါတီ တည်ထောင် လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့ သက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသား မှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ် အမှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ်အမှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်အမှတ်'' ဆိုသည့် စကားရပ်အစား ''ပုဒ်မ ၄ ပါအချက်များနှင့် ညီညွတ်သော ပါတီတည်ထောင် လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်'' ဟု ပြင်ဆင်သင့်ကြောင်းနှင့် ပုဒ်မ ၁၀ ပုဒ်မ ခွဲ (က) တွင် ပါရှိသော ''နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း''ဆိုသည့် စကားရပ်အစား ''နိုင်ငံသားဖြစ်ခြင်း'' ဟု ပြင်ဆင်သင့်ကြောင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

''ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့ သူတွေနဲ့ အရွေးခံနိုင်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၆၉ (က) အရ နိုင်ငံသားများသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ် မ ၃၄၅ (က)၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)၊ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့တွင် မည်သူတို့သည် နိုင်ငံသား ဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေး ပါတီများ ထူထောင်ခြင်းဟာ နိုင်ငံသားများနဲ့သာ သက်ဆိုင်တာကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်စေ၊ အခြားတည်ဆဲဥပဒေများနဲ့ဖြစ်စေ ညီညွတ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်'' ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

မည်သည့် နိုင်ငံတွင်မှ မရှိသည့် ယာယီ သက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင် ထားသူများကို မဲပေးခွင့်၊ ပါတီတည်ထောင်ခွင့် ပြုခြင်းဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည်အထိ ဖြစ်စေနိုင်သည်ဟု နယ်ပယ်အသီးသီးမှ ဝေဖန်ထားသည်။

အဆိုပါ ၀ှိုက်ကတ်များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင်စစ်အစိုးရ လက်ထက်က ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူဦးရေ ငါးသိန်းကျော် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ၀ှိုက်ကတ်ကိုင်ဆောင် ထားသူများကို မဲပေးခွင့်ပြုခဲ့ပြီး ယင်းဒေသများ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များ အနိုင်ရရှိခဲ့ရာ လက်ရှိတွင် ၎င်းတို့အား နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်ဆေးမှုများ ရှိနေကြောင်း သိရသည်။

Eleven Media Group
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား

မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ဟု မြို့ခံများသုံးသပ်

Photo: မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ဟု မြို့ခံများသုံးသပ်
Tuesday, August 27, 2013

မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ် ဖြစ်ကြောင်း မြို့ခံများက သုံးသပ်ပြောကြားသည်။

မန္တလေးမြို့တွင် စိတ်ကို ပြောင်းလဲစေသော မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများမှာ လူနေရပ်ကွက် များအတွင်း ထင်သာမြင်သာစွာဖြင့် တွင်တွင်ကျယ်ကျယ် ပြုလုပ်နေခြင်းနှင့် မန္တလေး-မူဆယ်လမ်းပိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေး မီးရထား လမ်းပိုင်းနှင့် ကလေး-တမူး လမ်းပိုင်းများမှ ၀င်ရောက်လျက်ရှိသော မူးယစ်ဆေးဝါးများကို လစဉ်ကဲ့သို့ ဖမ်းဆီးရမိသော်လည်း ထိန်းချုပ်ရန ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။

မန္တလေး-မူဆယ် လမ်းပိုင်းတွင် Mobile Team အဖွဲ့ဖြင့် တရုတ်နယ်စပ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တစ်ဆင့် တရားမ၀င် ပစ္စည်းဝင်ရောက်မှုကို ဟန့်တားစစ်ဆေး နေသော်လည်း အဆိုပါ လမ်းကြောင်းတွင် ရှောင်ကွင်းလမ်းများစွာ ရှိနေသဖြင့် ထိန်းချုပ်ရန် ခက်ခဲကြောင်း၊ ထို့အတူ ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုများ ရှိနေသဖြင့် Mobile Team အဖွဲ့များအား ဆိုင်ကယ် ကယ်ရီများကို ကြပ်မတ်ဆောင်ရွက်ရန် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ''ဆိုင်ကယ် ကယ်ရီတွေကို သတိထားပြီး ကြပ်မတ်ပေးဖို့ လိုပါတယ်။ မူးယစ်ဆေးဝါး သယ်တယ်။ ရှမ်းမြောက်မှာတုန်းက လက်နက် အစိတ်အပိုင်း သယ်တာရှိတယ်။ ဂိုဏ်းဆန်ဆန် ဖြစ်လာတာ တွေရှိတယ်''ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းသော Mobile Team အဖွဲ့လုပ်ငန်း တာဝန်လွှဲပြောင်းပွဲတွင် ပြောကြားသည်။

ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု မြင့်တက်လာမှု နောက်ကွယ်တွင် အစိုးရထိပ်တန်း ပုဂ္ဂိုလ်များ ပါဝင်မှုရှိနေ၍ ဖြစ်သည်ဟု ပြောကြားထားသည်။

''သင်ပန်းကုန်းကွက်သစ် ညညအကွက်မှာဆိုရင် အထက်တန်းကျောင်းသား အရွယ်ကလေးတွေပါ မူးယစ်ဆေး သုံးစွဲမှုတွေ ရှိနေတာကို တွေ့ရတယ်။ ကျွန်တော်က ဒီရပ်ကွက်ထဲမှာနေပြီး မမြင်ချင်မှ အဆုံးပါ။ ရှစ်တန်းကိုးတန်း ကျောင်းသားအရွယ် တွေတောင်ပါပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ရောင်းတဲ့အိမ်မှာပဲ သုံးစေပြီး အပြင်ကို ပေးမထုတ်ပါဘူး။ ဒါ့ပြင် ရဲကို တိုင်ကြားတဲ့အခါ ရပ်ကွက်ထဲ လူစိမ်းရောက် လာပြီဆိုတာနဲ့ အားလုံးလက်စ ဖျောက်ပြီးသားပါ။ ဘယ်လောက်ထိ ဆိုးလည်းဆိုရင် အဲဒီရပ်ကွက်မှာ မူးယစ်ဆေးဝါး ဖြတ်ပေးတဲ့ တရားမ၀င် ဆေးခန်းတောင် ရှိပါတယ်။ မူးယစ်ဆေးကတော့ ဈေးပေါတာရော မပေါတာရော အစားစားကို လက်ခံရောင်းချ ပေးနေတာဖြစ်ပြီး လမ်းတစ်လမ်းမှာဆိုရင် ရောင်းတဲ့အိမ် ငါးအိမ်ခြောက်အိမ် လောက်ရှိတယ်'' ဟု ညညရပ်ကွက်တွင် နေထိုင်သူ ဦးမင်းလွင်က ဆိုသည်။

ချမ်းအေးသာစံ မြို့နယ်မှ သင်ပန်းကုန်း ကွက်သစ်သို့ ပြောင်းရွှေ့လာသူ မိခင်တစ်ဦးကလည်း ''ဒီဘက်ကို ပြောင်းလာတာ ၆ လ မပြည့်သေးဘူး။ ဒါပေမဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရပ်ကွက်ထဲက မူလတန်း ကျောင်းသားအရွယ် ကလေးတွေကို သယ်ပို့ဖို့ မုန့်ဖိုးပေး ခိုင်းစေနေတာကို သိရတယ်။ ကလေးတွေကလည်း ဒါကိုအသားကျ နေပုံပါပဲ။ ကျွန်မတို့ စီးပွားရေး အခြေအနေအရ အိမ်ရောင်းပြီး ဒီဘက်ပြောင်းလာတာ နောက်ထပ် တခြားပြန်ပြောင်း ချင်ပါပြီ။ ကိုယ့်ကလေးတွေအတွက် စိတ်ပူရလို့ပါ''ဟု ပြောကြားသည်။

မန္တလေးမြို့ ဧရာဝတီမြစ်ဆိပ် ကမ်းနားလမ်းရှိ ကျွဲစွန်းရပ်(အရပ်အခေါ် ကန်ဘောင်) နှင့် သမန်းကုန်းမြို့ သစ်ရပ်တို့မှာ မူးယစ်ဆေးဝါး
 ရောင်းဝယ်မှုများနှင့် ပတ်သက်၍ နာမည်ကျော် လူသိများသည့် နေရာ
များဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

မန္တလေးမြို့တွင် လွန်ခဲ့သည့် တစ်လကျော် အတွင်းက သိန်းပေါင်းများစွာ တန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို အေးရိပ်ငြိမ်သုသာန် (ယခင်ကြာနီကန် သုသာန်)၌ လာရောက်စွန့်ပစ် ဖျက်ဆီးသည့် ဖြစ်စဉ်ရှိ
ခဲ့သည်။

''မူးယစ်ဆေးဝါး ရောင်းချမှုတွေမှာ ရဲဝန်ထမ်းတွေပါ ပါဝင်ပတ်သက် နေတယ်ဆိုတာ သတင်းရလို့ မန္တလေးတက္ကသိုလ် ၀န်းကျင်မှာ လိုက်လံစုံစမ်းပြီးတော့ တစ်ခါ ဖမ်းဆီးရမိဖူးတယ်။ နောက်ပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် မှုခင်းကျဆင်းရေး ဆိုပြီးစီမံချက်နဲ့ ဇွန်လကစတင် လှည့်ကင်း လှည့်လည် စစ်ဆေးခဲ့ပါတယ်။ စတင်စစ်ဆေး စဉ်ကတော့ တစ်နေ့ကို အမှုပေါင်း ၅၀ ကျော် လောက်မိတယ်။ အဲဒီနေရာတွေက မြစ်တစ်ဖက်ကမ်းနဲ့ ပျံကျတွေ၊ အခြေနေမဲ့ တွေများတဲ့အတွက် မူးယစ်ဆေးတင် မကဘဲ ခိုးဆိုးနှိုက် အပါအ၀င် ဒုစရိုက် အများစုရှိတဲ့ နေရာတွေကိုတော့ အချိန်ပေးပြီး ဆောင်ရွက်ရမှာပါ။ ချက်ချင်းကြီး ကင်းရှင်းသွားဖို့ မဖြစ်နိုင်ဘူး''ဟု အငြိမ်းစား ရဲမှူးတစ်ဦးက ပြောကြားသည်။

eleven media group
မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ် များသည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ် ဖြစ်ကြောင်း မြို့ခံ များက သုံးသပ်ပြောကြားသည်။

Monday, 26 August 2013

ပင်းတယမှ ရှေးဟောင်း ၈၄ဝဝဝ ဘုရား

ပင်းတယမှ ရှေးဟောင်း  ၈၄ဝဝဝ ဘုရား
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့သို့ မြန်မာနိုင်ငံအတွင်း ဘုရားဖူး

ဒီမိုကရေစီ ကျင့်စဉ် နှင့်အညီ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေ

ဒီမိုကရေစီ ကျင့်စဉ် နှင့်အညီ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေ
ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မှ လေကြောင်း ခရီးဖြင့် ထွက်ခွာခဲ့ရာ လားရှိုးမြို့သို့ ရောက်ရှိပြီး ခရိုင်မီးသတ် ဦးစီးဌာန၌ ပြုလုပ်သည့် မီးသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ကာ မီးသတ် ယာဉ် များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

မုံရွာမြို့တွင်Handset အရောင်းဆိုင် တချို့ Handset ဝယ်ယူသူတိုင်းကို Memory Card လက်ဆောင်ပေး

မုံရွာမြို့တွင်Handset အရောင်းဆိုင် တချို့ Handset ဝယ်ယူသူတိုင်းကို Memory Card လက်ဆောင်ပေး
မြန်မာနိုင်ငံတွင်း လူတန်းစား အားလုံး တစ်ပြေးညီ လက်ကိုင်ဖုန်းများ လွတ်လပ်စွာ အသုံးပြု လာနိုင်သည့် ကာလတွင် မုံရွာမြို့ပေါ်ရှိ ဖုန်းအရောင်းဆိုင်တချို့မှာ ဖုန်းတစ်လုံး ဝယ်ယူသူတိုင်း ကို  မေတ္တာ လက်ဆောင် အဖြစ် Memory Card များ တုံ့ပြန်ပေး လျက် ရှိကြောင်း LG –Lank ကွန်ပျူတာနှင့် ဖုန်းပစ္စည်း အရောင်းစင်တာ ပိုင်ရှင် ဒေါ်နိုင်နိုင်မော် က  ပြောပြခဲ့ သည်။

မြန်မာ့ ရွှေဈေးတက်သော်လည်း အရောင်းအဝယ် ကောင်းသည်ဟုဆို

ကမ္ဘာ့ရွှေဈေး တက်၍ မြန်မာ့ရွှေဈေး တက်သော်လည်း ရွှေရောင်းသူများမှာ ဆက်လက်၍ အရောင်း အဝယ် ကောင်းလျက် ရှိကြောင်း မြန်မာ့ရွှေ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အသိပေးချက်များ လိုက်နာခြင်း မရှိသည့်ကျောက်မျက်ဆိုင်များ ကျောက် မျက် ရတနာ ဥပဒေ နည်းဥပဒေများဖြင့် အရေးယူခြင်း ခံရမည်

အသိပေးချက်များ လိုက်နာခြင်း မရှိသည့်ကျောက်မျက်ဆိုင်များ ကျောက်မျက် ရတနာ ဥပဒေ နည်းဥပဒေများဖြင့် အရေးယူခြင်း ခံရမည်
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသော အသိပေးချက်များကို လိုက် နာခြင်းမရှိပါက မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြော ကြားခဲ့သည်။

တနင်္သာရီ မြစ်ရေ ဒုတိယအကြိမ် မြင့်တက်

တနင်္သာရီ မြစ်ရေ ဒုတိယအကြိမ် မြင့်တက်
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အတွင်း သြဂုတ် ၂၁ ရက်မှ စတင်၍ မိုးသက်လေပြင်းများ တိုက် ခတ်ပြီး မိုး သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းဖျား မြစ်ရေကြီးကာ တနင်္သာ ရီ မြစ်ရေ ဒုတိယ အကြိမ် မြင့်တက် လာခဲ့ကြောင်း သိရသည်။