Monday 26 August 2013

တနင်္သာရီ မြစ်ရေ ဒုတိယအကြိမ် မြင့်တက်

တနင်္သာရီ မြစ်ရေ ဒုတိယအကြိမ် မြင့်တက်
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အတွင်း သြဂုတ် ၂၁ ရက်မှ စတင်၍ မိုးသက်လေပြင်းများ တိုက် ခတ်ပြီး မိုး သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းဖျား မြစ်ရေကြီးကာ တနင်္သာ ရီ မြစ်ရေ ဒုတိယ အကြိမ် မြင့်တက် လာခဲ့ကြောင်း သိရသည်။
မြစ်ရေသည် သြဂုတ် ၂၃ ရက်၊ ၂၄ ရက်ထိ မြင့်တက်လာပြီး မြစ်ချောင်း တစ်လျှောက်ရှိ ကျေးရွာ များ ရေ လျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ တနင်္သာရီ မြို့နယ် ညောင်ပင်ကွင်းရွာ၌ သြဂုတ် ၃ ရက်က တနင်္သာရီ မြစ်ရေ ကြီးမြင့်ခဲ့သည့် ရေချိန်မီရန် ၃ ပေခန့်သာ လိုတော့ကြောင်း သိရှိရသည်။

မြ၀တီ

No comments:

Post a Comment