Monday 26 August 2013

အသိပေးချက်များ လိုက်နာခြင်း မရှိသည့်ကျောက်မျက်ဆိုင်များ ကျောက် မျက် ရတနာ ဥပဒေ နည်းဥပဒေများဖြင့် အရေးယူခြင်း ခံရမည်

အသိပေးချက်များ လိုက်နာခြင်း မရှိသည့်ကျောက်မျက်ဆိုင်များ ကျောက်မျက် ရတနာ ဥပဒေ နည်းဥပဒေများဖြင့် အရေးယူခြင်း ခံရမည်
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသော အသိပေးချက်များကို လိုက် နာခြင်းမရှိပါက မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြော ကြားခဲ့သည်။

ကျောက်မျက်ရတနာဆိုင်များသည် ကျောက်မျက်ရတနာ အတုများ၊ ချက်ကျောက်များ၊ ဓာတ်ရောင်ခြည်ဖြင့် ပြုပြင်ထားသော ကျောက်များ ၊ ဆေးဆိုး ပြုပြင်ထားသော ကျောက်များဖြင့် ပြုလုပ် ထားသော   ရတနာပစ္စည်းများအပြင် ကျောက်စီ၊  ကျောက်ကပ် ပန်းချီကားများကိုလည်း   သဘာဝ တွင်း ထွက် ကျောက်များကိုသာသုံး၍ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် နေပြည်တော် မြန်မာ့ကျောက် မျက်ရတနာ ပြတိုက်  ရတနာဈေးရှိ ကျောက်မျက်ရတနာဆိုင် များကို တားမြစ်ချက်များ ထုတ်ထားကြောင်း သိရသည်။

''နိုင်ငံခြားက လေ့လာသူတွေ၊ ဝယ်ယူသူတွေ မြန်မာ့ ကျောက်မျက် ရတနာနဲ့   ကျောက်မျက် ရတနာ ပွဲတွေကို  အထင်အမြင် လွဲမှား စေနိုင်တာကြောင့် ဒီလိုလုပ်ဆောင်ရခြင်း  ဖြစ်ပါတယ်။ ဈေးကွက် စီးပွားရေးစနစ် ပီပြင်လာချိန်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအရောင်းအဝယ်ကိစ္စတွေမှာ အမြင် လွဲမှားမှု မရှိစေရေးက လုပ်ကိုင် နေသူတွေပေါ်မှာ မူတည်နေပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

ရန်ကုန်မြို့ရှိ ကျောက်စီ၊ ကျောက်ကပ် ပန်းချီကားများ ရောင်းချနေမှုတွင် အပူပေး ကျောက်များ ပါဝင်မှု ရှိနေ ကြောင်း၊ ယင်းပန်းချီကားများ ရောင်းချမည်ဆိုပါက  ဝယ်သူကို အသိပေး ရောင်းချခြင်းမျိုး လုပ်ဆောင် ရမည် ဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံမှ ထွက်ရှိသော ကျောက်မျက်ရတနာ အချောထည်များ ကို နိုင်ငံခြား ဧည့်သည်များ ယုံကြည်စွာ ဝယ်ယူနိုင်စေရေး အတွက် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၂-၂ဝ၁၃   ခုနှစ်အတွင်း ကျောက်စိမ်း အပါအဝင်  သတ္တုနှင့် ကျောက် မျက် ရတနာ တင်ပို့မှုပမာဏ သည် အမေရိကန် ဒေါ်လာ ၄၄၉ သန်း ကျော် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment