Monday 26 August 2013

မြန်မာ့ ရွှေဈေးတက်သော်လည်း အရောင်းအဝယ် ကောင်းသည်ဟုဆို

ကမ္ဘာ့ရွှေဈေး တက်၍ မြန်မာ့ရွှေဈေး တက်သော်လည်း ရွှေရောင်းသူများမှာ ဆက်လက်၍ အရောင်း အဝယ် ကောင်းလျက် ရှိကြောင်း မြန်မာ့ရွှေ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မြန်မာ့ရွှေဈေးသည် ယခင်က ၁၆ ပဲရည်  တစ်ကျပ်သားလျှင်  ငွေကျပ် ၆၈ဝဝဝဝ ဝန်းကျင်ရှိရာ ယခုလ အတွင်း ခုနစ်သိန်းဝန်းကျင် တက်လာခြင်းကြောင့် မြန်မာ့ရွှေဈေးများ ဆက်လက်တက်လာနိုင်ဖွယ် ရှိကြောင်းနှင့် ကမ္ဘာ့ ရွှေဈေးအတိုင်း ဈေးနှုန်းသတ်မှတ်ထားခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များအသင်းမှ အမှုဆောင် တစ်ဦးက ပြောကြားခဲ့သည်။

''ရွှေဈေးကအခုချိန်ထိ တက်နေသေးတော့ ပြန်ကျဖို့ အလားအလာမရှိသေးဘူး။ နောက်တစ် လလောက် နေမှ ဈေးကျမယ်လို့တော့ ယူဆတာပဲ''ဟု ၎င်းက ပြောကြားခဲ့သည်။ မြန်မာ့အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်ခုနစ်သိန်း ကျော်ခန့်ရှိပြီး  ဆက်လက်၍ ဈေးတက်မည့် အနေအထား ရှိကြောင်းနှင့် ပွင့်လင်းရာသီ အထိ  ရွှေဈေးနှုန်း မြင့် တက်နိုင်သည်ဟု ရွှေအရောင်း တာဝန်ခံ တစ်ဦးက သုံးသပ် ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment