Monday 26 August 2013

ပင်းတယမှ ရှေးဟောင်း ၈၄ဝဝဝ ဘုရား

ပင်းတယမှ ရှေးဟောင်း  ၈၄ဝဝဝ ဘုရား
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့သို့ မြန်မာနိုင်ငံအတွင်း ဘုရားဖူး
ရဟန်းရှင်လူများနှင့် ပြည်ပခရီးသွားများ ဒေသအသီးသီးမှလာရောက်၍ ဘုရားဖူး လေ့လာလျက် ရှိကြရာ ရွှေဥမင် သဘာဝလိုဏ်ဂူ၊ ကုံလုံဆရာတော် ကျောင်းတိုက်များသို့ လာရောက် ဖူးမြော်ကြပြီး ယင်းဘုရား၊ ပုထိုးတော်များ ထဲတွင် ၈၄ဝဝဝ ဘုရားမှာလည်း တစ်ခု အပါအဝင် ဖြစ်ပေသည်။

အဆိုပါ ဘုရားကို ၈၄ဝဝဝ ဘုရားဟု ခေါ်တွင်ရခြင်းမှာ စေတီတော် အတွင်း တည်ထားကိုးကွယ်သော ဗုဒ္ဓ ရုပ်ပွားတော်များမှာ ၈၄ဝဝဝ ရှိသောကြောင့်ဖြစ်သည်။ ၈၄ဝဝဝ ဘုရားတွင် အလယ်၌ တည်ထား ကိုးကွယ် သော စေ တီတော်ကို ကရင်မ ငွေခဲတောင် စေတီဟု အမည်တွင်၍ နှစ်ပေါင်း ၉ဝ ကြာမြင့်ပြီ ဖြစ်ကြောင်း ၈၄ဝဝဝ ဘုရားမှ ဆရာတော် တစ်ပါး၏ မိန့်ကြားချက် အရ သိရသည်။ စေတီတော် ကြီး များ၏ ပတ်ပတ်လည် တွင် ဗုဒ္ဓရုပ်ပွားတော် ပုံစံတူများဖြင့် ဝန်းရံတည်ထားပြီး အရှေ့တောင်ဘက် ခပ်လှမ်းလှမ်းတွင် အောက်သို့ ဆင်းသွားရသော ဥမင်လိုဏ်ခေါင်း တစ်ခုရှိကာ ထိုလိုဏ်ဂူတော် အတွင်း၌ ဗုဒ္ဓရုပ်ပွားတော်များလည်း ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment