Saturday, 28 July 2012

အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်အဆင့်တွင် စာသင်နှစ်များ မူလကထက် တစ်နှစ်စီထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့တွင်လည်း လက်ခံနိုင်မည့် ကျောင်းသားဦးရေ လျှော့ချထားကာ ၀င်ခွင့်လျှောက်ထားနိုင်ခွင့်ရှိသည့် အခြေခံ ကြမ်းခင်း ရမှတ်များကိုလည်း တိုးမြှင့်သတ်မှတ်

အဆင့်မြင့် ကဏ္ဍ တက္ကသိုလ် အဆင့်တွင် ယခုပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်များ မူလကထက် တစ်နှစ်စီ ထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ လက်ခံနိုင်မည့်
 ကျောင်းသားအရေအတွက်ကိုလည်း ယခင်နှစ်ကထက် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

ရွှေတိဂုံ စေတီတော်တွင် ပြည်ပ ဘုရားဖူး ဧည့်သည်များ အင်တာနက် အသုံး ပြုနိုင်ရန် ဆောင်ရွက်



သြဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ရွှေတိဂုံ စေတီတော်မှာ လာရောက် ဖူးမြှော်တဲ့ ပြည်ပ ဘုရားဖူး ဧည့်သည်များအင်တာနက် အသုံးပြုနိုင်ဖို့ အတွက် ၀ါယာလက်နဲ့ Wi-Fi တပ်ဆင် ပေးရန်
အတွက် ဆောင်ရွက်လျက် ရှိတယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ၀ိုင်ဖိုင် တပ်ဆင်မှု ကိုတော့ ခရစ်စတယ်ရှိုင်း ကုမ္ပဏီ ကနေ လာရောက် လှူဒါန်းတပ်ဆင် ပေးတာ ဖြစ်ပြီး နိုင်ငံခြားသား ဘုရားဖူးတွေ ကိုလည်း အခမဲ့ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။

“ MARUHAN မာရူဟန် ဂျပန်ဘဏ် ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ် ”



မာရူဟန် ဂျပန်ဘဏ်ကိုယ်စားလှယ်ရုံးအား ရန်ကုန်မြို့ ၊ အမှတ် (၉၇-ဘီ)ကမ္ဘာအေးဘုရားလမ်းတွင် ဇူလိုင် ၂၈ ရက်နေ့မှ စတင် ဖွင့််လှစ်လိုက်ပြီဖြစ်သည်။ 



ဒေါက်တာဦးထွန်းလွင်
(မိုးလေဝသပညာရှင်) နှင့် တွေ့ဆုံခြင်း

ရန်ကုန် (မဇ္ဈိမ) ။         ။ ၂ဝ၁၂ခုနှစ်၊ မိုးလေဝသ ဖြစ်ပေါ်ပြောင်းလဲမှုများသည် အခြားနှစ်များနှင့်မတူ ထူးခြားပြောင်းလဲမှုများ ရှိနေသည်။ မိုးကြိုကာလမှ စတင်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းများ၌ မိုးရွာသွန်းမှုမှာ ယနေ့ အချိန်ထိ အားကောင်းလျက် ရှိနေသည်။ ရေကြီးရေလျှံမှုများ လည်း စဉ်ဆက်မပြတ် ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်မယ့် ဂျပန် လုပ်ငန်းအဖွဲ့



မြန်မာနိုင်ငံက စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေကို အထောက်အကူပြုဖို့အတွက် ဂျပန် အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မယ့် Task Force လုပ်ငန်းအဖွဲ့တရပ်ကို ဂျပန်အစိုးရက သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်ကို အထူးဆန့်ကျင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘန်ကောက်ပို့စ် သတင်းစာတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့အပေါ် ပြင်းထန်စွာစွပ်စွဲ တိုက်ခိုက်သည့် အယ်ဒီတာ့အာဘော်တစ်ရပ်ကို ပြီးခဲ့သော ဇူလိုင်လ ၂ဝရက်နေ့က ရေးသားဖော်ပြ ခဲ့ပါသည်။ အဆိုပါအယ်ဒီတာ့အာဘော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် အာရှ၏ ထွန်းသစ်စနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက ရှုမြင်သုံးသပ်ခန့်မှန်းကြသည့်အပေါ် စိုးရိမ်သောကကြီး နေသော ထိုင်းနိုင်ငံအစိုးရအဖွဲ့ရှိ လူပုဂ္ဂိုလ်၊ နိုင်ငံသားအချို့၊ မြန်မာ့အရေးဆိုင်ရာ စီမံကိန်း၊ စီမံချက်အချို့အတွက် သန်းနှင့်ချီသောဘဏ္ဍာငွေများ ကိုင်တွယ်သုံးစွဲနေသော ဘန်ကောက်အခြေစိုက် နိုင်ငံတကာ
အဖွဲ့အစည်းအချို့ ကိုယ်စား ရေးသားပေးသောစွပ်စွဲ ပုတ်ခတ်ချက် တစ်ရပ် ဖြစ်ဖွယ်ရှိပါသည်။

အာဖဂန်တွင် အကျင့်ပျက် ခြစားမှုများ ရှိနေကြောင်း ကာဇိုင်းဝန်ခံ၊ ခြစားမှုများကို ခြောက်လအတွင်း ရှင်းလင်းမည်ဟု ဆို

အာဖဂန်နစ္စတန် အစိုးရအဖွဲ့တွင်း၌ အကျင့်ပျက် ခြစားမှုများ ရှိနေသည်ကို ၀န်ခံပါကြောင်း၊ ခြစားမှုများနှင့် ပတ်သက်သူများကို ရာထူး ကြီး ငယ်မရွေး ဖော်ထုတ်အရေးယူဖို့ အမြန်ဆုံး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းက ပြောကြားလိုက်သည်။

တရားမ၀င် ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိအပါအ၀င်ဝန်ထမ်း( ၄၇ ) ရာထူးမှရပ်ဆိုင်းခံရ



မြန်မာ့မီးရထားမှ အရာရှိ(၄)ဦးအပါအ၀င် ၀န်ထမ်း(၄၇)ဦးအားမြန်မာ့မီးရထားပိုင် တရားမ၀င်စက်ဆီရောင်း ချခြင်းနှင့်ပတ်သက်၍ရာထူးမှထုတ်ပယ်လိုက်ကြောင်း သတင်းရရှိရသည်။

မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် လားရှိုးတွင် လမ်းရေကျော်

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လားရှိုးမြို့အ၀င် နားမခေါ်ကျေးရွာ၊ စက်သုံးဆီအရောင်းဆိုင်များ အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်မှ စတင်ကာ လမ်းရေကျော်မှုမျာ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ အဆိုပါရေများသည် နမ့်ခိုက်၊ နားမခေါ်ရွာများမှ လားရှိုးမြို့ ရပ်ကွက်(၁)၊ ရပ်ကွက်(၁၀)၊ ရပ်ကွက်(၁၁)၊ ရပ်ကွက်(၉)များသို့ ရေမြောင်းများမှတဆင့် စီးဝင်ပြီး မြေနိမ့်ပိုင်းကျသော
နေအိမ်များအတွင်းသို့ ရေ၀င်ရောက်မှု များကြောင့် လူနေအိမ်အချို့မှ ဒေသခံများ ဘေးကင်းရာသို့ရွေ့ပြောင်း
ခဲ့ရကြောင်း သိရှိရသည်။ 

             လားရှိုးမြို့ ရပ်ကွက်(၁) နယ်မြေ(၇) တွင် ဖြစ်ပွားနေသော ရေကြီးရေလျှံမှုအား ဇူလိုင် ၂၇ ရက်နေ့က မြင်တွေ့ရစဉ်


နေ့စဉ်မိုးလေ၀သ သတင်း



(၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့အပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့
ဆောင်ရွက်ပုံတွေမှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါဝင် ပတ်သက်လာနေတဲ့ သတင်းတွေ ကြားသိနေရတဲ့ အတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

UNFC ချင်းမိုင် အစည်းအဝေးမှာ သဘောထားကွဲလွဲခဲ့

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ United Nationalities Federal Council - (UNFC) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မူလက ၃ ရက် ကျင်းပဖို့သတ် မှတ်ထားပေမယ့် UNFC အဖွဲ့ဝင်တွေ စုံစုံညီညီတက်ရောက်နိုင်ခြင်းမရှိတာကြောင့် ၁၇ ရက်နေ့ တစ်ရက်ပဲ ကျင်းပခဲ့ပါတယ်။ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ(KIO)နဲ့ အတွင်းရေးမှူး
 နိုင်ဟံသာ(NMSP) တို့ ဦးဆောင်ကျင်းပခဲ့ပြီး အစည်းအဝေးမှာ တိကျသေချာတဲ့ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘဲ ငြိမ်းချမ်းရေးကိစ္စနဲ့ ပက်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာ အိုလံပစ် အဖွဲ့ ၀င်ရောက် ယှဉ်ပြိုင်မည့် ပွဲချိန်ဇယား နှင့် ကစားသမားများ

                           လန်ဒန်အိုလံပစ်ဖွင့်ပွဲနေ့က ချီတက်လာကြသော မြန်မာအားကစားအဖွဲ့သားများကို တွေ့ရစဉ်။  ( အလံကိုင်လာသူမှာ   ကိုဇော်ဝင်းသက်ဖြစ်သည်။(AFP))
လန်ဒန် အိုလံပစ် ၂၀၁၂ ဝဘ်ဆိုက်မှ မြန်မာနိုင်ငံ စာမျက်နှာ။ အဆိုပါ စာမျက်နှာတွင် မြန်မာ အာကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည့် အာကစားနည်းများနှင့် ပွဲစဉ်အချိန်ဇယားများကို ကြည့်ရှုနိုင်ပါသည်။

မြန်မာ အားကစားအဖွဲ့ ပွဲချိန် ဇယား နှင့် ကစားသမား ပရိုဖိုင်များ

KIA အား စစ်ဆင်ရန် အစိုးရ တပ်ဖွဲ့၏ အရေးပေါ် အစည်းအဝေး

ယမန်နေ့၌ ကျင်းပ ပြီးစီးခဲ့သော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေးသည်၊ KIA အား စစ်ဆင်ရေး တိုးမြုင့်ရန် ကျင်းပသည့် အစည်းအဝေးဖြစ်သည်ဟု KIO ပြောရေး ဆိုခွင့်ရှိသူ ဆလန်ကဘာလနန်းခေါ် ဦးလာနန်း က ပြောပါသည်။


မြစ်ဆုံဆည် ဆက်ဆောက်နိုင်ရန် ကချင်အစိုးရအဖွဲ့ကို CPI ချဉ်းကပ်

ဧရာဝတီ မြစ်ဆုံဆည် ဆက်လက် တည်ဆောက်ခွင့် ရနိုင်ရန်အတွက် တရုတ်ကုမ္မဏီ CPI (China Power Investment) က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံး ပြောဆိုမူများရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။


မြစ်ဆုံဆည် စီမံကိန်းသည် ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း လူထုအား ပြောပေးရန် တရုတ်ကုမ္ပဏီက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို စည်းရုံးကြောင်း ၎င်းက ဆိုသည်။
“CPI အနေနဲ့ လူထုဆက်ဆံရေး (PR) အားနည်းခဲ့လို့ စီမံကိန်းရပ်လိုက်ရတယ် ထင်ပြီး စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ နောက်ပိုင်း PR ဆက်တိုက် လုပ်လာတာ တွေ့ရတယ်” ဟု Eco Dov. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်အဖွဲ့၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

ရေကြီးမှုကြောင့် ပေကျင်း မြို့တော်ဝန်နှင့် ဒုတိယ မြို့တော်ဝန် ရာထူးမှနုတ်ထွက်



ပြီးခဲ့သော သီတင်းပတ်တွင် ပေကျင်းမြို့၌ မုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်း
ခဲ့သောကြောင့် ရေကြီးရေလျှံပြီး လူ ၃၇ ဦးသေဆုံးခဲ့ရသဖြင့် ပေကျင်းမြို့၏ ရေနုတ်မြောင်းစနစ်အား မီဒီယာများနှင့် အင်တာနက်အသုံးပြုသူများက ဝိုင်းဝန်းပြစ်တင်ဝေဖန်နေကြချိန်တွင်
ပေကျင်းမြို့တော်ဝန်နှင့် ဒုတိယ မြို့တော်ဝန်တို့သည် ရာထူးမှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း
 နိုင်ငံပိုင်သတင်းမီဒီယာက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

Friday, 27 July 2012

ရုရှားနိုင်ငံ၌ သန္ဓေသား ၂၄၈ ဦး၏ အလောင်းများတွေ့ရှိ



ရုရှားနိုင်ငံ အူရယ်တောင်တန်းဒေသတွင် သေဆုံးနေသည့် သန္ဓေသားများ အားထည့်ထားသော စည်ကြီး လေးလုံးကို ခရီးသွားအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင်
ပြောကြားခဲ့သည်။ 

နှစ်ပေါင်း ၅ဝဝဝ သက်တမ်းရှိ ဖာရိုဘုရင်၏ လှေတစ်စင်း ပြင်သစ်ပညာရှင်များတွေ့ရှိ



ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင်များသည် နှစ်ပေါင်း ၅ဝဝဝ သက်တမ်း ရှိသစ်သားဖြင့်ပြု
လုပ်ထားသော ရှေးခေတ်ဖာရိုဘုရင်၏လှေတစ်စင်းကို အီဂျစ်နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်တာနက်သတင်းတစ်ရပ်၌ ဖော်ပြ ထားသည်။


အီဂျစ်ရှေးဟောင်းသုတေသနဝန်ကြီး မိုဟာမက်အီဘရာဟင်၏ ပြောကြားချက်အရ အဆိုပါလှေကို ကိုင်ရိုမြို့ အနောက်ပိုင်း အဘူရာဝက်ရှ်ဒေသ၌ ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၎င်းလှေသည် အရှည် ၆ မီတာနှင့် အကျယ် ၁ ဒသမ ၅ မီတာရှိ၍ ယခုအခါ ၎င်းလှေကို ပြန်လည်မွမ်းမံ လျက်ရှိပြီး အီဂျစ်ယဉ်ကျေးမှုအမျိုးသားပြတိုက်၌ လာမည့်နှစ်တွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု၏ နိုင်ငံရေး International Crisis Group (ICG) အဖွဲ့၏ အစီရင်ခံစာကောက်နုတ်ချက်များ



- ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်ခဲ့ပြီး နောက် ပြုပြင်ပြောင်းလဲရေး၏ ယာယီအကျိုးအမြတ်များနှင့်အ တူ မြန်မာသည် တွေဝေမနေ သင့် တော့ ပါ။ မြန်မာသည် အား ကောင်းသောဒေသတစ်ခုအလယ် တွင်
တည်ရှိနေပြီး ယင်းဒေသနှင့် ပေါင်းစည်းခြင်းဖြင့် ၎င်း၏ အိမ် နီးချင်းများကို အမီလိုက်နိုင်သော အခွင့်အလမ်းများရှိနေပြီး အိမ်နီး ချင်းများ၏ ဆုံးရှုံးမှု များနှင့် အောင်မြင်မှုများကိုလည်း သင် ခန်းစာယူလေ့လာနိုင်ပါမည်။

မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု ဘယ်လိုမလုပ်ရမလဲ ကမ္ဘာ့အသစ်လွင်ဆုံးရှေ့တန်းဈေးကွက်အတွက် ကြုံတွေ့ဖွယ်ရှိသည့် စွန့်စားရမှုများ



(မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ဘီလျံဆယ်နှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံ တွင်းသို့ စီးဝင်လာလျှက်ရှိသည်။ သို့သော် အကျိုး အမြတ်များများရခြင်းနောက်ကိုသာ လိုက်နေကြ သောရင်းနှီးမြှုပ်နှံမှုများသာလွမ်းခြုံထားခြင်းကြောင့် အတိတ်က တံခါးဖွင့်ခဲ့သည့်စီးပွားရေးများ ကဲ့သို့ ပင် ထိလွယ်ရှလွယ် ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုမရှိသော ဘဏ္ဍာရေးကဏ္ဍ၊ ရင့်သန်မှုမရှိသေးသော ကုန်စည်ဈေးကွက်နှင့် အားနည်းသော အုပ်ချုပ်မှုအဆောက် အအုံကြောင့် သတိထားစရာဖြစ်နေသည်။ )

ဘရိုင်ယန် ပီ ကလိန်းသည်အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ အရှေ့တောင်အာရှဒါရိုက်တာ
ဟောင်းဖြစ်ပြီး မက္ကရိုဘောဂ ဗေဒပညာရှင်နှင့် ဂျီအိုပိုလက်တစ်မဟာဗျူဟာသမားတစ်ဦးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့သော ပြီးခဲ့သည့် ဧပြီလပါလီမန်ရွေးကောက်ပွဲပြီးကတည်းက
 ဒေသတွင်းစီပွားရေးပါဝါတစ်ခု၏ ပြန်လည်ထွက်ပေါ်ခြင်း တွင် အားပါးတရပါဝင်ရန် အာရှနှင့် အနောက်ကမ္ဘာစီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင်းသို့ အလုံးအရင်း ဖြင့် ၀င်ရောက်ခဲ့ကြသည်။ ပြီးခဲ့သည့် လပေါင်းများစွာအတွင်း သြစတြေးလျ၊ ကနေဒါ၊ ယူနိုက်တက်ကင်းဒမ်းနှင့် (မေလတွင် အမေရိကန် ပြည်ထောင်စုတို့သည် မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံရေးအချို့ကို ပြန်ဖွင့်ခဲ့ကြသည်။ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေး ရန်ပုံငွေများ ထောက်ပံ့ခြင်းနှင့် မြန်မာစစ်အစိုးရခေါင်းဆောင်
များအတွက် ကာလရှည်တားမြစ်ခဲ့သော အမေရိကန်အရေးယူပိတ်ဆို့မှုများကိုလည်း ယခုအခါ အတော်များများဆိုင်းငံထားပြီးဖြစ်သည်။