Saturday 28 July 2012

“ MARUHAN မာရူဟန် ဂျပန်ဘဏ် ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ် ”



မာရူဟန် ဂျပန်ဘဏ်ကိုယ်စားလှယ်ရုံးအား ရန်ကုန်မြို့ ၊ အမှတ် (၉၇-ဘီ)ကမ္ဘာအေးဘုရားလမ်းတွင် ဇူလိုင် ၂၈ ရက်နေ့မှ စတင် ဖွင့််လှစ်လိုက်ပြီဖြစ်သည်။ 

အဆိုပါဘဏ်သည် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ဂျပန်နိုင်ငံသားပိုင် စီးပွားရေးဘဏ်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားတွင် စက်မှုလုပ်ငန်းဦးဆောင်းသူ၊စီပွားရေးလမ်းထွင်သူအဖြစ် လျင်မြန်စွာနေရာယူထားသော ဘဏ်ဖြစ်ကြောင်း ယင်းနေ့နံနက်တွင်ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားတွင် သိရသည် ။ ထိုကဲ့သို့နိုင်ငံခြားဘဏ်များမြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးနှင့်ရုံးခွဲများအဖြစ် ဖွင့်လှစ်ပြီးနောက်ပိုင်း စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များအပြင် တိုင်းရင်းသားဘဏ်များနှင့် ဒေါ်လာ ၊ ယူရို ၊
စင်ကာပူဒေါ်လာစသည့် နိုင်ငံခြားငွေဖြင့် တရားဝင်ကုန်သွယ်ခွင့်ပေးအပ်ခြင်း အစရှိသော
အရေးပါသည့် ပြုပြင်ပြောင်းလဲရေးများဖြစ်ပေါ်လာမည်ဖြစ်ကြောင်းစီးပွားရေးပညာရှင်များက
ခန့်မှန်းထားသည်။ 

၎င်းဖွင့်ပွဲသို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌနှင့် အခြားအစိုးရအဆင့်မြင့် အရာရှိကြီးများ၊ ဂျပန်နိင်ငံနှင့် ကမ္ဘောဒီးယားနိင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် စီးပွားရေးလုပ်ငန်း
ရှင်ကြီးများတက်ရောက်ခဲ့သည်။လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ၄င်းဘဏ်အပါအ၀င် နိုင်ငံခြားဘဏ်ရုံးခွဲပေါင်း ၂၁ ရုံးရှိပြီဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment