Saturday 28 July 2012

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်မယ့် ဂျပန် လုပ်ငန်းအဖွဲ့



မြန်မာနိုင်ငံက စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေကို အထောက်အကူပြုဖို့အတွက် ဂျပန် အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မယ့် Task Force လုပ်ငန်းအဖွဲ့တရပ်ကို ဂျပန်အစိုးရက သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီအဖွဲ့ကို မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေက ပူးပေါင်းကူညီနိုင်ဖို့ ဖွဲ့စည်းတာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဌာနပြောခွင့်ရ မာအီဆာ ဆာတို က ပြောပါတယ်။
တရုတ်က မြန်မာနိုင်ငံကို မဟာမိတ်အဖြစ် ဖမ်းဆုပ်ကိုင်ထားချင်နေတဲ့ အခုလို အချိန်မှာ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ အခြေချဖို့ ၀င်လာတာဖြစ်ကြောင်း ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ အေးချမ်းက သုံးသပ်ပါတယ်။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့အတွက် အတွေ့အကြုံအများကြီးရှိကြောင်းနဲ့ အာဆီယံ ၁၀ နိုင်ငံမှာလည်း ဂျပန်ဟာ အများဆုံး ရင်းနှီးမြှပ်နှံမှု လုပ်ခဲ့ဖူးကြောင်း သူက ဆက်ပြောပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာငွရင်း ငွေနှီး အလုံးအရင်းနဲ့ အတတ်ပညာပိုင်းပါ အပါအ၀င် ရင်းနှီးမြှပ်နှံဖို့ လုပ်လာတာဖြစ်ကြောင်း သူက ပြောပါတယ်။
သီလ၀ါဆိပ်ကမ်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ တရက်ကိုလည်း ဂျပန်အစိုးရက အတည်ပြုခဲ့ပါတယ်။
ref:BBC

No comments:

Post a Comment