Saturday 28 July 2012

UNFC ချင်းမိုင် အစည်းအဝေးမှာ သဘောထားကွဲလွဲခဲ့

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ United Nationalities Federal Council - (UNFC) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မူလက ၃ ရက် ကျင်းပဖို့သတ် မှတ်ထားပေမယ့် UNFC အဖွဲ့ဝင်တွေ စုံစုံညီညီတက်ရောက်နိုင်ခြင်းမရှိတာကြောင့် ၁၇ ရက်နေ့ တစ်ရက်ပဲ ကျင်းပခဲ့ပါတယ်။ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ(KIO)နဲ့ အတွင်းရေးမှူး
 နိုင်ဟံသာ(NMSP) တို့ ဦးဆောင်ကျင်းပခဲ့ပြီး အစည်းအဝေးမှာ တိကျသေချာတဲ့ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘဲ ငြိမ်းချမ်းရေးကိစ္စနဲ့ ပက်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။
UNFC ဖွဲ့ရခြင်းရည်ရွယ်ချက်က အစိုးရအဆက်ဆက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ေ တွ နှစ်ပေါင်း(၆၀)ကျော်တိုင် လက်နက်စွဲကိုင် တိုက်ခိုက်နေခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့လို့ ပူးပေါင်း တိုက်ကြဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဦးဆောင်နေတာကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ကချင်တပ်မတော် KIA က ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်ပါတယ်။ အင်ဘန်လဟာ KIO အဖွဲ့မှာ ၁၈၆၄ ခုနှစ်ကတည်းက ပါဝင်ခဲ့သူတစ်ဦးဖြစ်လို့ KIA မှာ ဗိုလ်ချုပ်ကြီးရာထူးပေးထားပေမယ့် ပညာ အရည်ချင်းကလည်း မူလတန်းအဆင့်ပဲရှိသူဖြစ်ပါတယ်။ ဒါပေမယ့် သူက ပညာအရည်အချင်းနည်းပေမယ့် စစ်ရေးနဲ့စီးပွားရေးမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာကြောင့် ကချင်လွတ်မြောက်ရေးကောင်စီနဲ့ ကချင် တပ်မတော်မှာ အဆင့်မြင့်ရာထူးတွေ ရရှိနေခြင်းဖြစ်ပါတယ်။ KIA တပ်ဖွဲ့အတွက် ရန် ပုံငွေရှာေ ဖွရာမှာ တော်သူတစ်ဦး ဖြစ်တဲ့အတွက် KIA အဖွဲ့မှာ သြဇာညောင်းသူတစ်ဦး ဖြစ်ပါတယ်။ အစိုးရ နဲ့ငြိမ်းချမ်းရေးရယူချင်သူတွေ ရှိနေပေမယ့် အင်ဘန်လကို မလွန်ဆန်နိုင်တဲ့အတွက် ဒီကနေ့အထိ
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေရခြင်း ဖြစ်ပါတယ်။

KIA ဟာ အစိုးရနဲ့ငြိမ်းချမ်းရေးယူသွားခဲ့ရင် သူ့တို့ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ သစ်လုပ်ငန်း၊

 ကျောက်မျက်လုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ အခွန်အကောက်တွေ ထိခိုက်သွားမှာ စိုးရိမ်နေလို့ နိုင်ငံတကာနဲ့ အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ KIA အဖွဲ့အပေါ် ထောက်ခံမှုရဖို့အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ကို ဟန်ပြဖွဲ့ထားနိုင်အောင်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ UNFC အဖွဲ့ဝင် အဖွဲ့အစည်း(၁၁)ခုရှိတဲ့အနက် (၆)ဖွဲ့က အစိုးရနဲ့တရားဝင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး (၅)ဖွဲ့သာ ဆွေးနွေးဖို့
ကျန်တဲ့အတွက် အင်ဘန်လအဖို့ ဘေးကြပ်နံကြပ်အနေအထား ဖြစ်နေပါတယ်။ ညီညွတ်သောတိုင်းရင်းသား
လူမျိုးများဖက်ဒရယ်ကောင်စီလို့ အမည်ပေးထားပေမယ့် အဖွဲ့တစ်ခုချင်းက ကိုယ်လုပ်ချင်တာတွေလုပ်နေကြလို့ အခုလိုအရေးပေါ်အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း သိရပါတယ်။

အစည်းအဝေးမှာ အင်ဘန်လက ``ငြိမ်းချမ်းရေးသဘောတူညီချက်နှင့် ရှေ့ဆက်ဆောင်ရွက် မည့် နိုင်ငံရေးဆွေးနွေးပွဲများအား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီချက်လက်မှတ်ထိုးပြီးမှသာ UNFC အဖွဲ့ဝင်များအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်သွားကြရန်`` ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရရှိဘဲ KIO နှင့် KNU တို့ အခြေအတင်စကားများခဲ့တယ်လို့သိရပါတယ်။ ``UNFC မှာ KIA က ငွေကြေးအင်အားကိုသုံးပြီး သြဇာအာဏာ လွှမ်းမိုးလိုခြင်းကို လက်မခံနိုင်ကြောင်း၊ ၁၉၉၄ ခုနှစ် အစိုးရနဲ့ KNU တို့ တိုက်ပွဲဝင်နေစဉ်ကာလမှာ KIA က ဘယ်အဖွဲ့အစည်းကိုမှ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ငြိမ်းချမ်းရေးယူသွားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိ အနေအထားရောက်မှ ဖွဲ့ဖြိုးတိုးတက်မှုမရှိဘဲ ဒုက္ခရောက်နေသည့်ကရင်ပြည်သူများ၏ မျက်နှာထောက်ထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မပျက်ပြားစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ KNU အနေနဲ့ အဖက်ဖက်က သုံးသပ်စဉ်းစားပြီးမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးကိုယ်တိုင် အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့တာ ဖြစ်တယ်လို့`` KNU မှ အရာရှိတစ်ဦးက ဆွေးနွေးခဲ့ပါတယ်။


KNU အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကတော့ လက်ရှိအစိုးရ မှာ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ပါဝင်နေပြီး အနောက်နိုင်ငံတွေက လှိုက်လှိုက်လှဲလှဲ ထောက်ခံမှုတွေ ရှိနေတဲ့အကြောင်း၊ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးဗဟိုကော်မတီ ဖွဲ့စည်းပြီးေ ဆာင်ရွက်ေ နတဲ့အတွက် မိမိတို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း တိုင်းရင်းသားပြည်သူေ တွရဲ့ ရေရှည်အကျိုးစီးပွားကို ကြည့်ရှုသင့်ကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်း နီးနီးကလေးရှိနေတာကို ဟိုးအဝေးကြီးကို ပြန်လည့်ပြီး မလျှောက်လှမ်းသင့်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။


ဗိုလ်ချုပ်ကြီးအင်ဘန်လအနေနဲ့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့  

ထောက်ခံမှုမရတာကြောင့် အစည်းအဝေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ရေရေရာရာ မချနိုင်ခဲ့ပါဘူး။
 နောက်ဆုံးရ သတင်းများအရ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားပြီးဖြစ်သော KNU , KNPP , NMSP , ANC , CNF နှင့် SSPP/SSA အဖွဲ့တို့မှာ UNFC အဖွဲ့မှ ခွဲထွက်သွားဖွယ်ရှိနေပြီး KIA အဖွဲ့မှလွဲ၍ ကျန်အဖွဲ့ဝင်များသည် မိမိအစီအစဉ်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment