Saturday 28 July 2012

ရွှေတိဂုံ စေတီတော်တွင် ပြည်ပ ဘုရားဖူး ဧည့်သည်များ အင်တာနက် အသုံး ပြုနိုင်ရန် ဆောင်ရွက်



သြဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ရွှေတိဂုံ စေတီတော်မှာ လာရောက် ဖူးမြှော်တဲ့ ပြည်ပ ဘုရားဖူး ဧည့်သည်များအင်တာနက် အသုံးပြုနိုင်ဖို့ အတွက် ၀ါယာလက်နဲ့ Wi-Fi တပ်ဆင် ပေးရန်
အတွက် ဆောင်ရွက်လျက် ရှိတယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ၀ိုင်ဖိုင် တပ်ဆင်မှု ကိုတော့ ခရစ်စတယ်ရှိုင်း ကုမ္ပဏီ ကနေ လာရောက် လှူဒါန်းတပ်ဆင် ပေးတာ ဖြစ်ပြီး နိုင်ငံခြားသား ဘုရားဖူးတွေ ကိုလည်း အခမဲ့ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အင်တာနက် သုံးချင်တဲ့ ပြည်ပ ဘုရားဖူး ဧည့်သည်တွေ အနေနဲ့ စေတီတော်ကြီးရဲ့ တောင်ဘက် မုခ်မှာရှိတဲ့ FE ကောင်တာ တစ်ခုတည်း မှာသာ ဧည့်ဝင်ကြေး ပေးဆောင် ကတည်းက အင်တာနက် အသုံးပြုနိုင်ဖို့ ပြုလုပ် ထားတဲ့ Passward ကတ်ပြားကို တစ်ခါတည်း ရွှေတိဂုံမှ တာဝန်ရှိ သူတွေက  ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီလို ရွှေတိဂုံ စေတီတော်မှာ အင်တာနက် အသုံးပြုရာ မှာတော့ နိုင်ငံခြားသား တစ်ဦးကို မိနစ် ၃၀ အသုံးပြု နိုင်မှာဖြစ်ပြီး မိနစ် ၃၀ ပြည့်ပါက အလိုအလျောက် အသုံးပြုမှု ရပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အင်တာနက် အသုံးပြုမှု ကိုတော့ ရွှေတိဂုံ စေတီတော်ရှိ နေရာ အနှံ့အပြားမှာ အသုံးပြု နိုင်ဖို့အတွက် တပ်ဆင် ဆောင်ရွက်မှုတွေ ပြုလုပ်ပေး သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ၀ိုင်ဖိုင် တပ်ဆင် မှုကို ပြည်ပ ခရီးသွား ဧည့်သည် သိရှိစေဖို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ လက်လှမ်းမှီတဲ့ ၀က်ဘ်ဆိုဒ်များ ကနေ ကြေညာ ပေးခြင်း၊ ရွှေတိဂုံ စေတီတော် ရင်ပြင်ပေါ်မှာ ဘုတ်များ ထောင်ပြီး ကြေညာပေးခြင်း များကို ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ref:MRTV-4

No comments:

Post a Comment