Apple သည် မတ် ၂၁ ရက်က ပြုလုပ်သည့် ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွင် ဈေးနှုန်းပိုင်းလျှော့ချထားသော်လည်း စွမ်းဆောင်ရည်မြင့်မားသည့် ဘတ်ဂျတ် iPhone မျိုးဆက်သစ်ကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
iPhone SEဟု အမည်ပေးထားသည့် အဆိုပါဖုန်းအသစ်သည် iPhone 5S နှင့် iPhone 5C တို့နောက်ပိုင်း Appleက ပထမဆုံးအကြိမ် ၄ လက်မအရွယ် Screen ကို ပြန်လည်အသုံးပြုထားသည့် ဖုန်းလည်းဖြစ်လာသည်။ Apple ၏ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က iPhone SEသည် ထွက်ရှိဖူးသမျှ စွမ်းဆောင်ရည် အမြင့်ဆုံးဖုန်းတစ်လုံးဟု ညွှန်းဆိုခဲ့သည်။
ဆန်ဖရန်ဆစ္စကိုတွင် ကျင်းပသည့်အခမ်းအနားတွင် Appleက Tablet မျိုးဆက်သစ်တစ်ခုကိုလည်း ပြသလာခဲ့သည်။ ယခုနှစ်အခမ်းအနားသည် Apple အနေဖြင့် စွမ်းဆောင်ရည်ပိုင်းကို ထိန်းသိမ်းပြီး ဈေးနှုန်းလျှော့ချသည့် မူဝါဒပိုင်းကို ပြောင်းလဲချဉ်းကပ်လာကြောင်း တွေ့မြင်နိုင်သည်။
iPhone 6 နှင့် iPhone 6S မျိုးဆက်များတွင် Screen အရွယ်အစားကို မြှင့်တင်ခဲ့သော်လည်း Appleက iPhone SE တွင် ယခင်က သေးငယ်ကျစ်လစ်သည့် မျိုးဆက်ဟောင်းများ ပုံစံသို့ပြန်သွားခဲ့သည်။ iPhone SE သည် iPhone 6S၊ iPhone 6S Plus များနှင့် အခြေခံ စွမ်းဆောင်ရည်အားလုံး တူညီမည်ဖြစ်သော်လည်း ဈေးနှုန်းမှာ သိသိသာသာ လျော့နည်းသွားကာ ၃၉၉ ဒေါ်လာမှ စတင်သတ်မှတ် ရောင်းချမည်ဟု သိရသည်။
iPhone SE တွင် Space Grey၊ Silve



















