Monday 21 March 2016

မန်ချက်စတာဒါဘီပွဲစဉ်တွင် မားကပ်ရက်စ်ဖို့ဒ်၏ သွင်းဂိုးဖြင့် မန်ယူအနိုင်ရ


မန်ချက်စတာ ဒါဘီပွဲစဉ်ဖြစ်သော မန်ချက်စတာ စီးတီး အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ဧည့်သည် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပထမပိုင်း ၁၆ မိနစ်တွင် သွင်းယူခဲ့သော လူငယ်တိုက်စစ်မှူး မားကပ် ရက်ဒ်ဖို့ဒ်၏ သွင်းဂိုး တစ်ဂိုးဖြင့် မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။




တနင်္ဂနွေနေ့ရဲ့ တခြားပွဲစဉ်တစ်ခုဖြစ်သော တော့တင်ဟမ် ဟော့စပါး အသင်းနှင့် ဘုန်းမောက် အသင်းတို့ ပွဲစဉ်တွင် အိမ်ရှင် စပါးအသင်းမှ ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။စပါးအသင်းအတွက် ဂိုးတွေကို ပထမပိုင်း (၁)မိနစ်နှင့် (၁၆) မိနစ်တို့တွင် အင်္ဂလန် တိုက်စစ်မှူး ဟာရီကိန်း က သွင်းယူပေးခဲ့ပြီး တတိယ အနိုင်ဂိုးကို ဒုတိယပိုင်း (၅၂)မိနစ်တွင် ကွင်းလယ်ကစားသမား အဲရစ်ဆင် က သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။
Messenger News  Journal

No comments:

Post a Comment