Tuesday 22 March 2016

သရုပ်ဆောင်မှု အားနည်းချက်တွေကို နားလည်ပေးပါလို့ပြောတဲ့ ခင်ဝင့်ဝါ

၂၀၁၄ သင်္ကြန်တွင် ရိပ်သာဝင်မည်ဟု ပြောပြီးမှ ‘သင်္ကြန်ပြတိုက်’ရုပ်ရှင်ရိုက်ကူးဖြစ်ခဲ့ခြင်းဖြစ်သကဲ့သို့ သင်္ကြန်၌ စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲ၍တွေ့ရသော ကြောင့် ချစ်သူဟု အထင်ခံခဲ့ရကြောင်း ယင်းဇာတ်ကားရိုက်ကူး ရေး အမှတ်တရကို ခင်ဝင့်ဝါက ပြောသည်။
‘‘အမှတ်တရကတော့ ရိပ် သာဝင်မယ်ဆိုပြီး သိထားတဲ့အ ချိန်မှာ သင်္ကြန်မှာထွက်ရိုက် တယ်။ သင်္ကြန်မှာရိုက်တဲ့အချိန် မှာ ပရိသတ်တွေက ကိုစိုင်းနဲ့တွဲ ပြီး တွေ့လိုက်တဲ့အချိန်မှာ ကိုစိုင်း နဲ့ သို့လောသို့လော ကိုစိုင်းနဲ့ ကြိုက်နေတာလား။ တော်တော် လေးပြန့်သွားတယ်။ အကုန်လုံးကလည်း တွေ့တိုင်း ကိုစိုင်းနဲ့ကြိုက်နေတာလားပဲ မေးကြ တယ်’’ဟု ခင်ဝင့်ဝါက ပြော သည်။
‘သင်္ကြန်ပြတိုက်’ရုပ်ရှင် သည် ၎င်း၏ ပထမဆုံးရုပ်ရှင်ဖြစ် သောကြောင့် စိတ်လှုပ်ရှားနေ သကဲ့သို့ ပရိသတ်များ၏ တုံ့ပြန်မှု ကိုလည်း ရင်ခုန်နေကြောင်း ၎င်း က ဆိုသည်။
‘‘အများကြီးလိုသေးတယ်။ ကာရိုက်တာလည်း သိပ်မဝင် သလို ခံစားရတယ်။ မိတ်ကပ်တွေ၊ဆံပင်တွေရော အများကြီး အား နည်းတယ်လို့ ခံစားရတယ်။ အဲဒီ အတွက်လည်း ကြိုးစားပြင်ဆင်ရ မှာပေါ့’’ဟု သင်္ကြန်ပြတိုက်ရုပ်ရှင် အထူးပွဲပြသသည့်နေ့တွင် ခင်ဝင့် ဝါက ၎င်း၏ သရုပ်ဆောင်မှုအ ပေါ် ခံစားချက်ကိုပြောသည်။

သို့သော်လည်း ယင်းရုပ်ရှင် သည် မကြာမီကျရောက်တော့ မည့် သင်္ကြန်အငွေ့အသက်ကို ခံစားရမည်ဖြစ်၍ ပရိသတ်များ လာရောက်အားပေးရန် ဖိတ်ခေါ်လိုပြီး ၎င်း၏ အားနည်းချက်များ ကိုလည်း ဖြည့်စွက်အားပေးစေလို ကြောင်း ခင်ဝင့်ဝါက ပြောသည်။
သင်္ကြန်ပြတိုက်ရုပ်ရှင်တွင် ခင်ဝင့်ဝါက စိုင်းစိုင်းခမ်းလှိုင်၏ အရင်းနှီးဆုံးသူငယ်ချင်းကောင်မ လေးအဖြစ် သရုပ်ဆောင်ထားပြီး အချစ်ထက် ကျေးဇူးတရားကို ဦးစားပေးသူတစ်ဦးအဖြစ် သရုပ် ဆောင်ထားသည်။
7Day Daily

No comments:

Post a Comment