Monday 21 March 2016

ရွာငံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းဖွင့်လှစ်


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်(၁၈)ရက်တွင် ရှမ်းပြည် နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိပြီး ၀န်ကြီး ဌာနမှ (၂၀၀)သိန်းကျပ်၊ ဦးအောင်ဇော်မြင့်+ပြည်ထောင်စုဝန်ကြီး မိသားစုမှ (၁၀) သိန်းကျပ်ဖြင့် ဆောက်လုပ် လှူဒါန်းခဲ့သည့် ဓနုမြေ ဘိုးဘွားရိပ်သာ၊ ဓမ္မရုံ၌ အဘိုး၊အဘွားများအား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကန်တော့ပြီး သက် ဆိုင် သူများထံ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးသည်။

ယင်းနောက် ၀န်ကြီးဌာနမှ(၃၀၀)သိန်းကျပ်ဖြင့် လှူဒါန်းထားခဲ့သည့် ဘိုးဘွား ရိပ်သာဆောင်ကို လှည့်လည်ကြည့် ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် မတ်(၁၉)ရက်တွင် ရွာငံမြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင် ကျောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးထူးကိုကိုနှင့် လူမှုဝန်ထမ်း ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးကာ စက် ခလုတ်နှိပ်ဖွင့်လှစ်ပြီး ကမ္ပည်း မော်ကွန်းကို နံ့သာရည်ပက်ဖျန်းပေးသည်။
၎င်းနောက် စက်ချုပ်ပညာသင်တန်းပို့ချနေမှုကိုအားပေးပြီး အဆောက် အဦ အတွင်း လှည့်လည် ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်တွင်းမှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၁၀)နှစ် စီမံကိန်း (၂၀၁၃- ၂၀၂၂) (National Strategic Plan on Advancement of Women-NSPAW) ၏ အဓိကလုပ်ငန်းစဉ်(၁၂)ရပ်ပါ အမျိုးသမီးများနှင့် အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းများ အကြောင်း ရှင်းလင်ွးပောကြားပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌက အမှာစကား ပြောကြားသည်။

၎င်း နောက် သက်ဆိုင်သူများထံ မိသားစုသုံး ပစ္စည်းများ ထောက် ပံ့ပေးပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြ၀တီ

No comments:

Post a Comment