Monday 21 March 2016

အကျဉ်းထောင်ထဲက အလှမယ်ပြိုင်ပွဲ


အကျဉ်းသားများကို ရိုက်နှိပ်ခြင်း၊ ခိုင်းစေခြင်းတို့ကိုသာ ပြုလုပ်နေပါကစိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမည်မပာုတ်ဘဲ ရာဇဝတ်မူများကို ထပ်ခါတလဲလဲ ကျူးလွန်နေမည်ဖြစ်သည်။ထို့ကြောင့် ဘရာဇီးလ်နိုင်ငံတွင် ထောင်ကျနေသည့် အမျိုးသမီးအကျဉ်းသားများအတွက် ရည်ရွယ်ပြီး အလှမယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် လုံခြုံရေးကို တင်းကျပ်ခဲ့ခြင်း မရှိဘဲ လွတ်လပ်ပျော်ပါးစွာ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

တာလာဗီရာဘရုစ်အကျဉ်းထောင်တွင် အလှမယ်ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအကျဉ်းသားများသည် အရောင်အသွေးစုံလင်သည့် ဂါဝန်များကို ဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့ကြသည်။ အမျိုးသမီးအကျဉ်းသားများကို တာဝန်ရှိသူများက လှပစွာဆင်ယင်ပေးခဲ့ပြီး တေးသီချင်းများဖွင့်ကာ ယှဉ်ပြိုင်စေခဲ့သည်။ ဒေသတွင်းရှိလူမူအဖွဲ့အစည်းများနှင့် ဘုရားကျောင်းမှ တာဝန်ရှိသူများသည် အမျိုးသမီးအကျဉ်းသားများအား ကိုယ်ဘဝကိုယ် တန်ဖိုးထားစေရန် ရည်ရွယ်ပြီး အလှမယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်စေခြင်းဖြစ်သည်။ဘရာဇီးလ်နိုင်ငံတွင် အမျိုးသမီးအကျဉ်းသားအရေအတွက်သည် အဆမတန် တိုးပွားလျက်ရှိသည်။မှတ်တမ်းများအရ ၂၀၀၀ မှ ၂၀၁၄ အတွင်း အမျိုးသမီးအကျဉ်းသားသည် ( ၅၆၇) ရာခိုင်နူန်းအထိ တိုးလာကြောင်း သိရသည်။

ထို့ပြင် ဘရာဇီးလ်နိုင်ငံသည် ကမ္ဘာတွင် စတုတ္ထမြောက် အကျဉ်းသား အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းတင်ထားသည်။ ဘရာဇီးလ်နိုင်ငံတွင် ထူပြောလှသော ရာဇဝတ်မူများကြောင့် အကျဉ်းထောင်အတွင်း အကျဉ်းသား ( ၆၀၀၀၀၀) ကျော်ရှိနေပြီး အများစုသည် အကျဉ်းသားတစ်ဦးရရှိသင့်သည့် အခွင့်အရေးများကို ရရှိခြင်း မရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
Messenger New Journal

No comments:

Post a Comment