Friday 18 March 2016
သမ၀ါယမ ၀န်ကြီးဌာန မရှိတော့သော်လည်း သမချေးငွေများ သတ်မှတ်ချိန်အတိုင်း ဆပ်ရမည်
ဝန်ကြီးဌာနမရှိတော့ သော်လည်း ဗဟိုသမ၀ါယမ အ သင်းရှိနေသဖြင့် သမချေးငွေများ ကို သတ်မှတ်သည့် အချိန်အတွင်း ပြန်လည်ပေးဆပ်ရမည်ဟု သမ၀ါယမ၀န်ကြီးဌာနမှ သတင်း ရရှိသည်။အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနများလျှော့ချရာ၌ သမ ၀ါယမ ၀န်ကြီးဌာန ပါဝင်သော် လည်း ဦးစီးဌာနများ၊ အသင်းအဖွဲ့များကျန်ရှိနေသေး၍ ချေးငွေများသတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ သမ၀ါယမ၀န်ကြီးဌာနသည် ၂၀၁၅ ဒီဇင်ဘာနောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ် ၄၈၅ ဘီလီယံကျော် ထုတ်ချေးထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
‘‘လက်ရှိချေးထားတာတွေ ကတော့ ပြန်ဆပ်ရမှာပဲ။ နောက် ပိုင်းမှာတော့ ဆက်ပြီး ငွေချေး၊ မ ချေးက သက်ဆိုင်ရာအစိုးရအဖွဲ့ ဆုံးဖြတ်ရမယ့် အခြေအနေပါ’’ ဟု သမ၀ါယမ၀န်ကြီးဌာနမှ ညွှန် ကြားရေးမှူးတစ်ဦးက ပြောသည်။ဝန်ကြီးဌာနမရှိသော်လည်း ၀န်ထမ်းများဆက်လက်ရှိနေနိုင် မည်ဟု ယုံကြည်ပြီး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ၎င်းက ပြောသည်။
သမ၀ါယမ ၀န်ကြီးဌာနက ချေးငွေများ ထုတ်ချေးရာတွင် ၀န်ကြီးဌာန၏ မူဝါဒအပိုင်းသာ လုပ်ဆောင်ပြီး သမ၀ါယမမြို့နယ်အသင်း၊ ရပ်ရွာအခြေခံအသင်းအဖွဲ့များကသာ ချေးငွေပေးမှုကို အ ကောင်အထည်ဖော်လုပ်ဆောင် ခြင်းဖြစ်သည်ဟု သမ၀ါယမ၀န် ကြီးဌာနမှ အရာထမ်း တစ်ဦးက ပြောသည်။
7Day Daily
No comments:
Post a Comment