Tuesday 15 March 2016

ရွေးကောက်ခံ ကိုယ်စားလှယ်များ တင်မြှောက်သည့် သမ္မတလောင်းနှစ်ဦးကို တပ်ကိုယ်စားလှယ် မထောက်ခံ

နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံခြင်းရှိ၊ မရှိ စိစစ်ရေးအဖွဲ့၏ စိစစ်တွေ့ရှိ ချက်ကို ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်သို့ တင်ပြ ရာ ရွေးကောက်ခံကိုယ်စားလှယ် များတင်မြှောက်သည့် သမ္မတလောင်းနှစ်ဦးကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ကိုယ်စားပြုသူ ဗိုလ်ချုပ်သန်း စိုးက မထောက်ခံခဲ့ပေ။ စိစစ်ရေးအဖွဲ့ဝင် ခုနစ်ဦးရှိ သည့်အနက် ခြောက်ဦးက ထောက်ခံသဖြင့် ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အစုအ ဖွဲ့၏ သမ္မတလောင်းအဖြစ် အဆို ပြုခြင်းခံရသော ဦးထင်ကျော် သည် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများအတွက် သတ်မှတ်အရည်အ ချင်းများနှင့် ပြည့်စုံသူဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအ ဖွဲ့မှ ဗိုလ်ချုပ်သန်းစိုးက ထောက် ခံခြင်း၊ ကန့်ကွက်ခြင်းမပြုခဲ့ပေ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး မဟုတ်သူဖြစ်၍ လွှတ်တော်ရွေး ကောက်ပွဲ၌ ရွေးကောက်ခံပိုင်ခွင့် အတွက် သတ်မှတ်ထားသည့် အ ရည်အချင်းများကို စိစစ်ရန်လို အပ်မည်ဟု ယူဆပါကြောင်း ဗိုလ် ချုပ်သန်းစိုးက ဆွေးနွေးခဲ့သည်။

ဦးထင်ကျော်သည် ရွေး ကောက်ခံကိုယ်စားလှယ်တစ်ဦး မဟုတ်သော်လည်း ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသူ ဖြစ်သည်။ ထို့နောက် ရွေးကောက် ခံအမျိုးသားလွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့၏ သမ္မတလောင်း အဖြစ် အဆိုပြုခြင်းခံရသော ဦး ဟင်နရီဗန်ထီးယူသည် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတအတွက် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ကြောင်း စိစစ်ရေး အဖွဲ့ဝင် ခုနစ်ဦးရှိသည့်အနက်ခြောက်ဦးက ထောက်ခံသဖြင့်အတည်ပြုခဲ့သည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ် ချုပ်သန်းစိုးကမူ ကန့်ကွက်ခဲ့ သည်။ ဦးဟင်နရီဗန်ထီးယူသည် နိုင်ငံခြား၌ မိသားစုနှင့်အတူ ခြောက်နှစ်ခန့်နေထိုင်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့်ဆို သော စကားရပ်ကို အဓိပ္ပာယ်ဖွင့် ဆိုနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအ ခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ မေး မြန်းသင့်ပါကြောင်း ဆွေးနွေးခဲ့ သည်။

ဗိုလ်ချုပ်သန်းစိုးကပင် ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်နှင့် ဇနီးဖြစ်သူတို့သည် နိုင်ငံခြား၌ မည် သည့်အစီအစဉ်နှင့် နေထိုင်ခဲ့ သည့် အကြောင်းအရာများအ တွက် စိစစ်သင့်သည်ဟု ယူဆပါ ကြောင်း၊ မိမိအနေဖြင့် သမ္မတ လောင်းသည် အထက်ပါပုဒ်မနှင့် ငြိစွန်းသည်ဟု ယူဆပါကြောင်း ဆွေးနွေးခဲ့သည်။ သို့သော် စိစစ် ရေးအဖွဲ့ဝင် ခြောက်ဦးက ဦးဟင် နရီဗန်ထီးယူကို သတ်မှတ်အရည် အချင်းများနှင့် ပြည့်စုံကြောင်း ထောက်ခံခဲ့သည်။

သမ္မတအရည်အချင်းတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အချိန်နှင့် တစ်ဆက် တည်းအနည်းဆုံးနှစ် ၂၀ နိုင်ငံ တော်တွင် အခြေချနေထိုင်သူဖြစ် ရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့ သော် ခြွင်းချက်အဖြစ် နိုင်ငံတော် ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာ လများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်နှစ်များအ ဖြစ် ထည့်သွင်းရေတွက်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က အဆိုပြုသော သမ္မတလောင်း ဦးမြင့်ဆွေကို ဥပဒေနှင့်အညီ စိစစ်ရာပြည့်စုံသူဖြစ်ကြောင်း စိစစ်ရေး အဖွဲ့က ဆုံးဖြတ်ခဲ့သည်။

‘‘စိစစ်ရေးအဖွဲ့ဝင်တစ်ဦးက တော့ တချို့သော သမ္မတလောင်းဆိုင်ရာအချက်အလက်တချို့ကို ပြန်လည်စိစစ်သင့်ကြောင်း ဆွေး နွေးချက်ကို အစည်းအဝေးတွင်မှတ်တမ်းတင်ထားပြီး ဆက်လက် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါ တယ်’’ ဟု ပြည်ထောင်စု လွှတ် တော်နာယကက လွှတ်တော်သို့ တင်ပြသည်။

စိစစ်ရေးအဖွဲ့တွင် အဖွဲ့ဝင် များအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ၊ ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အစု အဖွဲ့မှ ဒေါက်တာမျိုးအောင်၊ ရွေး ကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့မှ ဦးဘ မျိုးသိန်းနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဗိုလ်ချုပ်သန်းစိုးတို့ပါဝင်သည်။
7 day

No comments:

Post a Comment