ရှမ်းပြည် နယ်အရှေ့ပိုင်းတွင် တရားမဝင်ကုန် စည် စီးဆင်းမှုအား ဖမ်းဆီးမှုများပြား လာခြင်းကြောင့်ဒေသ တွင်း ကုန်စည် စီးဆင်းမှုအေးလာနေကြောင်း မော် တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရှိ ရသည်။
Tuesday, 22 December 2015
ဖားကန့်တွင် မြေသယ်ကား ကြိတ်မိ၍ သေဆုံးသူ ၂၀ ကျော်ရှိနေ

ဖားကန့်ဒေသ၌ မြေသယ် ကားကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းသုံး မြေတူးကား၊ မြေသယ်ကားများ ကြိတ်မိပြီး သေဆုံးသူ ၂၀ ကျော်ရှိနေသည်ဟု ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး အဖွဲ့က ပြောသည်။
လက်ဖဝါးမှာ 'M' အက္ခရာရှိသူတွေဟာ တမူထူးခြားနေသူတွေဖြစ်

လက်ဖဝါးရှိ လက္ခဏာကောက်ကြောင်းလေးတွေက မိမိဝိသေသလက္ခဏာနဲ့ ကံကြမ္မာကို ဖော်ညွန်းနေတာလို့ ဆိုကြပါတယ်။ ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန် အက္ခရာစလုံးရှိသူတွေဟာ တမူထူးခြားသူလို့ ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူးခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လို့လည်း ဆိုကြပါတယ်။
အမတ်လောင်းသင်တန်းများ ငွေကုန် အသံပြာ လူပန်း မဖြစ်စေဖို့
ထိပ်တန်းခရိုနီတဦးဆီက စပွန်ဆာတောင်းကျင်းပတဲ့အတွက်
ဝေဖန်သံတွေဆူညံခဲ့တဲ့ NLD အမတ်လောင်းတွေသင်တန်း အပတ်စဉ် ၁ သင်တန်းကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ သင်တန်းအမှတ်စဉ် ၃ ကစပြီးတော့ ခုလိုစပွန်ဆာမတောင်းတော့ဘဲ ပါတီပိုင်ငွေကြေးနဲ့
သင်တန်းပေးတော့မယ်လို့လည်း ကြားသိရပါတယ်။ ဒီအတွက်လည်း ၀မ်းသာရပါတယ်။ ပြည်သူ့အသံကိုနားထောင်တဲ့အတွက်ပါ။
မြန်မာအတွက်Euroသန်း (၇၀)EUနာက်ထပ်ထောက်ပံ့မည်
EU ဥရောပသမဂ္ဂ က မြန်မာနိုင်ငံမှာ ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနဲ့ အဟာရဓါတ်ဖူလုံမှုရှိစေဖို့၊ တရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံ နီးပါးနဲ့ ညီမျှတဲ့ Euro ငွေ သန်း ၇၀ ထပ်တိုး အကူညီ ပေးမှာ ဖြစ်တဲ့ အကြောင်း၊ EU ဥရောပသမဂ္ဂက တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို ခေတ်မှီတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပေးနေတာဆက်လက် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မြန်မာအတွက်Euroသန်း (၇၀)EUနာက်ထပ်ထောက်ပံ့မည်

EU ဥရောပသမဂ္ဂ က မြန်မာနိုင်ငံမှာ ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနဲ့ အဟာရဓါတ်ဖူလုံမှုရှိစေဖို့၊ တရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်စေဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မြန်မာကျပ်ငွေ ၁၀၀ ဘီလီယံ နီးပါးနဲ့ ညီမျှတဲ့ Euro ငွေ သန်း ၇၀ ထပ်တိုး အကူညီ ပေးမှာ ဖြစ်တဲ့ အကြောင်း၊ EU ဥရောပသမဂ္ဂက တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို ခေတ်မှီတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ပေးနေတာဆက်လက် ပံ့ပိုးသွားမှာ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း တရားစွဲတင်နိုင်ခြင်း မရှိသေး
ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို ၎င်းတို့ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကာလကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟု ဆိုကာ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးက ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ)ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ တရားစွဲတင်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
"အမှုဖွင့်ထားပြီး စစ်ဆေးစရာ ရှိတာတွေတော့ စစ်ဆေးထားတယ်။ ဒါပေမဲ့ တရားစွဲတင်ဖို့အတွက် ဥပဒေ အကြံပြုချက် တင်ထားတာ ပြန်ကျမလာသေးဘူး။ ဒါကြောင့် တရားစွဲ မတင်နိုင်သေးဘူး။ ဥပဒေရုံးက ပြန်ကျလာမှပဲ တရားစွဲတင်နိုင်မှာပါ"ဟု အဆိုပါ အမှုဖွင့်ထားသည့် အမှတ် (၈) ရဲစခန်းမှ စခန်းမှူးက ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များသာမက အစိုးရအဖွဲ့များလည်း နိုင်ငံရေးပင်စင်ရရှိမည်ဟု သူရဦးရွှေမန်းပြော

တစ်လုံးတစ်ခဲ တည်းပေးအပ်မည့် နိုင်ငံရေးပင် စင်ငွေသည် လွှတ်တော်ကိုယ်စား လှယ်များကိုသာ ပေးအပ်မည်မ ဟုတ်ဘဲ နိုင်ငံတော်သမ္မတ၊ ၀န် ကြီးများ၊ ၀န်ကြီးချုပ်များအပါအ ၀င် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ အားလုံး ပါဝင်ကြောင်း ပြည် ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ဂရိတ်ဝေါ ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန် ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟုဆိုကာ ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း တရားစွဲတင်နိုင်ခြင်း မရှိသေး

တော်ဝင်နှင်းဆီ ဆေးရုံအား တွေ့ရစဉ်
ဂရိတ်ဝေါလ် ဦးတင်မောင်နှင့် ဇနီး ဒေါ်နန်းလှစိန်တို့ကို ၎င်းတို့ပိုင်ဆိုင်သော စီးတီးမန်း ကုမ္ပဏီသည် ၁၈ နှစ်ကာလကြာ ၀င်ငွေခွန် တိမ်းရှောင်ရန်အတွက် ၀င်ငွေကြေညာလွှာ တင်သွင်းရန် ပျက်ကွက်သည်ဟု ဆိုကာ ချမ်းအေးသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးက ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၇ (ဂ)ဖြင့် အမှုဖွင့်ထားသည်မှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ တရားစွဲတင်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ပြည် တက္ကသိုလ် ကျောင်းသူတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွား

ပြည် တက္ကသိုလ် (ဓာတ်ပုံ- ကောင်းမြတ်မင်း/ဧရာဝတီ)
ပြည် တက္ကသိုလ်က ကျောင်းသူ တဦး နဝဒေး တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု တခု ဖြစ်ပွားခဲ့ပါတယ်။
တပ်သားတစ်ဦး လုယက်ခံရ
မင်္ဂလာဒုံမြို့နယ် တပ်မ တော်ဆေးတက္ကသိုလ်တွင် တာ ၀န်ထမ်းဆောင်နေသည့် တပ် သားတစ်ဦး တပ်မတော်ဂေါက် ကွင်းရှိ ဒဂုံဝန်ထမ်းအိမ်ရာအနီး တွင် ရိုက်နှက်လုယက်ခံရပြီး ပြစ် မှုကျူးလွန်သူများကို ဖမ်းဆီးရမိ ခြင်းမရှိသေးကြောင်း မင်္ဂလာဒုံ ရဲစခန်းမှ ရဲမှူးဝင်းရွှေက ပြော သည်။
မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအား ပျော့နေ သောကြောင့် ဖြစ်၍ သတိထားရန်လို ဟု ပါမောကချုပ်ဆရာတော်မိန့်ကြား
အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအားပျော့နေသောကြောင့်ဖြစ်သည်ကို သတိထားကြရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကမိန့်ကြားသည်။
အထည်ချုပ်စက်ရုံ ပြိုကျမှု ထွက်ပြေးနေသူများကို ဖမ်းဆီးရန် ဘင်္ဂလားဒေ့ရှ်တရားသူကြီးအမိန့်ထုတ်
လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့သော အထည်ချုပ်စက် ရုံ ပြိုကျမှုအတွက် လူသတ်မှုများ ရင်ဆိုင်ရန် တရားရုံးသို့ ရောက်မလာသူ ၂၄ ဦးကို ဖမ်းဆီးရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်း ဆည်းရန် ဘင်္ဂလားဒေ့ရှ်တရားရုံး က အမိန့်ထုတ်သည်။
ရန်ကုန်လေဆိပ်တွင် ဘင်္ဂါလီတစ်ဦးကို ဖမ်းမိခဲ့ရာမှ ဒလတွင် ခိုအောင်းနေသော ဘင်္ဂလီ နှစ်ဦးကို ထပ်မံ ဖမ်းမိ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာဆောင်တွင် ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းက မြန်မာ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသော အသက် ၂၀ အရွယ်ရှိ ဘင်္ဂလီ အမျိုးသားတစ်ဦးကို သတင်းရဲ တပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးခဲ့ရာမှ ဒလမြို့နယ်ရှိ နေအိမ်တစ်လုံးတွင် ပုန်းခိုနေသော ဘင်္ဂလီအမျိုးသားနှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
မြန်မာရေလုပ်သားသုံးဦးကို မြန်မာသင်္ဘောသားများကယ်တင်၍ ရန်ကုန်မြို့သို့ ပို့ဆောင်ပေး

မြန်မာရေလုပ်သားတစ်ဦးကို ကယ်တင်လာစဉ် (ဓာတ်ပုံ - Ko Zaw Htak Khine Facebook)
ပင်လယ်ပြင်တွင် ၁၀ ရက်ကြာ မျောပါနေသော ကျားဖောင်ပေါ်ရှိ မြန်မာရေလုပ်သားသုံးဦးကို မြန်မာသင်္ဘောသားများပါသည့် ပင်လယ်ကူးသင်္ဘောက ထားဝယ် မြို့ကမ်းခြေမှ မိုင် ၁၂၀ အကွာ၌ ကယ်တင်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မယ်စကြ၀ဠာပြိုင်ပွဲ ကျင်းပရာအနီး ကားဖြင့်တိုက်မှုကြောင့် လူတစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

လာ့စ်ဗီးဂတ်စ်မြို့ Planet Holly Wood ဟိုတယ်ရှေ့ ယာဉ်မတော်တဆမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ် (David Becker/reuters)
မယ်စကြ၀ဠာ ပြိုင်ပွဲ ကျင်းပနေသော ကာစီနိုရုံနှင့် ဟိုတယ်တစ်ခုအနီးတွင် တနင်္ဂနွေညက ယာဉ်တိုက်မှု ဖြစ် ပွားပြီး လူတစ်ဦး သေဆုံးကာ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ သည်ဟု လာ့စ်ဗီးဂတ်စ်မြို့ အရာ ရှိများက ပြောသည်။
ရုရှား လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆီးရီးယားတွင် လူဒါဇင်ပေါင်းများစွာ သေဆုံး
ဆီးရီးယားနိုင်ငံ အီဒ လစ်မြို့တွင် ရုရှားလေယာဉ်များ ၏ လက်ချက်ဟု ယုံကြည်ရသော လေကြောင်း တိုက်ခိုက်မှုများအ တွင်း လူ ၄၃ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှား သူများနှင့် ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။
ရန်ကုန်နှင့် ဧရာဝတီရှိ မြို့နယ်ခြောက်ခုတွင် အာဟာရ အားဖြည့်ဆန်များ ဇန်န၀ါရီ၌ စတင်ရောင်းချမည်
ရန်ကုန်နှင့် ဧရာဝတီ တိုင်းရှိ မြို့နယ်ခြောက်ခုတွင် အာ ဟာရအားဖြည့်ဆန်များကို ဇန်န ၀ါရီ၌ ဖြန့်ဖြူးရောင်းချမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဆိုလာပြားနှင့် ဘက်ထရီအိုးတွဲစဉ် အပူလွန်ပြီး တာဟန်းရှိ မိဘမဲ့ဂေဟာမီးလောင်
ကလေးမြို့ တာဟန်းရပ် ကွက် နယ်မြေ(၁၁)ရှိ PCM အ သင်းတော် မိဘမဲ့ဂေဟာတွင် ဆို လာနှင့်ဘက်ထရီအိုးတွဲရာမှ အပူ လွန်ကဲ့၍ ရှော့ခ်ဖြစ်ပြီး မီးလောင် မှု ဒီဇင်ဘာ ၂၀ ရက် ည ၁၀ နာရီ ကျော်က ဖြစ်ပွားခဲ့ကြောင်း စစ် ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနရုံးမှ သတင်းရရှိသည်။
ရွှေတိဂုံစေတီတော်တွင် မောင်းသူမဲ့လေယာဉ်ငယ်နှင့် ဒရုန်းလွှတ်တင်ခွင့် ပိတ်ပင်

ရွှေတိဂုံစေတီတော်နှင့် စေတီတော်အနီးဝန်းကျင်ကို ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသောမြင်ကွင်း (ဓာတ်ပုံ − Stanislav Sedov and Dmitry Moiseenko/AirPano)
ရွှေတိဂုံစေတီတော်ပေါ် နှင့် ၀တ္တကမြေအတွင်း မောင်းသူ မဲ့လေယာဉ်ငယ်နှင့် ဒရုန်းများ (Drones နှင့် UAV) ကို စေတီတော်လုံခြုံရေးအရ လွှတ်တင်မောင်းနှင်ခွင့် မပြုတော့ကြောင်းသတင်းရရှိသည်။
Subscribe to:
Posts (Atom)


