Friday, 29 May 2015

သံတွဲချောင်းတွင် ဘင်္ဂါလီ ဆယ့်တစ်ဦး ဖမ်းမိ

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့နယ်ခွဲအနီးတွင် စက်လှေများဖြင့် မိသားစုလိုက်ရွှေ့ပြောင်းလာကြ သော ဘင်္ဂါလီ ၁၁ဦးကို ဖမ်းဆီးမိခဲ့သည်ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောသည်။

ယူကရိန်းနှင့် နယူးဇီလန်ပွဲများတွင် မြန်မာအသင်း အမှတ်ရနိုင်ကြောင်း နည်းပြချုပ် ပြောကြား

မြန်မာအသင်းသည် မကြာမီ ကျင်းပတော့မည့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုကျွတ်ရေး ကြိုးစားနေ သည်နှင့်အညီ ယူကရိန်း၊ နယူးဇီလန်တို့နှင့် ယှဉ်ပြိုင်ရမည့်ပွဲများမှ အမှတ်ရအောင် ယူနိုင်မည်ဟု ခန့်မှန်း ထားကြောင်း နည်းပြချုပ်ဂတ်စ်ဇီက The Voice သို့ ပြောကြားသည်။

မူလတန်းပြဆရာမနှင့် ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့သူများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး သ နပ်ပင်မြို့နယ်တွင် မူလတန်းပြ ဆရာမနှင့် ၎င်း၏ ဖခင်တို့ကို သတ်ပြီး ထွက်ပြေး သွားသည့် တရားခံများအား ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် တရားခံများကို လိုက်လံဖမ်းဆီးနေကြောင်း သ တင်းရရှိ သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား ငါးနှစ်အတွင်း တည်ဆောက်ရန် လွှတ်တော် အတည်ပြု

အမေရိကန်ဒေါ်လာ ၁၆၈ သန်းခန့် အကုန်အကျခံ တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို ငါးနှစ်အတွင်း တည်ဆောက်ရန် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ငါးလုပ်ငန်းဖွံ့ဖြိုးရန် ဦးသိန်းစိန်အစိုးရ ပံ့ပိုးကူညီမှု မရှိခဲ့ဟုဆို

ငါးမွေးမြူရေးကန်တွင် လုပ်ငန်းဖော်ဆောင်နေသူများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဦးသိန်းစိန်အစိုးရလက် ထက်တွင် မြန်မာနိုင်ငံ၏ ငါးလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ပံ့ပိုးကူညီမှုမရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးဝင်းကြိုင်က ပြောကြား သည်။

အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်

အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် စတင်ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ကြောင်း သတင်းရရှိသည်။ ယခင်က အစိုးရပိုင်မြေများနှင့် ဌာနဆိုင်ရာ ပိုင်မြေများ ငှားရမ်းရာတွင် ၀င်ငွေခွန်သာကောက်ခံခဲ့ပြီး ယခု ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းထပ်တိုး ကောက်ခံ မည်ဟု ပြည်တွင်း အခွန်များဦးစီး ဌာနမှ သိရသည်။

UPWC နှင့် NCCT ထိုင်းနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့သည်မေလ ၂၈ ရက်က ထိုင်းနိုင်ငံ တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် ရွာငံဒေသတွင် ကျောက်ချောနံရံပန်းချီများတွေ့ ရှိ

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ အမြင့်ပေ ၂၀၀၀ခန့် တောင်ပေါ် တောနက် အတွင်း ကျောက်ခေတ်နံရံပန်းချီဟု ယူဆနိုင်သော ပန်းချီပုံများ ဒေသခံများနှင့် ရှေးဟောင်း သုတေသန ၀ါသနာရှင်များက တွေ့ရှိခဲ့သည်အတွက် ဧရာဝတီသတင်းဌာနအပါအ၀င် တခြားသော သတင်း ဌာနများမှ သွားရောက်လေ့လာ မှတ်တမ်းတင်ခဲ့ပါသည်။

ချေးငွေ ဒေါ်လာ ၁၃၇ သန်းကျော်ဖြင့် ပေ ၆၁၀၀ ကျော်ရှည်မည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်က လွှတ်တော်၌ လာရောက်ရှင်းလင်းဖြေကြားစဉ် 
ချေးငွေအမေရိကန်ဒေါ်လာ ၁၃၇ သန်းကျော်ဖြင့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားတည် ဆောက် ရန် ပြည်ထောင်စုလွှတ်တော်က မေ ၂၈ ရက်တွင် အတည်ပြုခဲ့သည်။

မူဆယ်ရှိပုဂ္ဂလိကဘဏ်များ ငွေအများဆုံး လွှဲနိုင်သော ပမာဏကို ကန့်သတ်

မန္တလေး-မူဆယ်လမ်း လုံခြုံရေးအခြေအနေကြောင့် ငွေ များ သယ်ယူရေးအခက်အခဲရှိသဖြင့် မူဆယ်မြို့ရှိ ပုဂ္ဂလိကဘဏ် များသို့ ငွေလွှဲရာတွင် မေလကုန်ပိုင်းမှစတင်၍ တစ်ဦးလျှင် အများဆုံး ကျပ်ငွေငါးသိန်းသာ ခွင့်ပြုကြောင်း သတင်းရရှိသည်။

အသည်းအစားထိုး ကုသရန် လိုအပ်နေသူအတွက် အလှူရှင် ပေါ်ပေါက်

မကွေးမြို့ ပါရမီသွေး သွေးအလှူရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက အသည်းအစားထိုးကုသရန် လိုအပ်နေသူ တစ်ဦးအား ပထမဆုံးအကြိမ် အသည်းလှူဒါန်းတော့မည်ဖြစ်ကြောင်း  မကွေးပါရမီ သွေးအသင်းမှ သတင်း ရရှိသည်။

ရင်ကျပ်၊ ချွဲကျပ်ပျောက်ချင်လား ကြက်ဟင်းခါးသီးစား

ခါးသက်သက်အရသာရှိပြီး ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါးသီးကို အာရှနိုင်ငံတွေမှာဆိုရင် ဆီးချို ရောဂါ ပျောက်ကင်းဖို့အတွက်နဲ့ သဘာဝဆေးဝါးအဖြစ် စားသုံးမှု များပြားပါတယ်။ ဒါကြောင့်မို့ ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲဆိုတာသိထားရအောင်လို့ မျှဝေပေးလိုက်ပါတယ်။

ငှက်ပျောရွက်နဲ့ ထမင်းစားတာ ဘာတွေကောင်းသလဲ

အိန္ဒိယနိုင်ငံမှာဆိုရင် ငှက်ပျောရွက်နဲ့ ထမင်းစားတာဟာ ရိုးရာအလေ့အထတစ်ခုဖြစ်ပြီး ဧည့်သည်တွေကို ငှက်ပျောရွက် ထိပ်ဘက်ပိုင်းနဲ့ဧည့်ခံပြီး အိမ်ရှင်တွေကတော့ ငှက်ပျောရွက်အောက်ဘက်ပိုင်းနဲ့ စားလေ့ ရှိကြပါတယ်။ နောက်အားလုံးတူတူစုထိုင်ပြီး ထမင်း၊ အသား၊ အသီးအရွက်၊ ဟင်း စတာတွေကို ငှက်ပျောရွက်ပေါ်ပုံပြီး လက်နဲ့စားသောက်ကြတဲ့အလေ့အထဟာ နှစ်ထောင် ပေါင်းများစွာကတည်းက ရှိခဲ့ပြီး ယနေ့တိုင်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးရေးတွင် ဒေါ်လာ ရှစ်ဘီလျံ သုံးစွဲရန် တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာ ရေးထိုး

လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့်စွမ်းအင် စသည့်ကဏ္ဍများ ဖွံ့ဖြိုးရေးတွင် ဒေါ်လာရှစ်ဘီလျံ သုံးစွဲ ရန် တရုတ်-မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားသည်။

ဂျပန်နှင့် အမေရိကန် သတင်းထောက်တို့ လည်လှီးအသတ်ခံရပြီးနောက် မြန်မာသတင်းထောက်များ လည်ပင်းလှီးဖို့ ကျန်နေသေးကြောင်း ဦးနေမျိုးဝေ ခြိမ်းခြောက် ပြောကြား

ဦးနေမျိုးဝေအား မေ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့်ဆန္ဒပြပွဲတွင် တွေ့ရစဉ် 
ဂျပန်နှင့် အမေရိကန်သတင်းထောက်တို့ လည်ပင်းလှီး အသတ်ခံရပြီးနောက် မြန်မာသတင်းထောက်များ လည်ပင်းလှီးဖို့ ကျန်နေသေးကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက မေ ၂၇ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။   

အစိုးရအသုံးစရိတ် လိုငွေပြနေချိန်၌ လုံခြုံရေး အဆင့်အတန်းနှင့် အရည် အသွေး မြှင့်တင်ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများကို ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ် ကြေညာ

ဇူလိုင် ၁ ရက်တွင်စတင်ထုတ်ဝေမည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူပုံစံ (ဓာတ်ပုံ-MOI)
ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း အစိုးရအသုံးစရိတ်လိုငွေ ဆက်တိုက်ပြနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌  လိုငွေစံချိန်တင် ရောက်ရှိလာချိန်တွင် လုံခြုံရေးအဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင် ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများကို ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။

Thursday, 28 May 2015

အိုဘားမားရဲ့ သမီးကို နွားတွေ၊ ဆိတ်တွေနဲ့ တင်တောင်းမယ့် ရှေ့နေ

ကင်ညာနိုင်ငံသား ရှေ့နေတစ်ဦးက အမေရိကန်သမ္မတအိုဘားမားရဲ့ သမီးနှစ်ဦးထဲက အသက် ၁၆ နှစ် အရွယ် သမီးကြီး မာလီယာကို သူပိုင်ဆိုင်တဲ့ သိုးတွေ၊ နွားတွေနဲ့ တင်တောင်ဖို့ ဆန္ဒရှိကြောင်း ပြောလိုက် ပါတယ်။ ဖိလစ်ကစ်ပရိုနိုလို့ အမည်ရတဲ့ အဲဒီအမျိုးသားက နွားအကောင်ငါးဆယ်၊ သိုးအကောင်း ၇၀ ၊ ဆိတ်အကောင် ၃၀ နဲ့အတူ အိုဘားမားရဲ့သမီးကို လက်ထပ်ခွင့်ရဖို့ တင်တောင်းချင်တာ ဖြစ်ပါတယ်။

TNLA မတက်ရောက်နိုင်ရန် ဖိအားပေးမှုကြောင့် ပလောင်ညီလာခံ ရွှေ့ဆိုင်း

TNLA, ပလောင် (တအာင်း) , ရှမ်းပြည်နယ် , နမ့်ဆန်း , တိုင်းရင်းသား TNLA တပ်သားများ ကင်းလှည့် နေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်းမြို့တွင် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပထမဆုံးအကြိမ် ကျင်းပရန် စီစဉ်ထား သော ပလောင် (တအာင်း) တိုင်းရင်းသားများ ညီလာခံတွင် ပလောင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) ကို တက်ရောက်ခွင့်မပြုရန် အစိုးရက ဖိအားပေးသည့်အတွက် ညီလာခံကို ရွှေ့ဆိုင်း လိုက်ရကြောင်း သတင်းရရှိသည်။

မီးဖွားပြီးလို့ ဘယ်လောက်ကြာမှ ချစ်တင်းနှီးနှောမှုပြန်လုပ်သင့်တယ်ဆိုတာ

ကလေးမွေးပြီးတဲ့အချိန် အမျိုးသမီးတွေရဲ့ဆီးလမ်းကြောင်းဟာ သူ့ခံနိုင်အား အဆုံးစွန်ထိ ဆန့်ထုတ်ဆွဲငင် တွန်းထုတ်ခံခဲ့ရတာဖြစ်ပြီး မတော်ရင် ပြဲထွက် ဒါမှမဟုတ် ကွဲတောင်ကွဲနေနိုင်ပါသေးတယ်။

အစိမ်းရောင် ပါတဲ့ အာလူး မစားသင့်

အာလူးပါတဲ့ အစားအစာ ဆိုတာ ကျနော်တို့ စားပွဲ တော်တော်များများမှာ ပါရှိတက်တဲ့ အမယ် တစ်မျိုးလို့ လည်း ပြောလို့ ရပါတယ်။