ညီအစ်ကိုနှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ပြီး အင်းတကော်တွင် အလောင်းစွန့်ပစ်ခဲ့မှုနှင့် ပတ် သက်၍ အဓိကပြစ်မှုကျူးလွန်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကရင်ပြည်နယ် ဘားအံ မြို့နယ် ရဲစခန်းတွင် မေလ ၁၃ ရက်ညပိုင်းက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဝင်းစိန်က ပြောကြားသည်။
Friday, 15 May 2015
စီဘီဘဏ် အကြွေးဝယ်ကတ် သုံးစွဲငွေကို သိန်း ၅၀ အထိ ခွင့်ပြုမည်
CB ဘဏ် အကြွေးဝယ်ကတ် သုံးစွဲနိုင်သည့် ပမာဏကို အနည်းဆုံးတစ်သိန်းမှ အများဆုံး ကျပ်ငွေ သိန်းငါးဆယ်အထိ သတ်မှတ် သုံးစွဲခွင့်ပြုသွားမည်ဟု အဆိုပါဘဏ် တာဝန်ရှိသူတ စ်ဦးက ပြောသည်။
အင်ဒိုနီးရှားတွင် ကျွန်ပြုခံရသည့် မြန်မာ ၁၀၀ ကျော် ရန်ကုန်သို့ ထပ်ရောက်

အင်ဒိုနီးရှားနိုင်ငံရှိ ငါးဖမ်းသင်္ဘောများတွင် ကျွန်ပြုခံခဲ့ရသည့် မြန်မာရေလုပ်သား ငါးရာကျော်အနက် ဒုတိယအသုတ်အဖြစ် ၁၂၅ ဦး မေလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ ပြန်လည်ရောက်ရှိလာသည်။
နီပေါ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီမည့် လမ်းဘေး ဂစ်တာတီးဝိုင်း ကျပ်သိန်း ၁၂၀ ကျော်ရရှိပြီ

ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ
နီပေါနိုင်ငံ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီပေးရန် ပရဟိတလုပ်ငန်းများ စိတ်ဝင်စားသော မြန်မာ လူငယ်များက လမ်းဘေးဂစ်တာဝိုင်း ပြုလုပ်၍ အလှူခံရာ မေလ ၁၄ ရက်အထိ သိန်း ၁၂၀ ရရှိနေပြီး ဖြစ် သည်ဟု တာဝန်ခံ ဆောင်ရွက်သူကို သိုင်းသက်ဇင်ထွန်းကူကူးက မဇ္ဈိမကို ပြောသည်။
လောက်ကိုင်ဒေသ စစ်အုပ်ချူပ်ရေး ထပ်တိုးရန် သင့်မသင့် ယနေ့ ဆွေးနွေးဆုံးဖြတ်မည်

လောက်ကိုင်ဒေသတွင် လုံခြုံရေးယူနေသော မြန်မာ့ တပ်မတော်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လောက်ကိုင်)တွင် ထုတ်ပြန်ထားသော စစ်အုပ်ချူပ်ရေးအမိန့်ကို ရက်ကိုးဆယ် ထပ်မံတိုးပေးရန် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ဝေလွင်က အဆိုတင်သွင်းရာ မေ ၁၅ ရက် (ယနေ့) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ် အတည်ပြုသွားမည်ဟုသိရသည်။
ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် လက်ရှိ ရဲအင်အား မလုံလောက်၍ အထူးရဲများ ခန့်ထားမည်

ရွေးကောက်ပွဲကာလ ရန်ကုန်တိုင်းအတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လက်ရှိ ရဲအင်အားမှာ မလုံလောက်သဖြင့် အထူးရဲများ ခန့်အပ်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းကို ကေအိုင်အို ဗဟိုကော်မတီ အစည်းဝေးတွင် ပြန်သုံးသပ်မည်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်း သဘောတူညီချက်များအပေါ် သုံးသပ်မည့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟိုကော်မတီ အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း ကျင်းပမည် ဖြစ်ကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
အမျိုးသားကဇာတ်ရုံဘေးတွင် ဖွင့်ထားသည့်ဆိုင်ကို ဘားဟု ထင်သည့် အတွက် ဝင်ရောက် စစ်ဆေး
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ အမျိုးသားကဇာတ်ရုံ နံဘေးတွင် ဖွင့်လှစ်ထားသည့် The Icon Bistro ဟူသည့် စားသောက်ဆိုင်ကို မေ ၁၃ ရက်၊ ည ၁၀ နာရီခန့်က ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း အပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့သည်။
ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်လာသော RCSS/SSA

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲ-မိုင်းပန်ကြား၊ မိုးနဲမြို့နယ်၊ ကာကျေးရွာအုပ်စု၊ ပန်စိမ့်ကျေးရွာတွင် ကေဘယ် ဆက်သွယ်ရေးတူးမြောင်းတူးဖော်သည့် လုပ်ငန်းများလုပ်ကိုင်နေသော Myanmar Fiber Optic Communication Network Co,Ltd သို့ RCSS/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာကြောင်း ယင်းဒေသခံ ရွာသားများ ထံမှ သိရသည်။
အပူဆုံးဒေသများဖြစ်သည့် အလယ်ပိုင်းဒေသများတွင် လေးရက်ခန့်အတွင်း မိုးရွာမည်
လက်ရှိအချိန်တွင် အပူချိန်အမြင့်ဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သော မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် လာမည့် မေ ၁၇ ရက်နှင့် ၁၈ ရက်များ၌ ရက်တို မိုးရွာသွန်းမှု ဖြစ်ပေါ်နိုင်လာသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း က မဇ္ဈိမကို ပြောသည်။
ကျပ်သိန်း ၂,၀၀၀ ကျော်ဖိုး အိုက်စ် မူးယစ်ဆေးများ ရှမ်းပြည်နယ်၊ တာလေတွင် ဖမ်းမိ
ကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု မေ ၁၃ ရက်၊ ညနေ ၅ နာရီခန့်က ရှမ်းပြည်နယ်၊ တာလေမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု တာချီလိတ် မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စစ်တပ်အတွက် အမျိုးသမီးတပ်သား သစ်စုဆောင်းရာတွင် အပျိုစစ်မစ် စစ်ဆေးမှုအား ဖျက်သိမ်းရန် အင်ဒိုနီးရှားအား လူ့အခွင့်အရေး အုပ်စုတောင်းဆို

စစ်တပ်အတွက် အမျိုးသမီးတပ်သားသစ်များနှင့် စစ်အရာရှိများနှင့် စေ့စပ်ထားသော အမျိုးသမီးများအား အပျိုစစ်မစစ်စမ်းသပ်မှုအား ဖျက်သိမ်းရန် လူ့အခွင့်အရေးအဖွဲ့တစ်ခုက အင်ဒိုနီးရှားကို မေ ၁၄က တောင်း ဆိုလိုက်သည်။ ထို့အပြင် ယင်းသို့စစ်ဆေးခြင်းက ဂုဏ်သိက္ခာကို ထိခိုက်ပြီး ရက်စက်ရာရောက် ကြောင်းလည်း ၄င်းအဖွဲ့ကပြောကြားခဲ့သည်။
KIA နှင့် TNLA အဖွဲ့များမှ လူသစ်စု၊ ဆက်ကြေးကောက်ခံ မှုများကြောင့် ဒေသ ခံများ ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း တီးမားကျေးရွာ အတွင်းသို့ KIA အဖွဲ့များ ၀င် ရောက် လူသစ်စုဆောင်းမှု များကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မျိုးစောင့်ဥပဒေ နှစ်မျိုး ပြည်ထောင်စုနှင့် အမျိုးသားလွှတ်တော် အတည်ပြုလိုက်ပြီ

မျိုးစောင့်ဥပဒေများဟု လူသိများသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များဖြင့် ယနေ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
၁၉၈၈ မှ၂၀၁၂ ခုနှစ်အထိ စစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ် အရပ်သား အလုပ်သမား (ပေါ်တာ) ၇၈၀၀ ကျော် သေဆုံးခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစ၍ အရပ်သားအလုပ်သမား ငှားရမ်းအသုံးပြုမှု မရှိတော့ဟုဆို
၁၉၈၈ မှ ၂၀၁၂ ခုနှစ်အထိ စစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ် အရပ်သားအလုပ်သမား (ပေါ်တာ) ၇၈၀၀ ကျော် သေဆုံးခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစ၍ အရပ်သားအလုပ်သမား ငှားရမ်းအသုံးပြုမှုများ မရှိတော့ ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်၏ ပြောကြားချက်အရ သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်နိုင်ငံနှင့် ဆားဗီးယား နိုင်ငံများသို့ ချစ်ကြည်ရေး ခရီး သွားရောက် ရာမှ မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံ ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mohmood ၏ ဖိတ်ကြားချက်အရ ပါကစ္စတန် နိုင်ငံသို့ လည်းကောင်း၊ ဆားဗီးယား နိုင်ငံ ကာကွယ်ရေး ၀န်ကြီး H. E. Mr. Bratislav Gasic ၏ ဖိတ်ကြားချက်အရ ဆာဗီးယား နိုင်ငံသို့လည်းကောင်း ချစ်ကြည်ရေး ခရီး အသီးသီး သွားရောက်ခဲ့ပြီး မေ ၁၃ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီတွင် ဆာဗီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ Nikola Tesla အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာ လာခဲ့ရာ ယူအေအီး နိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန် လည်ရောက် ရှိသည်။
ပွိုင့် - ၂၂၀၂ တောင်ကုန်းအား သိမ်းပိုက်ရရှိ

ပွိုင့် - ၂၂၀၂ တောင်ကုန်းအား မေလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ်တွင် သိမ်းပိုက်ရရှိ။ ည ၁၀ နာရီတွင် ပွိုင့် - ၂၂၀၂ တောင်ကုန်း တစ်ခုလုံးအား သိမ်းပိုက်ရရှိခဲ့ပါသည်။ မိမိ အရာရှိ / စစ်သည် အချို့ အနည်းငယ်သာ ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ အမ်-၂၁ ၊ အမ်-၂၂ ၊ တရုတ်စက်လတ်မျိုးစုံ ၇၆ လက် ၊ အလောင်း (၁၉) လောင်းအား သိမ်းဆည်းရမိခဲ့ပါသည်။ အသေးစိတ် သတင်းအား ထပ်မံ ထုတ်ပြန် သွားမည်။
အခုနှစ်ရွေးကောက်ပွဲမှာ လေဆာ တံဆိပ်တုံးတွေ အသုံးပြုမည်

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဗဟိုအဆင့်ဆွေးနွးပွဲကို ရန်ကုန်မြို့ MiCasa ဟိုတယ်မှာ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်စဉ်
Photo:Kyaw Lwin Oo, Sann Maw Aung / RFA
လာမယ့်၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲသမာမှုတွေကို ကာကွယ်တားဆီးဖို့အတွက် လေဆာ တံဆိပ်တုံးတွေ ရိုက်နှိပ်ပြီး မဲပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ရခိုင်မြေပုံဒေသခံ ၅၀ကျော် တရုတ်နိုင်ငံမှာ ရောင်းစားခံရမှု တိုင်ကြား

မြေပုံမြို့ပုံ
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဒေသခံ ၅၀ ကျော်ဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးရောင်းစားခံရတယ်ဆိုပြီး မိသားစုဝင်တွေက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီကနေ့ တိုင်ကြားလိုက်ပါတယ်။
RCSS/SSA အဖွဲ့က ဆန်စက်လုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေ ၅ သိန်းစီ ခြိမ်းခြောက်ကောက်ခံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့နယ်ခွဲ၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ၀မ်တုံကျေးရွာသို့ မေလ ၁၂ ရက်နေ့ တွင် RCSS/SSA အဖွဲ့ရောက်ရှိလာပြီး ဆန်စက်လုပ်ငန်းရှင်များအား ဆက်ကြေးငွေကောက်ခံသွားကြောင်း ယင်း ဒေသခံ ရွာသား များထံမှ သိရသည်။
Subscribe to:
Posts (Atom)