မြန်မာကြက်ခြေနီ စေတနာ့ဝန်ထမ်း ၂ ဦးဒဏ်ရာရခဲ့တဲ့ ကယ်ဆယ်ရေး
ယာဉ်တိုက်ခိုက်ခံရမှု အပေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)
အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကန့်ကွက် ရှုတ်ချ လိုက်ပါတယ်။
ကိုးကန့်တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ကနေ နေရပ်ပြန် စစ်ဘေးဒုက္ခ
သည်တွေ တင်ဆောင်လာတဲ့ မြန်မာကြက်ခြေနီယာဉ်တန်း ဖေဖော်ဝါရီ ၁၇ ရက်က
ချင်းရွှေဟော်အနီး ပစ်ခတ်ခံရပြီး ကွမ်းလုံ ကြက်ခြေနီတပ်ဖွဲ့ဝင်
ဦးမိုးကျော်နဲ့ ဦးဇော်မင်းထိုက်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီေ
က်ာမတီနဲ့ လခြမ်းနီ လှုပ်ရှားမှုအဖွဲ့တို့က ကန့်ကွက်တဲ့အကြောင်းနဲ့ ဒီသတင်း
ကြားရတဲ့အတွက် အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန် ပါတယ်။
ဒီတိုက်ခိုက်မှုမှာ ပါဝင်သူတွေအားလုံးအနေနဲ့ ကြက်ခြေနီရဲ့လုပ်ငန်းေ တွကို
လေးစားဖို့၊ ကူညီကယ်ဆယ်ရေး လုပ်သားတွေရဲ့ လုံခြုံရေးကို အာမခံဖို့နဲ့
လူသားချင်းစာနာမှု အကူအညီလိုနေသူတွေ အတွက် တားဆီးပိတ်ပင်တာတွေမလုပ်ပဲ
အမြန်ဆုံး သွားရောက်ကူညီခွင့်ပေးဖို့ ကြက်ခြေနီအဖွဲ့တွေက တောင်းဆိုပါတယ်။